* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, June 17, 2011

ထားဝယ်မြို့ လူငယ်ယဉ်ကျေးမှု တရားစန်း.....

အနာဂတ် သာသနာအတွက် လူငယ်တွေကို ပညာပေးရမယ်
ထားဝယ်မြို့ လူငယ်ယဉ်ကျေးမှု တရားစခန်း ဖွင့်ပွဲအတွက် အမီဖြစ်အောင် မြိတ်ကနေ ခရီးသည်တင် ဘတ် (စ်) ကားနဲ့ စီးလာလိုက်တာ ညနေ ၅ နာရီ ထိုးခါနီးမှ ထားဝယ်ကိုရောက်တယ်။ မြိတ်က စထွက်လာတာက နံနက်ခင်း အစောကြီး ၄ နာရီကလေ။ ၁၂ နာရီ ခန့် ကားစီးလိုက်ရတော့ ခေါင်းကို မူးဝေနေတာ။
သင်တန်းပေးပြီးတာနဲ့ တရားထိုင်တဲ့ အချိန်လည်း ပေးရတယ်
မြိတ်-ထားဝယ် လေယာဉ်နဲ့ အမြန်ရေယာဉ် ခရီးစဉ်တွေကလည်း ရာသီဥတုမကောင်းလို့ ခရီးစဉ်တွေ ဖျက်သိမ်းထားကြတယ်။ ဒါကြောင့် ဘတ် (စ်) ကား ခရီးစဉ်တွေမှာ ခရီးသည်တွေ ပြည့်ညှပ်နေအောင် လိုက်နေကြတာ။ စာရေးသူလည်း ခရီးသည်တွေကြားမှာ အဆင်ပြေတဲ့ ထိုင်ခုံနေရာကနေ လိုက်လာရတယ်။ ခရီးရောက်ဖို့က အဓိက ကိုး။
အနာဂတ် သာသနာဟာ သားတို့၊ သမီးတို့ လက်ထဲမှာပဲ ရှိတယ်
ဒါနဲ့ လမ်းခရီး တစ်လျှောက် ဘတ် (စ်) ကားပေါ်မှာလည်း လူငယ်တစ်ဖွဲ့ရဲ့ သီချင်းဆိုသံ၊ စကားပြော ဆူညံသံတွေကိုလည်း သည်းခံရတယ်။ ဒီကြားထဲ ထိုင်ခံနေရာ လုရင်း ရန်ဖြစ်နေကြတာက ရှိသေးတယ်။ ဒီလိုနဲ့ပဲ ထားဝယ်မြို့ကို စာရေးသူ ရောက်ခဲ့တော့တယ်။
မြို့အ၀င်နားမှာ ထားဝယ်မြို့၊ မိုးကုတ်ဝိပဿနာ အဖွဲ့က ဒကာတွေ လာပြီး စောင့်ကြိုနေကြတယ်။ ထားဝယ်မြို့က ဆရာတော် တစ်ပါးဖြစ်တဲ့ အရှင်ဗာကုလ နဲ့ ပူးပေါင်းပြီး ဒီသင်တန်းကို သင်ပေးကြတာ ဆိုတော့ စာရေးသူ မရောက်ခင် အဲဒီ ဆရာတော်က အရင် သင်ပေးနေတာ။
ညပိုင်းကျတော့ တရားနာတတ်အောင် တရားပွဲ ဟောပေးတာ
ဓမ္မာရုံကို ရောက်တာနဲ့ မိနစ်အနည်းလေး ခဏနားပြီး တရားဟော ပလ္လင်ပေါ်ကို စာရေးသူ ချက်ချင်း ကြွတော့တာပဲ။ ကလေးတွေက လည်း စောင့်နေကြပြီလေ။ ပလ္လင်ပေါ်ကို စာရေးသူ ရောက်တဲ့ အချိန်မှာ ကားစီးထားတဲ့ ကားမူး (Bus Sick) ဝေဒနာ က ကျန်နေသေးတာ။
ပလ္လင်ပေါ်မှာ လည်း မူးဝေနေတော့တာပဲ။ ကိုယ့်ကိုယ်ကိုတော့ ပြန်ပြီး သတိထားရတယ်။ ပလ္လင်ပေါ်မှာ ထိုင်နေတာက ရူပက္ခန္ဓာ။ မူးဝေနေတာက ဝေဒနက္ခန္ဓာ။ အဲဒီလိုမျိုး မှတ်စိတ်လေးနဲ့ တရားမှတ်လိုက်ရသေးတယ်။ ဒါပေမဲ့ ကလေးတွေကို ရီမောစရာလေးတွေနဲ့ တရားဟောရင်းနဲ့ပဲ အဲဒီ ဝေဒနာလည်း ပျောက်သွားရတာပဲ။
သင်ကြားပြီးသား သင်ခန်းစာတွေ မပျောက်အောင် စာမေးပွဲဖြေရမယ်
ကလေးတွေ ဆိုတာဟာ အဖြူထည်လေးတွေပါ။ လူကြီးတွေက အရောင်မဆိုးတတ်ရင် ညစ်နွမ်းတဲ့ အရောင်တွေ ဖြစ်ကုန်တော့မှာ။ အဓိက ကတော့ ကလေးတွေ ဆိုးသွမ်းတာကို အပြစ်ချည်း လိုက်ပြောလို့ မရဘူး။ ပြုပြင်ဆုံးမ ပေးကြမယ့် လူကြီးတွေက စီမံခန့်ခွဲမှု၊ ပညာပေးမှု ကလေးတွေ အပေါ်ကို မလုပ်ပေးကြတာကိုက လူကြီးတွေက ဆိုးသွမ်းနေကြတာ။ အနာဂတ် မျိုးဆက်ကို ဖျက်ဆီးပစ်နေကြတာ။
အသိဉာဏ်ထက်ပြီး အတွေးအခေါ် မြင့်မားလာစေတဲ့ မေးခွန်းတွေလည်းပါ
ရဟန်းတွေမှာလည်း ကြီးမားတဲ့ တာဝန်ရှိတာပဲ။ သာသနာမျိုးဆက်ကို ဘယ်လို ဘယ်ပုံ ပြုစုပျိုးထောင်ပေးကြရမယ်။ အနာဂတ် သာသနာအတွက် ဘာတွေကို ပြင်ဆင်ထားရမယ်။ ရေရှည် သာသနာ ထွန်းကားရေးမှာ ကလေး လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်ထိ အရေးကြီးတယ်။ အရေးပါတယ် ဆိုတာတွေကို စည်းစနစ်ကျကျ၊ အချက်ကျကျ တွေးခေါ်ပြီး စီမံဆောင်ရွက်ကြရမှာ။
လူသားတွေရဲ့ နှလုံးသားမှာ ဗုဒ္ဓသာသနာကို တည်တံ့ စွဲမြဲနေပြီး ဗုဒ္ဓတံဆိပ် ခပ်နှိပ်နိုင်အောင် ကြိုးပမ်းကြရမယ်။
ရလဒ်တွေဟာ နောင်တစ်ချိန်အတွက် အသုံးဝင်စေရမယ်
ရဟန်းတွေဟာ ဘုရားတည်မယ်။ ကျောင်းဆောက်မယ်။ စေတီတည်မယ်။ ဒါတွေနဲ့ အချိန်ကုန်နေဖို့ မသင့်ဘူး။ ဟိုးတစ်ချိန်တုန်းက ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံမှာ ဆိုရင် ကမ္ဘာမှာ အကြီးဆုံး ဗုဒ္ဓဘုရားကျောင်းကြီးပဲ ရုပ်ဝတ္ထုအဖြစ် ကျန်ခဲ့တော့တယ်။ လူတွေအားလုံးက မွတ်ဆလင် ဘာသာဝင်တွေ ဖြစ်နေကြတယ်။
အဲဒါကို ကြည့်ခြင်းအားဖြင့် ဟိုးတစ်ချိန်က ဗုဒ္ဓသာသနာပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ လူသားတွေရဲ့ နှလုံးသား အထဲကို ဘုရားတည်ပေးတဲ့ အလုပ် လုပ်တာ လိုအပ်ချက်တွေ ရှိခဲ့ကြလို့ပဲ။ ဒါဟာ စာရေးသူတို့အတွက် တော်တော်လေးကို သင်ခန်းစာ ယူရမှာပါ။ ဒီသင်ခန်းစာတွေကို အသုံးချပြီးတော့ အနာဂတ်အတွက် လမ်းကြောင်းတွေ ဖောက်လုပ်ကြရမှာ။
အဖြေလွှာတွေ မမှားအောင် ဆရာ၊ ဆရာမတွေက ကူညီ စိစစ်ပေးကြတယ်
အခုခေတ်မှာက ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်နေကြတာ။ သဒ္ဓါကြောင့် မဟုတ်ဘဲ ဘယာ ကြောင့် ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေကို တော်တော် များများ တွေ့နေရတယ်။ သဒ္ဓါကြောင့်သာ ကိုးကွယ်ရင် သာသနာကို ကြည်ညိုတဲ့ စိတ်တွေ တိုးပွားပြီး သာသနာကြီး မပျက်စီးအောင် ဘယ်လို ထိန်းသိမ်း စောင့်ရှောက်ကြမယ် ဆိုတဲ့ စိတ်ဆန္ဒတွေ တိုးပွားလာတယ်။
ရတနာ သုံးပါးကိုလည်း ကြည်ညို ဆည်းကပ် ကိုးကွယ်လာတယ်။ သာသနာတော်အတွက် လိုအပ်တဲ့ နေရာတွေမှာ စိတ်ရော၊ လူရော၊ ငွေအား၊ အချိန်အား နိုင်တဲ့ဘက်ကနေ အားကြိုးမာန်တက် ဆောင်ရွက် ကူညီကြတယ်။
အဖြေလွှာ မစစ်ဆေးခင် အမှတ်ပေးစည်းမျဉ်း ပြောပြရသေးတယ်
ဘေးဘယာ ကြောင့် ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ မိမိတို့ရဲ့ စီးပွားရေး တိုးတက်ရေး၊ ရာထူးတိုးတက်ရေး အဲဒါတွေ မဖြစ်မှာကို စိုးရိမ်ပြီးတော့ ဗေဒင်ဆရာ ဟောတိုင်း ယတြာ ချေဖို့အတွက် ဘုရားတည်လိုက်၊ စေတီတည်လိုက် အဲဒါနဲ့ပဲ အချိန်ကုန်နေကြတယ်။ ဓာတ်ဆင်၊ ဓာတ်ရိုက်၊ ဗေဒင်၊ ယတြာတွေနားကို သွားရင်းနဲ့ပဲ တရားဟောပြပေးမယ့် ဆရာတော် သံဃာတော်တွေနားကို လာဖို့ အချိန်မပေးနိုင်ကြတော့ဘူး။ ဓမ္မနဲ့ ဝေးကုန်ကြတယ်။
အဲဒီငွေတွေကို လူသားတွေရဲ့ နှလုံးသားမှာ ဘုရားတည်ပေးတဲ့ အလုပ်တွေကို လုပ်တဲ့နေရာတွေမှာသာ လှူဒါန်းလိုက်မယ် ဆိုရင် သာသနာတော်ဟာ အတိုင်းထက် အလွန် တိုးတက်လာပြီ။
သင်တန်း ပိတ်ပွဲမှာ ထားဝယ်က ဓမ္မစကြာ ဆရာတော် သြ၀ါဒ မိန့်ကြားစဉ်
ဒကာ၊ ဒကာမတွေရဲ့ လှူဒါန်းတဲ့ ၀တ္ထုငွေတွေကိုလည်း ရဟန်းတွေက အကျိုးရှိတဲ့ နေရာတွေမှာ အသုံးချကြမယ်။ ရဟန်းနဲ့ ဒကာတွေကလည်း အပြန်အလှန် ညှိနှိုင်းပြီးတော့ သာသနာအတွက် တက်ညီ လက်ညီ လုပ်ကိုင် ဆောင်ရွက်သွားကြမယ် ဆိုရင် မြတ်ဗုဒ္ဓ တည်ထောင်ခဲ့တဲ့ သာသနာတော်ဟာ ရေရှည်တည်တံ့နေဦးမှာပါ။
အခု သင်တန်း တရားစခန်းကတော့ (၇) ရက်ပါ။ ဒါပေမဲ့ ဖွင့်ပွဲရက်နဲ့ ပိတ်ပွဲနေ့ ဆုပေးပွဲပါ ပေါင်းလိုက်ရင် အားလုံး (၉) ရက် ကြာတယ်လို့ ပြောရမှာပဲ။ ကလေးတွေက နံနက် (၄) နာရီ ဆိုရင် အိပ်ယာထပြီး တာနဲ့ အချိန်ဇယား အတိုင်း အလုပ်လုပ်ကြရတယ်။ တစ်နေကုန် တရားနာ၊ သင်ပေးတာတွေကို မှတ်သား နာယူရင်း ည အချိန် ညတရားပွဲ (၉) နာရီအထိ မနားတမ်း အားစိုက် ကြရတာ။ အဲဒါပြီးမှပဲ ည အိပ်ချိန် ၀င်ကြရတာလေ။
ဆုပေးပွဲအပြီး ဆုရ ကျောင်းသားလူငယ်များ၊ ဒကာများနဲ့ အတူ
စာရေးသူလည်း ထားဝယ်မြို့ လူငယ်ယဉ်ကျေးမှု တရားစခန်း ပြီးရင် လောင်းလုံးမြို့အတွက် လည်း ခရီးဆက်ရဦးမယ်။ အသက်မသေခင် ကျန်နေသေးတဲ့ အချိန်တွေကို လူသားတွေ နှလုံးသားမှာ ဘုရားတည်နိုင်ဖို့အတွက် ဆက်ပြီးကြိုးပမ်းသွားဦးမယ်လေ…..

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP