* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, June 17, 2011

ရှင်တော်ဟောကြားဓမ္မစကား(ဘိက္ခုဝဂ္ဂ)

ဆောင်းပါးအမှတ်စဉ် ၂၅

နှစ်ဆယ့်ငါးခုမြောက်ဝဂ်သည် ဘိက္ခုဝဂ်ဖြစ်ပါသည်။ စာရေးသူငယ်စဉ်က သိခဲ့ဖူးသည်မှာ ဘုန်းကြီးကျောင်းသား သူတောင်းစား၊ တန်းကျောင်းသား အကောင်းစားဟူ၍ ဖြစ်ပါသည်။ ဤသို့ဖြစ်ရခြင်း မှာ သပိတ်ဖြင့် ရဟန်းတော်များက အိမ်စဉ်လှည့်လည်ပြီးတောင်းစားသောဓလေ့ကြာင့်ဖြစ်ပါသည်။အတော် အတန်အသက်ရလာသောအခါ ဘိက္ခနသီလော၊ ယာစနသီလော ဘိက္ခု ဆွမ်းစသည်အတွက် လှည့်လည်ေ တာင်းရလေ့ရှိသောကြောင့် ရဟန်းဟုသိလာရပြီး မြင့်မြတ်သော တောင်းစားနည်း(အရိယယာစနာ) ဟုထပ် ဆင့်သိလာရပါသည်။ ဘိက္ခခနသီလတာဒီဟိ ဘိက္ခု ဥဒ္ဒိဿ အရိယာ တိဋ္ဌ န္တိ ဧသာအရိယ ယာစနာတိ ဟိ ၀ုတ္တံ၊ဓာန်ဋီ ၂၈၅ (ဘိက္ခ၊ ယာစနေ၊ ရူ၊)

ထိုအဓိပ္ပါယ်မှာ အများအတွက် မှန်သော နာမည်ဖြစ်ပါသည်။တောင်းစားရုံဖြင့် ရမည်ဟု မမျှော်လင့်နိုင်ပေ။ ဆိုင်ရာအရည် အသွေးများပြည့်စုံနိုင်အောင် ကြိုးစားကြရပေမည် သို့မှသာလျှင် တ ပဿီဟူသော နာမည်ကို ရနိုင်ပေမည်။ ရဟန်းဟူသည်မှာ ကောင်းမွန်သော အကျင့်ကို ကျင့်ကြံသူ၊ (တပေါ ကမ္မဿအတ္ထီတိတပဿီ၊ တပါဒိတော၊ သီ၊) အရည်အသွေးပြည့်စုံရန် လူတိုင်း ကြိုးစားနိုင်ကြမည် မ ဟုတ်ပေ။လောကကြီးတွင်ဖြစ်နေပျက်နေသော အတွင်းရှုပ်၊အပြင်ရှုပ် တရားများအပေါ် တွင်ဘေးဟုမြင် တတ်မှသာလျှင် ကြိုးစားပေလိမ့်မည်။ဘေးကိုမြင်တတ်သောကြောင့်ရဟန်း၊(ဘယဒဿနသီလော ဘိက္ခု) ၊ဘေးမြင်တတ်သော၊ တရားကျင့်တတ်သော ရဟန်းဟူသည်ဆွေးမျိုးများခင်မင်၊လူများ၏ကြားတွင်ဒွေးရော ယှက်တင်နေထိုင်၍ မဖြစ်နိုင်ပေ၊ အတန်အသင့် ဆိတ်ငြိမ်သည့်နေရာတွင်၊ အဖေါ်မခင် တရား ကို မြင်နိုင်သူဖြစ်ပေမည်၊ သို့မှသာလျှင် ပဗ္ဗဇိတဟူသော အမည်နှင့် ညီညွတ်သည့်အပြင် မြင့်မြတ်သော ရ ဟန်းအဖြစ်သို့လည်း အစစ်အမှန်ရောက်ပေမည်။ (ပဗ္ဗဇာ သဉ္ဇာတာ ယဿာတိ ပဗ္ဗဇိတော၊သေဋ္ဌတံ ၀ဇတီ တိဝါပဗ္ဗဇိတော)၊ ပဗ္ဗဇိတအဖြစ်သို့ရောက်လာလျှင်မူ အကျင့်အားလျော်စွာတရာချမ်းသာများကိုချမ်းသာေ လစွဟု နုတ်မှရွတ်ဆိုရလောက်အောင်ပင် အကျင့်သူဋ္ဌေးကြီးဖြစ်လာပေမည်၊ ထိုအခါ ရဟန်းဟူသည် တပေါ ဓနဟူသောနာမည်ကို ထပ်ဆင့်ရပေမည်။ (တပေါကမ္မ့ဓနံ ယဿာတိ တပေါဓနော၊) တပေါဓနဟူသည့် အကျင့်ကောင်းသူဋ္ဌေးသည် မုနိငါးမျိုးတို့တွင် တစ်မျိုးမျိုးတွင်ပါဝင်ပြီဖြစ်သဖြင့်အရိယာစာရင်းသို့ဝင်နိုင်ပေ ပြီ။(မောန မဿတ္ထီတိ မုနိ)၊ အရိယာစာရင်းဝင်ပြီဖြစ်သဖြင့် သူ၏နုတ်ထွက် စကားသည် ပုထုဇဉ်၏ပြော စကားနှင့်ခြားနားချက်ရှိပေမည်၊ ပုဇဉ်သည် စိတ်အစဉ်ကောင်းသည့် အခါတွင် အပြောတစ်မျိုး၊ မကောင်း သည့်အခါတွင်လည်း တစ်ဖုံ မျိုးစုံလှပေသည်။ အရိယာများကမူ ၀ါစံယမ များဖြစ်သဖြင့် ပုထုဇဉ်နှင့် မတူပေ၊ (၀ါစတော ယမတီတိ ၀ါစံယမော၊) သို့အတွက်ကြောင့်ပင် အရိယာရဟန်းများကို ရည်ညွှန်းပြီး သမဏ ကိလေသာငြိမ်းအေးသူဟု ခေါ်ရပါသည်။ သမဏော (သမေတီတိသမဏော၊)

ရဟန်းဟုဝန်ခံခြင်းကြောင့် ရဟန်း၊ အပိုင်းပိုင်းပြတ်သော အဝတ်ကို ချုပ်စပ်၍ဝတ်တတ်သောကြာင့် ရဟန်း၊ အကုသိုလ် အယုတ်တရားတို့ကို ဖျက်ဆီးတတ်သောကြောင့် ရဟန်း၊ အကုသိုလ် အယုတ်တရား တို့ကို ဖျက်ဆီးပြီးသောကြောင့်ရဟန်း၊ အဆင့်ဆင့်အားဖြင့် ကိလေသာတို့ကိုပယ်တတ်သောကြောင့် ရဟန်း၊ တစ်ပြိုင်နက်အားဖြင့် ကိလေသာတို့ကို ပယ်တတ်သောကြောင့် ရဟန်း၊ ကျင့်ဆဲဖြစ်သော ရဟန်း၊ ကျင့် ပြီးသောရဟန်း ၊ ကျင့်ဆဲကျင့်ပြီး မဟုတ်သောရဟန်း၊မြတ်သော ရဟန်း၊ကောင်းသော ရဟန်း၊ ကြည်ညို ဖွယ်ဖြစ်သော ရဟန်း၊ အနှစ်သာရရှိသော ရဟန်း၊ ညီညွတ်သော သံဃာသည် ပြုအပ်သော မြတ်စွာဘုရား သာသနာအားလည်း ထိုက်သော မပျက်သောဉတ်လျှင်လေးကြိမ်မြောက်ရှိသော 'ဉတ္တိစတုတ္ထ' ကံနှင့်ပြည့် စုံသောရဟန်း စသဖြင့်လည်း အဓိပ္ပါယ် အမျိုး မျိုးရှိပါသည်။

ယခုခေတ်တွင်တွေ့ရသော ရဟန်းအမျိုးအစားကို (၆)မျိုးဟု သတ်မှတ်ပြီး ငယ်ဖြူ၊ ငယ်နက် ၊ တောထွက်၊ တောင်ပျံ၊ မီးလန်၊ သိုးကြောင်ဟုခေါ်ပါသည်။ ငယ်ဖြူ ဆိုသည်မှာ ငယ်ငယ် လေးက တည်းက သင်္ကန်းဝတ်လာသောရဟန်း၊ ငယ်နက် ဆိုသည်မှာ အိမ်ထောင်ကျပြီးနောက်ပိုင်း အကြောင်း အမျိုး မျိုးကြောင့်ကွဲကွာသွားသဖြင့် အရွယ်ရှိသေးသော်လည်းနောက်အိမ်ထောင် ထပ်မပြုဘဲ သင်္ကန်းဝတ်သော ရဟန်း၊တောထွက်ဆိုသည်မှာ အများသိပြီး အသက်အရွယ်ကြီးရင့်လာချိန်တွင် သား၊ သမီး၊မြေး ၊မြစ်တို့ နှင့်နေထိုင်လာရသည်ကို ငြီးငွေ့လာပြီး သာသနာ့ဘောင်သို့ ၀င်ရောက် လာကာ သင်္ကန်း ၀တ်သော ရဟန်း၊တောင်ပျံဆိုသည်မှာ လူပျိုပေါက်ဘ၀က သင်္ကန်းဝတ်လာသော ရဟန်း၊ မီးလန်ဆိုသည်မှာ ၀င်လိုက် ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဖြစ်ကာ လူ့လောကနှင့် ရဟန်းလောကကို အပ်နှင့် အပ်ချီပမာ ကူး သန်းနေသော ရဟန်း၊ သိုးကြောင်ဆိုသည်မှာ အိမ်ထောင်မပြုဘဲ လူပျိုကြီး ဘ၀နဲ့နေရာက လူ့ဘ၀ကို စိတ်ကုန်ပြီး သင်္ကန်းဝတ်လာတဲ့သူဟု ၀က်ဘ်ဆိုဒ်တစ်ခုတွင် ဖတ်ရ ပါသည်။

ဧဟိဘိက္ခုရဟန်း၊ သရဏဂမဏူပရဟန်း၊ ဒူတေနရဟန်း၊ သြ၀ါဒပဋိဂ္ဂဟဏူပရဟန်း၊ အဋ္ဌ၀ါစိကူပရဟန်း၊ ပဉှာဗျာကရဏူပရဟန်း၊ ဥတ္တိစတုတ္ထရဟန်းစသဖြင့် ရဟန်းရှစ်မျိုးလည်း ရှိပါ သည်။

ကြိုးစားအားထုတ်မှုကို လူတိုင်းပြုလုပ်သင့်သည်ဟု ဗုဒ္ဓရှင်တော်ကဟောတော် မူပါသည် ။ဟောတော်မူရခြင်းမှာ အာရုံငါးပါးသည် ဒွါရခြောက်ပေါက်မှ ၀င်လာကြရာ အကုသိုလ်မဖြစ်အောင် ကြိုးစား အားထုတ်ကြရပါသည်။ မည်သည့်အာရုံကိုပင်ဖြစ်စေ စောင့်စည်းခြင်းဖြင့် အောင်နိုင်ပေရာ အဆင့်တိုင်းတွင် ကြိုးစားစားအားထုတ်ရပေသည်။ဝီရိယမရှိပါကဘီလူးစားခံကြရပေမည်။

ဒုတိယ ၀တ္ထုတွင်မူ အကုသိုလ်ဖြစ်မည့်အရာတွင် အလေးအနက်ထားသင့်ကြောင်း မှတ်သားရပါ သည်။ရွှေ ကျင်ဂိုဏ်းအစည်းအဝေးကြီးကျင်းပရာတွင် ၀ိနည်းလေးစားသော ဆရာတော်ကြီးတစ်ပါးက ယနေ့ခေတ် ဘိလပ်ရည်များကို ရဟန်း၊ သာမဏေများ သုံးဆောင်ကောင်းပါသလောဟုမေးခွန်းမေးသည်ကို ကြားရ ဖူးပါသည်။ စာရေးသူနေခဲ့ဖူးသော စာသင်တိုက်မှ စာချတော်သော ဆရာတော်တစ်ပါးသည် မည်သူ၏ ပိုင်ဆိုင်သော ပစ္စည်းကိုမှ မကိုင်ကြည့်ဘူးကြောင်း သိရပါသည်၊ ခဏယူငင်ကြည့်မိသော ထိုပစ္စည်း အပေါ်တွင် ရုတ်တရက် ခိုးလိုစိတ်ပေါ်လာပါက ပစ္စည်းရွေ့သွားခဲ့သော် ဒုတိယ ပါရာဇိက အာပတ်သင့်မည် စိုးမိသောကြောင့်ဖြစ်ပေသည်။ အာဂရဟန်းတော်များ ပါတကား၊ရှေးခေတ်က ရဟန်းတော်နှစ်ပါးကမူ ရဟန်းများဖြစ်ကြပါလျက် ပျံသန်းနေသောဟင်္သာငှက်ကို ခဲဖြင့်ပစ်ပေါက်ပြီး လက်တည့်စမ်းခဲ့ ကြပါသည်။ ငှက်မှာလည်းသေ၊ ရဟန်းတော်များမှာလည်း ပါဏာတိပါတကံ ထိုက်ခဲ့ကြပါသည်။

မိမိပြောဆိုသော စကားအပေါ်တွင် တာဝန်ယူနိုင်ဖို့ဆိုသည်မှာ လွယ်ကူသော အလုပ် မဟုတ်ပေ၊ တာဝန် ယူနိုင်ပြီဆိုပါကလည်း ထိုစကားသည် တန်ဖိုးမြင့်လှပေမည်။ စာရေးဆရာကြီးဒေါက်တာ သန်းထွန်းကတော့ ငါရေးသမျှငါ့အကြောင်းဟု စာအုပ်ထုတ်ဖူးခဲ့ပါည်။ မှန်ကန်သော၊ တာဝန်ယူသော စာအုပ်ဟု ဆိုချင်ပုံရ ပါသည်။ သို့အတွက်နုတ်ကြောင့်သားသေမဖြစ်စေဘဲ စကားပြောရာတွင် ဆင်ခြင်သင့်ပါသည်။ ဓမ္မပဒ တတိယ၀တ္ထုတွင် ရဟန္တာများကိုပြစ်မှားသောကောကာလိက ရဟန်းအကြောင်းကိုတွေ့ရပါသည်။ သူ သည်နုတ်ကြောင့် ငရဲကျခဲ့ရပါသည်။ ပျူပျူငှါငှါ၊ လူတ ကာကို၊ သာသာချိုချို၊နုတ်တွင် ဆို၍ဟုရေးစပ် ထားသည့် ပျိ့ရှိပါသည်။နုတ်ကောင်းတော့ပြည်စိုး ဟူသည့် စကားသည် စကားပြောဆိုတတ်ခြင်း၏ တန်ဖိုး ကို မြှင့်တင်ပေးပါသည်။ ပါဠိကို ဆိုရာတွင် အနက်ကိုလည်းသိရမည်၊ ယင်းသို့ မသိပါမူ ချိုမြိန်သောစကားကို ဖန်ဆင်းနိုင်မည်မဟုတ်ဟု အဋ္ဌကထာ ဆရာက မှတ်ချက်ပြုပါသည်။

စတုတ္ထ၀တ္ထုတွင်မူ တရားတွင်ပျော်မွေ့၊ တရားကိုချစ်ခင် ရဟန္တာပင်ဖြစ်သွားခဲ့သော ဓမ္မာရာမ မထေရ်ကို သာဓုခေါ်ထားသည့် ဇာတ်လမ်းဖြစ်ပါသည်။ ဘုရားအားပန်းနံ့သာများဖြင့် ပူဇော်နေရုံမျှဖြင့် ဘုရားလိုလားသည့်သူ အစစ်အမှန်မဖြစ်နိုင်ပေ၊ဟောကြားထာသည့် တရားတော်အတိုင်း လိုက်နာ ကျင့်ကြံ သူတို့သည်သာ ဘုရားအလိုတော်ကျ သာဝကအစစ်များဖြစ်ကြပေမည်။ ဓမ္မာရာမသည် ဘုရားရှင်လေး လလွန်လျှင် ပရိနိဗ္ဗာန်စံမည်ကိုသိလျက် ဘုရားကိုပြုစုနေဖို့ထက် မိမိ၏ ကိလေသာမှ လွတ်ရေးကို ကြိုးစား ခဲ့သူဖြစ်ပေသည်။ သူတစ်ပါးကိုစောင့်ရှောက်ခြင်းသည်ကောင်းလှပါသော်လည်း မိမိလုံခြုံရေးပါ ပါဝင်မှပြည့် စုံပေမည်။

ပဉ္စမ၀တ္ထုတွင် ဒေ၀ဒတ်နှင့်စပ်သည့် ရဟန်းတော်တစ်ပါး အကြောင်းဖြစ်ပါသည်။ ဒေ၀ဒတ်၏ တ ပည့်က လာဘ်ဖြင့်မြူစွယ်သဖြင့် သူ့ထံသို့ နှစ်ရက်သုံးရက်လိုက်နေခဲ့ပါသည်။ ထိုမှနောက်တွင် ဘုရားရှင် ထံပြန်လာပါသည်။ ဘုရားရှင်က မိမိရသမျှလာဘ်ဘာဘဖြင့်သာ တင်းတိမ်သင့်ကြောင်းဟောတော်မူ ပါ သည်။ နီတိဆရာက စာအုပ်ထဲမှ စာ၊ သူတစ်ပါးထံတွင်ရောက်နေသည့် ပစ္စည်းများသည် မိမိဥစ္စာပါဟုပြော ဆို၍ မဖြစ်နိုင်ဟုဆိုပါသည်။ သူတစ်ပါးပစ္စည်းတွင် ခင်တွယ်တတ် သူများမှာ ဈာန်၊ ၀ိပဿနာ၊မဂ်၊ ဖိုလ် ရနိုင်သူများ မဖြစ်ကြဟုဆိုပါသည်။

ဆဋ္ဌမ၀တ္ထုတွင်မြတ်စွာဘုရားရှင်သည် သူတစ်ပါး၏အကျိုးကိုဆောင်ရွက်သူများတွင်အသာဆုံးဖြစ်တော် မူသည်ဟု သိရပါသည်။ ယခုလည်း အနာဂါမ်ဖြစ်မည့် ဇနီးမောင်နှံအိမ်သို့ ကြွခဲ့ပြီး စားပြီးသားဆွမ်းကို အလှူခံဘုဉ်းပေးခဲ့ပါသည်။ အဦးဆုံး အလှူများကို လှူနေကျဖြစ်ပါသော်လည်း ယနေ့တွင်မူ ပုဏ္ဏားသည် စားပြီးသား အကျန်ကိုသာ လှူခဲ့ရပါသည်။ ရဟန်းဟူသည် ဦးဦးဖျားဖျား ပစ္စည်းကိုသာမဟုတ် စားပြီးသားပင်ဖြစ်စေကာမူ အခြေအနေအရ အလှူခံကောင်းပါသည်။ ပုဏ္ဏေးမကြီးက ကန်တော့ဆွမ်းပါဟု ခင်ပွန်းသည်မကြားရလေအောင် ပြောပါသော်လည်း ဘုရားရှင်က မရ လျှင်မပြန်ဟု ခေါင်းရမ်းပြခဲ့ပါသည်။ ပုဏ္ဏေးမ၏ရယ်မောသံကြောင့် ဘုရားဆွမ်းစား ခဲ့ရပါသည်။ ပုဏ္ဏားကြီးသည် မလှူရ မနေနိုင်သည့် သူဖြစ်ပေသည်။ ယခုခေတ်တွင်လည်း ဤလို ပုဂ္ဂိုလ်မျိုး ရှိနေပေသည်။ များများစားစားတော့ မရှိပေ။

သတ္တမ၀တ္ထုတွင် တရားဟောကောင်းသောသောဏ မထေရ်အကြောင်းကိုဖေါ်ပြရာတွင်မြတ်စွာ ဘုရားရှင်ကပင်သာဓုခေါ်ခဲ့ကြောင်းဖေါ်ပြခဲ့ပြီး သူ၏ ဥပါသိကာမကြီးထံသို့လည်း အိမ်စောင့် နတ်က သိစေခဲ့ပါသည်။သောဏကောဋိဝိသ မထေရ်လည်းရှိပါသည်။ ထိုမထေရ်သည် ကြိုးစား အားထုတ်သည့် နေရာတွင် ဧတဒဂ်ရမထေရ်ဖြစ်ပြီး ယခုသောဏမထေရ်ကမူ ဖွဲ့ဖွဲ့နွဲ့နွဲ့ တရားကိုဟောနိုင်သည့်နေရာတွင် ဧတဒဂ်ဘွဲ့ရသည့် မထေရ်ဖြစ်ပါသည်။ ဥပါသိကာမကြီးကသောဏမထေရ်ရောက်လာသောအခါ တရား ကိုလေးလေး စားစား နာယူခဲ့ပါသည်၊လေးစားစွာနာယူသည့်နေရာတွင် စံထားလောက်ပါသည်။ တရားနာ ယူနေသည့် ဥပါသိကာမကြီးသည် သူမ၏ အဖိုးတန်ပစ္စည်းများကိုပင် သူခိုးက ခိုးယူနေသည်ကို သိပါသော် လည်း မိမိ၏ တရားနာယူမှုကို မပျက်စေမူဘဲ နာယူခဲ့ပါသည်။ သူခိုးများကပင် သဘောပေါက်လာခဲ့ပြီး ခိုးယူပစ္စည်းများကိုပြန်လည်တောင်းပန်ပြီးပေးအပ်ခဲ့ပါသည်။ သူခိုးသည် ၀န်ချတောင်းပန်ပြီး ရဟန်းဝတ်ခွင့် တောင်းကာ သူခိုးဘ၀မှ ရဟန်းဖြစ်လာခဲ့သူများ အားလုံး ရဟန္တာများဖြစ်ခဲ့ပါသည်။ တရားကို ရိုသေစွာနာ ယူခဲ့ရာမှ စလာသော ကောင်းကျိုး အဆက်ဆက် ဖြစ်ပါသည်။ သို့အတွက် တရားကိုနာယူရာတွင် သာဓုကံ သုဏာထ နှင့် မနသိကရောမ ဟူသော ရိုသေစွာ နာယူတတ်မှုနှင့် ရိုသေစွာ မှတ်သားတတ်မှုသည် အလိုအပ်ဆုံးသော အချက် ဖြစ်ပါသည်။ သို့မဟုတ်ပါက ဓမ္မအဂါရ၀ဖြစ်ပြီး ငရဲကြီးပါသည်။

အဋ္ဌမ၀တ္ထုတွင် တရားသိရန် အရေးကြီးပုံကိုဖေါ်ပြရာတွင် ရဟန်းငါးရာတို့က ပွင့်နေသော ပန်းများကို ကြည့်လျက် မကြာမှီ အညှာမှကြွေကျတော့မည့် အရေးကိုလည်း ဆင်ခြင်မိပါသည်။ သို့တွက် ပန်းများ မကြွေမှီ တရားထူးရစေရန် ကြိုးစားကြမည်ဟု ဆုံးဖြတ်ကြပါသည်။မြတ်စွာ ဘုရားရှင်က ဆင်းရဲမှ လွတ်စေ ရန်မှာမူ ကြိုးစားအားထုတ်မှုရှိမှသာဖြစ်နိုင်ကြောင်း ရဟန်းများအား သတိပေးတော်မူခဲ့ပြီး တရား ကိုဟောတော်မူကာ ရဟန္တာများဖြစ်စေခဲ့ပါသည်။ ဤသို့သတိပေးရခြင်းမှာ လူသားအားလုံးသည် အချိန် မရွေးသေနိုင်သောကြောင့် အာမခံချက်မရှိသောဘ၀ကို အရင်းအနှီးပြု၍ အမြတ်များစေရန်လို အပ်သောကြောင့်ဖြစ်ပါသည်။

ခြင်္သေ့သည်အမြီး၊နားရွက်နှင့် လက်ခြေတို့ကို ငြိမ်ငြိမ်သက်သက်ရှိသည်ဟု စာတွင်တွေ့ရပြီး ခုနှစ်ရက်တိုင် တိုင် အစာအစားဘဲနေသည်ဟု သိရပါသည်။ သွားလာသောအခါတွင်လည်း သုံးကြိမ်အသံပြုပြီးမှ အစာရှာ ထွက်သည်ဟု ဆိုပါသည်။ ရဟန်းသည်လည်း ခြင်္သေ့ငြိမ်သကဲ့သို့ပင် ကိုယ်အမူအရာ၊ နုတ်နှင့် စိတ်တို့ပါ ယဉ်ကျေးသင့် သည်ဟု သန္တကာယတ္ထေရ ၀တ္ထုတွင် ဟောတော် မူထားပါသည်။

စွန်းလွန်းဆရာတော်ဘုရားကြီးကို ထွန်ထောင်ကိုယ်တော်ဟု ခေါ်သည်ကို သတိပြုမိပါသည်။ နင်္ဂလကု လတ္ထေရဟုပါဠိလိုခေါ်ရပေမည်။ရှေးခေတ်ကလည်း လယ်သမားဆင်းရဲသားကို ရဟန်းတော် တစ်ပါးက သင်္ကန်းဝတ်ပေးသဖြင့် ထွန်ထောင် ရဟန်းတစ်ပါး ပေါ်ထွန်းခဲ့ဘူးသည်ကို ဓမ္မပဒ ဘိက္ခုဝဂ်၊ ဆယ်ခုမြောက် နင်္ဂလကုလတ္ထေရ၀တ္ထုတွင်တွေ့ရပါသည်။ ထွန်တုံးများကို သစ်ပင်တွင်ထောင်ခဲ့ပြီး လူဝတ်လဲချင် စိတ်ပေါ်သောအခါ သစ်ပင်ဆီသို့သွားပြီး ထွန်တုံးကိုကြည့်ကာ မထွက်ဖြစ်အောင် မိမိကိုယ်ကိုယ် ဆုံးမ ခဲ့ရာမှ ရဟန္တာဖြစ်ခဲ့ပေသည်။ မိမိကိုယ်တိုင်တရားသိမှ သာလျင် အမှန်သိဖြစ်ပြီး သူတစ်ပါးကို မမှီခို ရန်ဘုရားရှင်က ဆုံးမပါသည်။ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အကုသိုလ်များကို မဖြစ်သေးမှီ သတိဖြင့် ထိန်းပြီး၊ဖြစ်ပေါ်ဆဲဖြစ်တတ်သည့် အကုသိုလ်ရှိပါကလည်း စွန့်ပစ်နိုင်ရပေမည်။ လွယ်ကူမည်တော့ မဟုတ်ပေ၊ကြိုးစားရင်းဖြင့်ပင် တစတစပယ်နိုင်ကြပေမည်။

ဆယ့်တစ်ခုမြောက် ၀က္ကလိတ္ထေရ၀တ္ထုတွင်မူ လွန်လွန်ကဲကဲ ဘုရားဖူးသည့် ၀က္ကလိရဟန်းကို သံဝေဂရစေပြီး ဘုရားဖူးခြင်း၌ အပြစ်ပြကာ တရားထူး ရစေခဲ့ပါသည်။ ဤနေရာတွင် သတိပြုရ မည့်အချက်မှာ ဥာဏ်နုသေးသောသူများသည် ဘုရားဖူးရာတွင် လွန်လွန်ကဲကဲ ဖြစ်တတ်သည်။ သူတို့ကို အပြစ်မဆို သင့်ဟုသိရပြီး၊ ဥာဏ်ရင့်လာသော အခါတွင် သဒ္ဓါတရားက သူ့အား မဂ်ကုသိုလ်သို့ရောက်စေရန် တွန်းအားဖြစ်စေမည်ဟု သိရပေမည်။ သဒ္ဓါတရားကောင်းသော ၀က္ကလိထေရ်သည် သဒ္ဓါဓိမုတ္တ ရဟန္တာ မထေရ်မြတ်အဖြစ် ဧတဒဂ်ဘွဲ့ကိုရခဲ့ပေသည်။

အဆုံးဝတ္ထုဖြစ်သည့် ဒွါဒသမမြောက် သုမနသာမဏေရ၀တ္ထုတွင် ငယ်သော်လည်း အထင် မသေးသင့်ကြောင်းကိုသိရပါသည်။ ၀တ္ထုသည် အရှင်အနုရုဒ္ဓါ၏ အတိတ်၊နှင့် ပစ္စုပ္ပန် ဇာတ် ကြောင်းဖြင့် အစပြုပြီး သုမဏသာမဏေ၏ စွမ်းဆောင်မှုနှင့် ဆက်စပ်ထားပါသည်။ ပါရမီဖြည့်ဖက် သူတို့နှစ်ဦးသည် ယခုနောက်ဆုံးဘ၀တွင်မူ ဆရာ၊ တပည့်အဖြစ်ဖြင့် ပြန်လည်ဆုံစည်းကြရပါသည်။ တပည့်ဖြစ်သူသည် တန်ခိုးစွမ်းထက်မြက်ပြီး ခုနှစ်သားဘ၀ကပင် ရဟန္တာဖြစ်ခဲ့ပါသည်။ မသိသော ရဟန်းများက ထိပ်ပုတ်၊ လက်ဆွဲဖြင့် ရဟန္တာသာမဏေကို မထေမဲ့မြင်ပြုခဲ့ရာမှ ဘုရားရှင်က တန်ခိုးကို သိစေခဲ့ရပါသည်။ ခုနှစ်သား ဘ၀ဖြင့် ရဟန်းပြုခွင့်ရသော သူသည် သာသနာတော်တွင် ရဟန်းတော်နှစ်ပါးသာလျှင်ရှိပေသည်။ သုမန ရဟန်းနှင့်သောပါကရဟန်းတို့ဖြစ်ပေသည်။ ကျန်သော ရဟန်းတော် အားလုံးသည် ရဟန်းရှစ်မျိုးတွင် တစ် ပါးပါးတွင် အကျုံးဝင်ကြပြီး ရဟန်းအဖြစ်သို့ ရခဲ့ကြပေသည်။ ထူးဆန်းသော ဖြစ်စဉ်ကြီးပေတည်း။

ဤနှစ်ဆယ့်ငါးခုမြောက် ၀ဂ်ဖြစ်သည့် ဘိက္ခုဝဂ်တွင် ၀တ္ထု (၁၂) ပုဒ်၊ စာမျက်နှာ (၃၅)၊ ဂါထာ (၄၅) ရှိပြီး ခုဒ္ဒကနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ ၀ိနည်းမဟာဝါပါဠိတို့ကို ကိုးကားထားပါသည်။

ဆောင်းပါးမှတ်စုများ

၁။ သံယုတ္တနိကာယ၊

၂။ ခုဒ္ဒကနိကာယ၊

၃။ အင်္ဂုတ္တရနိကာယ၊

၎။ ၀ိနယ၊မဟာဝဂ္ဂပါဠိ၊

၅။ ဓမ္မပဒအဋ္ဌကထာ၊

စာရေးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိထိုက်သည်များကို သိစေရန်ဖြစ်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်၊

တောင်ကိုရီးယားနိုင်ငံ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP