* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, July 12, 2011

သံယောဇဉ်ကို ပါရမီဖြစ်အောင်လုပ်နည်း

ဆရာကြီးဦးရွှေအောင် ရဲ့ ဗုဒ္ဓ (လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှုင် -ကိုယ်ကျင့် ဗုဒ္ဓဝင်) စာအုပ်ကို ဖတ်ရှုရင်း စာမျက်နှာ ၁၂၃ အရောက်မှာ ဒီစကားလုံး လေးက ဆန်းပြား တာနဲ့ မူရင်း အတိုင်း ဆရာကြီး ရဲ့ မှတ်စုလေးကို မျှဝေလိုက်ပါတယ်။

လောက အတွက်ဆေး နှင့် လောကအတွက်ဘေး

ပါရမီ သဘောကိုနားလည် လာသောအခါ ဤ လောက ၌ ရုပ်ဖြစ်ဖြစ် နာမ် ဖြစ်ဖြစ် ၊ကုသိုလ် ဖြစ်ဖြစ်၊ အကုသိုလ်ဖြစ်ဖြစ် ၊ပရမတ်ဖြစ်ဖြစ်၊ ပညတ်ဖြစ်ဖြစ် မည်သည့်အရာဖြစ်ဖြစ် အရာအားလုံးသည် အသုံးကျကြောင်း တွေ့ရ၏။

အမှန်အားဖြင့် အရာဝတ္ထုများနှင့်ပတ်သက်၍ အသုံးမကျခြင်းဟူသည်မရှိ။ အသုံးမချတတ်ခြင်းသာရှိ၏။ အသုံးချတတ်လျှင် အားလုံး အသုံးကျသည်သာဖြစ်၏။

ပညတ်တရား များကို အသုံးချတတ်လျှင် ဈာန်သမာပတ်ရနိုင်သည်။

ပရမတ် တရားများကို အသုံးချတတ်လျှင် မဂ်ဖိုလ် ကိုမျက်မှောက်ပြုနိုင်ပါသည်။

လောကမျက်မြင်အား ဖြင့်လည်း စတုမဓုပင်ဖြစ်စေ အသုံးချတတ် လျှင် *ဆေး* ဖြစ် ၏။အသုံးမချတတ်လျှင် *ဘေး*ဖြစ်၏။

ထို့ကြောင့် အသုံးကျမှု နှင့်မကျမှု သည် ဗဟိဒ္ဓ အပေါ်ထက် အဇ္ဈတ္တ

အပေါ်၌ ပို၍ တည်၏။ သို့ဖြစ်လေရာ အသုံး ချမှု သည် မှန်ကန်သော အသုံးချမှုဖြစ်ပါက လော ကအတွက် *ဆေး* ဖြစ်၏။ အသုံးချမှုသည် မှားယွင်းသော အသုံး ချမှု ဖြစ်ပါက လောကအတွက်* ဘေး*ဖြစ်၏။

အမှန်အားဖြင့် မှန်ကန်သော အသုံးချနိုင်မှုကို ပါရမီမှသာရနိုင်ပါသည်။ လောကတွင်မိမိသည်လည်း လောက အဖွဲ့ ဝင်တစ်ဦး အနေဖြင့်ပါဝင်၏။ ထို့ကြောင့် လောကအတွက် *ဘေး* ဖြစ်လျှင် မိမိ အတွက်လည်း *ဘေး* ဖြစ်၏။ လောက အတွက်*ဆေး* ဖြစ်လျှင် မိမိ အတွက်လည်း *ဆေး* ဖြစ်ပါ၏။

အကုသိုလ် တရားများကို အသိခံအာရုံ တရားများအနေဖြင့် အကုသိုလ်မှန်းသိလျှင် ထို အသိသည် ယထာ ဘူတ ကျသောအသိ (သမ္မာဒိဋ္ဌိ) ဖြစ်သဖြင့် *ဆေး* ဖြစ်၏။

အကုသိုလ်မှန်းမသိလျှင် ထိုအသိသည် မှားယွင်းသောအသိ (မိစ္ဆာဒိဋ္ဌိ) ဖြစ်သဖြင့် *ဘေး* ဖြစ်၏။

အကယ်၍ အကုသိုလ် တရားများကို အသိခံအာရုံတရားများ အနေဖြင့် မဟုတ်ပဲ သိစိတ်အာရမ္မဏိက-တရားများအနေဖြင့်မွေး မြူလျှင်လည်း ဘေးဖြစ်၏။

အကယ်၍ မွေးမြူခြင်းမဟုတ်ပဲ ပုထုဇဉ်တို့ သဘာဝအတိုင်း မိမိတို့၏ သန္တန်၌ ဖြစ်ပေါ်လာပါက အကုသိုလ်ကို အကုသိုလ်မှန်းသိပြီး ပယ်သတ်နိုင်ရန်အားထုတ်ပါက *ဆေး* ဖြစ်၏။

ပုထုဇဉ် ဟူသည် သဘာဝအတိုင်း ပုထုဇဉ် စိတ်များသာဖြစ်နိုင်သူဖြစ်၏။ ပုထုဇဉ် စိတ်များတွင် အကုသိုလ်စိတ်များ လည်းပါဝင်၏။

သို့ရာတွင် အကုသိုလ်ကို အကုသိုလ် မှန်းသိပြီး ပယ်သတ်ရန် အားထုတ်ခြင်းနှင့် အကုသိုလ်ကို အကုသိုလ်မှန်းမသိပဲ မွေးမြူရန်အားထုတ်ခြင်း သည် လောကအတွက် *ဆေး* နှင့် လောကအတွက် *ဘေး* တို့၏ ခြားနားမှု ဖြစ်ပါသည်။

လူ့ ဘဝကိုပဓာ နပြု၍ ဆိုရလျှင် သံယောဇဉ် သည် များစွာ အရေးကြီး၏ ။ သံယောဇဉ် ဟူသည် အကုသိုလ် တရား မျိုး ဖြစ်သဖြင့် *ဘေး* အုပ်စု တွင်ပါပါသည်။ သို့ရာတွင် သံယောဇဉ် ကို *ဆေး* အုပ်စု အဖြစ်ပါ ဝင်အောင် အသုံးပြုနိုင်ပါက သံယောဇဉ် သည် *ဆေး* ဖြစ်ပါသည်။ ထို့ကြောင့် သံယောဇဉ် ကို*ဆေး*ဖြစ် အောင် အသုံးပြုနိုင်သောအသိဥာဏ်ကို ရဘို့ မှာပါရမီအပေါ် အခြေခံမှ ဖြစ်၏။

သံယောဇဉ်ကို ပါရမီဖြစ်အောင်လုပ်နည်း

လူဟူ၍ ဖြစ်လာသည် နှင့် တစ်ပြိုင်နက် ဘဝ နှင့်ပတ်ဝန်းကျင်ကို သံယောဇဉ် ကြိုးများနှင့်ချည်နှောင်ပြီး ဖြစ်ပါ သည်။ ထို့ကြောင့် ပတ်ဝန်းကျင်လှုပ်လျှင် မိမိလည်းလှုပ်ခြင်းဖြစ်သည်။ မိမိ လှုပ်လျှင်လည်း ပတ်ဝန်းကျင် ကလှုပ်ခြင်း ဖြစ်၏။

ထို့ကြောင့် မိမိက ကောင်းသောလှုပ်ခြင်း ဖြင့် လှုပ်လျှင် ပတ်ဝန်းကျင်က ကောင်းသောလှုပ်ခြင်းဖြင့် လှုပ် မည်ဖြစ် ၏။ မိမိ ကမကောင်းသောလှုပ်ခြင်း ဖြင့် လှုပ်လျှင် ပတ်ဝန်းကျင်က မကောင်းသော လှုပ်ခြင်းဖြင့် လှုပ်မည် ဖြစ်၏။

မကောင်းသောလှုပ်ခြင်း ဟူသည် မှာ *ငါ* ကို ပဓာ နပြု၍ မိမိအတွက် တဏှာ မာန ဒိဋ္ဌိ ဖြင့် လှုပ်ခြင်းဖြစ်၏။ ကောင်းသောလှုပ်ခြင်း ဟူသည်မှာ လောကကို ပဓာနပြု၍ လောကအတွက် ကရုဏာဖြင့် လှုပ်ခြင်း ဖြစ်၏။

*ဒယာ ယန ဘဝေဌာ နံ ၊ပညာယ န သမေ ဋ္ဌိတိ* လောကအတွက်ဆောင်ရွက်ရာ၌ *ကရုဏာ* လောက်အ စွမ်း ထက်သော အား မည်သည်မရှိ ဟူ၍ ဆိုကြ၏။

ထိုအခါ သံယောဇဉ် ကြိုးများ သည် ဗြဟ္မစိုရ်ကြိုးများဖြစ်သွားကြ၏။ ဗြဟ္မစိုရ် ကြိုး များဖြစ်သွားလျှင် သံယော ဇဉ် ဟူ၍ မခေါ်နိုင်တော့။ ကျေးဇူးဆပ်ခြင်းဟုသာခေါ် နိုင်တော့သည်။

ဤဗြဟ္မစိုရ် ကြိုးများ ကြောင့် သုမေဓာ အရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာ ဘုရားရှင် လက်ထက်တော်က မိမိ အတွက် နိဗ္ဗာန် ရနိုင်ပါလျှက် မယူခဲ့ခြင်း ဖြစ်၏။

လောကသုံး ပါး၏ ကျေးဇူး ကို ဆပ်လိုသဖြင့် မယူခဲ့ခြင်း ဖြစ်ပါသည်။ သုမေဓာ ရှင်ရသေ့ သည် သူ၏ ဘဝ နှင့်ချည်နှောင်ထားသော ၃၁ဘုံ လုံးကိုကောင်းသောလှုပ်ခြင်း ဖြင့် လှုပ် လို၏ ။ကောင်းသော လှုပ်ခြင်း ကို နတ်နှင့် တကွသော လောကအပေါ်ကျေးဇူးဆပ်ခြင်း ဟူ၍ လည်း ဆိုနိုင်၏။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP