* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, May 7, 2011

@@ ချစ်တက်ကြစေ @@



လူတိုင်းလူတိုင်း အချစ်နဲ့ ကင်းသူရယ်လို့ သိတ်မရှိနိုင်ဘူး ထင်ပါတယ်။ ရှိခဲ့ရင်လည်း အနည်း အကျဉ်းပေါ့..။ လူတစ်ဦးနဲ့ တစ်ဦး ချစ်ကြတယ်.. ကြိုက်ကြတယ်။ ဒါဟာ သိတ်တော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ချစ်နေကြတဲ့ အထဲမှာ ချစ်တတ်ဖို့တော့ လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တာတော့ အမျိုးမျိုး ရှိတာပေါ့။ တချို့ ကျလည်း ချစ်ချင်လို့ကို ချစ်တယ်၊ တစ်ချို့ကျလည်း မျှော်လင့်ချက်နဲ့ ချစ်ကြတယ်၊ တစ်ချို့ ကျလည်း တဏှာကို အရင်းခံ ပြီးတော့ ချစ်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အချစ်ချစ်ပေါ့.. ချစ်တတ်ဖို့အဓိက ကျပါတယ်..။ အချစ် သုံးမျိုး ရှိပါတယ်။

(၁) ချစ်သူအချစ် (၂) မိသားစုအချစ် (၃) ပါရမီအချစ် ပါ။ ချစ်သူ အချစ်ဆိုတာတော့ မိန်းမနဲ့ ယောက်ျား အပြန်အလှန် ချစ်ကြတဲ့ အချစ်ပါ။ မိသားစု အချစ် ဆိုတာကတော့ မိဘနဲ့ သားသမီး၊ ညီနဲ့ အစ်ကို၊ မောင်နဲ့ နှမ စသည်တို့ မိသားစု အချင်းအချင်း ချစ်ကြတဲ့ အချစ်ပါ။ ပါရမီအချစ် ဆိုတာကတော့ သူတစ်ပါးတို့ရဲ့ အကျိုးဖြစ်ထွန်းမှုကို လိုလားတဲ့ အချစ်ပါ။ ပါဋ္ဌိလိုဆိုရင်တော့ တဏှာပေမရယ်၊ ဂေဟသိတ ပေမရယ်၊ မေတ္တာပေမရယ်ပါ။

အခု ကျနော်ပြောမယ့် ချစ်တတ်မှ ဖြစ်မယ် ဆိုတာကတော့ ပါရမီအချစ်နဲ့ ချစ်မှ ဖြစ်မယ်ဆိုတာကို ဆိုလိုရင်း ဖြစ်ပါတယ်။ ပါရမီအချစ် ဆိုတာကတော့ သူတစ်ပါး အကျိုးကိုပဲ ငဲ့ပါတယ်။ မိမိအကျိုးကို မငဲ့ပါဘူး။ ကိုယ်က သူ့ကို တကယ့် ပါရမီအချစ်နဲ့ ချစ်မယ်ဆိုရင် သူ့ကို ကြီးပွားစေချင်တယ်၊ တိုးတက်စေချင်တယ်၊ အောင်မြင် စေချင်တယ်၊ အစစအရာရာ အဆင်ပြေစေချင်တယ်။ သူ့ဆီကတော့ ဘာတုန့်ပြန်မှုမှ မမျှော်လင့်ပါဘူး။ ဒါကတော့ ပါရမီအချစ်ရဲ့ သဘောတွေပါ။ ဘယ်လောက် အေးချမ်းလိုက်တဲ့ ပါရမီ အချစ်ပါလည်းနော်..။

