နုတ်မဆက်ချင်လည်းခွဲရမှာပါ
အိန္ဒိယသို့ရောက်ချိန်အတွင်း ရထားတဲ့အခွင့်အရေးလို့ဆိုတဲ့ အင်တာနက်အသုံးပြုခွင့်ကတော့ အပြည့်အ၀ ရခဲ့ပါသည်။ ထို့ကြောင့်ပင် မိမိ၏ဆိုက်လေး ဒေါ့ကွန်သက်တမ်း တစ်နှစ်ထပ်တိုးပြီး ပို့စ်များကို တင်ခွင့်ရေးသားခွင့်ရခဲ့ပါတယ်။ အမိမြန်ပြည်ဆိုလျှင် အခုလောက်လည်း ရေးသား ခွင့်မရတော့ပါဘူး။ အင်တာနက်အခြေအနေနှင့် စာရိုက်ဖို့အချိန်ရှိသော်လည်း အော်တိုမိတစ်ဖြစ်နေတဲ့ အမိပြည်ရဲ့လျှပ် စစ်မီးဒုက္ခ။ စာအုပ်မှာကြမ်းရေး၍ အင်တာနက်ကဖေး ဆိုင်တွင် သွားရောက်၍ စာရိုက်ရအောင်ကလည်း မလွယ်ကူလှတော့ စာရေးခြင်းကို မျက်နှာ လွဲထားရတော့သည်။
အကြောင်းတိုက်ဆိုင်လို့ ရေးသားထားသော စာလေးတွေကို ဘလော့သို့ရောက်ရှိအောင် ခန္တီတရား လက်ကိုင်ထားကာ တင်ရတော့သည်။ အမိပြည်အင်တာနက် ကွန်နရှင်အကြောင်း သိကောင်း စရာခေါင်း စဉ်ဖြင့်တော့ ရေးသားရန်လိုမယ်မထင်။ ထိုအထဲ သံဃာတော်များ အင်တာနက်ဆိုင်ကို အသုံးပြုလျှင် မျက်စိတောက်ထောက်ကြည့်နေသည့် လူများကလည်း မနည်းလှ။ အချို့သောဒကာ၊ ဒကာမများကလည်း ရဟန်းတော်များကို အင်တာနက်သုံးလျှင် အာပတ်သင့်နေသလိုလို သူတို့ထင်နေကြသည်။ ထိုအကြောင်း အရာကို ကိုရင်လေးရှင်းပြ ပြောဆိုရသည်မှာ လေးယောက်လောက်ကြုံခဲ့ဖူးပါသည်။
သြော်.. မျက်စိဖွင့် နားစွင့်ဆိုတဲ့ခေတ်ကြီးမှာ မျက်စိမှိတ် နားပိတ်သူတွေကို ရှင်းပြရတာတော့ မလွယ်ကူ လှပေ။ အကြောင်းအရာရှိလို့ မဖြစ်မနေသုံးရလျှင်လည်း အချိန်အနည်းငယ်သုံး၍ လှည့်ပြန်ရတော့သည်။ တစ်ခါတလေရေးထားတဲ့ စာလေးတွေတင်ချင်တာတောင် အခက်တွေ့ ရတော့သည်။ ဘလော့သို့ ၀င်ရောက်လျှင်လည်း အမိပြည်က ကျော်ခွတက် မှရသည်။ ကျော်ခွ တက်သောအတက်ကား တက်ရသေး သည်။ ရေးထားတဲ့စာလေး တွေတော့ အဆုံးရှုံးမခံချင် ဘလော့တင်ရတဲ့အချိန်နှင့် အီးမေးဖွင့်ရတဲ့ အချိန် နှိုင်းစာလိုက်တော့ ဘလော့တင်ရတဲ့ အချိန်ကား မိနစ်အတော်ကြာကြာစောင့်ရသည် ထို့ကြောင့် ရေး ထားတဲ့စာ လေးတွေကို အစိမ်းရောင်လွင်ပြင် မချောသို့ပို့ကာ အကူညီတောင်းရတော့သည်။ ဘလော့ကာ ချင်းအပြည့်အ၀ပင် ကူညီပေးသည်။ ထို့ကြောင့်သာ အမိပြည်ကနေကြိုးကြား ကြိုးကြား စာရေးချင် စိတ်လေးဖြစ်ရသည်။
ကိုရင်လေး ခရီးစဉ်အတွင်းမှာ တစ်သက်မှတစ်ခါဆိုသလိုရလိုက်တဲ့ အတွေ့အကြုံဗဟုသုတ များစွာကို ရလိုက်ရသည်။ ကျောင်းကိစ္စအတွက်ရဖို့ကို လုံးပမ်းရခြင်း၊ အတွေ့အကြုံနှင့် ပေါင်းသင်းဆက်ဆံလိုက်ရသည့် မိတ်ဆွေတို့အထံမှ ရလိုက်သည့် သင်ခန်းစားကား တစ်သက်တာအတွက် အမှတ်ရစရာတွေဖြစ်နေ ခဲ့တော့မည်။ ဟိုယခင် သီရိလင်္ကာနိုင်ငံမှာ ကျောင်းတက်နေစဉ်အတွင်း မိတ်ဆွေနှင့်ပတ်သက်၍ ပို့စ်တစ်ပုဒ်ရေးသားခဲ့ဖူးပါသည်။ ယခုအခါမှာတော့ ပို့စ်တင်ဖို့မသင့်တော်သည့် အနေမှာ ရှိသောကြောင့် ရေး သားဖို့ ချန်လှစ်ခဲ့ရပါသည်။
မိတ်ဆွေဟူ၍ လူမိတ်ဆွေရယ် ရဟန်းမိတ်ဆွေရယ်ဆိုပြီး နှစ်မျိုးနှစ်စား တွေးထင်နိုင်ပါသည်။ အဓိကအကြောင်းနှင့် အကျိုးဆက်အဖြစ် ကိုရင်လေးတို့ တွေ့ကြုံနေရသည်မှာတော့ ရဟန်းမိတ်ဆွေက အများဆုံးပင်ဖြစ်ပါသည်။ အထက်ပါဆိုလိုချက်သည်လည်း ရဟန်းမိတ် ဆွေသူငယ်ချင်းကိုသာ ဆိုလိုပါသည်။ လူမိတ်ဆွေကား ကိုရင်လေးတို့ရဟန်းဘ၀မှာတော့ ဥပသကာ ဥပသိကာမဟူသော ဘာသာရေးရှုထောင့်က ကြည့်၍ပြောဆိုဆက်ဆံရသည်။ ရဟန်းမိတ်ဆွေမှာတော့ ညီအကို သူငယ်ချင်းအဖြစ်နဲ့ ထိတွေ့ပြော ဆိုရပါသည်။ ထိုခရီးစဉ် တစ်လျှောက်မှာ အခက်ခဲများစွာကို ကြုံတွေ့နေရတိုင်း စကားဖြင့်တစ်ဖုံ အခြားသော နည်းဖြင့် တစ်ဖန် ပြေလည်မှုရစေရန် ကူညီမှုများပေးသည့် မိတ်ဆွေရဟန်း တော်များ ရှိသလို၊ မိတ်ဆွေ ဟူသောခေါင်းစဉ်ဖြင့် မထိုက်တန်သည့် ရဟန်းမိတ်ဆွေတို့လည်း တွေ့ကြုံဆက် ဆံခဲ့ရသည်။
သြော်…. အတွေ့အကြုံဟူသည် ငွေဖြင့်ပေးဝယ်၍မရ ဟူသော ဆိုရိုးသည်မှန်စွတကား၊ ထိုအကြောင်း အရာမှန်သမျှသည် ငွေဖြင့်ဝယ်လို့ ရလိုက်သည်မဟုတ်ပါ။ လောကမှပေး လိုက်သည့် အတွေ့အကြုံများ ပင်ဖြစ်ပါသည်။ ကိုရင်လေးအခုလိုရေးလိုက်လို့ စာရှုသူတစ်မျိုး ထင်စရာများဖြစ်လေမလား။ ရဟန်းသည် လည်းပုထုဇဉ်ပါပင်မဟုတ်ပါလော။ ပုထုဇဉ်မှန်က အပြစ်ဟူ၍ကား မကင်းကြသည်သာ။ ထိုပုထုဇဉ်ဝန်းကျင် ကိုဆိုလိုပါသည်။ အားလုံးသော စာဖက်သူများကိုလည်း လာလည်ခြင်းများအတွက် အားတက်စေခဲ့ရပါတယ်။ စာရေးချင်စိတ် ဆိုတာ စာဖက်သူက တွန်းအားပေးနေတာပါ။ အခုတော့ ခေတ္တမျှ (အချိန်ကြာချင်ကြာသွား မည်) ခွဲခွါရပေဦးမည်၊ အဲဒါကြောင့် ကိုရင်လေးကပဲနုတ်ဆက်ချင်ပါတယ်……
Show/Hide
0 comments:
Post a Comment