ကဗျာလင်္ကာ
မ္မပဒအဋ္ဌကထာ ဒုတိယအုပ်
ပါပဆိုတာ မကောင်းတာ ပြုလုပ်ပါက ဒဏ်တွေလာ၊ (ပါပ၀ဂ္ဂ)
ဒဏ်တွေဆိုတာ ဆင်းရဲရာ ဒဏ္ဍ၀ဂ်မှာ ပြထားပါ၊ (ဒဏ္ဍ၀ဂ္ဂ)
ဒဏ်နာကြောင့်သာ အိုလွယ်တာ ဇရာဆိုတာ ကြောက်စရာ၊ (ဇရာဝဂ္ဂ)
ကြောက်စရာမှ လွတ်နိုင်ရာ ကိုယ်တိုင်သာလျှင် ပြုရမှာ၊ (အတ္တ၀ဂ္ဂ)
ကြောက်စရာတွေ များလှတာ လောက၀ဂ်မှာ ပြထားပါ၊ (လောက၀ဂ္ဂ)
ဗုဒ္ဓ၀ဂ်မှာသိစရာ ကိုယ်တိုင်ပြုရာ မမှားပါ၊ (ဗုဒ္ဓ၀ဂ္ဂ)
မမှားလျှင်သာ ချမ်းသာပါ သုခ၀ဂ်မှာ တွေ့အောင်ရှာ၊ (သုခ၀ဂ်)
အစွဲများလျှင် လွန်ချစ်ခင် တွင်တွင်ဆင်းရဲမှာ၊ (ပိယ၀ဂ္ဂ)
သည်းခံနည်းလျှင် ကောဓ၀င် အမှန်ဆင်းရဲရာ၊ (ကောဓ၀ဂ္ဂ)
တဏှာ၊ကောဓ နှစ်ဝမှာ မလဟုလည်း ခေါ်ကြပါ၊ (မလ၀ဂ္ဂ)
မလကင်းအောင် နေထိုင်ပါ ဓမ္မ၀ဂ်က ညွှန်ပြမှာ၊ (ဓမ္မဋ္ဌ၀ဂ္ဂ)
ညွှန်ပြတိုင်းသာ လိုက်နာပါ လမ်းဖြောင့်တွေ့မည်သာ၊ (မဂ္ဂ၀ဂ္ဂ)
စုံစုံလင်လင် ရောပြွမ်းယှဉ် ပကိဏ္ဏကမှာ တွေ့မည်ပင်၊ (ပကိဏ္ဏက၀ဂ္ဂ)
မသန့်စဉ်လျှင် ဆင်းရဲယှဉ် နိရယဟုဆိုသည်ပင်၊ (နိရယ၀ဂ္ဂ)
သန့်စဉ်လျှင်သာ ဆင်ပြောင်ပမာ တည်ကြည်ချမ်းသာ ကုသိုလ်လာ၊ (နာဂဝဂ္ဂ)
ကုသိုလ်လည်းပဲ မစွဲဘဲ တဏှာ လွတ်အောင်ခဲ၊ မလွတ်နိုင်လျှင် သံသရာဝဲ၊ (တဏှာဝဂ္ဂ)
ကုသိုလ်များခင် ရဟန်းဘ၀တွင် ထွက်မြောက်လမ်းတွေ ရှိသည်ပင်၊ (ဘိက္ခုဝဂ္ဂ)
ထွက်မြောင်လမ်းစဉ် အစဉ်စွဲ ဗြာဟ္မဏဖြစ်မည် ဧကန်မြဲ၊ (ဗြဟ္မဏ၀ဂ္ဂ)
ဓမ္မပဒအဋ္ဌကထာ ၀ဂ်ပေါင်းမှာက နှစ်ဆယ်ခြောက်ပါ
သိစရာများစုံလှတာ ဗုဒ္ဓတရား အကျဉ်းပြကာ
ထေရ၀ါဒပြန့်စေတာ ဓမ္မပဒကအရေးပါ
ဓမ္မပဒကြေညက်ရင်
အဖြေအတွက်
မခက်ပင်
သို့တွက်ကြောင့်သာ
များသူငါတို့ ယခုပင်တွင်သိကြစို့၊
သိပြီးရုံသာ မဆုံးရာ၊ ရှေ့ဆက်ကျင့်ကြံပါ၊
အသိအကျင့် စုံလင်ကာ တောင်ပံနှစ်ခု ပြည့်စုံပါ၊
ညီညာအစုံ တောင်ပံဟုန်နှင့် ပြည့်စုံ နှစ်ခု မျက်စိတစ်စုံ အလင်းပုံလျက်
သတိ၊သမာဖြည့်စွက်ကာသာကြိုးစားပါက ဆန္ဒပြည့်ဝ ဘ၀လှလိမ့်၊ ဆန္ဒပြည့်ဝပါစေသား။
ဒေါက်တာအရှင်နန္ဒက၊ အင်ချွန်းမြို့၊ တောင်ကိုရီယား
0 comments:
Post a Comment