အကြောင်း တစ်ခုခုကြောင့် သိခွင့် ခင်ခွင့်ရကြတဲ့ အခါမှာ ကိုယ်ကလည်း သူ့ကို ပါရမီအချစ်နဲ့ ချစ်မယ်၊ သူကလည်း ကိုယ်ကိုပါရမီ အချစ်နဲ့ ချစ်မယ်ဆိုရင် နှစ်ဦးလုံးရဲ့ ခင်မင်မူဟာ အစဉ် ခိုင်မြဲနေမှာ မလွဲပါဘူး။ နောက် တစ်ဆင့်ထက် တစ်ဆင့်တက်ပြီး သူတရားထူး တရားမြတ်ရဖို့ အတွက်လည်း ကိုယ်က ကူညီမယ်။ ကိုယ်တရားထူး တရားမြတ်ရဖို့ အတွက်လည်း သူက ကူညီမယ်ဆိုရင် ပါရမီအချစ်က နိဗ္ဗာန် အထိတောင် ကျေးဇူး ပြုနေတော့မှာပါ။ တစ်စုံတစ်ယောက်ကို ကိုယ်က တကယ်ချစ်တယ်ဆိုရင် ပါရမီအချစ်နဲ့ ချစ်ပြီး နိဗ္ဗာန်ရဲ့ အထောက်ပံ့တွေ အခါအားလျော်စွာ ဖန်တီး ပေးနေ နိုင်ရပါ့မယ်။

ဒီလိုပါပဲ..။ သတ္တ၀ါတွေ အားလုံး အပေါ်မှာ ပါရမီအချစ်နဲ့ ချစ်နိုင်ရမှာ ဖြစ်သလို ချစ်သူအချင်းချင်း၊ မိသားစု အချင်းချင်း မှာလည်း ပါရမီအချစ်ပါတဲ့ အချစ်တွေနဲ့ တွဲတွဲပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။ ချစ်သူအချင်းချင်း တဏှာရာဂကို အခြေခံပြီး ချစ်တယ် ဆိုပေမယ့်လည်း သူကုသိုလ်ဖြစ်ဖို့ ကိုယ်က ဖန်တီးပေးမယ်၊ ကိုယ်ကုသိုလ်ဖြစ်ဖို့ သူက ဖန်တီးပေးမယ် ဆိုရင် ချစ်သူနှစ်ယောက် အတွက် ရန်ဖြစ်တယ်၊ မုန်းတယ်ဆိုတာတွေဟာ အိမ်မက်ထဲမှာတောင် ရှာတွေ့ ရတော့မှာ မဟုတ်ပါဘူး။ ပြီးတော့ အိမ်ထောင်ကျပြီးတယ် ဆိုရင်လည်း ပါရမီ အချစ်လေးနဲ့သာ ဆက်ပြီး ချစ်သွားမယ်ဆိုရင် နိဗ္ဗာန်ထိတောင် အတူတူတက်လှမ်း နိုင်မှာ မလွဲပါဘူး။ ကိုယ့်ရဲ့ မိသားစု ဘ၀လေးဟာလည်း ငြိမ်းငြိမ်း ချမ်းချမ်းလေး ရှိနေရုံတင် မကဘဲ တရားထူး တရားမြတ်ရဖို့ အတွက်လည်း အထောက်အပံ့တွေ ဖြစ်တော့မှာပါ။

တချို့ မိသားစုအတွင်းမှာ အဆင်မပြေ ဖြစ်ကြတယ် ဆိုတာလည်း ပါရမီအချစ် မပါကြလို့ပါ။ ကိုယ့်မှာ ပါရမီ အချစ်သာရှိနေရင် တစ်ဖက်က မသိလို့မှားတဲ့ အမူအရာကိုပြဦးတော့ သူ့ကို ကိုယ်က ဒေါသမထွက်ဘဲ “သြော်..သူမသိလို့ဘဲလေ”ဆိုပြီးခွင့်လွှတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြဿနာကို တရားသဘောလေးနဲ့ ဖြေရှင်းတတ်သလို အမှားပြုသူတစ်ဖက်သားကိုလည်း တရားနဲ့ ပြန်ဖေးမ ပေးတတ်
ပါတယ်။ ပြဿနာတစ်ခု ဖြစ်လာပြီဆိုရင် ကိုယ်ဖတ်ခဲ့ နာခဲ့ ကျင့်ခဲ့တဲ့ တရားတွေ ပြန်အာရုံပြုပြီး တရား သဘောနဲ့ ပြန်ဖြေရှင်း ရပါတယ်။ တကယ်လို့ မတရားတဲ့ သဘောနဲ့ ပြန်ဖြေရှင်းလိုက်ရင် မတရားတဲ့ ဆိုးကျိုးတွေပဲ ပြန်ဖြစ်တော့တာပါ။

တချို့ မတရားတဲ့ တုံ့ပြန်မှုတွေဟာ တစ်ဖက်သားမှာ တစ်သက်တာ စိတ်ဒဏ်ရာ ရသွား စေတာပါ။ တစ်သက်တာ ရသွားတဲ့ စိတ်ဒဏ်ရာကို ပြန်ကုဖို့ ခက်သွားပါပြီ။ ဘ၀ဆိုတာ အမြဲတမ်း အဆင်ပြေ မနေနိုင်ပါဘူး။ တစ်ချိန်ချိန် ကာလတစ်ခုခုမှာ ကြီးမားတဲ့ အဆင်ပြေမှုကြီးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ်ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူတွေက ကိုယ့်အနားကို ပြေးလာကြမှာပါ။ ဘ၀မှာ ကိုယ်က ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူ မရှိခဲ့ဘူး။ ကိုယ့်ကြောင့် စိတ်ဒဏ်ရာ ရစေခဲ့တဲ့ သူတွေပဲ ရှိခဲ့တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီ အဆင်မပြေမှုတွေနဲ့ပဲ သေသွားမယ်ဆိုရင် တရားလည်း မကပ်လိုက်နိုင်ရင် မကောင်းတဲ့ ဂတိတစ်ခုခုကို ရောက်သွား နိုင်ပါတယ်။

ပုထုဇဉ်တွေ့ရဲ့ သဘောက ကိုယ့်ရဲ့အမှားကို ကိုယ်ပြန်မြင်ခဲ ကြပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ကို ပါရမီ အချစ်နဲ့ချစ်သူ၊ဒါမှမဟုတ်မိတ်ကောင်းဆွေကောင်းတစ်ဦးဦးကကိုယ့်အမှားကိုမြင်ပြီး ပြုပြင်ပေးတဲ့အခါ
ပြုပြင်ပေးတဲ့ အတိုင်းလက်ခံကျင့်သုံးရပါတယ်။ မိတ်ဆွေကောင်းတွေ ဥပေက္ခာ ပြု သွားအောင် ပြုပြင်ဖေးမ မှုကို မျက်ကွယ် မပြုရပါဘူး။ အလေးအနက်ထား ကျင့်သုံး ပေးရပါတယ်။ ဒီတော့ ပါရမီ အချစ်ဆိုတာ လူတိုင်းလူတိုင်းအတွက် လိုအပ်နေတော့တာပါ။

ပါရမီအချစ်နဲ့ ချစ်တတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဘာလို့လည်း ဆိုတော့ လူတွေက အချစ်နဲ့မှ မကင်းနိုင်သေးတာ။ အချစ်နဲ့ကင်းပြီး လောကုတ္တရာဘက်ကို ကူးပြောင်း သွားနိုင်ရင်တော့ အကောင်း ဆုံးပေါ့။ ဒါပေမယ့် ကိုယ်က မကူးနိုင်သေးဘူး.. လောကီထဲမှာပဲ သားရေး သမီးရေးတွေနဲ့ စီးပွားရှာ ရင်း.. လောကီ လောကုတ္တရာ နှစ်ခု မျှတအောင် လုပ်ချင်တယ်ဆိုရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပါရမီအချစ်နဲ့ ချစ်တတ်ဖို့ဟာ အဓိက ကျပါတယ်။ ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ အလုပ်လို့ အဓိပ္ပါယ် ရပါတယ်။ ဒါဆို ပါရမီအချစ် ဆိုတာလည်း မြင့်မြတ်သူတို့ရဲ့ အချစ်ပေါ့။ တော်ရုံစိတ်မျိုးနဲ့ ပါရမီအချစ် ချစ်တတ်ဖို့ မလွယ်ကူပါဘူး..။ ချစ်တတ်ဖို့ အတွက်တော့ အထက်မှာ ဖော်ပြပြီးပါပြီ။ ဒါ့ကြောင့် စာဖတ်သူလည်း ပါရမီအချစ်နဲ့ မချစ်သေးဘူးဆိုရင် ချစ်တတ်အောင် ကြိုးစားပါ…။ ချစ်တတ်အောင် ကြိုးစားရင်း.. မြင့်မြတ်သော ပါရမီအချစ်နဲ့အတူ.. မြင့်မြတ်သော အရိယာအဖြစ်သို့ ဆိုက်ရောက်နိုင်ပါစေ လို့ ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်။

ဓမ္မမေတ္တာ

Show/Hide

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP