* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, May 23, 2011

အသောကာရာမသီလရှင်စာသင်တိုက်၌ (၁၅)ကြိမ်မြောက်လှူဒါန်းမှုမှတ်တမ်း

သီလရှင်များအား လှူဒါန်းမှုများ - အသောကာရာမ သီလရှင်စာသင်တိုက်သို့ လစဉ်လှူဒါန်းမှု

တွဲဘက်ဆရာကြီးတစ်ပါးအပါအ၀င် ဆရာကြီးဒေါ်သုနန္ဒာ(ဓမ္မာစရိယ) (ဖုန်း၀၉-၈၆၂၈၈၁၁)တို့ကဦးစီးပြီး သီတင်းသုံး လျက် ရှိသောသီလရှင် လေးများမှာ လက်ရှိ (၂၀၀၉/၂၀၁၀)ပညာသင်နှစ်တွင် ဓမ္မာစရိယ တန်း(၃)ပါး၊ ပထမကြီးတန်း(၁)ပါး၊ ပထမ ငယ်တန်း(၂)ပါးနှင့် အစိုးရ အခြေခံပညာ အတန်းများမှာ အတန်းအလိုက်ကျောင်းသားစာရင်းမှာ န၀မတန်း (၅)ပါး၊ အဋ္ဌမတန်း (၇)ပါး၊ သတ္တမတန်း(၂)ပါး၊ ဆဋ္ဌမတန်း (၂)ပါး၊ ပဉ္စမတန်း(၂)ပါး၊ စတုတ္ထတန်း(၁)ပါး၊ တတိယတန်း(၂)ပါး၊ ဒုတိယတန်း(၁)၊ ပထမတန်း(၂)ပါး၊ သူငယ်တန်း(၁)ပါးတို့ဖြစ်ကြကာ ဆရာလေးများ ခေတ်ပညာ၊ ဗုဒ္ဓစာပေများ ခေတ်နှင့်အညီ လေ့လာ နိုင်ရန် အတွက် ကွန်ပျူတာ(၁)စုံလိုအပ်ကြောင်း ဆရာကြီး ဒေါ်သုနန္ဒာထံမှ သိခဲ့ရသဖြင့် ကွန်ပျူတာ(၁)စုံနှင့် ပရင်တာ(၁)လုံး လှူဒါန်း နိုင်ရန် စတသ(၄၉)သင်တန်းဆင်းအရာရှိများ၏ အဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းအထိမ်းအမှတ်အလှူနေရာ စုံစမ်းပေးခဲ့ပြီး ၎င်းတို့မှ ဒေါ်လာ ၃၀၀/ိ- လှူဒါန်းခဲ့ကြသည်။ ကွန်ပျူတာတစ်စုံနှင့် ပရင်တာတစ်လုံးဝယ်ရန်အတွက် အလှူငွေမလုံလောက်သည့်အတွက် အသင်း၏ (၁၅)ကြိမ်မြောက်အလှူတော်ငွေနှင့်ပေါင်းပြီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။

၉.၄.၂၀၁၁ ရက်နေ့တွင် ဆူးလေ၊ ဆိပ်ကမ်းသာလမ်းသို့ ကွန်ပျူတာ ၁ စုံနှင့် ပရင့်တာ ၁ လုံး သွားဝယ် ခဲ့ကြပြီး ၁၀-၄-၂၀၁၁ ရက်နေ့မနက် ၁၀း၅၃ နာရီတွင် သွားရောက်လှူဒါန်း ခဲ့ကြသည်။အသောကာရာမသီလရှင်စာသင်တိုက်၌(၁၅)ကြိမ်မြောက် အလှူအတွက်လက်ခံရရှိခဲ့သည့်အလှူငွေစာရင်းနှင့်လှူဖွယ်ပစ္စည်း စာရင်းမှာ အောက်ပါ အတိုင်းဖြစ်သည်-

အသောကာရာမသီလရှင်စာသင်တိုက်၌ (၁၅)ကြိမ်မြောက်လစဉ်အလှူအတွက် အသုံးပြုခဲ့သောအလှူငွေစာရင်း

စဉ်

အလှူရှင်

အလှူငွေ

မှတ်ချက်

(ကျပ်) အားဖြင့်

(က)

TBYO

၂၀၇၀၀၀/ိ-

အသင်းအလှူငွေ မရောက်သေးသဖြင့် ကိုဇော်ဇော်အောင်ထံမှ ခဏ ယူထားပြီး အသုံးပြုလှူဒါန်းခဲ့ခြင်းဖြစ်သည်။ အသင်း၏မေလပေးပို့ အလှူငွေရရှိချိန်တွင် ပြန်လည် ပေးပြီးဖြစ်သည်။

( ခ)

ရုရှားပြန်(၄၈)

၈၁၀၀/ိ-

-

( ဂ)

စတသ(၄၉)

၂၇၀၀၀၀/ိ-

စုစုပေါင်း

၄၈၅၁၀၀/ိ-

လေးသိန်းရှစ်သောင်းငါးထောင်တစ်ရာကျပ်

အသောကာရာမသီလရှင်စာသင်တိုက်၌ (၁၄)ကြိမ်မြောက်အလှူအတွက် လှူဖွယ်ပစ္စည်းစာရင်း

(က) ကွန်ပျူတာတစ်စုံ = ၃၅၀၀၀၀ ကျပ်

( ခ) Speaker ၁ စုံ = ၃၀၀၀ ကျပ် (၅၀၀၀ ကျပ်လျှော့)

( ဂ) Extension board = ၅၀၀၀ ကျပ် (၁၀၀၀ ကျပ်လျှော့)

(ဃ) Canon LBP 3050 Printer ၁ လုံး = ၁၁၀၀၀၀ ကျပ်

( င) မင်္ဂလာဒုံမှဆိပ်ကမ်းသာလမ်း အသွား/အပြန် Taxi = ၉၀၀၀ ကျပ်

( စ) CD ၃ ချပ် = ၅၀၀ ကျပ်

(ဆ) A4 စက္ကူ ၁ ထုပ် = ၂၆၀၀ ကျပ်

( ဇ) မင်္ဂလာဒုံဈေးမှကျောင်းအထိကားခ = ၅၀၀၀ ကျပ်


အလှူအတွက်အသုံးပြုခဲ့သည့်စုစုပေါင်းအလှူငွေ = ၄၈၅၁၀၀ ကျပ်

၃။ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းဆက်ကပ်ခြင်း၊ မေတ္တာပို့ဘာဝနာနားကြားခဲ့ကြခြင်း၊ ဝေယျာဝစ္စဆောင်ရွက်ခဲ့ခြင်း စသည့်အားလုံးသောကုသိုလ်ကောင်းမှု အစုစုတို့ကို သတ္တ၀ါအားလုံးတို့အား အမျှပေးဝေလိုက်ပါသည်။ အများသူငှါ သာဓုခေါ်ဆိုနိုင် ကြရန်အတွက် အသင်းဝဘ်ဆိုက်တွင် ဖော်ပြလိုက်ပါသည်။

အလှူမှတ်တမ်းဓါတ်ပုံများ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP