၎.၇.၂၀၁၁ ဆွမ်းလောင်းလှူခြင်း
သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၃ ခု ၀ါဆိုလဆန်း(၄)ရက် ၄.၇.၂၀၁၁ တနင်္လာနေ့
အရုဏ်မုန့်ဟင်းခါးဆွမ်းကပ်လှူခြင်း
ကိုသက်မြင့်ဦး+မကေသီလွင် သမီး မလွင်မာမင်း (စင်ကာပူ) မိသားစုတို့မှ လှူဒါန်းခဲ့ကြပြီး
နေ့ဆွမ်းလောင်းလှူခြင်းအတွက်
ဆွမ်း ကိုသက်ညိုဝင်းအောင် မြတ်တော်ဝင်ရေယာဉ် မိသားစု မှလှူဒါန်းခဲ့ကြပါသည်။
ငါးဟင်းရေချိုချက်
သရက်ချဉ်သုတ်
မြေထောက်ပဲနှပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများအား
၂၀၁၁ ခုနှစ်စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း တစ်နှစ်စာဘုံဆွမ်းအလှူရှင်များအဖွဲ့မှ လောင်းလှူပေးခဲ့ကြပါသည်။
နယကဆရာတော်ကြီး ဖြစ်တော်မူသော မြစကြာပရိယတ္တိစာသင်တိုက် ဆရာတော် ၏ သြ၀ါဒကိုဖော်ပြပေးလိုက်ပါသည်။
(သို့မဟုတ်)
ဗိသုကာဆရာကြီး
၁။ မြင့်မြတ်စိတ်ထား စွမ်းပကား အံ့အားသင့်ဖွယ်ကြီးမားတယ်။
၂။ မိဘဆွေညာ မစွမ်းတာ စိတ်ဟာစွမ်းနိုင်တယ်။
၃။ ချမ်းသာမျိုးစုံ အဖုံဖုံ အကုန်ပေးနိုင်တယ်။
၎။ အရိပ်ပမာ မခွဲခွါ မှန်စွာလိုက်သည့်နှယ်
D
၁။ ယုတ်ညံ့စိတ်ထား စွမ်းပကား အံ့အားသင့်ဖွယ်ကြီးမားတယ်။
၂။ ရန်သူသော်မှ လုပ်မရ စိတ်ကစွမ်းနိုင်တယ်။
၃။ ဆင်းရဲမျိုးစုံ အဖုံဖုံ အကုန်ပေးနိုင်တယ်။
၎။ ၀န်ဆောင်နွားအား လှည်းဘီးများ မမှားလိုက်သည့်နှယ်။
အရှင်ဣန္ဒကာဘိဝံသ (မြစကြာ၊ စစ်ကိုင်း)













အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...။
0 comments:
Post a Comment