* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, June 30, 2011

ချစ်ခြင်းမေတ္တာသည် အကောင်းဆုံးလောင်စာ ဖြစ်သည်

ဘ၀ဟာ ခရီးတစ်ခုဖြစ်တယ်ဆိုလျင် ပြီးတော့ လူသားသတ္တ၀ါဟာ ယာဉ်တစ်ခု ဖြစ်တယ်ဆိုလျင် ဒီနောက် ဤခရီးအတွက် အောင်မြင်သော အပြီးသတ်ခြင်းတစ်ခုအတွက် အကောင်းဆုံးလောင်စာဟာ ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ အချို့သော အခြားစိတ်ခံစားမှုကို အစားထိုးတဲ့အခါ- ပြီးတော့ အဲဒါကို အကျွန်ုပ်တို့ရဲ့ ဗဟိုအချက်အချာ ဖြစ်အောင်ပြုလုပ်တဲ့အခါ- အကျွန်ုပ်တို့ရဲ့လောင်စာဖြစ်အောင် ပြုလုပ်တဲ့အခါ- ယာဉ်ဟာ သိသိသာသာ မဆောင်ရွက်နိုင်တော့သလို အဲဒါက ဆောင်ရွက်မှာလည်း မဟုတ်တော့ပါ။
အဲဒီအခါ ခရီးဟာ လွယ်ကူချောမွေ့မှု မရှိတော့ဘဲ ဂနာမငြိမ်- ဆူဆူညံညံ- ခုန်ဆွခုန်ဆွ- ကသိကအောက် ဖြစ်လာပါတယ်။ ချွတ်ချော်ယိုယွင်းမှုများက ဆက်တိုက် ကျလေ့ရှိပါတယ်။ ပြုပြင်ပေးဖို့ အခြားသူများထံမှ အကူအညီ လိုအပ်နေမှုများ အဆက် မပြတ် ဖြစ်လေ့ရှိပါတယ်။

ချစ်ခြင်းမေတ္တာဟာ ဖောခြင်းသောခြင်းတစ်ပုံကြီး ရနိုင်ပါတယ်။ အဲဒါက လျော့နည်းကုန်ခမ်းလာဖို့ အလားအလာ မရှိပါ။ လူသားတိုင်းဟာ ချစ်ခြင်းမေတ္တာလို့ ခေါ်တဲ့ ဒီလောင်စာရဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ အကျွန်ုပ်တို့ဟာ အတောမသတ် တစ်နေ့ ၂၄-နာရီ ချစ်ခြင်းမေတ္တာ ထုတ်လုပ်နိုင်စွမ်း ထွက်ပေါ်လာနိုင်စွမ်း ရှိပါတယ်။ ချစ်ခြင်းမေတ္တာဟာ အကျွန်ုပ်တို့ရဲ့ သဘာဝအခြေအနေ ဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာက အကြောက်တရားနှင့် အမုန်းတရားလို့ ဆိုတဲ့ သူ့ရဲ့ဆန့်ကျင်ဘက်ခံစားမှုများကို နှိုင်းယှဉ်ကြည့်သည့်အနေနှင့် တဖြည်းဖြည်း အလုပ်လုပ်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ မွေးရာပါပင်ကိုယ်အရည်အချင်း ဖြစ်လင့်ကစား အမုန်းတရားနဲ့ အကြောက်တရားကတော့ အလွန်လွယ်လွယ်ကူကူပဲ အကျွန်ုပ်တို့ထံ လားရောက်ပါတယ်။

သင်ဟာ သာမန် အကြောင်းတစ်ခုအတွက်- ပြီးတော့ သာမန်အဖွဲ့အစည်း အလံအောက်မှာ လူအုပ်စုတစ်ခုကို တစ်စိတ်တည်း တစ်ဝမ်းတည်းဖြစ်စေချင်လျင်- အရေးပါသည့်တစ်ခုခုအတွက် ချစ်ခြင်းမေတ္တာဟာ သူတို့ကို ပေါင်းစည်းဖို့ သင့်ကို ပို့ဆောင်စေနိုင်စွမ်း- ယူနိုင်စွမ်းရှိပါတယ်။ အမုန်းတရားနှင့်အကြောက်တရားဟာ မိနစ်များစွာထက်မပို အလုပ်လုပ်နိုင်ပါတယ်။ ဤအကြောင်းကြောင့် ချစ်ခြင်းမေတ္တာရဲ့ မျက်မုန်းကျိုးခံရသူ သဘာဝရန်သူဟာ ပါဝါများစွာ ရှိပြီး အကျွန်ုပ်တို့ကို ဆွဲဆောင်နိုင်စွမ်း ရှိနေပါတယ်။ စိတ်ဟာ ချစ်ခြင်းမေတ္တာထက် အမုန်းတရားနဲ့ အကြောက်တရားမှာ ရှင်သန်နေစဉ်- ချစ်ခြင်းမေတ္တာက မှန်ကန်တဲ့ ဖြစ်တည်ခြင်း ဒါမှမဟုတ် ဓမ္မကို အယူခံဝင်ပါတယ်။ ဆွဲဆောင်ပါတယ်။

