* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, May 28, 2011

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (နိရယ၀ဂ္ဂ)

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (နိရယ၀ဂ္ဂ)

ဆောင်းပါးအမှတ်စဉ်(၂၂)

သတ္တ၀ါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ဟောကြားခြေချွတ်၊ဖြေမလွတ်ဘူး၊ အကျွတ်မရ၊ နိယတဖြင့်၊ ၀ါဒအလို၊မြေကြီးမျို လည်း၊ ယူကိုစွန့်ဘဲ၊ အကျင့်လွဲ၍၊ ငရဲခံလိမ့် မည်သောကြောင့်။” (မဃဒေ၀-၃၁၉)

ဤငရဲနှင့်စပ်၍ ငြင်းခုံကြ၊ ဆွေးနွေးကြသည်မှာ မဆုံးနိုင်အောင် ရှိကြသည်။ ယခုလည်း ငရဲနှင့်စပ်သည့် နိရယ၀ဂ်ကို တွေ့ရပေပြီ။ နိရယဟူသော ပါဠိကို ငရဲဟုမြန်မာလို ပြန်ထား သည်မှာ အဓိပ္ပါယ်ဖေါ်မရဖြစ်ရပါသည်။ရှေးဆရာများက နိရဲဟုခေါ်ဆိုကြောင်း ဆဋ္ဌမအကြိမ်ရိုက်၊ သဂြိုဟ်ဘာသာဋီကာ၊နှာ-၂၈၃ တွင်ဖတ်ရပါသည်။ ပါဠိနိရယ၏ အဓိပ္ပါယ်မှာ ချမ်းသာသုခ မရှိခြင်းကို ဆိုလိုပါသည်။ (နိ+အယ=နိရယ) ကောင်းမှုအတွက် တိုးတက် ဖြစ်ပွါးစေတတ်ခြင်း မရှိ၊ သာယာစရာ မ ရှိသော အရပ်ကို နိရယဟု နားလည်ရပေမည်။ ပါဠိအဘိဓာန်တွင် နိရယ (နိ+ဣ+အ) (တိ) စီးပွါးချမ်း သာကင်းသော (ပ) ငရဲဟုတွေ့ရပါသည်။ ငရဲဟူသောစကားလုံးကို မြန်မာအဘိဓာန်၏အင်္ဂလိပ်ဘာသာဖြ င့် ရှင်းလင်းချက်တွင် နောက်ဘ၀တွင် ခံစားရမည့် ဘုံဟု ဆိုထားပါသည်။

ငရဲ မည်သည့်နေရာတွင် ရှိပါသနည်း လက်တွေ့ကြုံမှ ယုံပါသည်ဟူသော ယနေ့ခေတ်တွင် (Seeing in believing) ငရဲသည် ပဟေဠိတစ်တစ်ပုဒ် ဖြစ်နေပါသည်။ သိပ္ပံပညာရှင်တိ့က ကမ္ဘာမြေ၏ ထုထည်သည် မိုင်သန်းပေါင်း နှစ်သိန်းခြောက်သောင်းရှိသည်။ မြေပြင်မှ ၆၆ မိုင်ခန့်ထူသောကျောက် လွှာကြီး နှစ်ထပ် အတွင်း၌ အရည်ပျော်နေသော သံနစ်ကဲလ်နှင့် ကိုဘောလ် သတ္တုများကို ထိန်းချုပ် ထားသည်။ ကမ္ဘာ၏ ဗဟိုချက်သည် အရည်လော အစိုင်အခဲလော-ဟူ၍ ယနေ့အထိ သိပ္ပံပညာရှင်တို့ မပြော နိုင်ကြသေးပေ။ မကြာသေးမှီက သတင်းတစ်ပုဒ်တွင် ငရဲရှိကြောင်း သိပ္ပံပညာရှင်များက အတည်ပြုဟူသော ဆောင်းပါးများကို ဖတ်ရပါသည် ။ ခေါင်းစီးမှာ မြတ်စွာ ဘုရားဟောကြား ခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များက အတည်ပြုဟုဖေါ်ပြပါသည်။သိပ္ပံပညာရပ်ကို အားကိုးတကြီး အလေးထားသောခေတ်ဖြစ်နေေ ပရာဘုရားတရားတော်များသည်ရှေးခေတ်ကပင် ထွန်းကားခဲ့ပါလျက် သိပ္ပံနှင့်မကိုက်၊အကိုက် ညှိနေကြခြင်းမှာ စဉ်းစားထိုက်လှပေသည်။

ငရဲပြည်ကို လူ့ပြည်အောက် တည့်တည့်တွင် မတည်ရှိနိုင်ဟု ပရမတ္ထသရူပဒီပနီဆရာတော် (မန္တလေး) မဟာဝိသုဒ္ဓါရုံတိုက်သစ်က ယူဆပါသည်။သိမ်ကမ္မ၀ါစာ၏အာဏာမနှံ့နိုင်သောကြော င့်ဖြစ်ပါသည်။သိမ်သမုတ်ရာတွင် အာဏာနှံ့ရာမှာ မြေကိုခံသော ရေတိုင်အောင်ဟု အဋ္ဌကထာ များတွင်ဆိုပါသည်။လူ့ပြည်အောက်တွင် ငရဲရှိနေပါက ကမ္မ၀ါစာ၏အာဏာ မနှံ့နိုင်တော့ပေ ။မြင်းမိုရ်တောင်၏အောက်ခြေတွင်ရှိ အသူရာပြည်၏အောက်တည့်တည့်တွင် ငရဲ တည် ရှိသည် ဟုဆိုပါသည်။ ဤသို့ဆိုလျှင် မကြာသေးမှီက သိပ္ပံပညာရင်များကတွေ့သောငရဲနှင့် ဘုရား လက်ထက်တော်က ရာဇဂြိုဟ်မြို့အနီးရှိ ငရဲအမျိုးမျိုးအတွက် မည်သို့ အဖြေရှာမည်နည်း။ ရာဇ ဂြိုဟ်မြို့အနီးက တပေါဒါမြစ်မှ ရေပူသည် လောဟကုမ္ဘီငရဲမှ စီဆင်းလာသည်ဟု ဟောတော် မူ ထားပါသည်။ အဖြေမှာ အရံ ငရဲများသာဖြစ်သည်ဟု ဆိုရပါမည်။ ငရဲကြီး ရှစ်ထပ် မဟုတ်ပေ။ အသူရာပြည်ဟုဆိုသဖြင့် လူသားများက ရှာဖွေချင်သော်လည်း ထိုပြည်ကိုမြင်နိုင်စွမ်းမရှိသေး ခင်အထိမသိဖြစ်ရသည်ကို စိုးရိမ်ပူပန်မှု မရှိသင့်ပါ။ သိပ္ပံပညာရှင်များ ကိုလည်းနေ ရာတကာ တွင် အားမကိုးနိုင်သေးကြောင်း သိသင့်ပေသည်။ သိပ္ပံပညာက ရှာဖွေဆဲ ဧရိယာ များစွာ ရှိနေပါသည်။

မည်သို့ပင် ယူဆကြစေကာမူ ဘာသာအယူဝါဒရှိသူများက ငရဲရှိကြောင်း လက်ခံထား ကြပါသည်။ ငရဲဆိုသည်မှာ “ဘုံခန်းနဲ့မြှောက်၊ ငရဲခန်းနဲ့ခြောက်” ဆိုသလို နတ်ပြည်နဲ့ငရဲဆိုသည်မှာ လူတွေ ကိုမြှောက်ပင့်ဖို့နှင့် ခြိမ်းခြောက်ဖို့ရန် ဖန်တီးထားသော ဒဏ္ဍာရီတွေပါဟု တချို့က ယူဆနေကြပါသည်။

သေခြင်း၏ တမလွန်တွင် “ငရဲ” ရှိသည်ဟု ယူကြသူများက အနာဂတ်တမလွန်မှာ စောင့်စားနေသော “ငရဲ” မှ လွတ်ရန် ကုသိုလ်ကောင်းမှုပြုခြင်းစသော နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြပါသည်။ ငရဲကို မယုံကြည် သူများကို လူ့ဗာလ၊ မိစ္ဆာဝါဒသို့မောင်းချသူဟုလည်း အပြစ်တင်ကြသူများ ရှိပါသည်။ ထိုသူများက “ကိုယ့်အမှုကြောင့်၊ အထက်ရောက်ခဲ့၊အောက်ကျသူမှာ၊ ကိုယ့်မှုသာတည်း။ ပမာနှိုင်းေ ထာက်၊တံတိုင်းဆောက်သူ၊ တွင်းတူးသူ၊နှစ်မူစံထား ကျင့်လေလော့” ဟူသော ရှေးဟောင်း နီတိစကားကို ကိုးကားပြီး ချေဖျက်ကြပါတယ်။ ငရဲဟူသည် မကောင်းမှုကံကြောင့် ရောက်ရသည့်နေရာဖြစ်သဖြင့် ကံ၏ အကျိုးကို ပစ်ပယ်လျှင် `၀ိပါကံ ပဋိဗာဟေန္တေနာပိ ကမ္မံ ပဋိဗာဟိတံ ဟောတိ။´ (ဒီ၊ဋ္ဌ၊၁၊၁၅၀) -ဟူသည့် အတိုင်း ကံကိုလည်း ပစ်ပယ်ရာ ရောက်၏။ မြန်မာပြည်တွင် ပေါ်ပေါက်လာခဲ့သော ရဟန်းတော်များနှင့် ဆိုင်ရာဘာသာရေး ၀ိဝါဒါဓိကရုဏ်းများတွင် ငရဲတည်ရှိမှုကို အငြင်းပွါးခြင်း၊ သို့မဟုတ် ငရဲကို လက်မခံ သည့် အယူအဆများအပေါ်တွင် အခြေခံပါသည်။

တစ်ချို့မယုံတစ်ဝက်၊ ယုံတစ်ဝက်ဖြင့် နေကြပါသည်။ အောက်ပါ အမေးအဖြေကို ဖတ်ကြည့်ပါ။ ဆရာတော်ဘုရား ၁။ လူများသေလွန်တဲ့အခါ ယမမင်းကြီးက စစ်တယ်ဆိုတာ ဟုတ်ပါသလား ဘုရား။ ဟုတ်ပါလျှင် စစ်နေတဲ့အခိုက်အတန့် ဘ၀လေးကို ဘယ်ဘ၀ရောက်နေ တယ် လို့ခေါ် ဆိုရမှာပါလဲဘုရား။ (မောင်ပန်းမွှေး-၀က်လက်မြို့) (ဖြေ) လူများသေလွန်တိုင်း ယမမင်းကြီးရှေ့ မှောက်သို့ရောက်ရသည် မဟုတ်၊ အကုသိုလ်ကံနည်းပါး ကုသိုလ်ကံများပြားသူ တယောက်သေခါနီးတွင် အကုသိုလ် အာသန္နကံကြောင့် ငရဲသို့ ပဋိသန္ဓေအကျိုးပေး၍ရောက်သွားလျှင် ချက်ချင်း ငရဲတွင် မခံ ရသေးဘဲ ငရဲကြီးများ၏ အရံငရဲငယ် တခုခု (ဥဿဒငရဲ)သို့ရောက်၍ ယင်းငရဲရှိ ယမမင်းကြီး ထံရောက်ရှိ အစစ်ခံရသည်။ ထိုအချိန်တွင်ပြုခဲ့သော ကုသိုလ် တမျိုးမျိုးကို တဖန်အမှတ်ရခြင်း၊ အာသေ ၀နသတ္တိ အကူအညီရလျှင် ထိုကုသိုလ်ကောင်းမှု အားကောင်းလာက ထိုကုသိုလ် အကျိုးကြောင့် ငရဲမှ လွတ်၍ သုဂတိဘ၀ တခုခုသို့ရောက်ရသည်ဟု ဆိုသဖြင့် ယမမင်းကြီးထံရောက် သွားရသော ဘ၀သည် ငရဲဘုံ ငရဲဘ၀ပင်ဖြစ်သည်ဟုဆိုရပါမည်။ အကုသိုလ်အားကြီးကုသိုလ်အားသေး သူတို့ ယမမင်းကြီးရှေ့ သို့ပင် မရောက်ရ၊ ငရဲသို့ပင် ချက်ချင်းရောက်သွားရသည်ဟုမှတ်သားသင့်ပါသည်။ မယုံတစ်ဝက်၊ ယုံ တစ်ဝက်သူအား အဖြေမှန်သိရန် အားထုတ်ပေးခြင်း ဖြစ်ပါသည်။

အဖြေပေးသူ ဆရာတော်က ဆက်လက်၍ တစ်နေရာတွင် ဆိုထားသည်မှာ “လူတို့သည် ၀ဋ်မှာအမြဲ ငရဲမှာ အပ-ဟူသော စကားကို အားကိုး၍ ၀ဋ်သည် မပျက်မကွက် အမြဲခံရ၍ ငရဲမှာ လွတ်မြောက်နိုင်သည်-ဟု ယူဆကြဟန် တူပါသည်။ သူ့အသက်သတ်၍ ခံရမည့်ငရဲကို ကျော်လွှား လွတ်မြောက်နိုင်ဖို့ အတွက် ကုသိုလ်အဆက်ဆက် ပြုလုပ်နေရန်၊ ကုသိုလ်အကျိုးချည်း ဆက်ပေးနေရန် မလွယ်ပါ၊ ၀ဋ်နှင့်ငရဲ ဟူသည်မှာ လည်း ၀ဋ်မှာ ပ၀တ္တိအကျိုးသာ ဖြစ်၍ ငရဲမှာ ပဋိသန္ဓေအကျိုး ဖြစ်သဖြင့် အကြီးအသေး ကွာခြားလှပါသည်၊ ထို့ပြင် ၀ဋ်မှာ တခဏ၊ ငရဲမှာ တဘ၀-ဟု ဆိုသော်လည်း ငရဲတဘ၀ ကျသွားလျှင် အကုသိုလ်အကျိုးများ ဆက် ၍ သုဂတိဘ၀သို့ ပြန်ရောက်ရန် မလွယ်ကူပါ။ ထို့ကြောင့် ၀ဋ်ထက် ငရဲကို ပိုပြီးကြောက်သင့်ပါသည်။ မျက်မြင် မှာလည်း ကျိုးခြင်းနှင့် သေခြင်းကို နှိုင်းယှဉ်ကြည့်ပြီး ကျိုးခြင်းထက် သေခြင်းက ပို၍ဆိုးသဖြင့် သူ့အသက် သတ်ခြင်းကို လုံးဝမပြုလုပ်မိရန် လွန်စွာအရေးကြီးလှပါသည်။”

ဓမ္မပဒအဋ္ဌကထာဆရာကမူ ငရဲရောက်နိုင်သူများကို ဘုရားအလိုကျ ရှင်းပြရာတွင်အောက်ပါ ပုဂ္ဂိုလ်များ ငရဲရောက်ရန် အလေးသာပါသည်။ ၁။ မဟုတ်မမှန်ပြုလုပ်ကြသူများ၊ ထိုသူများသည် အခြေ အမြစ်မရှိ သူတစ်ပါးကို စွပ်စွဲကြသူနှင့် မိမိကိုယ်တိုင် မကောင်းမှုလုပ်နေသူဖြစ်ပါလျက် ငါမလုပ်ဟု ဆိုကြသူများ (အဘူတ၀ါဒီ) ၂။အောက်တန်းစားအလုပ်များကို လုပ်ဆောင်နေပါလျက်၊ ကာယကံစ သည်ကို မစောင့်စည်း ကြပါလျက် သင်္ကန်းစီးထားကြသူများ (ကာသာဝကဏ္ဍာ) ၃။ပါရာဇိကကျပြီး သီလဟူ၍ဘာမျှ မရှိသော ဒုဿီလများ (ဒုဿီလ) ၄။ သူတစ်ပါး သားမယား၌ ကြာခိုသူများ (ပရဒါရူ ပသေ၀ီ) ဖြစ်ကြပါသည်။ အနှစ်ချုပ်ကြည့်ပါက သီလ မလုံခြုံသူများ ဖြစ်ကြပါသည်။ ထိုသူများသည် ငရဲမှ လွတ်ပါကလည်း သုဂတိဘုံသို့ ချက်ချင်းမရောက်သေးဘဲ တိရိစ္ဆာန်၊ ပြိတ္တာစသည့် ဒုဂ္ဂတိ အဟိတ် ဘုံများသို့ ရောက်ရပါသည်။

ပထမ၀တ္ထုတွင် မြတ်စွာဘုရားရှင်ပေါ်လာသောအခါ လှူဒါန်းသူ များကြသည်။ တိတ္ထိတို့၏ဖက်တွင် လှူဒါန်းမှု အနည်းငယ် ယုတ်လျော့ခဲ့ကြသည်။ ဘုရားရှင်အပေါ်တွင် အမြင် မကြည် လင်ကြ။ပြည့်စုံမှု အပေါ်တွင် ၀န်တိုခဲ့ကြပေသည်။ ထိုမျှနှင့် ရပ်မသွားဘဲ သုန္ဒရီမည်သော ပရိဗိုဇ်မ (တောထွက်ကျင့်ကြံသူ)နှင့် ဘုရားရှင်ကို ဇာတ်လမ်းဆင်ပြီး အထင်လွဲစေရန် ကြံစည်ခဲ့ကြပေ သည်။သေသောက်ကြူးတို့အားငွေပေး၍ အသတ်ခိုင်းပြီလျှင် သူမ၏ အလောင်းကောင်ကို ဘုရားရှင် ၏ကျောင်းတော်အနီးတွင် ပစ်ချစေခဲ့သည်။ ရှင်ဘုရင်အားလည်း တိုင်ကြားခဲ့ပေသည်။ လူအများသည် ယုံမှားသံသယဖြင့် အကုသိုလ်ပွါးကြလေသည်။ မြတ်စွာဘုရားရှင်က မဟုတ် မမှန်သဖြင့်ပြောဆိုခြင်း မပြုရန်မိန့်တော်မူပြီး လူအပေါင်းကို ငရဲစာအဖြစ်မှ လွတ်စေခဲ့ပါသည်။နောက်ပိုင်းတွင် အမှုမှန်ပေါ်လာ ခဲ့ပြီး သေသောက်ကြူးတို့ မင်းဒဏ်သင့်ခဲ့ကြပါသည်။

ဒုတိယ၀တ္ထုတွင် ရဟန်းများဖြစ်ပါလျှက် ရဟန်းကျင့်ဝတ်နှင့်အညီ စွမ်းဆောင်နိုင်ရည်မရှိ သူများသည် ယုတ်မာသည့် အဖြစ်သို့ရောက်သွားတတ်ကြပြီး မကောင်းကျိုးကို ခံစားတတ်ရပါသည်။ ဂိစ္ဇျ ကုဋ်တောင်ပေါ်တွင် သင်္ကန်းရောင်လွင့်နေပြီး ပြိတ္တာဖြစ်နေကြသော ကဿပဘုရားရှင် သာသနာတော် ကသီတင်းသုံးဖော်ငါးဦး၏ ပြိတ္တာဘ၀များအကြောင်းကို အရှင်မောဂ္ဂလာန်နှင့် အရှင်လက္ခဏတို့၏ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်မေးကြခြင်းဖြင့် တရားအဖြစ်သို့ ရောက်လာခဲ့ပါသည်။ ရဟန်းကျင့်ဝတ်၊ တစ်ပါးချွတ်က၊ လူနတ်မကြိုက်၊ ကဲ့ရဲ့ထိုက်၏ ဟူသည်မှာ ရဟန်းကျင့်ဝတ်သည် အရေးကြီးကြောင်း ရဟန်းတော်တွေအတွက် သတိပေးဆောင်ပုဒ်ဖြစ်သလိုပင်၊ လူသားများဘက်က ကုသိုလ်ရလိုလျှင်မူ ရဟန်းကျင့်ဝတ်၊ တစ်ပါးတတ်က၊ လူနတ်ဦးခိုက်၊ ပူဇော်ထိုက်၏ ဟူသောဆောင်ပုဒ်သည် အသုံးဝင်ပါ မည်။

တတိယ၀တ္ထုသည် ၀ဂ္ဂုမုဒမြစ်ဘေးတွင် သီတင်းသုံးကြသော ရဟန်းတော်များကို အကြောင်းပြု၍ဟောထားချက်များဖြစ်ပါသည်။ ပါရာဇိကပါဠိတွင် အကျယ်ဇာတ်လမ်းရှိပါသည်။ အစားအစာအတွက် ဈာန်၊ မဂ်၊ ဖိုလ်မရဘဲ ရလေဟန် တစ်ပါး၏ဂုဏ်ကို တစ်ပါးက ဒကာ၊ ဒကာမများ ၏ရှေ့တွင် လိမ်ညာပြီး (အလံရှူး)ပြောဆိုကြသော အကွက်ဆင် ဇာတ်လမ်းဖြစ်ပါသည်။ မသိသော သူ များက ပို၍ ကြည်ညိုတတ်ကြပါသည်။ ထိုကဲ့သို့သော လိမ်ညာသူများကို မဟာစောရ ( သူခိုးအကြီးစား) ဟုခေါ်ပါသည်။ ထိုဒုဿီလများ၏ အခွင့်အရေး ခံစားမှုဟူသမျှသည် ဘ၀ပေါင်းများစွာ ငရဲစာသာဖြစ်ပေ သည်ဟု ဘုရားရှင်ကဟောပါသည်။ ဆရာကိုးကွယ်မှုမှားလျှင် တသံသရာလုံးမှောက်ဟု အဆိုရှိပါသည်။ ဥာဏ်ရှိယောင်္ကျား၊ မှားလတ်သောခါ ဆေးလွန်နာကို၊ ဆရာနောက်ဆက်၊ အကုခက်သို့၊ ဖျက်၍အမြဲ၊ ပယ်နိုင်ခဲ၏ ဟူသော မဃဒေ၀လင်္ကာကို ကိုးကား၍ ဦးဆောင်သော ရဟန်းတော်များ မမှားသင့်ကြောင်း (မှော်ဘီမြို့) ဓမ္မကထိက သြ၀ါဒခံယူပွဲတွင် ဆရာတော်က သြ၀ါဒကို ချီးမြှင့်ခဲ့ပါသည်။ (မစိုးရိမ်တိုက်သစ် ဆရာတော်ဦးရာဇဓမ္မာဘိဝံသ)

အမျိုးသမီး၏ အလှဓနဟု နီတိတွင် ဆိုထားပါသည်။ အမျိုးသား၏ အလှကို ဥစ္စာဟု ဆိုရမည်ထင်ပါသည်။ ဥစ္စာလည်းပေါ၊ ရုပ်ကလည်းချော၊ ပညာက လည်းတတ်ပြီဆိုပါကယောင်္ကျားအ တွက် ပြီးပြည့်စုံလှပေပြီ။ အကျင့်သိက္ခာကောင်းပါ ထည့်စွက်လျှင်မူ သူတော်စင်ဖြစ်ပေပြီ။ မထည့် စွက်နိုင်လျှင်မူ အထက်ပါပြည့်စုံမှုများသည် စိတ်မချရသေးပေ။ခေမသကသူဋ္ဌေးသားလေးသည် အထက်ပါ ဥစ္စာပေါ၊ ရုပ်ချော၊ ပညာတတ်ဖြစ်ခဲ့ပေသည်။ သူ့ကို အမျိုးသမီးများမြင်လိုက်ရပါက မနေနိုင်ေ အာင်ပင် ခိုက်ရတော့သည်ဟု ညွှန်းဆို ခံရပါသည်။ သူသည် လောကီအရည်အချင်းများအပေါ်တွင် မှီပြီး ဣတ္ထိဓုတ္တ (မြာပွေသူ) တစ်ဦး ဖြစ်ခဲ့ပေသည်။ ရှင်ဘုရင်က သူဋ္ဌေးကြီ၏ မျက်နှာကြောင့် သူ့ကိုပြစ်ဒဏ်မှ မကြာခဏ လွှတ်ပေးခဲ့သော်လည်း ခေမသကသူဋ္ဌေးသားလေးကမူ ၀ါသနာကြီးခဲ့ပါသည်။ သို့သော် သူတော်ကောင်းကို အမှီရသဖြင့် သူသည် ကံကောင်းခဲ့ရပါသည်။ သူဋ္ဌေးကြီးသည် ဘုရားရှင်ထံ သို့ရောက်အောင် သူ့သားကို ကြံဆောင်ခဲ့သဖြင့် သူတော်ကောင်းဘုရားရှင်ကို အမှီရပြီးသောတာပန်ခေ မသက ဖြစ်လာခဲ့ပါသည်။ သူ၏ အတိတ်ဘ၀က ဆုတောင်းမှာလည်း ကြောက်စရာပင် ကောင်းလှသည်။ အလှူအတန်းပေးလှူပြီး ဤကောင်းမှုကြောင့် ဆွေမျိုးမှလွဲပြီး ကျန်သူများအားလုံး သူ့အပေါ်တွင် ညွတ်ကြပါစေဟု ဆုတောင်းခဲ့သည်ဟုဆိုပါသည်။ သူ၏ ဆုတောင်းပြည့်ခဲ့သဖြင့် သမီးရှင်များ အိပ်ရေး ပျက်ခဲ့ရပါသည်။ ယခုမူ သူသည်သောတာပန်ဖြစ်သဖြင့် အထူးသဖြင့် သမီးရှင်များ ချမ်းသာရာရခဲ့ကြပေ ပြီ။ စတုတ္ထ၀တ္ထုတွင် ပါဝင်သည့် ဇာတ်လမ်းဖြစ်ပါသည်။

ပဉ္စမ၀တ္ထုတွင် ရဟန်းတစ်ပါးက မြက်ကိုနုတ်မိသဖြင့် သင့်ရောက်သည့်အာပတ်ကို မိတ်ဆွေရဟန်းအားမေးမြန်းမိပါသည်။ အမေးခံပုဂ္ဂိုလ်က အရေးမကြီးသည့် အကြောင်းပြောပြပြီး သူကိုယ်တိုင်ပင် လက်တွေ့ နုတ်ပြခဲ့ပါသည်။ ယခုခေတ် ဒါလေးများဟုဆိုသကဲ့ သို့ပင်ဖြစ်ပါ သည်။မြတ် စွာဘုရားရှင်ကမြတ်သော အကျင့်ကို သံသယဖြစ်မေည့် အသေးအဖွဲ အာပတ်သင့်ခြင်းကိုလည်း မပြုလုပ် သင့်ကြောင်းမိန့်တော်မူပြီး အမေးခံပုဂ္ဂိုလ်ကို အပြစ်တင်ပါသည်။သေးငယ်သော အပြစ်များ အပေါ် တွင်မြင့်မိုရ်တောင်ကြီးတမျှကြီးသည်ဟု ခံယူချက်ဖြင့်စောင့်ထိန်းပါက သီလစင်ကြယ်မှုမှာ အထက်တန်း ကရှိနေပါမည်။မေးခွန်းမေးသည့်ရဟန်းမှာစောင့်စည်းပြီး ရဟန္တာတစ်ပါးဖြစ်ခဲ့သည်က သက်သေခံနေပါ သည်။

ဆဋ္ဌမ၀တ္ထုတွင် မကောင်းမှုပြုလုပ်သူများသည် ငါပြုသည့် မကောင်းမှုကို သူတစ်ပါးများမသိဟု အထင်ဖြင့် မကောင်းမှုကို မပြုသင့်ပေ။ သူတစ်ပါး မသိပါသော်လည်း နောင်တွင် ပူပန်ရတတ်သဖြင့်ကောင်းမှုကိုသာပြုသင့်ပါသည်။ ယခုခေတ်တွင် ကြုံတွေ့နေရသောပြဿနာများ သည်ရှေးခေတ်ကလည်း ရှိခဲ့သည်သာ ဖြစ်ပေသည်။ ပြဿနာမှာ လူမှုရေးနှင့်ဆိုင်ပါသည်။ သူဋ္ဌေးမ တစ်ဦးက အိမ်ဖေါ်ခေါ်ထားခဲ့ပါသည်။ သူဋ္ဌေးမ၏ ခင်ပွန်းက အိမ်ဖေါ်အပေါ်တွင် ညွတ်လေသဖြင့် သူဋ္ဌေးမစိတ်တွင် ငြူစူသည့် ဣဿာစေတသိက် နှင့်အတူ ဒေါသအမျက်စိတ် ဖြစ်ခဲ့ပြီးနောက် အိမ်ဖေါ်ကို လက်နောက်ပြန်ကြိုးတုပ်၍ ခြုံပေါ်တွင် ပစ်ချခဲ့ပါသည်။ သူမက မသိဟန်ဆောင်ပြီး သူ၏ခင်ပွန်းနှင့်အတူ ဘုရားကျောင်းသို့သွားပြီ ဘုရားရှေ့မှောက်တွင် တရားနာခဲ့ပါသည်။ သူမ၏ဆွေမျိုးများက အိမ်ဖေါ်ကို ကယ်တင်ခဲ့ကြပြီး ဘုရားကျောင်းသို့ အိမ်ဖေါ်နှင့်အတူရောက်လာခဲ့ပါသည်။ ဘုရားရှင်ထံသို့လည်း အဖြစ်မှန်ကိုလျောက်ထားခဲ့ကြပါသည်။ ဘုရားရှင်ကပြုသင့်သည်ကောင်းမှုအကြောင်းကိုဟောပြသဖြင့် သူတို့ဇနီးမောင်နှံသည် တရားထူးကိုလည်း ရခဲ့ကြပါသည်။ အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ တတိယ ပဏ္ဏာသက၊ ပထမအနုရုဒ္ဓသုတ် (ပ၊၂၈၄) တွင် အရှင်အနုရုဒ္ဓါမထေရ်မြတ်က ဒိဗ္ဗစက္ခုဖြင့်လောကကို ကြည့်တော်မူခဲ့ရာ အများအားဖြင့် အမျိုးသမီးများသည် ငရဲသို့ကျရောက်နေသည်ကိုတွေရပြီး အကြောင်း ကိုလျောက်ထားသောအခါ ဘုရားရှင်က သူတို့၏ သန္တာန်၌ နံနက်ခင်းတွင် မစ္ဆရိယ၊နေ့လည်ခင်း၌ ဣဿာ၊ ညနေခင်းဝယ် ကာမရာဂထကြွသော စိတ်များသည် ကိန်းအောင်းနေသဖြင့် ငရဲသို့ရောက်ကြ သည်ဟု အကြောင်းသုံးချက်ကိုဟောထားပါသည်။ အဋ္ဌကထာနှင့် ဋီကာ ဆရာများသည် ဤသုတ်၏ အကျယ်ကို မဖွင့်ဆိုပြပါ။

သတ္တမ၀တ္ထုတွင် ရဟန်းတော်များအား ဟောတော်မူသည်မှာ သံဝေဂဥာဏ်ဖြစ်စေရန် ဖြစ်ပါသည်။ သာသနာ့ဝန်ထမ်း ရဟန်းဘ၀သည် သာသနာတော်ကိုထောက်ပံ့သူ လူပုဂ္ဂိုလ်များအပေါ်တွင် အမှီပြုကြရပါသည်။ရေမြင့်မှ ကြာတင့်ဆိုသလိုပင် လူမျိုးနှင့်မြင့်မှ သာသနာတော်လည်း တင့်ပါမည် ။င်ငံတော်မှ ချီးမြှောက်မှ သာသနာတော်၏ အဆင့်အတန်းသည်လည်း တက်ပါမည်။ သို့သော် သာသ နာတော်သည်နှစ်ထောင့်ငါးရာကျော် ခရီးလျောက်ခဲ့ရာတွင်ခေါက်ရှာငှက် ပျံသန်းသလိုပင် သာသ နာတော်ခရီးသည်လည်း နိမ့်တုံမြင့်တုံ ရှိလှပါသည်။ အဓိကအရေးကြီးသည်မှာ ကိုယ်ကြုံဆုံ ရာခေတ် ကာလနှင့် ဘ၀တွင် သာသနာတော်၏ တာဝန်ကိုကျေပွန်စေရန်သာဖြစ်ပါသည်။ ဗုဒ္ဓခေတ်က ရဟန်းတော်တစ်ချိုသည် ကမ္မဋ္ဌာန်းတရား အားထုတ်မည် စိတ်ကူးဖြင့်ကျေးလက်တောရွာသို့ သွားခဲ့ကြ ရာ ပထမတစ်လတွင် အဆင်ပြေခဲ့ပါသော်လည်း ဒုတိယလမှစ၍ အဆင်မပြေခဲ့ကြပါ။ ဘုရားရှင်ထံ သို့ပြန်လာခဲ့ကြပြီး အကျိုးအကြောင်းကိုလျောက်ထား ခဲ့ကြသော အခါတွင် ခဏကောင်းကို လွတ်သွားသူ သည် ဘ၀ကောင်းကို လွတ်သွားသူဖြစ်ပေသည်။ သာသနာတော်နှင့် ကြုံရခြင်းသည် ခဏကောင်း ပင်ဖြစ်တော့သည်။ မည်သို့သောလောကဓံနှင့် ကြုံကြသည်ဖြစ်ပါစေ အရာရာကိုကျော်လွှားစေရန် နည်းလမ်းရှိရပါမည်။ ရဟန်းတော်များလည်း သတိရကြပြီး သံဝေဂစိတ်ဖြင့် ကြိုးစားကြပေရာ သူတို့ သည် ဘုရားရှင်၏ တရားကောင်းကို နာကြားခဲ့ရသဖြင့် ရဟန္တာများဖြစ်ခဲ့ကြပေသည်။

မရှက်သင့်သည် အရာဝယ် မရှက်ရ၊ ရှက်သင့်သည့် အရာဝယ် ရှက်တတ်ရပေသည်။ သို့မှ သာလျင် အကျိုးများမည်ဖြစ်ပေသည်။ ဤနည်းတူ အပြစ်ရှိသည်ကို အပြစ်ဟုထင်တတ်ရမည်ဖြစ်ပြီး အပြစ်မရှိသည် ကိုလည်း အပြစ်ကင်းသည်ဟု သိကြရပေမည်ဟု အဋ္ဌမနှင့် န၀မ၀တ္ထုများတွင်ဟောေ တ်ာမူပါသည်။ နိဂဏ္ဍနှင့် တိတ္တိတို့ကို ရည်ရွယ်ပြီးဟောတော်မူခြင်းဖြစ်ပါသည်။ သူတို့သည် အ၀တ်ဝတ် သည်ကို အပိုအလုပ်ထင်ပြီး အ၀တ်မ၀တ်ကြသူများ ဖြစ်သကဲ့သို့ပင် သူတို့၏ ဘာသာဝင်များသည်လည်း ဗုဒ္ဓထံလာရမည်ကို ရှက်ကြောက်နေကြပါသည်။ ဘုရားရှိခိုးခြင်း၊ တရာနာခြင်းကို ရှက်သူ၏ သန္တာန်ဝယ် မာယာဦးစီးသော လောဘစိတ်များ ဖြစ်နေမည်မှာ သေချာပေသည်။

ဤနိရယ၀ဂ္ဂတွင် စာမျက်နှာ (၁၂)၊ ၀တ္ထု (၉)၊ (၁၄) ဂါထာရှိပြီး အဖွင့်ခံဂါထာမှာလည်း ဂါထာ အားလုံးပင် ဖြစ်ပါသည်။

ဆောင်းပါးမှတ်စုများ

၁။ ခုဒ္ဒကနိကာယ၊ ၀ိနယ ပါရာဇိကပါဠိတော်၊ ၂။ သံယုတ္တနိကာယ၊

၃။ ဒီဃနိကာယ၊ သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ၊ ၄။ ဓမ္မပဒအဋ္ဌကထာ

၅။ အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ တတိယပဏ္ဏာသက၊ ပထမအနုရုဒ္ဓသုတ္တ၊

၆။ လောကနီတိ ၇။ မဃဒေ၀လင်္ကာသစ်

စာရေးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိထိုက်သည်များကို သိစေရန်ဖြစ်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်၊

တောင်ကိုရီးယားနိုင်ငံ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP