သုညတ တရားနာရမှ သုညတနိဗ္ဗာန်ရောက်နိုင်ပုံ
မိုးကုတ်ဆရာတော်ဘုရား ပေးခဲ့သတိ မမေ့လျော့နှင့်
အိုနာ သေဘေး အဘယ်သားသ္မီးမဆိုထားနှင့်
ဘုရားရှင်တော်ကိုယ်တော်တိုင်ပင် မတားဆီးနိုင်
ထိုထိုဒုက္ခ မရဏအား၊ ဘယ်သူအားကိုး ရှိ၍သာလျင် အားကိုးလွဲပြီး နေနေကြပြီ။
မရေမရာ ရထား ဂတိကား၊ မိုးပေါ်မြောက်ပစ်၊ တုတ်ကဲ့ သို့ပင်၊
ကျချင်ရာကျ ဖြစ်ချင်ရာဖြစ၊် အရင်းတစ်လှည့် အဖျားတစ်လှည့် ပြုတ်ကျသလို
ယနေ့သူဋ္ဌေး နက်ဖြန်ခွေး၊ ယနေ့ ရဟန်း နက်ဖြန် သန်း ကားသေချာနေပြီ ဖြစ်ဖို့ရာပင်.
သို့ပေရာကြောင့် ရွေးဖို့လိုပြီ မြဲဂတိကား၊ ရဖို့ရာပင် မှတ်ပါ သုံးချက် အကျင့်ဖြင့်ကား -
- “ငါ” လည်းမဟုတ် “အတ္တ”ပြုတ်သော်
- “ငါ့ဥစ္စာ” ခေါ် “အတ္တနိယ”ကား ဘယ်တွင်ရှိတော့
- “ငါ ငါ့ဥစ္စာ မဟုတ်” အမြင်မှန်ဖြင့်၊ ဆိုက်ပြီး “သုညတ”၊ ဒိဋ္ဌိပြုတ်၍၊
မဖောက်မပြန် သောတပန်ဖြင့် မြဲဂတိ လမ်း မြတ်နိဗ္ဗာန်သို့ သွားနိုင်ပေမည်။
ဒုက္ခဖြစ်လေသမျှ ခန္ဓာကပင် သိ၍စေချင် ဂရုဏာရှေ့ထား ဘုရား၊ ရဟန္တာတို့
ကျေးဇူးအနန္တ ဆပ်လို လျင်ဖြင့် ကျင့်၍သည်ပင် ဒိဋ္ဌိကိုဖြုတ် မဂ်ကိုဆုတ်၍
မိုးပေါ်မြောက်ပစ် တုတ် မကျခင် ရဖို့လိုပြီ မြဲဂတိပင်...
အားလုံးသော ဓမ္မမိတ်ဆွေများ သူတော်ကောင်း တရား နာကြား ခွင့်ရကြပြီး ကျင့်ကြံ ပွားများ ခြင်းဖြင့် အတ္တ၊ အတ္တနိယ သေ၍ သုညတ နိဗ္ဗာန် မြင်ခြင်းဖြင့် ကောင်းကင် မြောက်သော တုတ် ဘဝမှ လွတ်မြောက်ကြပြီး မြဲဂတိလမ်း နိဗ္ဗာန်လမ်းကို လျှောက်လှမ်း သွားနိုင်ကြပါစေ...
မိုးကုတ်ဆရာတော် ဘုရားကြီး၏ သုညတ (အနတ္တ) တရားတော်မှ ထုတ်နှုတ် ရေးသား ထားခြင်း ဖြစ်ပါသည်။
တရားတော်နာယူရန်
|
|
|
မေတ္တာဖြင့်...
သန့်ဇင်
0 comments:
Post a Comment