ဒူးတွင်ပေါက်တဲ့ သစ်ငုတ်နာ
တနေ့ ကျွန်တော်၏ ညာဘက်ဒူးတွင် အနာစိမ်းလိုလို အဖုကလေး ပေါက်လာပါရော၊ အမှတ်တမဲ့မို့ အသေးအဖွဲ ပါဟု အရေးမထားခဲ့ပါ။ နှစ်ရက်လောက်ကြာတော့ ဒူးအနာမှာ ပို၍ စူထွက်လို့လာပါသည်။ ဒူးမှာ ကွေးလို့ဆန့်လို့ မရ ဖြစ်နေ၏။ ကျွန်တော့်မှာ တပည့် မောင်ထွန်းလင်း အကူအညီဖြင့်
တောင်ဝှေးထောက်ကာ ကျောင်းတက်နေရရှာပါသည်။
လမ်းတွင် ကျွန်တော်၏ ငယ်ဆရာအရင်း ဆရာကြီး ဦးချစ်သန်း (ငြိမ်း) နှင့်တွေ့ရာ-
ဟေ့-တပည့်ဆရာလေး၊ ဘယ်လိုဖြစ်နေတာလဲ”
“ဟာ-ဆရာကြီးရယ်၊ ကျွန်တော့် ညာဘက်ဒူးမှာ အနာစိမ်းလိုလို ပေါက်နေလို့ပါ ခင်ဗျာ”
ဟဲ့-ပြစမ်းပါဦး
ဆရာကြီးက ကျွန်တော့်ဒူးခေါင်းကိုကြည့်ကာ-
ဟင်-မင်းဥစ္စာက အနာသစ်ငုတ်နာကွ၊ အနာသိ ဆေးရှိပါတယ်၊
ဆရာက ကျွန်တော့်ကို ကရုဏာမျက်လုံးနှင့်ကြည့်ကာ ကျောင်းမှာရှိတဲ့ ဆေးမြစ်များနှင့် ကုသပေးပါသည်။
ဆေးက လွယ်မှလွယ်၊
အုန်းမြစ်၊ ငရုတ်ကောင်းမြစ်၊ လက်ထုတ်ကြီးမြစ် သုံးမျိုးကို သွေး၍ လိမ်းပေးလိုက်တာပါ။
ညနေပိုင်းမှာ နေသာထိုင်သာ ရှိသလို ဒူးမှ အမြစ်တွေပါ ထွက်၍ သက်သာပျောက်ကင်းခဲ့ရပါသည်။ အမှတ်တရအဖြစ် ဆေးနည်း ဓမ္မဒါန ပြုလိုက်ရတာပါ။
(ဆရာကြီး ဦးချစ်သန်း (၇၈)နှစ် ဇီးခုံ အ.မ.က ကျောင်းအုပ် (ငြိမ်း)အား ဤစာစုဖြင့် ကန်တော့ပါ၏)
အောင်စည်တိုး (ေဇယ်ဝတီ)
0 comments:
Post a Comment