ကဆုန်လပြည့် ဗုဒ္ဓနေ့ အလှူ
"This is that bloosom on our human tree နှစ်ပေါင်း အသင်္ချေမှာ တစ်ခါသာ ပွင့်တဲ့
Which opens once in many myriad years. ပွင့်ပြီးရင် ကမ္ဘာကို
But opened, fills the world with ပညာရနံ့ မေတ္တာပျားရည်တွေ
Wisdom's scent ပြည့်လျှံစေတဲ့
And Love's dropped honey. လူသားသစ်ပင်က ပန်းပွင့်”
-မြတ်စွာဘုရားသခင်၏ သက်တော် ၂၆၃၅ နှစ်ပြည့် မွေးနေ့တော်
-သဗ္ဗညုတဥာဏ်တော်သခင် ဘုရားရှင်အဖြစ် ပွင့်တော်မူခြင်းဖြင့် လောကတွင် ဗုဒ္ဓရတနာနှင့် ဓမ္မရတနာ ပေါ်ထွန်းတော်မူခဲ့သည့် ၂၆၀၀ နှစ်မြောက်နှင့်
-မဟာပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူသည့် ၂၅၅၅ နှစ်မြောက် နှစ်ပတ်လည်အတွက်
ဘုရားတပည့်သား သံဃာများအား ခဲဖွယ်ဘောဇဉ် သင်္ကန်းတို့ လှူဒါန်းဆက်ကပ်ခြင်းဖြင့် သံဃိကဒါန ဗုဒ္ဓပူဇာကို လပြည့်နေ့ အရုဏ်တက်ချိန်မှစ၍ ပြုလုပ်ခဲ့ပါသည်။
ကိုရင်သင်္ကန်း အစုံ (၂၀)
မေလ ၃ ရက် ၂၀၁၁၊ အင်္ဂါနေ့က ပုပ္ပားမြို့၊ ချိုင်းရွာတွင် ကွယ်လွန်သော ဖခင်ကြီး ဦးသန်းမောင် (အသက် ၆၈ နှစ်) အား ရည်စူး၍
ဇနီး ဒေါ်ထွေးတင်၊ သားကြီး ကိုစိုး + ဇနီးမတင်တင်၊ သားငယ် ကိုဇော် + ဇနီး မခင်စန်းဌေး ကောင်းမှု
ကော်ဖီမစ်စ် အလှူရှင် ကိုအေးမင်း+မဆွေ ရွှေဇီးကွက် သင်္ကန်းပရိက္ခရာဆိုင်
ကိုရင်သင်္ကန်း အစုံ ၁၃၀၊ ဆပ်ပြာခဲ၊ ငှက်ပျောသီး၊ သရက်သီး - ဆွမ်းအမတစ်ဦး (နော်ဝေ)
ရွှေဇီးကွက် သင်္ကန်းပရိက္ခရာဆိုင်က သင်္ကန်းများ ကိုယ်တိုင်လာရောက်ပို့ဆောင်ပေးပြီး သံဃာကုန်အတွက် ကော်ဖီမစ်ထုပ်များ လှူဒါန်းသွားပါသည်။
အလှူကိစ္စများအတွက် အမြဲ ကူညီပေးခဲ့သည့် မနန်းသန္တာအောင် (စင်ကာပူ)နှင့် သာမဏေသင်္ကန်းများ လှူဒါန်းနိုင်ရန် စီမံဆောင်ရွက်ပေးခဲ့သည့် ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး၊ မန္တလေး)အား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။


















အားလုံးပဲအလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ....။
0 comments:
Post a Comment