* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, July 4, 2011

ပါကဋ္ဌာနစတုက္က

ကမ္မစတုက္ကပိုင်းကို အရင်က..ခေါင်းစဉ် ၃ ခုနဲ့ ရေးပြီးခဲ့ပါတယ်..
ကိစ္စစတုက္က္က(လုပ်ငန်းဆောင်ရွက်ပုံနှင့် စပ်သော ကံ ၄-ပါး)၊
ပါကဒါနပရိယာယစတုက္က (အကျိုးပေးပုံ အလှည့်အကြိမ် နှင့်စပ်သော ကံ ၄-ပါး)၊
ပါကကာလစတုက္က (အကျိုးပေးရာ အချိန်ကာလ နှင့်စပ်သော ကံ ၄- ပါး)..ဟူ၍ ရေးသား ဖော်ပြခဲ့ပါတယ်။

အခုတော့..ကျန်ရှိနေတဲ့ ပါကဋ္ဌာနစတုက္က ကို ရေးလိုက်ပါတယ်.
ကမ္မစတုက္ကပိုင်းများကို ..ဓမ္မဗျူဟာ- ဒေါ်ခင်လှတင် (မဟာသဒ္ဓမ္မဇောတိကဓဇ)ရဲ့ အဘိဓမ္မာသင်တန်း အသံဖိုင်များကို နားထောင်ပြီး ရေသားထားပါတယ်။
အဲဒီ့ဖိုင်များကိုတော့ DhammaDownload.com မှ Download ဆွဲပြီး နားထောင်နိုင်ပါတယ်။

ပါက=အကျိုး + ဋ္ဌာန=ဘုံဋ္ဌာန
ပါကဋ္ဌာနစတုက္က ဆိုသည်မှာ အကျိုးပေးရာဘုံဋ္ဌာန နှင့်စပ်သော ကံ ၄-ပါး ဖြစ်သည်။

အကျိုးပေးရာဘုံဋ္ဌာနနှင့်စပ်သော ကံ ၄-ပါး တို့မှာ…

  1. အကုသိုလ်ကံ
  2. ကာမာဝစရကုသိုလ်ကံ (ကာမကုသိုလ်ကံ)
  3. ရူပါဝစရကုသိုလ်ကံ (ရူပကုသိုလ်ကံ)
  4. အရူပါဝစရာကုသိုလ်ကံ (အရူပကုသိုလ်ကံ)

အကုသိုလ်ကံ … ၁၂ ပါး ရှိသည်။
ကာမာဝစရကုသိုလ်ကံ… ၈ ပါး ရှိသည်။
ရူပါဝစရကုသိုလ်ကံ… ၅ ပါး ရှိသည်။
အရူပါဝစရာကုသိုလ်ကံ…. ၄ ပါး ရှိသည်။

ဆိုင်ရာ အကျိုးပေးရာ ဘုံဋ္ဌာန တို့မှာ..

  1. အပါယ် - ၄-ပုံ (ဒုဂ္ဂတိဘုံ)
    1. ငရဲ
    2. တိရစ္ဆာန်
    3. ပြိတ္တာ
    4. အသူရကာယ်
  2. ကာမသုဂတိ - ၇-ဘုံ (လူ့ဘုံ + နတ်ပြည် ၆-ထပ်) (သုဂတိဘုံ)
    1. လူ့ဘုံ
    2. စတုမဟာရာဇ်ဘုံ
    3. တာဝတိံသာဘုံ
    4. ယာမာဘုံ
    5. တုသိတာဘုံ
    6. နိမ္မာနရတိဘုံ
    7. ပရနိမ္မိတ၀သ၀တ္တိဘုံ
  3. ရူပ - ၁၆-ဘုံ
    1. ပထမဈာန် ၃-ဘုံ (ဗြဟ္မပါရိသဇ္ဇာဘုံ၊ ဗြဟ္မပုရောဟိတာဘုံ၊ မဟာဗြဟ္မာဘုံ)
    2. ဒုတိယဈာန် ၃-ဘုံ (ပရိတ္တာဘာဘုံ၊ အပ္ပမာဏာဘာဘုံ၊ အာဘဿရာဘုံ)
    3. တတိယဈာန် ၃-ဘုံ (ပရိတ္တာသုဘာဘုံ၊ အပ္ပမာဏာသုဘာဘုံ၊ သုဘကိဏှာဘုံ)
    4. စတုတ္ထဈာန် ၇-ဘုံ (ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ သုဒ္ဓါဝါသ ၅-ဘုံ)

    စုစုပေါင်း ၁၆ ဘုံတို့ ဖြစ်သည်။
    (သုဒ္ဓါဝါသ ၅ ဘုံမှာ..အ၀ိဟာဘုံ၊ အတပ္ပါဘုံ၊ သုဒဿာဘုံ နှင့် သုဒဿီဘုံ တို့ဖြစ်သည်။)

