* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, May 31, 2011

ရှင်အတူ သေမကွာ နေလိုပါလျှင်



ခေါင်းစဉ်လေးကတော့ ကောင်းတယ်နော်...လူတို့သည် သံယောဇဉ်ကြိုး အနှောင်အတည်းများဖြင့် ခိုင်မြဲစွာ နေလိုသူများဖြစ်ပါတယ်။ သမုဒယ သံယောဇဉ်တရားကား ကမ္ဘာအစ၊ လူအစကပင် အထင်ကရ ၀မ်းတွင်းပါ တရားဖြစ်လေသည်။ ဆုတောင်းလျှင်တောင် ငှက်ဖြစ်လျှင် တစ်ကိုင်းတည်း၊ ဆင်ဖြစ်ရင် တကျွန်းတည်း၊ လူဖြစ်ရင် တစ်အိမ်တည်း၊ ကျွဲဖြစ်ရင်လည်း တအိုင်ထဲ စသည်ဖြင့် ဆုတောင်း စကားတွေ ကြွယ်လေ့ရှိကြတယ်။ ခွဲမနေချင်ကြဘူးပေါ့....တစ်စက္ကန့်လေးတောင်ခွဲမနေချင်တဲ့ သီချင်း၊ မျက်တောင်လေးတောင်မခတ်ခြင်တဲ့ သီချင်းတွေလည်း စသည်ဖြင့် ဖွဲဆိုပြီးလွမ်း ကြတယ်နော့်။

ရှင်အတူသေမကွာ ဇာတ်လမ်းများဖြစ်ရပ်မှန်များ မြောက်မြားစွာထဲက ကိန္ဒရာ ၊ ကိန္ဒရီ တစ်ညတာခွဲခွာရတာ နှစ်ပေါင်း ရ၀၀ ကွဲကွာ သွားရသကဲ့သို့ ခံစားရတဲ့ ဇတ်လမ်းဟာလည်း အားလုံးနည်းပါးသိပြီးကြပြီး ဖြစ်ပါတယ်။ အဲဒီလို မခွဲမခွာ နေလိုကြသူ တွေထဲမှာလည်း ဗုဒ္ဒဘုရားရှင်၏ ခမည်းတော် မယ်တော်များဖြစ်ခဲ့ကြဖူးသော နကုလပိတာ၊ နကုလမာတာ တို့လည်းပါ
ဝင်ခဲ့ကြတယ်။

တရံရောအခါက သံသုမာရဂိရမြို့မှာ နကုလပိတာ၊ နကုလမာတာ ပုဏေားကြီးနှင့် ပုဏေးမကြီးတို့၏ နေအိမ်သို့ မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးရန် ကြွသွားတော်မူ ပါတယ်။ထို ပုဏား ဇနှီးမောင်နှံမှာ သစ္စာရှိရှိ မေတ္တာပြည့်ပြည့်ဖြင့် ငယ်စဉ်ဘ၀ကပင် ကြင်နာယုယစွာ ပေါင်းသင်း ဆက်ဆံနေထိုင်ခဲ့ကြသူများဖြစ်သည်။ မြတ်စွာဘုရား ကြွလာတော်မူစဉ်...ဤကဲ့သို့ပင် နောက်နောင်သံသရာ ကျင်လည်ရာဘ၀ များစွာတို့၌ အတူတကွချစ်ခင်ကြင်နာစွာ ရှင်အတူသေမကွာ နေထိုင်လိုကြပါသည်...အရှင်ဘုရား မည်ကဲ့သို့ ကျင့်စဉ်တရားများကို ပွားများ ကျင့်သုံးရမည်နည်း ဟု မြတ်စွာဘုရား ထံ တောင်းပန်လျောက်ထားပါတယ်။

ထိုအခါ မြတ်စွာဘုရားက ယခုဘ၀မှာလည်း အစဉ်အမြဲ နောင်ဘ၀မှာလည်း အစဉ်တွဲနေထိုင် ရမည့် ရှင်အတူသေမကွာ အကြောင်းအရာ ကျင့်စဉ်ဒေသနာကို ဟောကြားချီးမြှင့်ပေးတော်မူပါတယ်။

(၁)တူညီသော သဒ္ဓါတရားရှိရမည်။
ဇနီးမောင်နှံတို့သည် ရတနာသုံးပါးအပေါ် အကြွင်းမဲ့ ယုံကြည်ခြင်း၊ ကံနှင့်ကံ၏ တရားများကို ယုံကြည်ခြင်းဟူသော သဒ္ဓါတရားတူညီရမည်။

(၂)တူညီသော သီလရှိရမည်။
ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းအပ်သည့် ငါးပါးသီလ၊ အသက်မွေးဝမ်းကျောင်း မှန်ကန်မှုအဓိကထားသော အာဇီဝဋ္ဌမကသီလ( ကာယကံသုံးပါး၊ ၀စီကံလေးပါးနှင့် သမ္မအာဇီဝဟူသော ရှစ်ပါးသီလ) ၊ ဥပေါသထ သီလဟူသော ရှစ်ပါး၊ ကိုးပါးဥပုသ်သီလများ စောင့်ထိန်းရာ၌လည်း တူညီရမည်။

(၃)တူညီသော စာဂဒါနရှိရမည်။
အလှူဒါနစာဂဟူသမျှကို စိတ်တူကိုယ်တူ ကြည်ဖြူစွာ ပြုရမည်။ မေပးကမ်းစွန့်ကြဲ ပြုကြရမည်။

(၄) တူညီသော ပညာရှိကြရမည်။
ဇနီးမောင်နှံနှစ်ဦးသည် အတူတကွ တရားနာယူရမည်မှတ်သားရမည်။တရားဆွေးနွေးရမည်။ သူတော်ကောင်းများကို အတူတကွ ဆည်းကပ်ရမည်။ မသိတာ ကို မေးမြန်းရမည်။ အတူတကွ တရားမှတ်ရမည် တရားအားထုတ်ရမည်။

ဤ သဒ္ဓါ၊ သီလ၊စာဂ ပညာဟူသော အကြောင်းလေးဖြာ ဓမ္မဒေသနာကို သေချာစွာကျင့်ကြံလိုက်နာ အတူတကွအားထုတ်ကြပါက ရှင်အတူသေမကွာ နေကြရမှာ ဖြစ်ကြောင်း ဟောကြားတော်မူခဲ့လေသည်။
ဆောင်ပုဒ်

-ဇနီးမောင်နှံ၊ ရာသက်ပန် ၊မြဲမြံနေလိုငြား။
-သဒ္ဓါ၊ သီလ၊ ကျင့်စာဂ၊ ဥာဏ(ပညာ)တူအောင်ထား။
-ခုရောနောင်ပါ၊ တူမကွာ၊ မေတ္တာမပျက်ပြား။
-သမဇီဝီ၊ သုတ္တန်မှီ ကျမ်းညီ မှတ်စေသား။
ညခင်း

တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP