နိယာမ
အမှောင်နဲ့ အလင်း
အပူနဲ့ အအေး
အမှားနဲ့ အမှန်
အရှုံးနဲ့ အနိုင် ရှိနေလောက နိယာမပင်...
အမှောင်ကိုသိ အလင်းကိုထွန်း
အပူကိုသိ အအေးကိုရှာ
အမှားကိုသိ အမှန်ကိုပြင်
အရှုံးကိုသိ အနိုင်ကိုဆွတ် ထိုကဲ့သို့ပင်
အသေရှိလျင် မသေရာမှန် ရှိလိမ့်မည်မှာ ဧကန်ပင်...
အမှောင်ထဲနေ သိနေသူလဲ အလင်းရှိရာ ရောက်စမြဲပင် ဖြစ်လိမ့်မည်။
အပူကိုသိ လောင်မြိုက်သူသည် အအေးရှိရာ ခိုလှုံမည်မှာ သေအချာပင်ဖြစ်လိမ့်မည်။
မှားကို ဖော်ထုတ် တွေ့ရှိသူသည် အမှန်ဆီသို့ ဦးတည်မည်မှာ မလွဲမုချဖြစ်လိမ့်မည်။
အရှုံးကိုပိုင် သိလာရသော် ကြိုးစားဆွတ်မည် အနိုင်ကိုပင် ဖြစ်ချိမ့်မည်။
အသေကိုမြင် ရှု့သောသူလဲ မသေရာမှန် မြဲနိဗ္ဗာန်ကို ဧကန်မုချရောက်လိမ့်မည်။
မေတ္တာဖြင့်...
သန့်ဇင်
0 comments:
Post a Comment