  4. အရူပ - ၄-ဘုံ မှာ..
    1. အာကာသာနဉ္စာယတနဘုံ
    2. ၀ိညာဏဉ္စာယတနဘုံ
    3. အာကိဉ္စညာယတနဘုံ
    4. နေ၀သညာ နာသညာယတနဘုံ

(စုစုပေါင်း ၃၁ ဘုံ ဖြစ်သည်။)
(ဘုံပိုင်းဆိုင်ရာကို .. အဘိဓမ္မာ - ဘူမိစတုက္က ပိုင်းတွင် လေ့လာနိုင်ပါသည်။)
(စာမျက်နှာ ၆၀၊ ဒေါ်ခင်လှတင် - အခြေခံ အဘိဓမ္မာသင်တန်းမှတ်စု ဒုတိယအဆင့်)

အပါယ် ၄-ဘုံ၊ ကာမသုဂတိ ၇-ဘုံ၊— ပေါင်း ၁၁-ဘုံ တို့ကို ကာမာဝစရ (ကာမ) ဘုံ ဟုလည်းခေါ်သည်။
ထိုကာမဘုံ ၁၁ ဘုံတွင် ဒုဂ္ဂတိ ၄-ဘုံ နှင့် သုဂတိ ၇-ဘုံ တို့ အထက်ပါအတိုင်း…ပါဝင်သည်။

အကုသိုလ်ကံ (၁၂-ပါး)ကို ပြုလျင် …. အပယ် ၄-ဘုံ သို့ အကျိုးပေးမည်။
ကာမကုသိုလ်ကံ (၈-ပါး)ကို ပြုလျင်…… ကာမသုဂတိ ၇-ဘုံ သို့ အကျိုးပေးမည်။
[ကာမဘုံသို့ ရောက်အောင် အကျိုးပေးမည့် ကံတို့ကို ကာမကံ ဟုခေါ်သည်။ ထိုကြောင့် ကာမကံ ၂၀-ပါး ဖြစ်သည်။
ကာမကံပေါင်း ၂၀ ပါးတွင်.. အကုသိုလ်ကံ ၁၂ ပါး နှင့် ကုသိုလ်ကံ ၈ ပါး ပါဝင်သည်။]

ရူပကုသိုလ် ၅-ပါးကို ပြုလျင်….ရူပ ၁၆-ဘုံ သို့ အကျိုးပေးမည်။
အရူပကုသိုလ် ၄-ပါးကို ပြုလျင် …အရူပ ၄-ဘုံ သို့ အကျိုးပေးမည်။
[ရူပကုသိုလ် နှင့် အရူပကုသိုလ် တို့ကို မဟဂ္ဂုတ်ကုသိုလ်များ ဟုလည်းခေါ်သည်။ ထို့ကြောင့် မဟဂ္ဂုတ်ကုသိုလ် ၉-ပါး ရှိပေမည်။
မဟဂ္ဂုတ်ကုသိုလ် ၉ ပါး တွင်... အကုသိုလ်ကံ မရှိပေ။ မဟဂ္ဂုတ်ကုသိုလ်ကံ ၉ ပါး ပြုလျင်..ဗြဟ္မာ့ဘုံ-၂၀ (ရူပ ၁၆-ဘုံ + အရူပ ၄-ဘုံ) သို့ အကျိုးပေးပေမည်။ ] -

ဗြဟ္မာဘုံတွေရောက်ဖို့ရန်အတွက်….ရူပကုသိုလ်၊ အရူပကုသိုလ်များ လုပ်မှဖြစ်ပေမည်။ ထိုကုသိုလ်တို့မှာ. ရိုးရိုးကုသိုလ်များမဟုတ်ဘူး၊ ဈာန်ကုသိုလ်များဖြစ်လေသည်။…
ရိုးရိုးပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း၊ သီလတွေဆောက်တည်ခြင်း တို့မှာ….ဈာန်ကုသိုလ် မဟုတ်သေးပေ။

ဈာန်ကုသိုလ်ဖြစ်ဖို့ရန်မှာ.. သမထ ဘာဝနာ ပွားရမည်။ သမထဘာဝနာ ပွားလျင်.. ဈာန်ရမယ်။ ဈာန်ရလျင် ဗြဟ္မာဘုံရောက်မည်။

ဘာဝနာမှာ ၂ မျိုးရှိသည်။..သမထဘာဝနာ နှင့် ၀ိပဿနာဘာဝနာ တို့ဖြစ်သည်။
သမထဘာဝနာ ၏ လမ်းဆုံးသည်…..ဈာန် ဖြစ်သည်။….-ဈာန်ရလျင် ဗြဟ္မာ့ဘုံ သို့ အကျိုးပေးမည်။
ဝိပဿနာဘာဝနာ ၏ လမ်းဆုံးသည်..မဂ် ဖြစ်သည်။ မဂ် ရလျင် မဂ်ရဲ့ အကျိုး ဖိုလ်ရမည်။ ၀ိပဿနာဘာဝနာ ကား…ဘုံဋ္ဌာနကို အကျိုးမပေးပေ။

မြတ်ဗုဒ္ဓ တိုင်း၏ အကျဉ်းချုပ် ဆုံးမစကားမှာ…

မကောင်းမှုအကုသိုလ်ကို ရှောင်
ကောင်းမှုကုသိုလ်ကို ဆောင်
စိတ်ကို စင်အောင်ထား … ဖြစ်ပေသည်။

မကောင်းမှု အကုသိုလ် တို့ကို ရှောင်ကျဉ်ခြင်းသည်….ကုသိုလ်ပြုခြင်းဖြစ်သည်။ ၎င်းကို ရှောင်ကုသိုလ် ဟုခေါ်သည်။
ကောင်းမှုကုသိုလ် တို့ကို ဆောင်ယူ၊ ထိန်းသိမ်းခြင်းသည်လည်း ကုသိုလ်ပြုခြင်းပင် ဖြစ်သည်။ ၎င်းကို ဆောင်ကုသိုလ် ဟုခေါ်သည်။

စိတ်ကို စင်အောင်ထားဖို့ရာ၌…
၁) စိတ်ကို ညစ်အောင် ပြုလေ့ရှိသော.ကိလေသာတို့မှ…ဝေးကွာအောင်..ဖယ်ခွါခြင်း နှင့်..
၂) ထိုကိလေသာ အညစ်အကြေးတို့ ထပ်မဖြစ်လေအောင် ပယ်သတ်ပစ်ခြင်း ဟူ၍ (၂)မျိုး ရှိပေမည်။

ကိလေသာ တို့မှ…ဝေးကွာအောင် ဖယ်ခွါပြုခြင်းသည်လည်း…ကုသိုလ်ပြုခြင်းဖြစ်သည်။ ၎င်းကို ပယ်ခွါတဲ့ ကုသိုလ် ဟု ခေါ်သည်။
ကိလေသာ အညစ်အကြေး တို့ ထပ်မဖြစ်ရလေအောင် ပယ်သတ်ခြင်းသည်လည်း ကုသိုလ်ပြုခြင်းပဲဖြစ်သည်။ ၎င်းကို ပယ်သတ်တဲ့ ကုသိုလ် ဟု ခေါ်သည်။

ပို၍ တိတိကျကျ ပြောလျင်..
ရှောင်ကုသိုလ် မှာ.. မကောင်းမှု ဒုစရိုက်တွေကို ရှောင်သော…. သုစရိုက် ၁၀ ပါးဖြစ်သည်။ (-ကာမကုသိုလ်)
ဆောင်ကုသိုလ် မှာ ဒါန၊ သီလ၊ ဘာဝနာ စသော…ပုညကြိယာဝတ္ထု ၁၀ ပါးပဲ။ (-ကာမကုသိုလ်)
ပယ်ခွါတဲ့ကုသိုလ် မှာ.. ဈာန်ကုသိုလ် ဖြစ်သည်။(-မဟဂ္ဂုတ်ကုသိုလ်)
ပယ်သတ်တဲ့ကုသိုလ် - မဂ်ကုသိုလ် ဖြစ်သည်။ (-လောကုတ္တရာကုသိုလ်)

ပါကဋ္ဌာနစတုက္က ဆိုသည်မှာ..
အကုသိုလ်ကံ ၁၂ ပါး (အကုသိုလ်)
ကာမကုသိုလ်ကံ ၈ ပါး (ကုသိုလ်) (ကာမကုသိုလ်) (ရှောင်ကုသိုလ်၊ ဆောင်ကုသိုလ်) (မဂ်မရသေးခင် ၀ိပဿနာ နှင့် ဈာန်မရသေးခင် သမထ ပြုခြင်းတို့သည် ကာမကုသိုလ် တွေပဲဖြစ်သည်။)
ရူပကုသိုလ်ကံ ၅ ပါး (ကုသိုလ်) (မဟဂ္ဂုတ်ကုသိုလ်)
အရူပကုသိုလ်ကံ ၄ ပါး (ကုသိုလ်) (မဟဂ္ဂုတ်ကုသိုလ်)

…..တို့ ဖြစ်ပါသည်။

အောက်ပါ အသံဖိုင်မှ ရေးသား ဖော်ပြထားသည်။
အပိုင်း ၀၅၄၊ ၀၅၅ ၊ အဘိဓမ္မာသင်တန်း အသံဖိုင် - ဒေါ်ခင်လှတင် (ဓမ္မဗျူဟာ)

Category: Uncategorized

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP