* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, May 18, 2011

ဗုဒ္ဓနေ့အထိမ်းအမှတ် ဓမ္မစာအုပ်များ လှူဒါန်းပွဲ ( ၂ )


စာအောင်ဆုငွေ ၇၀၀၀ ထောင်လောက်နဲ့ စာအုပ် ၂ အုပ်ပဲ ၀ယ်နိုင်လိမ့်မယ်၊ အခုခေတ်လဲ ထိုနည်းတူတူပါ၊ စာအုပ်တအုပ်ကို ရှားပါးနေရင် မူရင်းဝယ်လို့ မရတော့ မိတ္တူ ဆွဲထား တာကို တစ်အုပ်ကို ၇ ထောင် ၈ ထောင်လောက် မတန်တဆ ပေးဝယ်နေရတယ်၊ ၁၅ အုပ်လောက်ဆို ဘယ်ေ လာက် ရှိမလဲ မတွေးရဲစရာပါ။တစ်ချို့ သာမဏေတွေများ ကိုယ့်ရှေ့က အောင်သွားတဲ့ ကိုယ်တော်တွေရဲ့ စာအုပ်ဟောင်းတွေကို တဆင့် ကိုင်ကြရတယ်၊
မြန်မာပြည်မှာ ထို စာမေးပွဲကို ဖြေဆိုနေသော သံဃာပေါင်း တစ်နှစ်တစ်နှစ် ၃၀၀၀ သုံးထောင် ကျော်ကျော် ရှိပါမည်၊ ပို့ချပေးသော ဘုန်းတော်ကြီးကျောင်း စာသင်တိုက်တွေလည်း မြို့အလိုက် အနည်းစုသာ ရှိကြပါသည်၊ ဒါကြောင့် စာရေးသူလဲ ကိုယ်လျောက်ခဲ့တဲ့ လမ်းဆိုတော့ နောက်နောင် သာမဏေကျော် လောင်းလျာလေးတွေ စာအုပ်အတွက်နဲ့ မပင်မပန်း ကြစေလိုတာတကြောင်း၊ အမှန်တကယ် လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးလိုတာတစ်ကြောင်း နဲ့ ပညာပါရမီ ဖြစ်ပါစေကြောင်း ရည်ရွယ်ရင်း အလှူဒါန အထမြောက်သွားပါတယ်၊

သာမဏေကျော် ( အလင်္ကာရ ) စာမေးပွဲအတွက် ပြဋ္ဌာန်း ကျမ်းစာများ

၁။ ပထမဆင့် level =1
ဝိနည်း မဟာဝါ ပါဠိတော်
သုတ္တန် အင်္ဂုတ္တိုရ်ပါဠိတော် ( ဧကနိပါတ် မှ တိကနိပါတ် အထိ )
ဓမ္မပဒ အဋ္ဌကထာ ( ယမက၀ဂ် မှ အပ္ပမာဒ၀ဂ် အထိ )
ကစ္စည်းသဒ္ဒါကြီး နှင့် သုတ်စဉ် သုတ်နက် ( သန္ဓိ ၊ နာမ် ၊ အာချာတ် ၊ ကာရက )
အဘိဓမ္မတ္ထ သဂြိုလ် ( စိတ် ၊ စေတသိက် ၊ ပကိဏ်း ) ပါဠိ အနက် အရကောက် အဓိပ္ပါယ် ။

၂။ ဒုတိယဆင့် level = 2
ဝိနည်း စူဠ၀ါ ပါဠိတော်၊ ဆိုင်ရာ အဋ္ဌကထာ
ဝိနည်း ပရိဝါ ပါဠိတော်၊ ဆိုင်ရာ အဋ္ဌကထာ
သုတ္တန် အဂုင်္တ္တိုရ် ပါဠိတော် ( စတုက္ကနိပါတ မှ သတ္တက နိပါတ အထိ )နှင့် ဆိုင်ရာ အဋ္ဌကထာ

ဓမ္မပဒ အဋ္ဌကထာ ( စိတ္တ၀ဂ် မှ ဒဏ္ဍ၀ဂ် အထိ )
ကစ္စည်းသဒ္ဒါကြီး ( ၈ စောင် ) အကုန်
သဂြိုလ် ( စိတ် ၊ စေတသိက်၊ ပဏိဏ်း၊ ၀ီထိ ၊ ၀ီထိမုတ်၊ ရုပ်ပိုင်း၊ သမုစ္စည်းပိုင်း အားဖြင့် ၇ ပိုင်း )

၃။ တတိယဆင့် level = 3
ဝိနည်း ပါရာဇိကဏ် ပါဠိတော်၊ဆိုင်ရာ အဋ္ဌကထာ
ဝိနည်း ပါစိတ် ပါဠိတော် ဆိုင်ရာ အဋ္ဌကထာ၊
သုတ္တန်ုအဂုင်္တ္တိုရ် ပါဠိတော် ( အဋ္ဌကနိပါတ မှ ဧကာဒသက နိပါတ အထိ )နှင့် ဆိုင်ရာ အဋ္ဌကထာ
ဓမ္မပဒ အဋ္ဌကထာ ( ဇရာဝဂ် မှ ဗြဟ္မဏ၀ဂ် အထိ အကုန် )
သဒ္ဒါ ရှစ်စောင် ၊ သဂြိုလ် ကိုးပိုင်း ကို ပါဠိ အနက် အဓိပ္ပါယ် အရကောက် အားလုံးအကုန်။

ဓမ္မစာပေ အလှူရှင်
ဒေါ်မြကျေးမုံ ( နော်ဝေ နိုင်ငံ )
ဗုဒ္ဓဘုရားရှင် သဗ္ဗညုတဘုရားဖြစ်တော်မူခြင်း၊ ဘုရားရတနာ တရားရတနာ တို့ ပေါ်ထွန်းတော်မူခြင်း နှစ်ပေါင်း ( ၂၆၀၀ ) ပြည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် အဖြစ် နိဗ္ဗာန် ရည်မှန်း လှူဒါန်းပါသည်။

၁၃၇၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ ၊ ၁၇ . ၅ . ၂၀၁၁ ( အင်္ဂါနေ့ )

လှူဒါန်းသော ဓမ္မစာအုပ်စာရင်း ( ၉၂ အုပ် )
ဓါတွတ္ထပန်းကုံး-၄အုပ် ( တစ်အုပ်ကို ၈၀၀၀)
အင်္ဂုတ္တိုရ် နိဿယ-၉အုပ် (တစ်အုပ်ကို ၆၅၀၀)
ဘေဒစိန္တာ မဟာဋီကာ-၁အုပ် (တစ်အုပ်ကို ၆၅၀၀)
အဘိဓါန်ဋီကာ-၁၃အုပ် (တစ်အုပ်ကို ၄၈၀၀)
ပါစိတျာဒိ ယောဇနာ- ၂အုပ် (တစ်အုပ်ကို ၇၀၀၀)
အဘိဓါနပ္ပဒီပိကာ သူစိ-၁၈အုပ် (တစ်အုပ်ကို ၄၇၀၀)
ပထမဆင့်မေးခွန်း အဖြေစုံ-၃အုပ် (တစ်အုပ်ကို ၂၅၀၀)
သဂြိင်္ုဟ် ရှင်းတမ်း- ၂အုပ် (တစ်အုပ်ကို ၅၀၀၀)
ရူပသိဒ္ဓိ ရှင်းတမ်း- ၂အုပ် (တစ်အုပ်ကို ၅၀၀၀)
ဓါတုပစ္စယ ဒီပနီ- ၂အုပ် (တစ်အုပ်ကို ၂၅၀၀)
ပါတိမောက် ရှင်းတမ်း- ၁အုပ် (တစ်အုပ်ကို ၅၀၀၀)
ပါစိတျာဒိ အဌကထာ- ၁အုပ် (တစ်အုပ်ကို ၅၅၀၀)
ပါရာဇိကဏ် အဌကထာ- ၁အုပ် (တစ်အုပ်ကို ၃၀၀၀)
ယမက ပန်းကုံး - ၁ အုပ် (တစ်အုပ်ကို၃၀၀၀)
ပါတိမောက် ဘာသာဋီကာ- ၄အုပ် (တစ်အုပ်ကို ၃၂၀၀)
အခြေပြု သဒ္ဒါ- ၂အုပ် (တစ်အုပ်ကို ၂၂၀၀)
မဟာဝါ ဘာသာဋီကာ- ၃အုပ် (တစ်အုပ်ကို ၃၂၀၀)
ကစ္စည်း ဘာသာဋီကာ- ၄အုပ် (တစ်အုပ်ကို ၃၂၀၀)
ရူပသိဒ္ဓိ ဘာသာဋီကာ- ၄အုပ် (တစ်အုပ်ကို ၃၂၀၀)
အခြေပြု ပဌာန်း- ၁အုပ် (တစ်အုပ်ကို ၃၀၀၀)
သဂြိင်္ုဟ် ဘာသာဋီကာ- ၁၄အုပ် (တစ်အုပ်ကို ၃၅၀၀)


သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ အလှူအားလုံးတို့တွင် တရားအလှူတော်သည် အမြတ်ဆုံး၊
သဗ္ဗရသံ ဓမ္မရသော ဇိနာတိ၊ အရသာ အားလုံးတို့တွင် ဓမ္မ၏အရသာသည် အသာဆုံး၊
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ မွေ့လျော်ခြင်း အားလုံးတွင် တရားဖြင့် မွေ့လျော်သည်က အကောင်းဆုံး၊
တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ၊ ဆင်းရဲမှန်သမျှကို တဏှာကုန်ရာ နိဗ္ဗာန်သည် အမွန်မြတ်ဆုံး ဖြစ်ပေသည် ဟု မြတ်စွာဗုဒ္ဗက ဓမ္မပဒတွင် ဟောကြားခဲ့၏။

အောင်ချမ်းသာကျောင်းအတွင်းရှိ သံဃာများ စာချ စာသင် စာအံကျောင်း တက်၊ ဘုရားဝတ်တက်ရာ )၀ဋံသကာ စာချ ဗိမာန်တော် ( ယင်းကျောင်းသည် မနှစ် ၂၀၁၀ ခုနှစ်က ပထမကြီးတန်းတွင်လည်း တနိုင်ငံလုံး အမှတ်အများဆုံး ပထမကျော်ဘွဲ့ကို ရရှိအောင်မြင်သည် ) လင်္ကာရစာမေးပွဲ၊ အဘိဝံသ စာမေးပွဲတို့တွင်လည်း အောင်မြင်လျက် ရှိ၏ ။

( ကျောင်းတွင်းတစ်နေရာ မြင်ကွင်း )
ယခုအခါ စာအုပ်ရေ စုစုပေါင်း ( ၉၂ ) အုပ် တန်ဖိုးငွေ - 412,400 ကျပ်တိတိကို လှူဒါန်းမှုအတွက် ဘ၀ဆက်တိုင်း ဆက်တိုင်း ပညာပါရမီ ဖြည့်ကျင့်ခြင်းဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေကြောင်း၊ ယခုဘ၀မှာလဲ အခက်အခဲ မှန်သမျှ လွယ်ကူစွာ ကျော်လွှားနိုင်ပြီး အလိုဆန္ဒအားလုံး ပြည့်စုံနိုင်ပါစေကြောင်း ပတ္ထနာပြုရင်း --

ပြုပြုသမျှ ကုသိုလ် အားလုံးအတွက် သတ္တ၀ါ အားလုံးအား အမျှ အမျှ ပေးဝေပါ၏ --




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP