*ဝေဒနာ ပစ္စယာ တဏှာ နှင့် ဝေဒနာနိရောဓော၊ တဏှာနိရောဓော*
ဓမ္မပီယ—- တပည့်တော်အရှုခံ ရှုဉာဏ်ကိုတော့ သဘောပေါက်ပါပြီဘုရား။ *ဝေဒနာ ပစ္စယာ တဏှာ နှင့်ဝေဒနာနိရောဓော၊ တဏှာနိရောဓော* ဟူသော ပါဠိတော်၏ အဓိပ္ပ့ါယ်ကိုလည်း ဖြေကြားပေးတော် မူပါ ဘုရား။
ဦးဝိဇယ—- *ဝေဒနာ ပစ္စယာ တဏှာ* အရ သတိ မရှိခြင်း ကြောင့် ဒုက္ခ ဝေဒနာ ဖြစ်ပါတယ်။ ထိုဒုက္ခမှ လွန်မြောက် ချင်တဲ့ တဏှာ လည်း ဖြစ်ပါတယ်..။ သတိရှိခြင်းကြောင့် သုခဝေဒနာဖြစ်ပါတယ်။ သတိ သမာဓိကောင်း ခြင်းကြောင့် ဥပေက္ခာ ဝေဒနာကိုလည်း ဖြစ်ပါတယ်။
ထို ဥပေက္ခာ ဝေဒနာ ကိုလိုချင်တဲ့ တဏှာလည်းဖြစ်ပါတယ်။ ကိုယ့်ကိုကို တရားအားထုတ်တယ် ဟုထင်နေတဲ့ တရားသမား တွေဟာ ထို ဝေဒနာ (၃) မျိုးကို တဏှာ နှင့်လှည့်ပြီး လိုချင်နေတာကိုပဲ တရားအားထုတ်တယ် ဟုထင်နေတတ်ပါတယ်။
ထိုဝေဒနာကို တဏှာဖြင့် လှည့် လိုချင်တယ်ဟုပြောခြင်းသည် ဝိပဿနာ တရား အတွက် အားထုတ်ရသော သမထ တရားကတော့ ဖြစ်ချင်ရင် ဖြစ်ပါလိမ့်မည်။
*ဝေဒနာ နိရောဓော တဏှာ နိရောဓော* အရ ထို ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဟူသော ဝေဒနာများ သည် သတိမရှိခြင်း။ သတိရှိခြင်း၊ သတိသမာဓိကောင်း ခြင်း ဟူသောဝေဒနာ များသည် သတိမရှိခြင်း၊ သတိရှိခြင်း သတိသမာဓိကောင်းခြင်း ဟူသောအကြောင်း ကြောင့် ဖြစ်ရသောကြောင့် ကိုယ်ပိုင်စွမ်းအားဖြင့် ရပ်တည်နိုင်ခြင်း သဘောမရှိပါဘူး။
ကာလ (၃) ပါးစလုံး ကိုယ်ပိုင်စွမ်းအားမှ ပျက်နေတဲ့ မူလပျက် သုညတ တရားဖြစ်ပါတယ်။ ဖသ ပစ္စယာ ဝေဒနာ အရ ဝေဒနာ အားလုံးသည် ဖဿ ကြောင့် ဖြစ်ရသည့် အတွက် ဝေဒနာအားလုံး ကိုယ်ပိုင်စွမ်းအားဖြင့် ဖြစ်ပျက်နိုင်ခြင်းမှ ပျက်နေတဲ့ မူလပျက် သုညတတရားတွေ ဖြစ်ပါတယ်။
ထိုသို့ ဝေဒနာ ကိုကြည့်၍ မူလပျက်သုညတ တရားကို တွေ့ခြင်းသည် ဥာဏ်ထဲမှာ ဝေဒနာချုပ်ခြင်း မည်ပါတယ်။ ထို ဝေဒနာချုပ်ခြင်းကိုတွေ့ လျှင် တဏှာလည်းဖြစ်ခွင့် မရတော့ပါဘူး။ ဝေဒနာ ကိုဥာဏ်ထဲမှာချုပ်ခြင်းကြောင့် တဏှာ ချုပ်ခြင်းဟု ဆိုလိုပါတယ်ဘုရား။
ဓမ္မပီယ—-ဖြစ်ပျက် အကြောင်း ကိုလည်းရှင်းပြတော်မူပါဘုရား။
ဦးဝိဇယ—- ဖြစ်ပျက် -၃ မျိုးရှိပါတယ်။
၁။ ဖြစ်ပြီး ပျက်တဲ့ ဖြစ်ပျက်
၂။ ဖြစ်ရင်းပျက်တဲ့ဖြစ်ပျက်
၃။ ဖြစ်တာအားလုံး မူလပျက် ဟုသိသောဖြစ်ပျက်ဟု (၃)မျိုး ရှိပါတယ်ဘုရား။
(၁) ဖြစ်ပြီးပျက် ဆိုတာ နာတဲ့သဏ္ဍန်ကနေ မနာ တဲ့သဏ္ဍန်ကို ပြောင်းတာ။ ကိုက်တဲ့သဏ္ဍန်ကနေ မကိုက် တဲ့သဏ္ဍန်ကိုပြောင်းတာ။ အာနာပါန ဝင်လေထွက်လေဆိုရင် လေဝင်တဲ့သဏ္ဍန်ကနေ လေထွက် တဲ့သဏ္ဍန်ကို ပြောင်းတာ ၊ လေထွက် တဲ့သဏ္ဍန်ကနေ လေဝင်တဲ့သဏ္ဍန်ကိုပြောင်းတာ ၊သဏ္ဍန် တစ်ခု ကိုပြောင်းတာကို ဖြစ်ပြီး ပျက်တဲ့ ဖြစ်ပျက် ဟုခေါ်ပါတယ်ဘုရား။ အထည် သဏ္ဍန် ပညတ်ပေါ် မှာ သိရတဲ့ဖြစ်ပျက် ပညတ်ဖြစ်ပျက်ပါပဲဘုရား။ ကိလေသာမဖြစ်အောင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ရှု နိုင်လျှင် သညာဝိပဿနာ ဟုခေါ်ပါတယ်ဘုရား။
(၂) နာတဲ့သဘောတစ်ခုမှာပင် စက္ကန့်မခြား အနိမ့်အမြင့် ၊သက်သာမသက်သာ ခြားနားချက်ကို သိသောဖြစ်ပျက်သည် စက္ကန့်မခြား ဖြစ်ရင်းပျက်နေသောကြောင့် ဖြစ်ရင်းပျက်တဲ့ဖြစ်ပျက်ဟု ခေါ်ပါတယ်ဘုရား။ ထိုဖြစ်ပျက်ကိုကြည့်၍ ကိလေသာမဖြစ်အောင် အနိစ္စ၊ ဒုက္ခ ၊အနတ္တ အားဖြင့်ရှု နိုင်လျှင် ဝိဥာဏ်သ*ဝယဓမ္မာ သင်္ခါရာ -အပ္ပမာဒေန သမ္ပာဒေထ*ိဝိပဿနာ ဟုခေါ်ပါတယ် ဘုရား။
(၃) ဖြစ်ပေါ်လာတာတွေအားလုံးဟာ အကြောင်း မပါဘဲ မဖြစ်နိုင်တဲ့အတွက် ကိုယ်ပိုင်စွမ်းအားမှ ပျက်နေတဲ့အတွက်ကြောင့် မူလကကို ပျက်နေပါတယ်။ (၃၁)ဘုံ ဖြစ်နေတာတွေအားလုံး မူလက ပျက်နေတဲ့အတွက်ကြောင့် မူလပျက် တရားပါပဲဘုရား။ ထိုမူလပျက်ကိုရှုနိုင်ဘို့အတွက် ဟု မြတ်စွာဘုရားက နောက်ဆုံး ပစ္ဆိမဝါစာ အဖြစ် မိန့်တော်မူခဲ့ပါတယ်ဘုရား။
0 comments:
Post a Comment