* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, May 18, 2011

သာသနာတော်နှစ် ၂၅၅၅



မြန်မာသက္ကရာဇ် ၁၃၇၃- အတွင်းသို့ချင်းနင်းဝင်ရောက်လာသည်နှင့်အမျှ အမိမြန်မာတို့ ကိုးကွယ် အားထားရာ ဗုဒ္ဓ၏သာသနာတော်နှစ်သည်လည်း တစ်နှစ်တိုးလာခဲ့ပြန်သည်။ ထို့နေ့ထိုအချိန် အခါသည် ဗုဒ္ဓဘာသာဝင်တိုင်း မမေ့အပ် မမေ့သင့်သောနေ့ထူးပင်မဟုတ်ပါလော။

မနှစ်ကတော့ ကိုရင်လေး သီရိလင်္ကာနိုင်ငံတွင်ရှိနေခံပြီး ယခုနှစ်တွင် ဗုဒ္ဓ၏ ခြေရာများ အရိပ်တွင် ရောက်ရှိ ခိုနားလျှက်။ ချန်နိုင်းမြို့ မြန်မာကျောင်းတိုက်တွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ညောင်ရေ သွန်းပွဲတော်ကို ဆင်နွဲခွင့်ကြုံခဲ့ရသည်။ ကဆုန်လ၏ ထူးမြတ်နေ့တွင် ပို့စ်တင်ဖို့ ကြိုတင်စဉ်းစား ထားမိခဲ့သည်။ သို့သော် ပဋ္ဌာန်းပွဲတော်နှင့် ညောင်ရေသွန်းပွဲသို့ သွားရောက်ခဲ့ တော့ အင်တာနက် လိုင်းကား အဆင်မပြေဖြစ်နေ ခဲ့သည်။ ထို့ကြောင့် စိတ်ကူးခဲ့သည်လည်း အွန်လိုင်းပေါ်သို့ မရောက်တော့ပေ။ ဘာပဲဖြစ်ဖြစ် မိမိနေရာသို့ ပြန်ရောက်ရောက်ချင်းပင် ကဆုန်လပြည့်နေ့ အမှတ်တရအဖြစ် ကြိုးစား၍ ရှာဖွေရေးသား လိုက်ပါသည်။

ဗုဒ္ဓဆိုတာဘယ်သူလဲ?

ဗုဒ္ဓဆိုတာ ဗောဓိဉာဏ်တော်ကို ရပြီးသူဖြစ်ပါတယ်။ ဗောဓိဆိုတာကတော့ စံပြုရမယ့် ဉာဏ်အမြော်အမြင်၊ အကျင့်သီလတွေနဲ့ ပြီးပြည့်စုံတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုရပါတယ်။ ခရစ်နှစ်မပေါ်မီ ၆၂၃-ခုနှစ်က ခေတ်သစ် နီပေါနိုင်ငံအတွင်းတည်ရှိတဲ့ ကလိဝတ်ပြည်(ယခု နီပေါနိုင်ငံ ဗဒါရီးယား Padaria)အနီး လုမ္ဗိနီဥယျာဉ်မှာ သိဒ္ဓတ္ထလို့ အမည်ရတဲ့ အိန္ဒိယလူမျိုး မင်းသားတစ်ပါးကို ဖွားမြင်ခဲ့ပါတယ်။ ထိုနေရာကို အသောကဘုရင် ကြီးက ခရစ်မပေါ်မီ ၂၃၉-ခုနှစ်က ကျောက်တိုင်စိုက်ထူပြီး “ သဗ္ဗညုတရွှေဉာဏ် ရရှိခဲ့သူ အရှင်သူမြတ် ဤနေရာတွင် ဖွားမြင်သည်” လို့ ကမ္ဗည်းထိုးခဲ့ပါတယ်။

မယ်တော်မာယာဟာ သားတော်ကို ဖွားမြင်တော်မူပြီး ခုနှစ်ရက်အကြာ နတ်ရွာစံသွားခဲ့သည်။ သိဒ္ဓတ္ထမင်းသား ဟာ အဒေါ်ဖြစ်သည် (မဟာပဇာပတိ)ဂေါတမီရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ ပျော်ရွှင်ချမ်း ကြီးပြင်းခဲ့ပါတယ်။ ၁၆-နှစ် အရွယ်ရောက်တဲ့အခါ ဆွေမျိုးတော်စပ်သူ ဒေ၀ဒဟပြည့် ဘုရင်သုပ္ပဗုဒ္ဓမင်းရဲ့ သမီးတော် ယသော်ဓရာနဲ့ စုလျားရစ်ပတ် လက်ထပ်ကာ သားတော်တစ်ပါး ရာဟုလာကို ဖွားမြင်ခဲ့ပါတယ်။

၁၃-နှစ်တာ ကာလပတ်လုံး ဘ၀င်ချမ်းမြေ့စရာတွေနဲ့ အလှအပများကို တွေ့မြင်ခဲ့ရပြီး နန်းစည်းစိမ် ချမ်းသာနဲ့ နေခဲ့ရပါတယ်။ သည်လိုနဲ့ ၂၉-နှစ်အရွယ်ရောက်တဲ့အခါမှာ အမှန်တရားဟာ နေရောင်ခြည်လို ထွက်ပြူလို့လာခဲ့ ပါတယ်။ ‘အင်း ပဋိသန္ဓေနေရခြင်း၊ အိုရခြင်းနဲ့ သေခြင်းဆိုတဲ့ ဆင်းရဲဒုက္ခအပေါင်းကို သတွာမှန်သရွေ့ ဘယ်သူမှရှောင်ကွင်းလို့မရဘဲ၊ မလွဲဧကန် တွေ့ကြရမှာပါတကား ’လို့ သိရှိပြီး သံဝေဂများ ရခဲ့ပါတယ်။ သည်သံသရာ ၀ဋ်ဆင်းရဲအပေါင်းရဲ့ အစနဲ့ဘ၀ကလွတ်မြောက်ရာ အမှန်ကို ရှာကြံဖို့ အာသာဆန္ဒ ပြင်းပြခဲ့ပါတယ်။ ဒါ့ကြောင့် အလောင်းတော်ဟာ လူ့လောကကြီးကို စွန့်ခွါကာ၊ ရဟန်းဝတ်နဲ့ ခြိုးခြံစွာနေပြီး တရားဓမ္မများ ရှာပါတော့တယ်။

တရားဓမ္မကို ဦးစွာရှာဖွေရာမှာ ပထမဦးစွာ အာဠာရနဲ့ ဥဒကဆိုတဲ့ ပုဏားဆရာကြီး နှစ်ဦးထံ ချဉ်းကပ်ပါတယ်။ အာဠာရဟာ ရသေ့ကြီး ကပိလရဲ့နောက်လိုက်ဖြစ်ပြီး ဝေသာလီပြည်မှာ တပည့်တပန်း အများအပြားကို ဦးဆောင်နေသူဖြစ်ပါတယ်။ သူဟာ ၀ိညာဉ်ရဲ့ အရေးပါမှုကို အထူးပြုဟောကြားနေတဲ့ (ဒဿနဗေဒ)ကို ရှာဖွေတွေ့ရှိသူအဖြစ် ကျော်ကြားပါတယ်။ ၀ိညာဉ်တည်ရှိမှုကို မယုံကြည်သမျှသူရဲ့ သဘာဝတရားကို မကိုင်းညွှတ်ဘူးလို့ ခံယူထားပါတယ်။ ရုပ်ဒြပ်မဟုတ်ပေမယ့် အဆုံးအစမရှိတဲ့ ၀ိညာဉ်ကို မယုံကြည်သမျှ ဘ၀ကလွတ်မြောက်မှာ မဟုတ်ဘူးလို့လဲ ခံယူထားသူဖြစ်ပါတယ်။

ဘုရားအလောင်းတော်ဟာ ထိုအာဠာရရဲ့ စစ်မှန်တဲ့ ဘ၀လွတ်မြောက်ရေးဆိုတာကို မနှစ်သက်သဘော မကျတဲ့ အတွက် အာဠာရကို ဖယ်ခွာပြီး ဥဒကထံ ချဉ်းကပ်ပြန်ပါတယ်။ ဥဒကဟာလည်း အတ္တ၀ိညာဉ်ကို အကျယ်ချဲ့ပြီး ပြောကြားပြန်ပါတယ်။ သို့ပေမယ့် ကမ္မ (ကံ)ရဲ့ အကျိုးသက်ရောက်မှုနဲ့ သတ္တ၀ါများ သေလွန် တဲ့အခါ သည်ဝိညာဉ်ကြီးဟာ ရုပ်ခန္ဓာတစ်ခုက နောက်တစ်ခုကို ပြောင်းလဲဖြစ်တည်မှုသဘောကို အထူးပြုဟောကြားခဲ့ပါတယ်။

ဘုရားအလောင်းတော်ဟာ ကံ ကံ၏အကျိုးဆိုတဲ့သဘောတရားရဲ့ မှန်ကန်မှုကို တွေ့ရှိရစေမယ့် အတ္တ၀ိညာဉ်ရဲ့ ဖြစ်တည်မှုနဲ့ ပြောင်းလဲဖြစ်တည်မှု သဘောတရားကို လက်မခံမယုံကြည်တဲ့ အတွက် ဥဒကကိုလဲ စွန့်ခွါခဲ့ပြန်ပါတယ်။ ထိုကဲ့သို့ အလွန်ကျော်ကြားတဲ့ ဆရာများထံ ဘယ်လိုပဲချဉ်းကပ်ပေမယ့် သူလိုချင်တဲ့ တရားကို ဘယ်သူကမှ ပေးနိုင်စွမ်း မရှိကြပါဘူး။ ဒဿနိကပညာရှင်ဟု ခေါ်နေကြသူတွေဟာ အမှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့ ၊ မျက်မမြင်က အကန်းကို ဦးဆောင်နေသလို အမှန်တရားကို တကယ် မသိကြဘူးလို့ သိမြင်သွားခဲ့ပါတယ်။ နောက်ဆုံးတော့ အလောင်းတော်ဟာ ကောဏ္ဍညခေါင်းဆောင်တဲ့ ဥဒကရဲ့တပည့်ငါးဦး ရှိရာ ဂယာနားက ဥရုဝေလတောကို ရောက်ရှိသွားပါတယ်။ သည်ငါးဦးဟာ အာရုံများရဲ့ တပ်မက်မှု (လောဘ)ကို ချုပ်တည်းပြီး စိတ်ရဲ့ အလိုကို မလိုက်ဘဲ ပြင်းထန်စွာ ကျင့်ကြံအား ထုက်နေကြတာ ကို တွေ့ရှိပါတယ်။ သူတို့စိတ်အားထက်သန်မှုနဲ့ ဇွဲကြီးမားမှုကို ချီးကျူးပြီး ကိုယ်တိုင်စမ်းသပ်ပါတယ်။ အဲဒီအချိန်အခါက ၀ဋ်ဒုက္ခများမှ လွတ်မြောက်လိုလျှင် ခြိုးခြံစွာနေပြီး တကယ်ပြင်းထန်စွာ ကျင့်မှသာရမယ်လို့ ယုံကြည်ကြပါတယ်။

ထိုကဲ့သို့ ဘုရားအလောင်းတော် ခြိုးခြံစွာနေပြီး ပြင်းထန်စွာ ကျင့်ကြံအားထုတ်ပါတော့ တယ်။ ခြောက်နှစ် တာကာလပက်လုံး မအိပ်မနေ အဆက်မပြတ် အားထုက်လိုက်တာဟာ ကိုယ်ခန္ဓာ ကြီးသာ သစ်ကိုင်းခြောက် လို့ အသားတွေတွန်လိမ်ပြီး သွေးတွေခြောက်ခန်း အားအင်ကုန်ခမ်း လို့လာပါတယ်။ သည်လို အပင်ပန်းခံပြီး ကျင့်ကြံအားထုက်ပါလျက်နဲ့ မအောင်မြင်တဲ့အခါ အလွန် အဖိုးတန်တဲ့ သင်ခန်းစာကို ထုက်ယူရရှိ လိုက်ပါတယ်။

သည်လိုအဖိုးတန်တဲ့ သင်ခန်းစာကိုထုက်ယူလိုက်တဲ့အတွက် စိတ်အလိုကိုလိုက်ခြင်းနဲ့ ကိုယ်ကို ညှင်းပန်းခြင်းဆိုတဲ့ အစွန်းတရားနှစ်ပါးကို ရှောင်ပြီး လွတ်ကင်းတဲ့ လမ်းကိုလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ထိုအစွန်းနှစ်ပါးမှ လွတ်သော မဇ္ဈိမပဋိပဒါ လမ်းအတိုင်းလိုက်တော့မှ ဆင်းရဲဒုက္ခအပေါင်းရဲ့ အဆုံးတရား များကို ကောင်းစွာတွေ့မြင်လာပါတယ်။ သည်လိုသံသရာ ၀ဋ်ဆင်းရဲက လွတ်မြောက်ရာလမ်း ကတော့ မဂ္ဂင်ရှစ်ပါးတရားသာ ဖြစ်တယ်ဆို တာကိုလည်း သိမြင်လာပါတယ်။

လောကမှာ အထွဋ်မြတ်ဆုံးဘုရားဖြစ်တော်မူပြီး ဗာရာဏသီ မိဂဒါဝုန်တောတွင် ပထမဆုံး ဓမ္မစကြာ တရား ဒေသနာကို ဟောကြားတော်မူသည်မှ ၄၅-နှစ်တာ ကာလပတ်လုံး သာသနာ ပြုတော် မူပြီးနောက် နီပေါနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ကုသိနာရုံပြည်ဝယ် အရာခပ်သိမ်းတို့သည် ပျက်စီးခြင်းတရားနှင့် မကင်းကြ ပါကုန်၊ ကြီးစွာသော သတိတရားထား၍ ကြိုးစားအား ထုက်ကြပါကုန်လော့ ဟု နောက်ဆုံးတရား မိန့်ကြား ကာပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ပါတယ်။

ဒါ့ကြောင့် မြတ်စွာဘုရားတို့ဟာ လမ်းပြသူမျာသာဖြစ်ကြပါတယ်။ မိမိဘ၀ လွတ်မြောက်ဖို့ကတော့ မိမိတို့ ကိုယ်တိုင်လျှောက်လှမ်းကြဖို့ပဲရှိပါတော့တယ်။ မိမိဘ၀လွတ်မြောက်ဖို့ သူတစ်ဦးကို စောင့်မျှော်အား ကိုးခြင်းဟာ အချည်းနှီးပါပဲ။ မိမိတို့ကိုယ်တိုင် ကြိုးစားကြမှပဲ အောင်နိုင်ကြပါ လိမ့်မယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာနသုတ်မှာ မိမိသည် မိမိအတွက် မီးအိမ်ဖြစ်ပါလေ၊ မိမိကိုယ်သည်သာ မိမိခိုလှုံရာဖြစ်ပါလေ။ တရားဓမ္မကို မီးအိမ်အဖြစ် မြဲမြံစွာ စွဲကိုင်ပါလေ။ တရားဓမ္မကို ခိုလှုံရာအဖြစ် မြဲမြံစွာစွဲကိုင်ပါလေ။ မိမိမှတစ်ပါး အခြားသောသူအား ခိုလှုံရာ အဖြစ် မဖွေရှာလေနှင့်၊ အကြင်သူသည် မိမိအတွက် မီးအိမ်အလား၊ မိမိအတွက် ခိုလှုံရာအလား ဖြစ်ကြမူ၊ ဗောဓိဉာဏ်ကို ရှာကြံသောသူများအလား ဘ၀၏ ထိပ်ဆုံးသို့ မုချမသွေ ရောက်ကြ ပေအံ့ဟု မိန့်မှာတော်မူခဲ့ပါသည်။


ကောက်နုတ်ချက်
ဗုဒ္ဓတရားအဆီအနှစ်များ-ဦးသေဋ္ဌိလ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP