ဩကာသ
ကျေးဇူးတော်ရှင် ဒေါက်သီလာနန္ဒာဘိဝံသ ဆရာတော်ဘုရား၏ ဗုဒ္ဓဘာသာ အခြေခံတရားတော်များကို နားထောင်ခဲ့ဖူးပါတယ်။
ဆရာတော်ဘုရားက..ထိုတရားတော်များထဲမှာ ဩကာသ ကန်တော့ခန်းကို မှန်ကန်အောင် ပို့ချသင်ပြပေးထားပါတယ်။
ဆရာတော်ဘုရား ပို့ချသင်ပြထားသော ဩကာသ ကတော့…ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ၏ စနစ်တကျ ပြင်ဆင်ထားသော ဩကာသ ပဲဖြစ်ပါတယ်။
ဆရာတော်ဘုရားက မဟာစည်ဆရာတော်ဘုရားကြီး ရေးသားပြင်ဆင်ထားသော ဩကာသသည် သဒ္ဒါနည်းကျ မှန်ကန် တိကျတယ်လို့ ဖော်ပြ ညွှန်းဆိုထားပါတယ်။
ထို့ကြောင့် ကျွန်တော်လည်း အားရ နှစ်သက်ပြီး ထိုအချိန်ကစ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ သဒ္ဒါနည်းစနစ်ကျသော ဩကာသကန်တော့ကို ပဲ ရွတ်ဆိုဖြစ်ပါတော့တယ်။
ဩကာသ ကန်တော့ခန်း
ဩကာသ - ဩကာသ - ဩကာသ ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍
အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ
ဘုရား
0 comments:
Post a Comment