မဇ္ဈိမပဏ္ဏာသပါဠိတော် စင်္ကီသုတ်
တရားတော်မှ လေ့လာမှတ်သားရသည့် မြတ်စွာဘုရားရှင်၏ အဆုံးအမများအား လွယ်ကူစွာ မှတ်သားနိုင်ရန် အတွက် အဆုံးအမ တစ်ချို့အား အကျဉ်းချုပ်၍ ဓမ္မဒါနအဖြစ် ဖြန့်ဝေပေးလိုက်ပါသည်။
- ဘုရားရဲ့ အဆုံးအမတိုင်း တစ်သွေမတိမ်းလိုက်နာကျင့်သုံးမှ ယုံကြည်သူ ဖြစ်သည်။
- ဘုရားဟောသည် သဘာဝအမှန်တရား ဖြစ်သည်။
- မြတ်စွာဘုရားရှင်၏ အဆုံးအမသည် ကံနှင့် ကံ၏ အကျိုးကို ယုံကြည်သည်၊ အကြောင်းတရားနှင့် အကျိုးတရားကို ယုံကြည်သည်။
- တရားကို လျှော်စွာ နှလုံးသွင်းနိုင်ရန် အမြဲမပြတ် လေ့ကျင့်နေရပါမည်။
- တရားကိုလျှော်စွာ နှလုံးသွင်းခြင်း(ယောနိသော မနသီကာရ) ရှိမှ
- စိတ်ဖြောင့်မတ် တည်ကြည်မည်။
- စိတ်ဖြောင့်မတ်တည်ကြည်မှ လောကဓံ (၈) ပါးကို ခံနိုင်မည်။
- လောကဓံတရား (၈)ပါးကို ခံနိုင်မှ အရိယာတို့ကဲ့သို့ နေနိုင်သည်။
- ဘုရားနှင့် ဘုရားသာဝကများသည် အကြောင်းတရားကို ရှာသည်။ အကြောင်း ရှာမှ အမှန်ရ။
- အကြောင်းရှာအမှန်ရမှ ဖြစ်သမျှအကြောင်းမကောင်း၊ ကောင်းအောင်လုပ်သည်။
သစ္စာကို စောင့်ရှောက်သူ
အဘယ်မျှသော အတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်ခြင်း ဖြစ်ပါသည်။
ဘုရားရှင်မှ သစ္စာစောင့်သူမှာ -
- ယုံကြည်ကာမျှဖြင့်လည်း အမှန်ဟု မဆိုနိုင်။
- နှစ်သက်ကာမျှဖြင့်လည်း အမှန်ဟု မဆိုနိုင်။
- တစ်ဆင့်စကားကြားကာမျှဖြင့်လည်း အမှန်ဟု မဆိုနိုင်။
- ယူဆထားကာမျှဖြင့်လည်း အမှန်ဟု မဆိုနိုင်ဟု အကြင်ယောက်ျားသည် သိလည်းသိပါသည်၊ နှစ်လည်း နှစ်သက်ပါသည်။
- တစ်ဆင့်စကားကြားခြင်းမှလည်း မှန်ပါသည်။
- ကိုယ်တိုင်ကြံစည်ခြင်းလည်း မှန်ပါသည်။
- ကိုယ်အယူအဆအားဖြင့်လည်း ကိုယ်ကိုယ့်တိုင်တော့ မှန်နေပြီ။
- အဲဒီလို မှန်နေတဲ့အတွက် ငါ့အယူအဆ အမှန် သူအယူအဆအမှားဟု ထိုပုဂ္ဂိုလ်က မဆိုပါ။
- ၄င်းယုံကြည်ချက်တွေသည် ကိုယ်တိုင်ပိုင်းခြား၊ ထိုးထွင်းသိထားတာတွေ မဟုတ်သေး၊ ဆရာစဉ်ဆက် ကြားနာခဲ့၍သာ သိရခြင်း ဖြစ်၍ ငါ့တို့အယူအဆသာ အမှန်၊ တစ်ခြားသော အယူဝါဒအမှားဟု ငါးပါး သော ယုံကြည်ချက်နှင့် ပြည့်စုံသူက မဆိုဘူး၊ ထိုသို့ မဆိုသူကို သစ္စာစောင့်ရှောက်သူဟု မြတ်စွာ ဘုရားမှ ပညတ်ပါသည်။
ဤမျှဖြင့် သစ္စာကို ထိုးထွင်း၍ သိခြင်းက မဖြစ်နိုင်သေး။
ဆရာတော်မှ တရားနာသူများအား အောက်ပါအတိုင်း ထပ်မံရှင်းလင်းပေးပါသည်။
ဆရာတော် တရားနာသူများ
- ခင်ဗျားတို့ သစ္စာတရားတွေ မနာရဘူးလား နာရပါသည်ဘုရား။
- နာရသလောက်ကော မသိဘူးလား သိပါသည်ဘုရား။
- သိသလောက်ကော မယုံကြည်ဘူးလား ယုံကြည်ပါသည်ဘုရား
- ယုံကြည်သလောက်ကော မကြိုက်ဘူးလား ကြိုက်ပါသည်ဘုရား။
- ကြိုက်သလောက်ကော ကြံစည် မကြည့်ဘူးလား ကြည့်ပါသည်ဘုရား။
- ကြံစည်သလောက်ကော မယုံဘူးလား ယုံပါသည်ဘုရား။
- အဲဒီအယူအဆတွေ ကံ ကံ၏ အကျိုးပေါ် အယူအဆ
ရှိ မရှိ အကြောင်းအကျိုးအယူအဆ ရှိ မရှိ ရှိပါသည်ဘုရား။
- ဒါပေမဲ့ သတိထားပါ။ ကိုယ့်တရားသာအမှန် တခြား
တရား အမှားဟု မပြောရဘူး၊ သစ္စာကို စောင့်ရှောက်
ရမည်။
ငါတို့ ဆရာသာအမှန် သူများဆရာအမှားဟု
ပြောအပ်ပါသည်လား။ မပြောအပ်ပါ ဘုရား။
ဗုဒ္ဓဘုရားရှင်၏ သာသနာသည် ကုသိုလ်ရရန် သက်သက်သာ မဟုတ်ဘဲ ဘ၀ သံသရာမှ လွတ်မြောက်ရေး အဓိကဖြစ်ပါသဖြင့် ဘ၀သံသရာမှ လွတ်မြောက် ရေးအတွက် ကြိုးစားရန် အလွန်အရေးကြီးပေသည်။
သစ္စာကို ထိုးထွင်းသိသူ
ကာပဋိက လုလင်က ဘယ်မျှအတိုင်းအရှည်ဖြင့် သစ္စာကို ထိုးထွင်း သိခြင်း ဖြစ်ပါသနည်း။
- ဘာရဒွါဇ . . . ဤသာသနာတော်၌ ရဟန်းတစ်ပါးသည် တစ်ခုခုသော ရွာကိုလည်းကောင်း၊ နိဂုံးကို လည်းကောင်း အမှီပြု၍နေသည် ဆိုပါစို့။ ထိုရဟန်းကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏ သားသည်လည်းကောင်း ချဉ်းကပ်၍ ထိုရဟန်းတွင် လောဘတရား၊ ဒေါသတရား၊ မောဟတရား ရှိပါ သလားဟု အရင်စုံစမ်းသင့်ပေသည်။
- လောဘတရားမရှိလျှင် ဒေါသတရား ရှိ-မရှိ၊ ဒေါသတရားမရှိလွင် မောဟတရား ရှိ-မရှိ၊ လောဘ တရား၊ ဒေါသတရား၊ မောဟတရား မရှိလျှင် သူ၏ ဟောကြားသည့် တရားများက နက်နဲမှု၊ သိမ်မွေ့မှု၊ နူးညံ့မှု၊ ပြေပြစ်မှု၊ အကျိုးဆောင်နိုင်မှု ရှိ မရှိ၊ ဒါတွေကို လေ့လာ စူးစမ်းပြီး သူ၏ ဟောကြားသည့် တရားတွေ၊ စကားတွေက နက်နဲတယ်၊ သိမ်မွေ့တယ်၊ သိနိုင်ခဲတယ်၊ ပညာရှိသူများသာ မြင်နိုင်တဲ့ တရားတွေဖြစ်တယ်ဆိုပြီး ယုံကြည်ရပြီဆိုလျှင် အဲဒီ ပုဂ္ဂိုလ်ထံတွင် ချဉ်းကပ်သင့်ပေသည်။
- လောဘတရားလွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလည်း သိ၏ဟု ဆိုလေရာ၏၊ မမြင်ဘဲလည်း မြင်၏ဟု ဆိုလေရာ၏။
- ရှည်မြင့်စွာ အကျိုးမဲ့စေမည့် ဆင်းရဲစေမည့် အရာကို သူတစ်ပါးတို့အား ဆောက်တည်စေရာ၏။
- လောဘတရားမျိုး မရှိသူ၏ ကိုယ်အမူအရာ၊ နုတ်အမူအရာသည် စင်ကြယ်နေပြီ ဆိုလျှင် -
ဟောကြားသည့် တရားသည်၊ နက်နဲရ၏၊ မြင်နိုင်ခဲ့ရ၏၊ ထိုးထွင်း၍ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ ကြံစည်၍ မရနိုင်။ သိမ်မွေ့၏ ပညာရှိသူတို့သာ သိနိုင်၏။
- လောဘတရားနည်းသူဟု ဆိုနိုင်ပါ၏။
- ဒေါသတရားကင်းသူ၊ မောဟတရားကင်းသူအဖြစ် ထပ်မံစူးစမ်းစိစစ်ကြည့်ပါ။
ပညာရှိဖြစ်ရှိလျှင် ဥာဏ်ရှိချင်လျှင်
- အကောင်းအဆိုး၊ အကြောင်းအကျိုး သိအောင် ကြိုးစားရပါမည်။
- အကြောင်းအကျိုး၊ ပိုင်းခြား သိအောင် ကြိုးစားရပါမည်။
- အမှား၊ အမှန် ပိုင်းခြား သိအောင် ကြိုးစားရပါမည်။
- ကုသိုလ်များတဲ့ လူလား၊ အကုသိုလ်များတဲ့လူလား သိရမည်။
- အကြောင်းအကျိုး လုံးဝ မသိတဲ့သူက သူများအား အပြစ်တင်တတ်သည်။
- သူတစ်ပါးပြော၍ သိသူက ကိုယ့်ကိုယ် အပြစ်တင်တတ်သည်။
- ဘာဝနာသိနှင့် - အကြောင်းနဲ့အကျိုး ပိုင်းခြားသိသူသည် မည်သူကိုမျှ အပြစ်မတင်တော့။ အကြောင်းနဲ့ အကျိုးသာ ဟူ၍ ဆင်ခြင်နေ၏။
- လောဘ၊ ဒေါသ၊ မောဟ ကင်းကြောင်း စူးစမ်းကြည့်၍ အထူးစင်ကြယ်ကြောင်း သိလျှင် ယုံကြည်မှု ရှိလာသည်။ ထိုရဟန်းပေါ်တွင် ယုံကြည်မှု တိုးပွားလာသည်။
ယတော နံ သမန္နသမာနော ၀ိသုဒ္ဓံ လောဘနီယေဟိ ဓမ္မေဟိ သမနုဿတိ။ ပ ။
ယတော နံ သမန္နေသမာနော ၀ိသုဒ္ဓံ ဒေါသနီယေဟိ ဓမ္မေဟိ သမနုဿတိ။ ပ ။
ယတော နံ သမန္နောသမာနော ၀ိသုဒ္ဓံ မောဟနီယေဟိ ဓမ္မေဟိ သမနုဿတိ အထ တမှိ သဒ္ဓံ နိဝေသေတိ၊ သဒ္ဓါဇာတော ဥပသင်္ကမတိ၊ ဥပသင်္ကမန္တော ပယိရုပါသတိ၊ ပယိရုပါသန္တော သောတံ သြဒဟတိ၊ သြဟိတသောတော ဓမ္မံ သုဏာတိ၊ သုတွာ ဓမ္မံ ဓာရေတိ၊ ဓာတာနံ ဓမ္မာနံ အတ္ထံ ဥပပရိက္ခတော ဓမ္မာ နိဇ္ဈာနံ ခမန္တိ၊ ဓမ္မနိဇ္ဈာနက္ခန္တိယာ သတိ ဆန္ဒော ဇာယတိ၊ ဆန္ဒဇာတော ဥဿဟတိ၊ ဥဿဟိတွာ၊ တုလေတိ၊ တုလယိတွာ ပဒဟတိ၊ ပဟိတတ္ထော သမာနော ကာယေန စေ၀ ပရမသစ္စံ သစ္ဆိကရောတိ၊ ပညာယ စ နံ အတိဝိဇ္ဈ ပဿတိ။ ဧတ္တာဝတာ ခေါဘာရဒွါဇ သစ္စာနုဗောဓော ဟောတိ၊ ဧတ္တာဝတာ သစ္စာမနုဗုဇ္ဈတိ။ ဧတ္တာဝတာ စ မယံ သစ္စာနုဗောဓံ ပညပေမ၊ န တွေဝ တာဝ သစ္စာနုပ္ပတ္တိ ဟောဟီတိ။
- ယုံကြည်မှုဖြစ်သည်ရှိသော် - ချဉ်းကပ်၏။
- ချဉ်းကပ်သည်ရှိသော် - ဆည်းကပ်၏။
- ဆည်းကပ်သည်ရှိသော် - နားထောင်၏။
- နားထောင်သည် ရှိသော် - နာယူ၏။
- ကြားနာသည် ရှိသော် - ဆောင်ထား၏။
- ဆောင်ထားသည် ရှိသော် - အနက်သဘောကို စူးစမ်းဆင်ခြင်၏။
- အနက်သဘောကို စူးစမ်းဆင်
ခြင်သည်ရှိသော် - တရားတို့သည် ရှုဆင်ခြင်ခြင်းငှါ
ခံ့ငြား၏။
- တရားတို့သည် ရှုဆင်ခြင်ခြင်းငှါ
ခံ့ငြားသည် ရှိသော် - အလိုဆန္ဒသည် ဖြစ်၏။
- အလိုဆန္ဒဖြစ်သည် ရှိသော် - အားထုတ်၏။
- အားထုတ်သည် ရှိသော် - နှိုင်းချိန်၏။
- နှိုင်းချိန်သည် ရှိသော် - ပြင်းစွာ အားထုတ်၏။
- ပြင်းစွာ အားထုတ်သည် ရှိသော် - စိတ်စိုက်၏။
- စိတ်စိုက်နေသည် ရှိသော် - ကိုယ်ဖြင့်လည်း မွန်မြတ်သော သစ္စာ
ကို မျက်မှောက်ပြုနိုင်၏။
- ကိုယ်ဖြင့် မွန်မြတ်သော သစ္စာကို
မျက်မှောက်ပြုသည်ရှိသော် - ပညာဖြင့်လည်း ထိုးထွင်းမြင်နိုင်၏။
ဤမျှအတိုင်းအရှည်ဖြင့် မဂ်ကို လျှော်စွာ သိခြင်းသည် ဖြစ်၏။.
မဂ်ကို လျှော်စွာ သိသူ ဖြစ်၏။
ဤမျှအတိုင်းအရှည်ဖြင့်လည်း သစ္စာကို လျှော်စွာသိခြင်းကို ပညတ်ပြောဆို ကုန်၏။
ဖိုလ်ကို မျက်မှောက်ပြုခြင်းသည်ကား မဖြစ်သေး။
အရှင်ဘုရား အဘယ်မျှ အတိုင်းအရှည်ဖြင့် ဖိုလ်ကို မျက်မှောက်ပြုခြင်း ဖြစ်ပါသနည်း။?
- ဘာရဒွါဇ ထိုတရားတို့ကိုသာလျှင် “ထုံခြင်းကြောင့်” “ပွားများခြင်းကြောင့်“ ကြိမ်ဖန်များစွာ လေ့လာခြင်းကြောင့် ဖိုလ်ကို မျက်မှောက်ပြုခြင်း ဖြစ်၏။ ဤမျှ အတိုင်းအရှည်ဖြင့် ဖိုလ်သို့ လျှော်စွာ ရောက်၏ ဖိုလ်ကို မျက်မှောက်ပြုခြင်းကို ပညတ်၏။
အရှင်ဘုရား ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြုပါသနည်း။?
- ဘာရဒွါဇ အားထုတ်ခြင်းသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြု၏။ အကယ်၍ ထိုမဂ်ကို အားမထုတ်ငြားအံ့၊ ဖိုလ်သို့ လျောက်ပတ်စွာ မရောက်နိုင်လေရာ၊ မဂ်ကို အားထုတ်ခြင်းကြောင့်သာ ဖိုလ်သို့ လျောက်ပတ်စွာ ရောက်နိုင်၏။ ထိုကြောင့် အားထုတ်ခြင်းသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာကျေးဇူးပြု၏။
အရှင်ဘုရား မဂ်ကို အားထုတ်ခြင်းအား အဘယ်တရားသည် များစွာကျေးဇူးပြု တတ်ပါသနည်း။?
- နှိုင်းချိန်ခြင်းက ကျေးဇူးပြု၏။
နှိုင်းချိန်ခြင်းကို ဘယ်တရားက ကျေးဇူးပြုပါသလဲဘုရား။?
- “ဆန္ဒ” သည် အားထုတ်ခြင်းအား များစွာ ကျေးဇူးပြု၏။
ဆန္ဒအား အဘယ်တရားသည် များစွာ ကျေးဇူးပြုပါသလဲဘုရား။?
- တရားတို့ကို စူးစိုက်ကြည့်၍ ကျေနပ်ခြင်းသည် များစွာ ကျေးဇူးပြု၏။
တရားတို့ကို စူးစိုက်ကြည့်၍ ကျေနပ်ခြင်းအား အဘယ်တရားသည် ကျေးဇူးပြုပါသလဲ ဘုရား?
- အနက်သဘောကို စူးစမ်းဆင်ခြင်ခြင်းသည် များစွာ ကျေးဇူးပြု၏။
အနက်သဘောကို စူးစမ်းဆင်ခြင်ခြင်းသည် အဘယ်တရားသည် ကျေးဇူးပြုပါသလဲ ဘုရား။?
- တရားကိုဆောင်ခြင်း၊ မှတ်ခြင်းသည် များစွာကျေးဇူးပြု၏။
တရားကို ဆောင်ထားခြင်း၊ မှတ်ထားခြင်းအား အဘယ်တရားသည် ကျေးဇူးပြုပါသလဲ ဘုရား။?
- တရားကို ကြားနာခြင်း၊ (နားထောင်ခြင်း) သည် များစွာ ကျေးဇူးပြု၏။
တရားကို ကြားနာခြင်းအား နားစိုက်ခြင်းသည် များစွာ ကျေးဇူးပြုပါသလဲဘုရား။?
- တရားနာခြင်းအား နားစိုက်ခြင်းသည် များစွာ ကျေးဇူးပြု၏။
နားစိုက်ခြင်းအား အဘယ်တရားက ကျေးဇူးပြုပါသလဲဘုရား။?
- ဆည်းကပ်ခြင်းသည် များစွာ ကျေးဇူးပြု၏။
ဆည်းကပ်ခြင်းတရားအား အဘယ်တရားသည် ကျေးဇူးပြုပါသလဲဘုရား။?
- ချဉ်းကပ်ခြင်းသည် များစွာ ကျေးဇူးပြုပါ၏။
ချဉ်းကပ်ခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုပါသလဲဘုရား။?
- ယုံကြည်မှုသဒ္ဓါပင် ဖြစ်ပါသည်ဟု မြတ်စွာဘုရားက အဆင့်ဆင့် တရားတွေကို အနုလုံ ပဋိလုံ ဟောတော်မူပါသည်။
ဒီနေရာမှာ ပုဏ္ဏားက ဘယ်လိုပြောသလဲဆိုတော့
အရှင်ဘုရား ကျွန်ုပ်တို့ မေးတိုင်း မေးတိုင်း ပြဿနာကိုပင် ဖြေကြားတော်မူခဲ့၏။ ထိုဖြေကြားချက်ကိုလည်း ကျွန်ုပ်တို့ သဘောလည်းကျပါ၏၊ နှစ်လည်း နှစ်သက်ကြပါ ၏။
ကျွန်ုပ်တို့သည် ရှေးအခါက အလကား ဦးပြည်း ရဟန်းယုတ်တို့သည် ကြွယ်ဝကုန်၏၊ မည်းညစ်ကုန်၏၊ ဗြဟ္မမင်း၏ ခြေမှ မွေးဖွားကုန်၏၊ အဘယ်မျှ တရားသဘောကို သိကြကုန်အံ့နည်းဟု အထင်မှားကြပါကုန်၏။
အရှင်ဂေါတမသည် ကျွန်ုပ်တို့အား ရဟန်းတို့၌ ရဟန်းဟူသော ချစ်ခြင်းကိုလည်းကောင်း၊ ကြည်ညိုခြင်းကို လည်းကောင်း၊ ရိုသေခြင်းကိုလည်းကောင်း လွန်စွာဖြစ်စေ၏။
အရှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါ၏။
ထို့ကြောင့်
တပည့်တော်များ အသက်ထက်ဆုံး ဘုရားကို ဆည်းကပ်ပါ၏။
တပည့်တော်များ အသက်ထက်ဆုံး တရားကို ဆည်းကပ်ပါ၏။
တပည့်တော်များ အသက်ထက်ဆုံး သံဃာကို ဆည်းကပ်ပါ၏။
ဗုဒ္ဓ၏ အဆုံးအမအောက်တွင် သက်ဝင်၍ ယုံကြည်ကြပါသည်။
ကာပဋိက ပုဏ္ဏားသည် သာသနာတော်အား အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ် တတ်သော ဥပါသကာအဖြစ် ခံယူလိုက်ပေ၏။
- ယနေ့ ကြားနာသော ဒေသနာတော်ကို အစဉ်နှလုံးသွင်း၍ မိမိတို့၏ မဂ်လမ်း၊ ဖိုလ်လမ်း ဖြောင့်တန်းကြပါစေ။
- မဂ်ဖိုလ်စန်းကို လျှောက်လှမ်းနိုင်ပါစေ။
- ဒီဘ၀၊ ဒီခန္ဓာကို ဒီတခဏမှာဘဲ လွတ်အောင် ရုန်း၍ နိဗ္ဗာန် မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်ကြပါစေ။
ဓမ္မဒါနအလှူရှင်
တရားနာ သူတစ်ဦး
0 comments:
Post a Comment