Blog Entry ဘ ၀ အ မော-အ ခ က် အ ခဲ ပြ ဿ နာ အား လုံး ဖြေ ရှင်း နည်း အ စစ် [၁-၂၀၁၁ အနတ္တအဆုံးအမများ] - (ဆရာတော် ဦးဥတ္တမသာရ) (အပိုင်း ၄ အဆုံးပိုင်း)
လွတ်လွတ်လပ်လပ်လုပ်
- ဘာလုပ်လုပ် အတည်ယူ၊ ဆုပ်ကိုင်၊ လက်ခံ
သိမ်းပိုက်ပြီး မလုပ်နဲ့။
-သုံးရုံသက်သက်သုံးရမှာ ဆုပ်ကိုင်ပြီး မသုံးရဘူး၊ မလုပ်ရဘူး၊ မကျင့်ရဘူး။
-အကန့်အသတ်မှန်သမျှက လွန်မြောက်ဖို့လိုတယ်။
-ကောင်းမှုကုသိုလ်ကို အကန့်အသတ်မရှိ လုပ်နိုင်အောင် ကြိုးစားရမယ်။
-လုပ်နိုင်သလောက်လုပ်၊
လုပ်သလောက် လုပ်လာနိုင်မယ်။
-ကြိုတင် စီစဉ်တာ၊ မစီစဉ်တာ ကိစ္စမရှိပေမယ့်
တကယ်လုပ်တော့ အခြေအနေ အချိန်အခါအရ
အများအဆင်ပြေအောင် လိုအပ်သလို ပြောင်းလဲ
လုပ်နိုင်ဖို့ လိုတယ်။
- လုပ်ဖို့လိုသလို
ကိုယ်လုပ်တတ်သလိုလုပ်တာ မဟုတ်ဖို့လည်း လိုတယ်။
- ဒီယုန်မြင်လို့ ဒီချုံထွင်သလို
တမင်တကာကြီး
လွတ်လွတ်လပ်လပ် လုပ်ရုံသက်သက်လုပ်ရမှာ။
- အဟုတ်ထင်ငြိတွယ်မှုအစွဲနဲ့
မလွတ်မလပ်သာ လုပ်တတ်ရာကနေ......
အဟုတ်ထင်ငြိတွယ်မှုအစွဲကင်းကင်း နဲ့
လွတ်လွတ်လပ်လပ်လုပ်တတ်ဖို့ ကြိုးစားရမယ်။
- မလွတ်မလပ်လုပ်နိုင်တဲ့စွမ်းရည်သတ္တိကို မစွန့်နိုင်ဘဲနဲ့တော့
လွတ်လွတ်လပ်လပ် လုပ်တတ်စရာ အကြောင်းမရှိဘူး။
- မဆုပ်ကိုင်ဘဲ လွတ်လွတ်လပ်လပ်လုပ်။
- လုပ်တာ မလုပ်တာကို မဆုပ်ကိုင်ဖို့ လိုတယ်။
-အစွဲကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် လုပ်တတ်ဖို့ ကြိုးစားရမယ်။
-အစွဲမကင်းဘဲနဲ့ အမှန်မမြင်နိုင်ဘူး။
- လောကအမျိုးမျိုးကို -
သုံးရုံသက်သက် မှန်မှန်ကန်ကန် သုံးပြီး၊ .....
- ဆန့်ကျင်ဘက် လောကီအတွေ့အကြုံအမျိုးမျိုးကို
တွေ့ကြုံရုံသက်သက် မှန်မှန်ကန်ကန်တွေ့ကြုံပြီး၊.......
မှန်မှန်ကန်ကန် ပြုလုပ်တတ်အောင် ကြိုးစားနိုင်မှ.......
လောက က လွန်မြောက်မယ်။
ဝိပဿနာဥာဏ် မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်
- အမှန်တရားအပေါ် သတိ၊ အသိ
လုပ်ယူ ပါများလို့၊
ယာယီ ပေါ်ပေါက်လာတဲ့
လုပ်ယူမှုမပါတဲ့
အမှန်တရားကိုနားလည်တဲ့ အမှန်တရားသတိ-အသိ က ၀ိပဿနာဥာဏ်။
-လုပ်ယူမှုမပါတဲ့ အမှန်တရားကိုနားလည်တဲ့ အမှန်တရားသတိ-အသိ
ဖြစ်ပါများလို့
ပေါ်ပေါက်လာတဲ့
ခိုင်မြဲတဲ့
အမှန်တရားကိုနားလည်မှု-သတိစစ်-အသိစစ်က မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်။

- မြင်သိ၊
ကြားသိ၊
နံသိ၊
စားသိ၊
ထိတွေ့သိ၊
တွေးကြံသိတွေမှာ -
လမ်းမဆုံးမှ ၀ိပဿနာဥာဏ် မဂ်ဥာဏ် ဖိုလ်ဥာဏ်ဆိုတဲ့ အသိစစ်တွေထင်ရှားလာမယ်။
- လုပ်ယူတဲ့နားလည်မှုမှာ လမ်းမဆုံးဘဲလုပ်ယူတာ မဟုတ်တဲ့
နားလည်မှုအစစ်
(၀ိပဿနာဥာဏ် မဂ်ဥာဏ်ဖိုလ်ဥာဏ်) ကိုနားလည်ဖို့ကြိုးစားရမယ်။
သတ်မှတ်ထားတဲ့ အမှန်တရား(ပညတ်)နဲ့
အမှန်တရားအစစ် (ပရမတ်)
ကောင်းကောင်းဆိုးဆိုး -
အမျိုးမျိုးဖြစ်ပေါ်နေတဲ့
အကျိုးတရားတွေဖြစ်တဲ့ဘ၀တွေ၊
ဘ၀အတွေ့အကြုံတွေ၊
အချိန်ကာလတွေ၊ နေရာဒေသတွေက
သတ်မှတ်ချက်တွေပါ။
ကောင်းကောင်းဆိုးဆိုး၊
မှားမှားမှန်မှန်
အမျိုးမျိုးသောပြုလုပ်မှုအကြောင်းတရားတွေကလည်း
သတ်မှတ်ချက်ပါပဲ။
-အမျိုးမျိုးသောနားလည်မှု၊
နားမလည်မှု၊
သိမှု၊မသိမှုတွေကလည်း သတ်မှတ်ချက်ပါပဲ။
- အမျိုးမျိုးသော သတ်မှတ်ချက်တွေကို
အဓိကထားနေမှုအစား -
``သတ်မှတ်ချက်တွေရဲ့ အမှန်တရား ´´
(သို့)
သတ်မှတ်ချက်များ၏
``အတည်ယူဆုပ်ကိုင်စရာ၊
အဟုတ်ထင်ငြိတွယ်စရာ မဟုတ်ခြင်း´´ တည်းဟူသော
``တစ်သမတ်တည်းသော အမှန်တရား´´ ကို
မမေ့လျော့ခြင်းအားဖြင့်
ဖြစ်ရပ်အမျိုးမျိုး ၊
ပြုလုပ်မှုအမျိုးမျိုးနဲ့၊
နားလည်မှု၊နားမလည်မှုအမျိုးမျိုးတွေကို -
တွေ့ကြုံရုံ သက်သက်၊ မတွေ့ကြုံရုံသက်သက်၊
ပြုလုပ်ရုံသက်သက်၊ မပြုလုပ်ရုံသက်သက်၊
အသုံးချရုံသက်သက် မှန်မှန်ကန်ကန်သုံးတတ်လာပြီး
စိတ်၊
စေတသိက်၊
ရုပ်၊
နိဗ္ဗာန်ဆိုတဲ့
ပရမတ်တရားတွေကို နားလည်တဲ့
ဝိပဿနာဥာဏ်၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်
(နားလည်မှုအစစ်)တွေ ထင်ရှားလာပါလိမ့်မယ်။

သတ်မှတ်ချက်တွေရဲ့အမှန်တရား
- တကယ်မဟုတ်တာအစစ်က -
အတည်မဟုတ်တာ-ဆုပ်ကိုင်စရာမဟုတ်တာ။
- တကယ်ဟုတ်တာအစစ်က -
အသုံးချဖို့သက်သက်၊ ပြုလုပ်ဖို့သက်သက်၊
တွေ့ကြုံဖို့သက်သက်သာလျှင် ဟုတ်တာ။
- ဘာဖြစ်တာ မဖြစ်တာထက် ဖြစ်တာ၊ မဖြစ်တာ
တွေကို အဟုတ်ထင်ငြိတွယ်မှုကင်းဖို့က အဓိက။

-အမှား အမှန်၊
အကောင်း အဆိုး၊
အပူ အအေး
ဆန့်ကျင်ဘက် အခြေအနေတိုင်းကို
အဟုတ်ထင် ငြိတွယ်မှုကင်းကင်းနဲ့
လက်ခံရုံသက်သက် လက်ခံနိုင်ဖို့ ကြိုးစားရမယ်။
ပြီးပြည့်စုံခြင်း
-ပြောစရာ၊လုပ်စရာ၊ပူစရာ၊ကျင့်စရာ မလိုတော့တဲ့အထိ ကျင့်နိုင်ဖို့ လိုတယ်။
- လိုနေရင် မဟုတ်သေးဘူး၊ မလိုမှ ပြီးပြည့်စုံမှာ။

အမှန်တရား ထင်ရှားပြီ။ ဓမ္မစကြာလည်ပြီ။
သဘာဝအမှန်တရားဥပဒေသ
စိတ်၊ စတသိက်၊ ရုပ်၊ နိဗ္ဗာန်။
သစ္စာလေးပါး သဘာဝအမှန်တရား-
ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။
သဘာဝ အမှန်တရားကျင့်စဉ်
မဂ္ဂင်ရှစ်ပါး-
သမ္မာဒိဋ္ဌိ၊သမ္မာ သင်္ကပ္ပ၊သမ္မာ ၀ါစာ၊သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ ၊သမ္မာဝါယာမ၊ သမ္မာ သတိ၊ သမ္မာ သမာဓိ
သဘာဝအမှန်တရားသူကြီး-
ဝိပဿနာဥာဏ်၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်။ ။
reply share
0 comments:
Post a Comment