* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, June 17, 2011

မေ့ဖျောက်လိုက်တာ အကောင်းဆုံးပါ

လူသားများဟာ အပျက်သဘောဆောင် အနုတ်လက္ခဏာပါတဲ့ ဆန့်ကျင်ဘက် တွေ့ကြုံခံစားမှုများကို နေ့စဉ် မျက်နှာချင်းဆိုင်မျက်နှာမူကြရပါတယ်။ ကြီးမားတဲ့ထူးခြားချက် ဒါမှမဟုတ် ငယ်ရွယ်တဲ့အရေးအရာ တစ်ခုခုမှာ အများအားဖြင့် လူသားတွေဟာ ဒီအပျက်သဘောဆောင်တဲ့ ခံစားမှုတွေအပေါ် တ၀ဲလည်လည်နေထိုင်လိုကြပါတယ်။ ဒါတွေက အလေ့အထတစ်ခု ဖြစ်လာတာနဲ့တပြိုင်နက်ဆိုသလို အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုများက ရရှိလာပါတယ်။

အဲဒီနောက် ကျေနပ်ဖွယ်မကောင်းတဲ့ ခံစားတွေ့ကြုံမှုများက- ဆန့်ကျင်ဘက် အပျက်သဘောရဲ့ တောကြီးဂနိုင်တစ်ခု ဖြစ်လာသည့်တိုင် - အဲဒါတွေရဲ့ နိုးကြားသွက်လက်တဲ့ မှတ်ညဏ်ဆိုင်ရာ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒါ့ကြောင့် ၀မ်းနည်းဖွယ်ရာကောင်းတဲ့ဖြစ်ရပ်များဆိုင်ရာ ဒီအမျိုးအစားများကို မေ့ဖျောက်ပစ်ဖို့ ကောင်းမွန်အသင့်တော်ဆုံး ဖြစ်ပါတယ်။

သင့်ရဲ့အခြေအနေမှာတော့ ဖြစ်ပျက်တိုက်ဆိုင်ခဲ့တဲ့ဘယ်အရာဖြစ်ဖြစ် သင့်ရဲ့ ထိန်းကွပ်ချုပ်တည်းခြင်းရဲ့ ဟိုမှာဘက်ကို ကျော်လွန်သွားခဲ့ပါတယ်။ သို့သော်လည်း သင့်ရဲ့ မှတ်ညဏ်အစိတ်အပိုင်းတစ်ခုဖြစ်လာခြင်းမှ အဲဒါကို မေ့ပစ်လိုက်ဖို့နဲ့ တားဆီးကာကွယ်ဖို့ကတော့ သင့်ရဲ့လက်ထဲမှာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အခြားသူများက သင့်ရဲ့ အကြံညဏ်ကို ရယူဖို့ အရန်သင့် ဖြစ်ခဲ့ပြီးမဟုတ်လျင်တောင် အဲဒါရဲ့ ပထမဆုံး နောက်လိုက်ဟာ သင်ပဲ ဖြစ်လာသင့်ပါတယ်။

ပညာရေးက ဘာပါလဲ? ပညာရေးဟာ သင့်ကို လက်မှတ်တစ်ခုကို ရယူဆုပ်ကိုင်ထားဖို့ ပြုလုပ်ခြင်းရဲ့ အဓိပ္ပါယ်တစ်ခုမျှသာတော့ မဟုတ်။ ဒါက ရှင်သန်နေထိုင်ခြင်းရဲ့ ဥပဒေသ တစ်ရပ်အတွက် အ၀င်ဝတံခါးမုခ် ဖြစ်ပါတယ်။ ပညာရေးဟာ ဘ၀ဆိုင်ရာ စည်းမျဉ်းများကို တွေးတောဖို့ ရှာဖွေဖို့ သင့်ကို ထောက်ကူဖြစ်မြောက်စေပါတယ်။ ပြီးတော့ သင့်ရဲ့ ခံစားတွေ့ကြုံမှုများကို မှန်မှန်ကန်ကန် တန်ဖိုးဖြတ်ပေးပါတယ်။ ပညာရေးဟာ ဖြစ်နိုင်ခြေနဲ့ ဖြစ်နိုင်ခြေမရှိမှုအကြား မတူခြားနားမှုကို နားလည်သိစေဖို့ တတ်နိုင်စွမ်း အရည်အချင်းကို သင့်ကို ပေးအပ်ပါတယ်။ ဒီယုတ္တိမှာတော့ သင်ဟာ ပညာတတ် တစ်ယောက်ဖြစ်လျင် မေ့ဖျောက်နေခြင်းဆိုင်ရာအလေ့အကျင့်ရဲ့ တန်ဖိုးအာနိသင်ကို သင်က တကယ့်ကို ရှာဖွေဖော်ထုတ်နိုင်ပါလိမ့်မယ်။

ဒီစကားစပ်မှာ ဆက်စပ်စဉ်းစားရမယ့်အခြေအနေတစ်ခုက ရွေးချယ်မှုဟာ မေ့ဖျောက်နေခြင်း, မေ့ထားလိုက်ခြင်း ဒါမှမဟုတ် သတိတရရှိနေခြင်း, မေ့လျော့နေခြင်းမရှိ -ဆိုတဲ့ နှစ်ခုအကြားထဲမှာတော့ မဟုတ်။ စစ်မှန်တဲ့ရွေးချယ်မှုဟာ ခါးသက်တဲ့မှတ်ညဏ်များဆိုင်ရာ အမျိုးအစားအားလုံးနဲ့ ရှင်သန်နေထိုင်ခြင်း သို့မဟုတ် အဲဒါတွေမှ သင်ကိုယ်တိုင် အချုပ်အချုပ်ကင်း လုံးဝလွတ်လပ်နေခြင်းအကြားမှာ ဖြစ်ပါတယ်။ ကျေနပ်နှစ်သက်ဖွယ်မကောင်းတဲ့ သတိတရရှိမှုများကို မေ့ဖျောက်ပစ်ဖို့ ကြိုးစားပါ။ အကြောင်းက ဒါနဲ့ပတ်သက်တဲ့ သမာရိုးကျမဟုတ်တဲ့ရွေးချယ်လိုက်မှုက ခါးခါးသီးသီးဖြစ်မှုအပေါ်မှာ လောင်မြိုက်ရှင်သန်နေထိုင်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ပြီးတော့ ဒါက ဘယ်သူ့အတွက်မဆို သာယာကောင်းမွန်တဲ့ ရွေးချယ်မှုမျိုးတော့ မဟုတ်။

အမှတ်မထားမေ့ဖျောက်နေခြင်းရဲ့အလေ့အကျင့်က သင့်ကို ချောမွေ့ကောင်းမွန်တဲ့ အရာများစွာဆီသို့ ဦးတည်တွဲခေါ်သွားပါတယ်။ ဒါက သင့်ကို စိတ်ရှုပ်ထွေးစေခြင်းမှ ကာကွယ်ပေးသလို သင့်ရဲ့စွမ်းအားကို ခြိုးခြံချွေတာစေပါတယ်။ ဒီနည်းတူ သင့်ရဲ့ အချိန်ဖြုန်းခြင်းမှ သင့်ကို တားဆီးပြီး အပျက်သဘောအနုတ်လက္ခဏာ စိတ်ကူးထင်မြင်ချက်များမှ သင့်ကို အရန်အတားကာပေးထားပါတယ်။ ဒီအရာအားလုံးဟာ ပို၍ကောင်းမွန်သင့်တော်တဲ့ ဘ၀တစ်ခုအတွက် အလွန်အရေးပါပါတယ်။ အကြောင်းက အဲဒါကို ရရှိဖို့ ဘယ်အနစ်နာခံစွန့်လွှတ်မှုမျိုးကမဆို အဲဒါနဲ့အတူ တကယ် ထိုက်ထိုက်တန်တန် ဖြစ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဘ၀မှာ သင့်ရဲ့ပါဝင်မှုဟာ ရာခိုင်နှုန်းငါးဆယ်သာ ဖြစ်ပါတယ်။ ကျန်တဲ့ရာခိုင်နှုန်း ငါးဆယ်ကို အခြားသူများက ထောက်ပံ့ထားပါတယ်။ ခါးသက်တဲ့အမှတ်ရမှုနဲ့ ရှင်သန်ရပ်တည်နေခြင်းဟာ သင်ဟာ သဘာဝရဲ့ဒီဥပဒေသကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုလိုပါတယ်။ သင်က သဘာဝဆိုင်ရာဥပဒေသကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါ။ ဒါ့ကြောင့် သင်ကိုယ်တိုင်ပဲ ပြောင်းလဲပါ။ ဒီအတွက် အခြေအနေတိုင်းမှာ သက်သောင့်သက်သာရှိတဲ့ ပျော့ပျောင်းညင်သာတဲ့ ဘ၀ရဲ့လက်ဆောင်တစ်ခုကို သင့်ကို ပေးပါလိမ့်မယ်။

မေ့လျော့ရမဲ့အရာကိုမေ့လျော့ဖို့ သင်က အဆင်သင့်မဖြစ်သေးဘူးဆိုလျင် ဒီနောက်မှာတော့ ရံခါဆိုသလို သင်ဟာ အဲဒီအလေ့အထကို ၀ါသနာထုံစွဲမြဲလာပါလိမ့်မယ်။ ခါးသီးတဲ့ သတိတရရှိမှုမှတ်ညဏ်များကို ဆိုးရွားတဲ့ခံစားတွေ့ကြုံမှုများက ဖြည့်သွင်းပျိုးထောင်ပေးပါတယ်။ ပြီးတော့ အဲဒါတွေကို သင်ဟာ ရုပ်သိမ်းမရဘဲ နေ့စဉ် ပြန်လည်ခေါ်ယူ မှတ်မိလေ့ရှိပါတယ်။ ဒါဟာ တကယ့် ဆိုးဝါးတဲ့ သင်္ကေတလက္ခဏာ တစ်ခုပါ။ ဒါက သင့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးရင့်ကျက်မှုအတွက် မြဲမြံခိုင်ခံ့တဲ့ အဟန့်အတား တစ်ခုကို ဖန်တီးပါလိမ့်မယ်။

ကောင်းခြင်း - မကောင်းခြင်းဆိုတဲ့ မှတ်ညဏ် အမျိုးအစားနှစ်ခုအနက် ပထမအရင်ဟာက သင့်ကို စွမ်းအားပေးပါတယ်။ ဒါပေမယ့် နောက်ပိုင်းတစ်ခုက သင့်ရဲ့ဘ၀ကို ချွတ်ခြုံ ကျစေပါလိမ့်မယ်။ သင်ဟာ ဒီခြားနားမှုကို တန်ဖိုးထားပြီး နှစ်လိုဖွယ်ကောင်းမွန်တဲ့ အမှတ်တရရှိမှုများနှင့်အတူနေထိုင်ဖို့နဲ့ ဆိုးဝါးတဲ့သတိတရမှတ်ညဏ်များကို မေ့ပစ်လိုက်ဖို့ ကြိုးစားပါ။ ဒီ စွဲမြဲတဲ့ဝသီအလေ့အထက သာယာကောင်းမွန်တဲ့ လူသားဘ၀ တစ်ခုကို ရယူဖန်တီးဖို့ သင့်ကို ထောက်ကူအကျိုးပြုပါလိမ့်မယ်။

မှတ်ညဏ်ဟာ သင့်စိတ်ရဲ့ သီးခြားခွဲထုတ်ခြင်းငှါမတတ်ကောင်းတဲ့ တစ်သားတည်းဖြစ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ မှတ်ညဏ်မှ လွှဲရှောင်သွားတာ မရှိပါ။ ရွေးစရာကတော့ သင့်သိစိတ်ရဲ့ အစိတ်အပိုင်းတစ်ခုကို မှတ်ညဏ်မပြုလုပ်ခိုင်းဖို့နဲ့ မသိစိတ်အတွက် အဲဒါကို အဆင့်ချဖို့ အရာချထားဖို့ ချောင်ထိုးထားဖို့ရာ ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ မေ့ဖျောက်နေတဲ့အလေ့အကျင့်က တကယ့်အဲဒီလိုအပ်ချက်ကို တာဝန်ထမ်းဆောင်ပေးပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့စိတ်မှ အကျွန်ုပ်တို့ရဲ့ မှတ်ညဏ်ကို ပယ်ဖျက်ခြင်းငှါ မတတ်နိုင်ပါ။ ဒါပေမယ့် အကျွန်ုပ်တို့ဟာ မှတ်ညဏ် မော်ကွန်းတိုက်မှာ အဲဒါကို သိုလှောင်သိမ်းဆည်းထားခြင်းဖြင့် ထိရောက်မှုမရှိအောင် အဲဒါကို ပြုလုပ်နိုင်ပါတယ်။

ကောင်းမွန်ပြေပြစ်တဲ့အခါ မှတ်ညဏ်က အပြုသဘောဆောင် အပေါင်းလက္ခဏာဖြစ်တဲ့ လမ်းညွှန်ဖြစ်ပါတယ်။ သာယာပြေပြစ်မှုမရှိတဲ့အခါ မှတ်ညဏ်က တကယ့်ကို အပျက်သဘောဆောင် အနုတ်လက္ခဏာဖြစ်တဲ့ လမ်းညွှန်းသက်သက် ဖြစ်ပါတယ်။ အဲဒါက ထိန်းချုပ်ကြီးမှုးကွပ်ကဲ ခံနေရမည့်အစား သင်ဟာ သင့်ရဲ့မှတ်ညဏ်ကို ကြီးမှုးကွပ်ကဲ ရပါ့မယ်။ သင့်ရဲ့မှတ်ညဏ်ကို သင့်ရဲ့အသိညဏ်ဆိုင်ရာ သိုလှောင်ရုံဖြစ်အောင် ပြုလုပ်ပါ။ ဒါပေမယ့် သင့်ရဲ့နေ့စဉ် ဦးစီးဦးရွက်ပြုမှုဆိုင်ရာ အုပ်ချုပ်သူအကြီးအကဲ ဖြစ်အောင်တော့ မပြုလုပ်ပါနဲ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP