လှူဒါန်းခြင်းအကျိုးကျေးဇူး

ဆွမ်းလှူကျိုး ၅ ပါး
သက်ရှည်၊ ဆင်းလှ၊ သုခ၊ ခွန်အား၊ ပညာများ ငါးပါးဆွမ်းအကျိုး။
ပန်းလှူကျိုး ၃ ပါး
ပန်းလိုလှပ၊ ဘဝရုပ်ရည်၊ ခန္ဓာကိုယ်တွင်း သန့်ရှင်းပေသည်၊ နံစော်ကင်းလို့၊ ခံတွင်းမွှေးကြည်၊ ပန်းလှူကျိုး သုံးမျိုး ရနိုင်သည်။
ရေလှူကျိုး ၁၀ ပါး
လျင်မြန် သန့်ရှင်း၊ စင်ကြယ်ခြင်းနှင့် လွတ်ကင်းမွတ်သိပ်၊ မဆိတ်ခြံရံ၊ ဒီဃံသက်ရှည်၊ ရုပ်ရည်ဆင်းလှ၊ သုခခွန်အား၊ ပညာများ၊ ဆယ်ပါး ရေအကျိုး။
မီးလှူကျိုး ၂ ပါး
ဘုရားရှင်အား၊ စိတ်ထားကြည်ဖြူ၊ ဆီမီးလျှပ်ပန်း၊ လှူဒါန်းသောသူ၊ စက္ခုမံသ၊ ဉာဏနှစ်ဆူ၊ ကြည်လင်၏၊ ဖြစ်ဘိဉာဏ်ကြီးသူ။
၁။ မံသစက္ခု - ပကတိမျက်စိ ကြည်လင်အားကောင်းခြင်း။
၂။ ဉာဏစက္ခု - အသိဉာဏ် မျက်လုံးအား ကောင်းခြင်း။
တံမြက်လှည်းအကျိုး ၅ ပါး
ကိုယ့်စိတ်သူ့စိတ်၊ ယိုဖိတ်ကြည်လင်
နတ်တို့လေးစား၊ လွန်ပွားချစ်ခင်
ကြည်ညိုဖွယ်ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်
နတ်ပြည်ရောက် ထွန်းတောက် ကျိုးငါးအင်။

0 comments:
Post a Comment