ချစ်ခြင်းမေတ္တာဟာ ဘ၀ရဲ့မှန်ကန်တဲ့ လောင်စာဖြစ်တယ်ဆိုတာ အကျွန်ုပ်တို့ အားလုံး သိတဲ့အခါ ဘာ့ကြောင့် အကြောက်တရားက ကြီးစိုးလွှမ်းမိုးသလဲ? ဒါဟာ စိတ်အာရုံက ၀င်လာတဲ့နေရာ ဖြစ်ပါတယ်။ အကျွန်ုပ်တို့ရဲ့မှန်ကန်တဲ့ ဖြစ်တည်ခြင်း ဒါမှမဟုတ် ဓမ္မဟာ ချစ်ခြင်းမေတ္တာအပေါ်မှာသာလျင် ရှင်သန်ပါတယ်။ ဒါပေမယ့် ဓမ္မနှင့် ခန္ဓာကိုယ် ဤနှစ်ခုအကြား အခြားအရေးကြီးတဲ့ သီးခြား ရပ်တည်နေတဲ့အရာက- စိတ်- ဖြစ်ပါတယ်။ ဓမ္မရဲ့လက်ထဲမှာ ရှိခြင်းအစား အကျွန်ုပ်တို့ဘ၀များရဲ့ အခွင့်အာဏာကို စိတ်က လွှဲပြောင်းယူပြီးပါပြီ။

ပြီးတော့ စိတ်က အစိတ်အပိုင်းများစွာပါဝင်ကာ ခက်ခဲရှုပ်ထွေးပါတယ်။ ဒါက-ယုတ္တိ ရှိ-မရှိ, ယုတ္တိ တန်-မတန်, အကောင်း-အဆိုး, အချစ်-အမုန်း, ပေးခြင်း-ယူခြင်း, သတ်ခြင်း- ကယ်ဆယ်ခြင်းများ ဖြစ်ပြီး မျော်လင့်ချက်မဲ့ခြင်း- အကူအညီမဲ့ခြင်းကို ဖြည့်ဆည်းနေပေမယ့်လည်း မျော်လင့်ချက်များ အကူအညီများနှင့် ပြည့်သိပ်နေ ဖိစီးနေပါတယ်။ စိတ်ဟာ ၀ိရောဓိ ဖြစ်ပါတယ်။ လည်ပတ်ခြင်းဆိုင်ရာ ကိုယ်ပိုင်နည်းလမ်းများနှင့်အတူ အတပ်ပြောရခက်ပါတယ်။ အဲဒါက အငွေ့ပြန်လွယ်ပါတယ်။ ဆက်ဆက်ထိ မခံ ဖြစ်ပါတယ်။ ဂနာမငြိမ် ဖြစ်ပါတယ်။ သို့ပေမယ့် အဲဒါက ချက်ချင်းအဆက်မပြတ် ငြိမ်းချမ်းမှု- တိတ်ဆိတ်မှု- တည်ငြိမ်မှုကို ရှာဖွေပါတယ်။

စိတ်နှင့်အတူတကွဖြစ်နေရတာကိုက ရိုလာကိုစတာ(roller coaster)ကို စီးရသလို အကျွနု်ပ်တို့ ဘ၀များ ရှင်သန်နေထိုင်ရတာကို ဆိုလိုပါတယ်။ အထက်နဲ့အောက်- ဟိုဘက်ခြမ်း ဒီဘက်ခြမ်း- အတွင်းနဲ့ အပြင် - စီးနင်းနေရတဲ့အရာက ပြေးသွားရွေ့လျားနေပါတယ်။ အကျွန်ုပ်တို့ဘ၀မှာ အကျွန်ုပ်တို့ ရှာဖွေတဲ့ တည်ငြိမ်မှုနဲ့ အေးငြိမ်းမှု - အကျွန်ုပ်တို့တောင်းတတဲ့ အေးအေးလူလူရှိမှုနဲ့ သက်သောင့် သက်သာရှိမှု- အကျွန်ုပ်တို့ အသည်းအသန်လိုအပ်တဲ့ ငြိမ်းချမ်းမှုနဲ့ ငြိမ်သက်မှု- ဒါတွေကို စိတ်ရဲ့ အားကစားကွင်းထဲမှာ တွေ့ရှိဖို့ရန်တော့ မဟုတ်ပါ။ သူတို့ကို ရှာတွေ့လျင် သူတို့နဲ့သက်ဆိုင်ရာ ဆန့်ကျင်ဘက်များနှင့် ချိတ်ဆက်လာပါလိမ့်မယ်။ ဒါက ဘ၀ရဲ့ လက္ခဏာနှစ်ရပ် ဒွန်တွဲနေမှုပဲ ဖြစ်ပါတယ်။ နှစ်မျိုးနှစ်သွယ်ဒွန်တွဲမှုက စိတ်မှာ အမြဲတမ်းဖြစ်ပါတယ်။ ဓမ္မဟာ အမြဲတမ်း တစ်ခုတည်း ဖြစ်ပါတယ်။ ပြီးတော့ အဲဒါက -ချစ်ခြင်းမေတ္တာဆိုတဲ့ လောင်စာ တစ်ခုကိုသာ လိုအပ်ပါတယ်။

တစ်ဦးတစ်ယောက်ဟာ ပထမဆုံး ချစ်ခြင်းမေတ္တာကို ပေးအပ်ခြင်းမရှိဘဲ ချစ်ခြင်းမေတ္တာကို မရနိုင်ပါ။ ဒါက သဘာဝဥပဒေသပါ။ ဘ၀မှာ ရယူလက်ခံခြင်းမတိုင်မီ ပေးအပ်ခြင်းက လာပါတယ်။ ရိတ်သိမ်းခြင်းမတိုင်မီ စိုက်ပျိုးခြင်းက လားရောက်ပါတယ်။ ဒါပေမယ့် အကျွန်ုပ်တို့က အဲဒါကို မသိပါ။ အကျွန်ုပ်တို့ဟာ ပေးချင်လိုတဲ့ ဆန္ဒရှိမနေဘဲ ရယူလက်ခံဖို့ လမ်းစရှာ မျော်လင့်နေပါတယ်။ ဒီတော့ အကျွန်ုပ်လက်ထဲမှာ အကြွင်းမဲ့ဖြစ်တဲ့ ပထမဆုံးခြေလှမ်းကတော့ ချစ်ခြင်းမေတ္တာကို နှင်းအပ်ဖို့ ပေးအပ်ဖို့ပဲ ဖြစ်ပါတယ်။

အဆိုပါကာလမှနောက် အကျွန်ုပ်တို့ ချစ်ခြင်းမေတ္တာကို လက်ခံရရှိပါလိမ့်မယ်။ ဆန္ဒရှိသလောက် ဒါမှမဟုတ် ပေးအပ်ပြီးသလောက် မဟုတ်ပေမယ့် အကြိမ် ထောင်ပေါင်းများစွာပါ။ ကမ္ဘာလောကဓာတ်ဟာ ချစ်ခြင်းမေတ္တာနှင့်အတူ အကျွန်ုပ်တို့ကို ဖုံးလွှမ်းဖို့ ဒလဟောကျလာဖို့ အဆင်သင့် ဖြစ်ပါတယ်။ စောင့်ဆိုင်းနေပါတယ်။ ပေးခြင်းဆိုတဲ့ သေးငယ်တဲ့ ပထမဆုံးခြေလှမ်းကို ယူဖို့သာလျင် အကျွန်ုပ်တို့အတွက် လိုအပ်ပါတယ်။

မြတ်ဗုဒ္ဓက သူ့ရဲ့တပည့်များကို ပြောဆိုခဲ့ပါတယ်။ အဲဒါကတော့ “သင်တို့ဟာ ပေးခြင်းရဲ့ စွမ်းပကားပါဝါနဲ့ပတ်သက်လို့- ငါသိတဲ့အရာကို သင်တို့ သိရှိခဲ့ကြမယ်ဆိုလျင်- သင်တို့ဟာ အသင်တို့ဘ၀မှာ ဦးစွာပထမ တစ်ဦးတစ်ယောက်နှင့် အဲဒါကို ခွဲဝေပေးခြင်း မရှိဘဲ- အနည်းငယ်သောအစားအစာကိုမျှ သုံးဆောင်ကြလိမ့်မယ် မဟုတ်” ဆိုတာပါပဲ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP