* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, May 31, 2011

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (နာဂ၀ဂ္ဂ)

ဆောင်းပါးအမှတ်စဉ်(၂၃)

ဘုရားအလောင်း၏ ဖွားဖက်တော်ခုနှစ်ဦးတွင် ဆင်ရတနာ ပါဝင်သည်ဟု ယူဆသော ပါဠိကျမ်း တစ်စောင်ရှိပါသည်။ ဆင်ကိုပါဠိလို ဟတ္ထိဟု အသိများကြပါသည်။ နာဂ၊ ဂဇ၊ ကုဉ္စရ စသဖြင့် အဓိပ္ပါယ် ဆင်တူသော ပါဠိစကားလုံးများလည်း ရှိပါသည်။ရှေးခေတ်က ဘုရင်များ၏ ရတနာများတွင် ဆင်သည် ထိပ်ဆုံးမှ ပါဝင်ပါသည်။ စစ်ရေးတွင်ဆင်သည် အဓိက အသုံးဝင်ပါသည်။ မြတ်ဗုဒ္ဓက “ငါသည် စစ်မြေပြင် တွင် တိုက်ပွဲဝင်နေသော ဆင်ပြောင်ကြီးအလားဖြစ်သည်။ အရပ်လေးမျက်နှာမှ ကျရောက် လာသောလေး ၊ မြှားတို့၏ ဒဏ်ကို ကြံ့ကြံ့ခံပြီး ထွက်မပြေးရန် လိုသကဲ့သို့ပင် သီလမရှိသော လူအများစု၏ စွပ်စွဲချက်များ ကိုလည်းပြေလည်သည်အထိ သည်းခံဖြေရှင်းရန် တာဝန်ရှိသည်” ဟု ဓမ္မပဒ (အပ္ပမာဒ၀ဂ် နှင့် နာဂ၀ဂ်တွင်) မိန့်တော်မူချက် ရှိပါသည်။ တစ်ဖန် ဘုရင်တို့ ထိုင်သောနေရာ (ခုံ) ဖြစ်သည့် ပလ္လင်ကို အနိမ့်၊ အမြင့်ပမာဏ ကိုလိုက်၍ (၃) မျိုး ခွဲခြားနိုင်ပြီး ၁၆တောင်ရှိသော မဟာပလ္လင်၊ ၈တောင်ရှိသော မဇ္ဈိမပလ္လင်၊ ၄ တောင် ရှိသောစူဠပလ္လင်တို့ဖြစ်သည်။ ပလ္လင်တစ်ခုတွင် ခြင်္သေ့ ၊ ဆင်ပျံ ၊ လောကနတ် ၊ ဒေါင်းမြီး ၊ ယပ် ၊ ဆင်နား ၊ တံခါးတိုင် ၊ သိကြားကိန္နရာ ၊ သမ္မာဒေ၀ ၊ ခြူး ၊ ကြာ ၊ ဦးဆောက်ပန်း ဟူ၍ (၁၂) နေရာရှိသည်။ ထိုအရေး ကြီးသော ပလ္လင်တွင်လည်း ဆင်သည် တစ်ခုအနေနှင့် အပါဝင်ဖြစ်သည်။ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ် ရာသီခွင်တွင်လည်း ဆင်ရုပ် ပါဝင်သည်။ မြန်မာမှုလက်ရာများတွင်လည်း ဆင်ရုပ်ကနေရာယူ ပါသည် ။နိုင် ငံတော်သုံးငွေကို ထုတ်ရာတွင်လည်း ဆင်ရုပ်ကိုပင် အသုံးပြုပါသည်။ မြန်မာ့စစ်တုရင်ကစားနည်းသည် လွန်ခဲ့သောနှစ်ပေါင်း (၁၃၀၀) ကျော်ခန့်မှစ၍ အိန္ဒိယနိုင်ငံတွင် ခေတ်စားခဲ့သော ကစားနည်းဖြစ်သည်။ ထိုမှတစ်ဆင့် ကမ္ဘာ အရပ်ရပ်သို့ပြန့်နှံ့ခဲ့ကာ မြန်မာနိုင်ငံသို့ အေဒီ (၈)ရာစုတွင် ရောက်ရှိခဲ့ သည်။ထို့ကြော င့် မြန်မာ့စစ်တုရင်သည် အပြည်ပြည် ဆိုင်ရာစစ်တုရင်ထက်စာပြီးပေါ်ပေါက်လာခြင်းဖြစ်သည်ဟုသိရပါသ ည်။စစ်တုရင် ကစားနည်း၏မူလအမည်မှာ “စတုရင်္ဂ” ဖြစ်ပြီး စစ်အင်္ဂါလေးပါး (ဆင်၊ မြင်း၊ ရထား၊ခြေလျင် တပ်ဖွဲ့များ) ဖြင့် စစ်ထိုးသဏ္ဍာန်ပြု ကစားရသော ကစားနည်းဟု အဓိပ္ပါယ်ရသည်။ “စတုရင်္ဂ”မှ “စတုရင်”၊ “စစ်တုရင်”အဖြစ် ပြောင်းလဲ သုံးနှုန်းခဲ့သည်ဟု အဆိုရှိပါသည်။ မြန်မာနိုင်ငံ၌ အင်းဝခေတ်တွင် နန်းတွင်း ပ ညာရှင်များသည် စစ်တုရင်ကို ကစားနေခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရပါသည်။ စစ်တုရင် သည်ရှေး ယခင်က မင်းညီမင်းသား၊ မှူးမတ်ဗိုလ်ပါတို့၏ စစ်ဗျူဟာခင်းကျင်းတိုက်ခိုက်ရာတွင် ထက်မြက် ကျွမ်းကျင် ရန်နှင့် အပေါင်းအသင်းများအတွင်း ကိုယ်ရည်၊ ကိုယ်သွေးယှဉ်ပြိုင်ကာ အပျင်းလည်းပြေရန်လေ့ကျင့် က စားရသောတော်ဝင် ကစားနည်း တစ်ခုဖြစ်ပါသည်။ အရောင်မှာ အနက်ရုပ်၊ အနီရုပ်များဖြစ်ပြီး မင်းကြီး၊ စစ်ကဲ၊ ဆင်၊ ရထား၊ မြင်း၊ နယ်ဟု အရုပ်များ (၆) မျိုးပါဝင်သည်။ စစ်တုရင် ကစားရုပ်များမှာ စုစုပေါင်း (၃၂)ရုပ်ဖြစ်ပါသည်။ အခြားနေရာတွင်လေ့လာပါက ရုပ်သေးကပွဲ၊ ပါစမြဲ၊ ထုတ်ဆွဲ ၂၈-ရုပ်ဟူသည်နှင့် အညီရုပ်သေးပြပွဲ စီမံရာ၌လည်း အဘိဓမ္မာလာ မဟာဘုတ် ၄-ပါးကိုစွဲ၍ ၀န်ရုပ် ၄-ပါးနှင့် ဥပါဒါရုပ် ၂၄- ပါး ကိုစွဲ၍ အခြားရုပ်များ ၂၄-ရုပ်၊ ဤသို့လျှင် ရုပ်တရား ၂၈-ပါးအရ အရုပ်ပေါင်းလည်း ၂၈-ရုပ် ဖြစ်သည် ဟု ဆိုထားပါသည်။ ထိုတွင် ကပ္ပါပြု၊ မြင်းမိုရ်တောင်ကို မူတည်၍ နတ်ကတော်ရုပ် အဦးထွက်ပြီး နတ်ကတော် ရုပ်၊မင်းရုပ်၊ဆင်ရုပ်၊ကျားရုပ်၊ ဆင်ထိန်းရုပ်၊ ဘီလူးရုပ်၊ ကုမ္ဘဏ်ရုပ်၊ ကြက်တူရွေးရုပ်၊ ငှက်ရုပ်၊ ဂဠုန်ရုပ် ၊(၁၀) နဂါးရုပ်၊ ဇော်ဂျီရုပ်၊ သေဋ္ဌေးရုပ်၊ စုန်းမရုပ်၊ နတ်ရုပ်၊ နေရာထိုင်ခင်းရုပ်၊ ရှင်ဘုရင်ရုပ်၊ ရွှေနန်းဆက် မိဖုယားရုပ်၊ မင်းသားလတ်ရုပ်၊ မင်းသားနုရုပ်၊(၂၀) မင်းသ္မီးရုပ်၊ သံချိုလက်စွဲတော်ရုပ်များ၊ သံပျက် လက်စွဲ ရုပ်များ၊ မင်းကြီး သက်တော်ရှည်ရုပ်၊ ရွှေတိုက်ဝန်ရုပ်၊ ၀န်ထောက်ရုပ်၊ ဂုတ်ဝန်ရုပ်၊ (၀ါ) မြို့တော်ဝန်၊ ပုဏ္ဏား(၀ါ) ဆရာတော်ရုပ်ပုံ။ (၂၈) ခုတွင် ဆင်ရုပ်ပါဝင်သည်။ အသောကမင်းရေးထိုးထားခဲ့သော ကျောက် စာတိုင်ထိပ်တွင်ရှိ အရုပ်ကြီးလေးခုမှာ ၁။ခြသေ့င်္ရုပ် ၂။ဆင်ရုပ် ၃။မြင်းရုပ် ၄။နွားရုပ် အားဖြင့်လေးမျိုး တို့ဖြစ်ပါသည်။ အများအကျိုးကိုဆောင်ရွက်လို၊ ခြင်္သေ့လို၊ ကျင့်ရမည်။ ယုံငယ်မှာလည်း၊ မလျှော့ဘဲ၊ အမြဲ ခုန်အုပ်သည်။ လုံ့လကဲကဲ၊ မလျှော့ဘဲ၊ အမြဲလုပ်ရမည်ဟု ခြင်္သေ့ရုပ်ကို အဓိပ္ပါယ်ဖွင့်သကဲ့သို့ပင် အများ အ ကျိုးကို၊ဆောင်ရွက်လို၊ ဆင်လိုကျင့်ရမည်။ လက်နက်မှန်လည်း၊ မလျှော့ဘဲ၊ စစ်ပွဲဆင်နွှဲသည်။ဘာဘဲကြုံ ကြုံ ၊ကိုယ်မဖြုံ၊ သက်လုံကောင်းရမည်စသဖြင့် ဆင်ရုပ်၏ အဓိပ္ပါယ်ကိုလည်းဖွင့်ပြပါသည်။နွားနှင့်မြင်းတစ်ကော င်ချင်းစီ၏ အရေးပါပုံကိုလည်း ဖေါ်ပြထားပါသည်။

ယနေ့ခေတ်တွင်လည်း ဆင်သည် သစ်များကို ဆွဲယူရာတွင်ဖြစ်စေ၊ ကမ္ဘာလှည့်ခရီးသည်များကို ဖြေဖျော် ရာတွင်ဖြစ်စေ၊ ဘာသာရေးနှင့်ဆိုင်သည့် ပွဲတော်တွင်ဖြစ်စေ၊ အားကစားကဏ္ဍတွင်ဖြစ်စေ၊ လက်ဝတ် ရတ နာဈေးကွက်တွင်ဖြစ်စေ၊ အရေးပါနေဆဲဖြစ်ပါသည်။

ဤနေရာတွင် နာဂ (ဆင်) နှင့် ပတ်သက်၍ ဓမ္မပဒအဋ္ဌကထာကမူ နာဂဟူသောပါဠိစကားလုံးကို သွယ် ၀ိုက်အဓိပ္ပါယ် ဆင်နှင့်ဖြစ်စေ ( နာဂေါဝါတိ ဟတ္ထီဝိယ)၊ တိုက်ရိုက်အဓိပ္ပါယ် ရဟန္တာနှင့်ဖြစ်စေ အသုံးပြု ပါသည်။ နာဂဟူသော စကားလုံးသည် ဦးနာဂစသဖြင့် အမည်ပြကိုလည်း သုံးစွဲပါသည်။ ကမ္မ၀ါစာ ရွတ်ဖတ် ရာတွင် (နာ ဂေါစ၊ ဒတ္တောစ စသဖြင့်) ရွတ်ဆိုပါသည်။

ပထမ၀တ္ထုတွင် အဆိုးဆုံးအတွက် ရင်ဆိုနိုင်ရန် သိထားရမည့် ဆဲရေးခြင်းဆယ်မျိုးကို ဖေါ်ပြရာတွင် သူခိုး၊ လူညံ့၊ တွေဝေသူ၊ ၀ှက်တတ်သူ၊ နုတ်သီးလှန်သူ၊ နွားကြီး၊ မြည်းလိုသတ္တ၀ါ၊ ငရဲကောင်၊ တိရစ္ဆာန်၊ အပါယ်စာ၊ နတ်ပြည်မရောက်မည့်သူတို့ ဖြစ်ပါသည်။ ယင်းဆယ်ချက်ဖြင့် ရဟန်းတော်များကို ဆဲရေးရန် ဥတေနဘုရင်ကတော် မာဂဏ္ဍီမိဘုရားကစေခိုင်းခဲ့ပါသည်။ ဆွမ်းခံကြွနေသော ဘုရားအမှူးရှိသည့် သံ ဃာတော်များသည် ထိုဒဏ်ကိုခံခဲ့ရပါသည်။ သောတာပန်အဆင့်မျှသာရှိသေးသော အရှင်အာနန္ဒာကဤမြို့ မှထွက်ပြေးရန် ဘုရားရှင်ထံလျောက်ထားသောအခါတွင် တိုက်ပွဲဝင် အာဇာနည်ဆင်ကဲ့သို့ပင် အရှုံး မပေး ဘဲ ပြဿနာပြီးဆုံးသည်အထိ သည်းခံဖြေရှင်းတတ်ရန် လိုကြောင်းမိန့်တော်မူပါသည်။ ဆဲလာကြသော လူ များလည်း သည်းခံသော လက်နက်ဖြင့် တိုက်ပွဲဝင်ခဲ့ကြသော ဘုရားရှင်၏ ဘက်တော်သားများဖြစ် လာခဲ့ ကြပါသည်။ မာဂဏ္ဍီမိဘုရားက စေခိုင်းခြင်းမှာ အငြိုးထားသော စိတ်ကြောင့်ဖြစ်ပါသည်။

ယနေ့ခေတ် သွားလာရေး ခရီးစဉ်များက စုံလင်ကြပါသည်။ ငွေကြေးပြည့်စုံသူများက ဒေါ်လာငွေ သန်းချီပေး၍ လကမ္ဘာပေါ်ထိပင်ခရီးသွားနေကြပေကြရာမြေပြင်ပေါ်ရှိရေကြောင်းသင်္ဘောခရီး၊မော်တော် ကားခရီးစဉ်တို့သည်ပင် မျက်နှာငယ်ကြရမည့် အနေအထား ဖြစ်နေပါသည်။ သို့ကလိုပင် ခရီသွားလာရေး သည် လွယ်ကူလှပေသည်။ သို့သော်လည်း တစ်နေ့လုပ်အားခ တစ်ဒေါ်လာတွင် မရရှာကြသော (Below the the line of poverty ) ဆင်းရဲတွင်းနက် လိုင်းအောက်တွင် ရှိနေကြသော ထောင်ပေါင်းများစွာသော လူသား ထုကြီးမှာမူ အာရှ၊ အာဖရိက တောင်အမေရိက တစ်ခွင်တွင် လက်ညိုးထိုး၍ မလွဲနိုင်အောင်ပင် ရှိနေသည်။ သူတို့သည်လည်း ခရီးသွားရန် အိပ်မက်များ မက်နေကြပေလိမ့်မည်။ မည်သူမဆို မက်နိုင်သည့် အခွင့် အရေးရှိကြပေသည်။ တစ်ချို့ ခရီးသွားအိပ်မက်များ မက်ဖူးကြပေမည်။ မည်သူမှ မမက်ဘူးသော အိပ်မက် တစ်ခုရှိသည်ဟု ဆိုငြားအံ့မည်သည့် အရာဖြစ်လေမည်နည်း။ အဋ္ဌကထာဆရာပြောပြသည့် “အဂတဒိသ ”ခရီးစဉ် ဖြစ်ပါသည်။ ယင်းခရီးစဉ်ကို အရည်အသွေးရှိသူများသာ ရောက်နိုင်ပါသည်။ ပြည့်စုံရမည့် အရည် အချင်းမှာ အရိယာမဂ်ဥာဏ်သာဖြစ်ပါသည်။ အစိရ၀တီမြစ်ဘေးနားတွင် ဆင်ဆရာကို နည်းလမ်းပေး ခဲ့သည် ရဟန်းတော်များကို ဘုရားရှင်က သင်တို့သည် ဆင်ကို တုတ်ဖြင့်ထိုးပြီး လိုရာသို့သွားစေရန် ဆင်ဆရာကို နည်းလမ်းပေးခြင်းထက် ကိုယ်တိုင် ယဉ်ကျေးသူများ ဖြစ်ရမည်ဟု ဟောကြားပါသည်။ သို့မှ သာမိမိတိုလို့ရာ အိပ်မက်တွင် မည်သူမျှ မမက်ဘူးသေးသော အဂတဒိသခေါ် နိဗ္ဗာန်ခရီးစဉ် ကိုရောက် မည်ဖြစ်ကြောင်းမိန့်တော်မူပါသည်။

မှန်ကန်သော ဘာသာအယူဝါဒတွင် မိသားစုအားလုံး တစ်စိတ်တည်း ရှိကြသည်ဆို လျှင်ပျော်စရာကောင်းလှပေပြီ၊ သူတို့သည် ဘာသာဝင်အဖြစ်ထက် သာလွန်ပြီး အဆင့်မြင့် အရိယာ များ ဖြစ်လာခဲ့ကြသည် ဆိုပါလျှင် အထူးဆိုဖွယ် မရှိတော့ပြီ။ ဘုရားရှင်လက်ထက်တွင် ထိုမိသားစုမျိုး ရှိခဲ့ဖူး သည်။သားလေးယောက်ရှိသော ပုဏ္ဏားသူဋ္ဌေးကြီးသည် သူ့ဇနီးကွယ်လွန်သော် ပိုင်ဆိုင်မှုများကို နည်းနည်း ချန်ထားပြီး အားလုံးကို သားလေးယောက်တို့အား ဝေငှပေးခဲ့ပါသည်။ သူတို့သည် ဖခင် အားပြု စုချင် ဟန်ဆောင်ခဲ့ကြပြီး ချန်ထားခဲ့သော နည်းနည်းကို ထပ်ပြီး ခွဲယူခဲ့ကြပါသည်။ သူတို့၏ အိမ်တိုင်းတွင်နေ ထိုင်ခွင့်ပေးခဲ့ပါသည်။ ချွေးမလေးယောက်တို့က အတူတူရခဲ့ကြသည်ဖြစ်သဖြင့် အမွေကို ပို၍ မပေးသော ပုဏ္ဏားကြီးကို ပို၍ လိုချင်စိတ်ရှိကြသောချွေးမ အားလုံးက အမြင်မကြည်လင်ခဲ့သဖြင့် ပစ္စည်းလည်းဆုံး၊ အိမ်ပိုင်ဆိုင်မှုလက်မဲ့ ဖြစ်ခဲ့ရပေသည်။ သူသည် ဘုရားထံရောက်ခဲ့ပြီး အကျိုးအကြောင်းကို ပြောပြခဲ့ရာ ပု ဏ္ဏားကြီး၏ ရပိုင်ခွင့်ကို ဘုရားရှင်ကထောက်ပြပြီး ဂါထာငါးပုဒ်ကို သင်ပေးခဲ့ပါသည်။ ဘုရားထံရောက် ခဲ့ရခြင်းမှာမျက်မှောင် မကြုတ်ခြင်း၊ မျက်နှာထားကောင်းခြင်း၊ စကားကောင်းကို ပြောဆိုတတ်ခြင်း၊ စကား ချိုသာခြင်းဟူသောကောင်းဂုဏ်ကိုကြားရသဖြင့်ရောက်လာခဲ့ပါသည်။ ပုဏ္ဏားကြီး၏ ရပိုင်ခွင့်ကို ဘုရားရှင် ကထောက်ပြခြင်းမှာ ထိုခေတ်က ထုံးစဉ်လာတစ်ခုမှာ မိဘအမွေစားပြီး မိဘကို မလုပ်ကျွေး ပါ ကသေဒဏ်စီရင်ပိုင်ခွင့်ကို သိသောကြောင့်ဖြစ်ပါသည်။ အကြံပြုချက်အတိုင်းဆောင်ရွက်ခဲ့ရာ ရပိုင် ခွင့်အား လုံးကို ခံစားခွင့်ရှိခဲ့ပါသည်။ ဖခင်၏ ခွင့်လွှတ်မှုဖြင့် သားသမီးများချွေးမများ သေဒဏ်မှ လွတ်ခဲ့ကြပါသည်။ မိတ်ဆွေ အဖြစ်သဘော ထားခဲ့သော ပုဏ္ဏားသည် ဘုရားရှင်အား အကျိုးအမြတ်ကို တစ်ဝက်ခွဲပေးပါသည်။ အဆုံးတွင် သူတို့လေးဦးအိမ်သို့ ဆွမ်းခံကြွရင်းဖြင့်ပင် သာသနာပြု တရားဟောတော်မူခဲ့ရာ သူတို့အားလုံး ၀မ်းနည်းမျက်ရည်ကျခဲ့ကြပါသည်။ သို့သော် ထိုအချိန်တွင် တရားထူး မရနိုင်သေးသဖြင့် အချိန်စောင့် ဆိုင်းပြီးနောက်တွင် တရားဆက်ဟောတော်မူခဲ့ရာ အဆင့်မြင့် အရိယာများ ဖြစ်ခဲ့ပါသည်။ ယနေ့ခေတ်တွင် လည်းဓမ္မကထိကပင့်ပြီး တရားနာခဲ့ကြသူများသည် ခွဲခါနီးတွင် သံယောဇဉ်ဖြင့် မျက်ရည်ကျခဲ့သည့် အဖြစ် အပျက်များတွေ့ခဲ့ဖူးရာ တရားထူးကို သိသည်မဟုတ်သေးကြောင်း ဤတတိယ၀တ္ထုကို နည်းမှီပြီး မှတ် သားကြရပါမည်။

ဆွမ်းစားရာတွင် ဆင်ခြင်၍ သုံးဆောင်ရမည့် ၀ိနည်းစည်းကမ်းပိုင်းရှိသလိုပင် ဘုဉ်းပေးရာတွင် လက်တွေ့ကျင့်ရမည့် နည်းမှာ ဆွမ်းလုတ်ငါးလုတ်စာခန့်မျှ ရေသောက်ရန်အတွက် ချန်ထားပြီး သုံးဆောင် သင့်ကြောင်း ဘုရားရှင်က ဟောတော်မူပါသည်။ စားသူ၏ ပါးစပ်တွင်းသို့ ကျီးနိုက်စား၍ ရလောက်အောင်၊ စားသူ ၀တ်ဆင်ထားသော အ၀တ်ပုဆိုးကျွတ် ကျလောက်အောင် အဆင်ခြင်မဲ့သုံးဆောင် စားသောက် နည်းမျိုး မပြုလုပ်ရန်လိုပါသည်။ကောသလဘုရင်သည် ပွဲတော်တည်ရာတွင် နာမည်ဆိုးထွက်ပါသည်။ ထိန၊ မိဒ္ဓ ဖြစ်ရခြင်းမှာ အစားအသောက်ကြောင့် ဖြစ်ပါသည်။ ယခုခေတ်တွင် အစားအသောက်ကြီးပြီး ၀သော သူ များကို ၀က်ပုတ်ဟုခေါ်သည့်နည်းတူရှေးခေတ်ကလည်း မဟာဝရာဟ (အစားကြူးပြီး တလှိမ့်လှိမ့် လူးနေကာဝက်ခြံအပြင်ဘက် မထွက်နိုင်သော အိမ်မွေးဝက်) ဟုခေါ်ပါသည်။ သတိရှိကာ၊ အတိုင်းအရှည်သိ ပါ၊ရောဂါလည်းနည်းမည်၊ အစာစားရာတွင်လည်းကျေညက်မည်ဟူသော သတိပေးစာကို ဘုရင်ပွဲတော် တည်ကာနီးအချိန်တိုင်းတွင် ရွတ်ဆိုပေးရန် သူ၏တူဖြစ်သူ ဒီဃနခအား ဘုရားရှင်က သင်ပေးခဲ့ပါသည်။ လက်တွေ့လိုက် နာသဖြင့်ဘုရင်သည် သမင်လိုက်ရန်တောကစားထွက်ရာတွင် လျှင်မြန်လာသကဲ့သို့ပင် ခန္ဓာကိုယ် အလေးချိန်လည်း ကျလာခဲ့ပါသည်။ အစားအသောက်ကို ဆင်ခြင်သဖြင့် အရာရာတွင် ချမ်းသာ များရလာခဲ့သည်ဟု စတုတ္ထ၀တ္ထုက ဖေါ်ပြပါသည်။

ပဉ္စမ၀တ္ထုတွင် အသက်တစ်ရာ့နှစ်ဆယ်ရှည်ခဲ့ပြီး အကျော်အမော် ဓမ္မကတိက တစ်ပါးဖြစ်ခဲ့သော သာနု အမည်ရှိသော မထေရ်ကြီးတစ်ပါး၏ ငယ်စဉ်က ဘ၀ဖြစ်စဉ်အကြောင်းကို သိရပါသည်။ တစ်ဦးတည်း သော သားဖြစ်ခဲ့သောသူသည် ငယ်ရွယ်စဉ်က ရှင်သာမဏေဖြစ်ခဲ့ပါသည်။ သီလပြည့်စုံသူ၊ တပည့်ကျင့် ၀တ်နှင့့် ပြည့်စုံသူ တစ်ပါးဖြစ်ခဲ့ပါသည်။ ပင်ပန်းမှုကို ပဓာနမထားဘဲ တရားဟောလေ့ရှိပါသည်။ ကုသိုလ်အစုစုကို တမလွန်ဘ၀သို့ရောက်ပြီးခဲ့သော မိခင်ဘီလူးမအား အမျှပေးဝေလေ့ရှိပါသည်။ သာနုကိုရင်၏ တရားဟော သည်ကို နှစ်သက်လက်ခံကြသော နတ်များက သာနု၏ မိခင်ဟောင်း ဘီလူးမအား နေရာပေး ခဲ့ကြပါသည်။ ကိုရင်သာနုသည် တစ်နေ့တွင် လူဝတ်လဲချင်စိတ် ပေါ်လာခဲ့ပြီး မိခင်လိုချစ်ခင်သော အမျိုး သမီးကြီး ကိုပြောပြခဲ့ပါသည်။ မိခင်လိုခင်မင်သော သူမကကောင်းနိုးရာရာ ဆွမ်းနှင့် ဆွမ်းဟင်းများကို ချက်ကျွေးပါ သည်။ ထိုအချိန်တွင် သာနု၏ မိခင်ဟောင်း ဘီလူးမက ကိုရင်ပျောက်နေသဖြင့် စူးစမ်းခဲ့ရာ လူထွက်ချင် စိတ်ဖြစ်နေသောကိုရင်၏ စိတ်အကြံအစည်ကိုသိခဲ့ပြီး ကိုရင်ထံ ၀င်ပူးခဲ့ပါသည်။ နတ်များ ၏နေရာပေးမှု ကိုခံခဲ့ရသော ဘီလူးမသည်နေရာပျောက်မှာ စိုးရိမ်သည်ကတစ်ကြောင်း၊ ကုသိုလ် ရစေချင်သည်က တစ် မျိုးဖြင့်ပူးဝင်ခဲ့ခြင်းဖြစ်ပါသည်။ လူ့ဘ၀၏ အပြစ်များကိုပြသပြီး မိခင်နှစ်ဦး၏ ကြိုး စားမှုကြောင့် သာနုသာ မဏေသည် အသက်တစ်ရာ့နှစ်ဆယ်အထိပင် သာသနာ့တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ စိတ်ဟူသည် အာရုံအမျိုးမျိုးအပေါ် ကျရောက်လေသဖြင့် ဆင်ရိုင်းကို ချွှန်းဖြင့် လိမ္မာစေရသကဲ့သို့ပင် စိတ်ရိုင်းကိုလည်း သတိတည်းဟူသော ချွှန်းဖြင့်အုပ်ပြီး ဥာဏ်ဦးစီးဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။

ဆဋ္ဌမ၀တ္ထုတွင် ကြိုးစားအားထုတ်ရန် တိုက်တွန်းထားသည်မှာ နွံတွင်နစ်မြုပ်နေသော ဆင်တစ်ကောင် သည် သူ့တွင်ရှိနေသော ခြေ၊ လက်တို့ဖြင့် ရုန်းကန်ပြီး နွံမှလွတ်မြောက်ရန် ပြုလုပ်သကဲ့သို့ပင် မိမိကိုယ်ကို ထိန်းသိမ်းလိုသော လူများသည် သတိဦးစီးပြီး ကြုံတွေ့နေရသော အာရုံအမျိုးမျိုးကို စိတ်ကဖြစ်နေ ချင်သည့် အတိုင်းမဖြစ်စေဘဲကောင်းသည့် စိတ်ဖြစ်ပွါးစေ ရန်စောင့်ရှောက် သင့်သည် ဟုဟောတော်မူပါသည်။နွံ တွင်နစ်နေသော ဆင်ကို ကယ်တင်နိုင်ရန် စစ်မြေပြင်တွင် တီးခတ်သော စစ်ချီသံတေးသွားများကို တီးခ တ်စေခြင်းဖြင့် မာနစိတ်ဓာတ်တက်ကြွစေခဲ့ကာ နွံမှရုန်းထွက်စေခဲ့ပါသည်။ ကောသလဘုရင်၏ အစီအမံကို ရဟန်းတော်များက ဘုရားရှင်ထံလျောက်ထားသော် ယူရမည့် သင်ခန်းစာကို ထုတ်ပြတော်မူပါ သည် ။လျောက်တင်ကြသော ရဟန်းတော်များအားလုံး ရဟန်းကိစ္စပြီးစီးကြပါသည်။ ရဟန်းကိစ္စပြီးစီး သည်ဆို သည်မှာရဟန္တာဖြစ်ခြင်းကိုဆိုပြီး ပါဠိတွင် ကတံ ကရဏီယံ နာပရံ ဣတ္ထတာယ၊ (ပြုစရာကုန်ပြီ၊ ဆက်ပြီး ပယ်စရာ ကိလေသာမရှိ) ဟုသုံးစွဲပါသည်။

သတ္တမ၀တ္ထုတွင် ဆင်တစ်ကောင်၏ အမှတ်သညာ ကောင်းပုံကို သတိပြုမိပါသည်။ ဆင်သည် ဘုရားရှင်ကို တာဝန်ကျေစွာ အလုပ်အကျွေးပြုသဖြင့် ဘုရားရှင်က မိတ်ဆွေဟု အသိအမှတ်ပြုပါသည်။ ပါလိလေယျကဆင်ဟုနာမည်ရသော ဆင်သည် သာမန်ဆင်ကဲ့သို့ပင် အထင်ခံရပါသည်။ ဘုရားဖူး ကြွလာကြသည့် အရှင်အာနန္ဒာအမှူးရှိ ရဟန်းငါးရာက ဘုရားဂုဏ်၊ ရှင်ဘုရင်ဂုဏ်ရှိသော နူးညံ့သော ဘုရားရှင်၏ ဘ၀ကို အလုပ်အကျွေးမရှိသဖြင့် ဆင်းရဲမည်ဟု ထင်မှတ်ကြပါသည်။ ပါလိလေယျကဆင် ကစောင့်ရှောက်မှုတွင် လိုလေသေးမရှိအောင်ဆောင်ရွက်ပါသည်။ အကင်းပါးသောဆင်က ကျင့်ဝတ်ကို မှတ်သားနေမိပါသည်။ ဥပမာ ကျင့်ဝတ်နားလည်သော မည်သူမဆို သူတို့၏ ပိုင်ဆိုင်သည့်ပစ္စည်းကို ဘုရားရှင်သီတင်းသုံရန် ရည်စူးသည့်နေရာတွင် အဆင့်တူ တင်ထားခြင်း မရှိဟူသော မှတ်သား မှုဖြစ်ပါ သည်။ ယနေ့ခေတ် လူများသည်လည်း ဘုရားစဉ်ရှိရာ ပလ္လင်စသည့် နေရာတွင် ပစ္စည်းများ မတင်မိစေရန် သိပါမှ မိမိတို့၏ လိုက်နာရမည့် တာဝန်ကျေပါမည်။ အရှင်အာနန္ဒာသည် ကျင့်ဝတ်ပြည့်စုံသူဖြစ်ခဲ့လေသဖြင့် ဆင်မှတ်သားထားသော အရည်အချင်းကို မှီသူဖြစ်ခဲ့ပါသည်။ ဆင်သည် ဆောင်ရွက်စရာ ကိစ္စများကို ပြီပြည့်စုံစေသကဲ့သို့လူသားတို့သည်တာဝန်ကိုယ်စီပြည့်စုံအောင်ဆောင်ရွက်ခြင်းဖြင့်လောကအကျိုးကိုဆောင်

ရွက်နိုင်ကြပါသည်။

အဋ္ဌမ၀တ္ထုတွင် ယနေ့ခေတ်တွင် နိုင်ငံရေးကို ရဟန်းတော်များဆောင်ရွက်သင့်၊ မသင့် ၀ါဒကွဲပြား ကြပါ သည်။ အကြောင်းမှာ ပြည်သူများကို ချမ်းသာစေလိုသောကြောင့်ဆောင်ရွက်သင့်သည်ဟုဝါသနာ ပါသူများ ကအကြောင်းပြကြပါသည်။ သူတို့ပြသော ပါဠိများမှာ အဋ္ဌကထာပါဠိမှ ဇာတ်လမ်းများ ဖြစ်ဖွယ်ရှိပါသည်။ ပါဠိတော်အကိုးအကားမှာ မိဘကိုကောင်းစွာလုပ်ကျွေးကြရပါမည်။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာ သာဝက တို့ကိုရိုသေသူသည်လောကအကျိုးကိုဆောင်ရွက်သူဖြစ်ပါသည်။ ထိုအသိမျိုး လူတိုင်းတွင် မရှိနိုင်ပါ။ ထိုအ သိမျိုးရှိအောင်ဟောပေးကြရပါမည်။ တန်ဖိုးကြီးရတနာကို ဆင်မြန်းချင်စိတ် ရှိသကဲ့သို့ သီလကိုလည်းေ စာင့်ချင်လာအောင်၊လောက၊ သံသရာကောင်းကျိုးအတွက်ဆောင်ရွက်ချင်သော ထက်သန်သော ယုံကြည် မှုရှိလာအောင်၊ မကောင်းကျိုးဖြစ်လာမည့် အစီအမံများကိုသိပြီး ပယ်စွန့်စေရန် ဦးဆောင်၍ဆောင်ရွက် တတ်ရပါမည်။ သို့မှသာလျှင် ရေရှည်ကောင်းကျိုးရပေမည်။

ဘုရားရှင်လက်ထက်က အုပ်ချုပ်သူများလည်း ယနေ့ခေတ်လိုပင် အဆိုး၊ အကောင်းရှိခဲ့သည် သာဖြစ်ပေသည်။ပြည်သူတွေကို မသတ်သော အစိုးရ၊ပြည်သူတွေကို အနိုင်အထက်မလုပ်သော အစိုးရ ၊ပြည်သူတွေကို စိုးရိမ်စိတ်ဖြစ်စေသောအစိုးရ မရှိအောင် သနားစိတ်ဝင်လာခဲ့စဉ် နည်းလမ်းကို ရှာဖွေနေ သည့် ကာလတွင် မာရ်နတ်က ဘုရားရှင်ကို အ၀တ်ချွတ်ပြီး တိုင်းပြည်အုပ်ချုပ်ပေးရန် ပြောဆိုခဲ့ပါသည်။ ဘုရားရှင်က လက်မခံသော်လည်း ဆက်လက်ပြီး အရှင်က စွမ်းနိုင်ပါသည် ပကတိ ရိုးရိုးတောင် ကြီးကိုပင် လျှင်ရွှေတောင်ကြီးဖြစ်အောင်ဆောင်ရွက်နိုင်စွမ်းရှိပါသည်။ ကျွန်ုပ်ကလည်းငွေအားရှိသမျှ တိုင်းပြည်အ တွက်ပုံအောပေးပါမည်ဟု ဆိုခဲ့ဖူးပါသည်။ ထိုအခါဝါဒမတူကြောင်း သံယုတ်ပါဠိတော်တွင်ဟောထား ပြီးလောကကြီးပွါးရေးအတွက် သီလ၊ သဒ္ဓါ၊ ပညာတို့ အရေးပါကြောင်းဟောတော်မူပါသည်။

ဤနာဂ၀ဂ္ဂတွင် စာမျက်နှာ (၁၉)၊ ၀တ္ထု (၈) ခု၊ (၃၂) ဂါထာရှိပြီး အဖွင့်ခံဂါထာမှာ (၁၄) ဂါထာရှိပြီး (၁၈) ဂါထာများမှာ အဖြည့်ခံ ဂါထားများဖြစ်ကြပါသည်။ အများအားဖြင့် ပထျာဝတ္တဂါထာ (ရှစ်လုံဖွဲ့) များဖြစ်ကြပါသည်။ အဋ္ဌကထာဆရာက အကိုးသာဓကပြသော ကျမ်းများမှာ ဓမ္မပဒအဋ္ဌကထာ ပထမအုပ်၊ သံယုတ္တပါဠိ၊ ခုဒ္ဒကနိကာယ၊ အင်္ဂုတ္တရနိကာယ အဋ္ဌကထာ၊ ပတွဲ၊ ၀ိနည်းမဟာဝဂ္ဂပါဠိတို့ ဖြစ်ကြပါသည်။

ဆောင်းပါးမှတ်စုများ

၁။ သံယုတ္တနိကာယ၊

၂။ ခုဒ္ဒကနိကာယ၊

၃။ ၀ိနယပိဋက၊မဟာဝဂ္ဂ၊

၎။ အင်္ဂုတ္တရနိကာယအဋ္ဌကထာ၊

၅။ ဓမ္မပဒအဋ္ဌကထာ၊


စာရေးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိထိုက်သည်များကို သိစေရန်ဖြစ်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်၊

တောင်ကိုရီးယားနိုင်ငံ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP