(၃၆)ကြိမ်မြောက် လစဉ်အလှူတော်မှတ်တမ်း
ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်း၏ (၃၆)ကြိမ်မြောက်လစဉ် အလှူတော်အတည်ပြု နေရာအား (၂)ပိုင်းခွဲ၍ လှူဒါန်းမှုပြုလုပ်ခဲ့ပါသည်။
အလှူတော်နေရာ(ခ)အား မြင်းခြံမြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၊ မိုးကောင်းဓမ္မာရုံတွင် ကျင်းပ ပြူလုပ်မည့် ဆရာတော် ၁၀ပါးခန့်နှင့် အဘိုးအဖွားဦးရေ ၄၀ ဦး တို့အား သက်ကြီးပူဇော်ပွဲ ပြုလုပ်လှူဒါန်းရန် အတွက် ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ ၂၀၀၀၀၀/ိ-ကျပ်(နှစ်သိန်းကျပ်) လှူဒါန်းမှုပြုလုပ်ခဲ့ပါသည်။ လှူဒါန်းမှု မှတ်တမ်းများအား ဆက်လက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ အလှူရှင်များနှင့် အားလုံး သောဓမ္မမိတ်ဆွေများ အများအကျိုး အစဉ်သယ်ပိုး၍ နိဗ္ဗာန်ရောက်ကြောင်း ပါရမီထူးများ ကျင့်ကြံပွား များအားထုတ်နိုင်ကြပါစေ။
လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှု့၍ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။
0 comments:
Post a Comment