အသောကာရာမသီလရှင်စာသင်တိုက်၌ (၁၆)ကြိမ်မြောက်လှူဒါန်းမှုမှတ်တမ်း
တွဲဘက်ဆရာကြီး တစ်ပါးအပါအ၀င် ဆရာကြီးဒေါ်သုနန္ဒာ(ဓမ္မာစရိယ) (ဖုန်း၀၉-၈၆၂၈၈၁၁) တို့ကဦးစီးသည့် အသောကာ ရာမသီလရှင် စာသင်တိုက်၌ (၁၆)ကြိမ်မြောက် အလှူတော် ကို မျက်စိ ဝေဒနာ ရှင်များနဲ့အတူ ၁၇-၅-၂၀၁၁ ရက်နေ့တွင် ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ အကျိုးဆောင်၍ သွားရောက် လှူဒါန်းခဲ့ပါသည်။ ထိုနေ့တွင် တဆတအမှတ်စဉ်(၁၃) အလုပ်သင် ဗိုလ်လောင်း များက လည်း အလှူငွေ ငါးသောင်းကျပ်ဖိုး ဆွမ်းကပ်၊ ၀တ္ထုငွေများ လှူဒါန်းကြသဖြင့် အသင်းအနေဖြင့် (တစ်သိန်းခွဲကျပ်ဖိုး)သာ လှူဒါန်းခဲ့သည်။ လက်ရှိတွင် သီလရှင်ဆရာလေး ၃၈ ပါးရှိကြပြီး ၂၀၁၁-၂၀၁၂ ပညာသင်နှစ်စာရင်းအသေးစိတ်ကို (၁၇)ကြိမ်မြောက်အလှူ မှတ်တမ်းတွင် အသေးစိတ် ဖော်ပြပေးသွားမည်။ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းဆက်ကပ်ခြင်း၊ မေတ္တာပို့ဘာဝနာ နားကြားခဲ့ကြခြင်း၊ ဝေယျာဝစ္စဆောင်ရွက်ခဲ့ခြင်း စသည့်အားလုံးသော ကုသိုလ်ကောင်းမှု အစုစုတို့ကို အားလုံးသော အလှူရှင်များနှင့် ဝေနေယျသတ္တ၀ါ အားလုံးတို့အား အမျှ ပေးဝေလိုက်ပါသည်။ အများသူငှါ သာဓုခေါ်ဆိုနိုင် ကြရန်အတွက် အလှူငွေအသုံးပြုမှု၊ လှူဖွယ်စာရင်းများ၊ အလှူမှတ်တမ်း ဓာတ်ပုံများနှင့် ဘောင်ချာများကို ဖော်ပြလိုက်ပါသည် -
အသောကာရာမသီလရှင်စာသင်တိုက်၌ (၁၆)ကြိမ်မြောက်အလှူအတွက် လှူဖွယ်ပစ္စည်းစာရင်း
( ၁) ပဲဆီရှယ်(၁၀)ပိဿာဗူးကြီး ၁ ဗူး = ၄၃၈၀၀ ကျပ်
( ၂) အအေး(သီးဖျော်ရည်-အဆီ)ပုလင်း ၃ ပုလင်း (၁၇၀၀ x ၃) = ၅၁၀၀ ကျပ်
( ၃) လေဆာသွားတိုက်ဆေး ၂ ဗူး ( ၄၀၀ x ၂) = ၈၀၀ ကျပ်
( ၄) Oki ဆပ်ပြာဗူးကြီး ၂ ဗူး (၁၂၀၀ x ၂) = ၂၄၀၀ ကျပ်
( ၅) ဗလာစာအုပ် ၁၀ ဒါဇင် (၂၂၀၀ x ၁၀) = ၂၂၀၀၀ ကျပ်
( ၆) ကြက်သွန်နီ ၁၀ ပိဿာ ( ၅၈၀ x ၁၀) = ၅၈၀၀ ကျပ်
( ၇) အိုင်အိုဒင်းဆား ၆ ထုပ် ( ၁၅၀ x ၆) = ၉၀၀ ကျပ်
( ၈) ရွှေစေတီကျောင်း၊ အသောကာသီလရှင်ကျောင်း
အရာရှိရိပ်သာ အသွား/အပြန် ကားငှါးခ = ၁၉၂၀၀ ကျပ်
(9) န၀ကမ္မ၀တ္ထုငွေ = ၅၀၀၀၀ ကျပ်
အလှူအတွက်အသုံးပြုခဲ့သည့်စုစုပေါင်းအလှူငွေ = ၁၅၀၀၀၀ ကျပ်
အလှူမှတ်တမ်းဓာတ်ပုံများနှင့် ဘောက်ချာများ -
0 comments:
Post a Comment