* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, May 31, 2011

သူတို့စကား

The first thing that we have to do is to create a strong determination not to commit such evil deeds again but that itself is not enough, after that one should try to do more and more good deeds or meritorious by deeds by cultivating kindness, honesty, generosity, and proper understanding.
ပထမဆုံးအနေနဲ့ ကျွန်ုပ်တို့ ပြုလုပ်ရမှာကတော့ မကောင်းတဲ့အကုသိုလ်အမှုတွေကို မပြုလုပ်ဖို့ရန်အတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ မကောင်းမှု့ကို မပြုလုပ်တော့ပါဘူးဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို တည်ဆောက်ပြီးရုံနဲ့တော့ မပြည့်စုံ မလုံလောက်သေးပါဘူး။ မကောင်းမှုတွေကို မပြုလုပ်ဖို ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချပြီးတဲ့နောက်မှာ မှန်ကန်စွာနားလည်ခြင်းတွေ၊ စိတ်စေတနာကောင်းတွေ၊ ရိုးသားဖြောင့်မတ်ခြင်းတွေ၊ အကြင်နာတရားတွေကို ပြုစုပျိုးထောင်ပြီးတော့ ကောင်းမြတ်တဲ့ လုပ်ငန်းတွေ ချီးမွမ်းထိုက်တဲ့ လုပ်ရပ်တွေကို ပို၍ ပို၍ တိုးတိုးပြီးတော့ လုပ်ဆောင်သင့်ပါတယ်။ (ကေသရီဓမ္မာနန္ဒ)
When we have problem, instead of worrying, we must try to find out what is the cause of problem. While worrying, you never get the chance to get rid of worry, you develop your worry.
ကျွန်ုပ်တို့ အခက်အခဲပြဿနာတွေ ရှိလာတဲ့အခါမှာ စိုးရိမ်ပူပင်သောက ဖြစ်နေမယ့်အစား ဒီပြဿနာရဲ့ အကြောင်းအရင်းဟာ ဘာလဲဆိုတာကို ရှာဖွေဖို့ ကြိုးစားရပါမယ်။ စိုးရိမ်ပူပင်သောက ဖြစ်နေစဉ်မှာ သင့်ရဲ့အခက်အခဲပြဿနာတွေကို ဖယ်ရှားပစ်ဖို့အတွက် အခွင့်အရေး သင်ဘယ်တော့မှ ရရှိလိမ့်မယ် မဟုတ်ပါဘူး။ အဲဒီလို စိုးရိမ်ပူပင် သောက ဖြစ်နေခြင်းဖြင့် သင့်ရဲ့အခက်အခဲပြဿနာတွေကို သင်ကိုယ်တိုင် တိုးပွားအောင် ပြုလုပ်နေတာနဲ့ အူတူတူပါပဲ။ (မဟာယာန ဗုဒ္ဓဘာသာ ပညာရှင် အရှင်ဓမ္မကေသီ)
Among the founders of all religions in this world, I respect only one man; he is the Buddha (Burden Russel) ဟောဒီကမ္ဘာလောကကြီးထဲမှာရှိတဲ့ ဘာသာတရားအားလုံးကို ပြုစုပျိုးထောင်တည်ထောင်ခဲ့တဲ့ ဘာသာရေးခေါင်းဆောင်အားလုံးထဲမှာ ကျွန်ုပ် တစ်ယောက်သောသူကိုပဲ ရိုသေလေးစားမိပါတယ်။ အဲဒီသူကတော့ ဗုဒ္ဓမြတ်စွာပါပဲ။
“Buddhism would remain what it is even if it were proved that the Buddha never lived.”(Christmas Humphreys)
လောကမှာ ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ် မရှိခဲ့ဖူးဘူးလို့ သက်သေပြခဲ့နိုင်ရင်တောင် ဗုဒ္ဓဓမ္မကတော့ တည်ရှိနေဦးမှာပါ။
The more I know him the more I love him, the more I love him the more I know him. (Western Scholar)
သူ့အကြောင်းကို ပိုပြီးသိလာလေ သူ့ကို ပိုချစ်လာလေပါပဲ၊ သူ့ကို ပိုချစ်လာလေ သူ့အကြောင်းကို ပိုသိလာလေပါပဲ။
May I know what he was doing before he started to create Heaven and Hell?” this is very difficult question to answer. Then the speaker says “I think at that time he was creating Hell for those who ask this kind of question”
ငရဲဘုံနဲ့ နတ်ပြည်ကို စတင်မဖန်တီးခင် ဘုရားသခင် ဘာလုပ်နေခဲ့သလဲဆိုတာ ကျွန်ုပ်သိရပါစေ။ ဒီမေးခွန်းဟာ ဖြေကြားဖို့အတွက် သိပ်ကို ခက်ခဲတဲ့အရာတစ်ခုပါပဲ။ ပြီးတော့ ဟောပြောနေတဲ့သူက ပြန်ပြောလိုက်တယ်။ အဲဒီအချိန်တုန်းက( ငရဲဘုံနဲ့ နတ်ပြည်ကို စတင်မဖန်တီးခင်အချိန်က) ဘုရားသခင်ဟာ ဒီလိုမေးခွန်းမျိုးကို မေးတဲ့သူတွေအတွက် ငရဲဘုံကို ဖန်တီးနေတယ်လို့ ကျွန်ုပ်ထင်ပါတယ်။ (ဗဟုသုတ သက်သက်အတွက်ပါ)
စာရေးသူ နေ့စဉ် နားထောင်ဖြစ်တဲ့ ဒေါက်တာ အရှင် ကေသရီဓမ္မာနန္ဒရဲ့ ဘာသာရေးဟောပြောချက်များမှ သူတို့၏အဆိုစကားလေးတွေကို မျှဝေဖို့ စိတ်ကူးပေါ်လာတာကြောင့် ဒီစာစုလေးတွေ တင်ပေးလိုက်တာပါ။
(ဥယျာဉ်မှူးလေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP