* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, May 21, 2011

သီတဂူ ဗုဒ္ဓနေ့ (ပေးစာ-၁၁)

ဘုန်းဘုန်း ဘုရား
နေကောင်းပါလားဘုရား၊ တပည့်တော် တို့ မြန်မာလူမျိုးတွေရဲ့ မြန်မာ့ ၁၂လရာသီ ပွဲတော်တွေထဲက ထင်ရှားထူးခြားလှတဲ့ ပွဲတော်တစ်ခုကိုအကြောင်းပြုပြီး ကျင်းပတဲ့ အခမ်းအနားလေး တစ်ခုအကြောင်းကို လျှောက်ထား တင်ပြချင်ပါတယ်ဘုရား။
တပည့်တော်မတို့ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ ကိုးကွယ်ဆည်းကပ် အားထားရာ ဘုရားရှင်ကိုတော်မြတ်ကို မွေးဖွားရာနေ့၊ ဗောဓိပင်နဲ့ရွှေပလ္လင်မှာ မာရ်ငါးပါးကို အောင်မြင်တော်မူသောနေ့၊ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်သောနေ့ဆိုတဲ့ (ဖွား ပွင့် ဟော စံ) ထူးခြားလှတဲ့ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု တကမ္ဘာလုံးက အသိအမှတ်ပြုပြီး ပွဲတော်များ ကျင်းပလျက်ရှိပါသည်ဘုရား။ ဘုရားတပည့်တော်မတို့ သီတဂူသာသနာပြုအဖွဲ့ကလည်း သီတဂူဓမ္မဗိမာန်တော် (ရန်ကုနု)မှာ ဗုဒ္ဓနေ့ ပူဇော်ပွဲအခမ်းအနားနဲ့ ညောင်ရေသွန်းလောင်းပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ အကြောင်းကိုတင်ပြ လျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား။

သီတဂူ ရုံးမှူး ဦးကျော်ရှိန် လျှောက်ထားစဉ်
ပထမပိုင်း အခမ်းအနား
ပူဇော်ပွဲအခမ်းအနားကို အပိုင်း(၂)ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါတယ်ဘုရား။
နေရာ။ ။ပထမပိုင်း အစီအစဉ်ကို သီတဂူဓမ္မဗိမာန် ကျောင်းအပေါ်ထပ် ဓမ္မသဘာ ဘုရားခန်းမှာ ကျင်းပပြုလုပ်ပါတယ်ဘုရား။
အစီအစဉ်။ ။
(၁) ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆိုပူဇော်ကြကာ အခမ်းအနုားကို ဖွင့်လှစ်ခြင်း။
(၂) ဒေါက်တာ အရှင်အဂ္ဂဓမ္မ ထံမှ ရှစ်ပါးသီလဆောက် တည်ကြပါတယ်ဘုရား၊
(၃) ရုံးအဖွဲ့မှုး သီတဂူ ဦးကျော်ရှိန်မှ ဒီပူဇော်ပွဲအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို တင်ပြလျှောက်ထားပါတယ်။ ဒီအခမ်းအနား ကို သီတဂူဆရာတော်ဘုရားက ရန်ကုန်မှာ ကျင်းပစေချင်ကြောင်း ဒေါက်တာ အရှင်သုန္ဒရနှင့် ဒေါက်တာ အရှင်ပညာသီဟာလင်္ကာရ တို့ကို မိန့်မှာသွားခဲ့တာကိုလဲ လျှောက်ထားပြောကြားသွားပါတယ်ဘုရား၊
ယနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ သီတဂူ ဆရာတော်ဘုရားကလဲ အမေရိကန်နိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့ချုပ် (U.N ) ခန်းမအတွင်းမှာ မြတ်ဗုဒ္ဓအကြောင်းကို ကမ္ဘာက သိအောင် ဟောပြော၍ သာသနာပြု လျှက်ရှိပါတယ်၊ သီတဂူမှ ရဟန်းတွေကလဲ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတွေမှာပါ ကျင်းပတဲ့ ဗုဒ္ဓနေ့ အခမ်းအနားတွေကို နိင်ငံတော်ကိုယ်စား တက်ရောက် သာသနာပြုနေကြပါတယ်ဘုရား။ အဲလို ရဟန်းသံဃာတွေကလဲ မိမိဒကာ/မတွေကို မသိသေးရင်လဲသိအောင် သိပြီးလျှင်လဲ တိုးပွားအောင် ဗုဒ္ဓကိုဗုဒ္ဓမှန်း၊ ဓမ္မကို ဓမ္မမှန်း၊ သံဃာကို သံဃာမှန်း သိအောင် ကောင်းမှု့ကိုညွန်ပြ မကောင်းမှု့ကို ရှောင်ဖို့ ဆုံးမပြီး သာသနာပြုနေကြသလို မိဘတွေကလဲ အိမ်တွင်းမှာ သားသမီးတွေကို ပြန်လည်ပြောဆို ဆုံးမရင်းနဲ့ အိမ်တွင်းသာသနာပြု လုပ်လေးကိုပါ လုပ်ကြဖို့ တိုက်တွန်းကြောင်း ပြောကြားလျှောက်ထားပါတယ်ဘုရား၊ (ခရစ်တော်ရဲ့ မွေးနေ့ ခရစ်စမတ် နေ့တွေကိုသာ ယနေ့ လူငယ်တော်တော် များများက သိကြပေမဲ့ ကိုယ့်ဗုဒ္ဓနေ့ ကိုတော့သိသူ အလွန်နဲပါးကြောင်းလေးကိုပါ ပြောကြားသွားပါတယ်၊)
(၄) သီတဂူ အတွင်းရေးမှူး အဘဟန်က ကဆုန်လပြည့်ဗုဒ္ဓနေ့ အကြောင်းလေးနဲ့ ဗုဒ္ဓဘာသာအား ကမ္ဘာ့အမွန်မြတ်ဆုံး ဘာသာအဖြစ် အသိအမှတ်ပြုခံရခြင်းအကြောင်းလေးကိုပါ ၀မ်းမြောက်စွာ လျှောက်ထားတင်ပြခဲ့ပါတယ်ဘုရား၊ အဘဟန် လျှောက်ထားပြောကြားသွာတာကတော့-
‘‘၂၀၀၉ ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့တွင် ဂျီနီဗာမြို့ အခြေစိုက်သော နိုင်ငံတကာ ဘာသာပေါင်းစုံ မဟာမိတ် ဖြစ်ပေါ်တိုးတက်ရေးအသင်းကြီး (ICARUS)က နိုင်ငံတကာမှ ဘာသာရေး ဦီးဆောင်မှု့ပြုသူများအား ဖိတ်ကြား၍ မိမိတို့ ကိုးကွယ်ရာ ဘာသာအကြောင်း ဆွေးနွေးစေခဲ့သည်။ ထို့နောက် ဆွေးနွေးခဲ့သည့် ကိုးကွယ်ရာဘာသာအသီးသီးမှ ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာကို မဲပေး၍ ရွေးချယ်စေခဲ့ကြပါတယ်။
ထိုဆွေးနွေးပွဲကြီးသို့ ကမ္ဘာအရပ်ရပ်မှ ဘာသာရေးခေါင်းဆောင် (၂၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။ ထို (ICARUS ) အသင်းကြီး ဆွေးနွေးပွဲတွင် ဗုဒ္ဓဘာသာဝင် အရေအတွက်မှာ မဖြစ်စလောက် အနည်းငယ်သာ ပါဝင် နိုင်ခဲ့ပါတယ်။
သို့သော် စာပွဲဝိုင်းဆွေးနွေးပွဲ ပြီးနောက် ကမ္ဘာ့ အမွန်မြတ်ဆုံး ကိုးကွယ်ရာဘာသာကို မဲပေးဆုံးဖြတ်ကြရာတွင် မယုံကြည်နိုင်လောက်အောင်ပင် ဗုဒ္ဓဘာသာက ကမ္ဘာတွင် အမွန်မြတ်ဆုံး ကိုးကွယ်ရာဘာသာအဖြစ် မဲဆန္ဒပေးခြင်းခံရပါတယ်ဘုရား။ အခြားအခြားသော ဘာသာရေးခေါင်းဆောင်များသည် မိမိတို့ ကိုးကွယ်ရာဘာသာကို မဲဆန္ဒ မပေးဘဲ ဗုဒ္ဓဘာသာကိုပဲ မဲဆန္ဒပေးခြင်း ဖြစ်ပါသည်ဘုရား။ ဤသို့ မဲဆန္ဒပြုရခြင်းနှင့် ပတ်သက်၍ ဘာသာရေးခေါင်းဆောင်များ၏ ဝေဖန်သုံးသပ်မှု့မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်ဘုရား။
သူတို့အားလုံးရဲ့ ဗုဒ္ဓဘာသာကိုမြင်တဲ့ အမြင်တွေက အတူတူပဲလေ သူတို့ဘာသာတွေမှာ ဘာသာရေး စစ်ပွဲတွေဖြစ်ကြ၊ လူအချင်းချင်း သတ်ဖြတ်ကြ၊ အမှားတစ်ခုလုပ်ရင် တိုက်ဖို့ခိုက်ဖို့ လက်နက်တွေ အသင့်ပြင်ထားကြ၊ လူတွေ အချင်းချင်းဘာသာရေးကို အခြေခံပြီး သွေးမြေကျမှုတွေ၊ ဒေါသအာဃာတတွေ ရှိကြတယ်ဆိုတာ တွေ့ကြရတယ် ၊ ဗုဒ္ဓဘာသာမှာတော့ ဘာသာရေးစစ်ပွဲတွေကို မတွေ့ကြရဘဲ ငြိမ်းချမ်းရေး လမ်းစဉ်တွေကို ဗုဒ္ဓဘာသာဝင်တွေအားလုံး လိုက်နာ ကျင့်သုံး နေကြောင်းထုတ်ဖေါ် ပြောကြတယ်ဆိုတာ ကိုပါ ထဲ့သွင်းလျှောက် ထားသွားပါတယ်ဘုရား၊
ဒါကြောင့် တပည့်တော်တို့တွေလဲ ကိုယ်ကို ကို ဗုဒ္ဓဘာသာ ကိုးကွယ်သော နိုင်ငံနဲ့ ဗုဒ္ဓဘာသာကို လေးစားကြည်ညိုပြီး တကယ့်ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်အောင် ကိုးကွယ် ကျင့်ကြံသော မိဘတွေရဲ့ ၀မ်းထဲ ၀င်စားရတာ ဂုဏ်ယူစရာ ကောင်းပြီး ရခဲသောလူ့ဘ၀လေးမှာ မိရိုးဖလာ ကိုးကွယ်ရာ အဖြစ်မကိုးကွယ်ဘဲ၊ တကယ့် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင် အခုထက်ပိုပြီး ကျင့်ကြံ အားထုတ်မယ်လို့ သန္နိဋ္ဌာန်ချနေမိ ပါတယ် ဘုရား။
(၅) ထို့နောက် အလှုရှင်များက လှုဖွယ် ပစ္စည်းများကို ဆက်ကပ်လှုဒါန်း ကြပြီး ရေစက်ချတရားကိုနားကြား ကုသိုလ်အစုစုကို အမျှဝေကာ ပထမပိုင်း အခမ်အနားကို သီတဂူအဓိဌာန် ဖြင့် သံပြိုင် ရွတ်ဆိုကာ ရုပ်သိမ်း ခဲ့ကြပါတယ်ဘုရား။

သီတဂူအတွင်းရေး ဦးဟန် လျှောက်ထားစဉ်
ဒုတိယပိုင်း အခမ်းအနား
ဒုတိယပိုင်း အစီစဉ်ကိုတော့ သီတဂူဗိမာန်ရှေ့တွင် သီတဂူသာသနာပြုဗိမာန် အောင်ပွဲ အထိမ်းအမှတ်အဖြစ် စိုက်ပျိုး ပူဇော်ထားသော ဘုရားရှင် ရုပ်ပွားတော်နှင့် ဗောဓိညောင်ပင်တော်တို့ကို ရေသပ္ပါယ်ခြင်း အခမ်းအနားကို ကျင်းပကြပါတယ်ဘုရား။ တက္ကသိုလ်ရှိ သံဃာတော်များက ဇယန္တော ဗောဓိယာ မူလေ ဂါတာကို (၃)ခေါက်ရွတ်ဆို ပူဇော်စဉ် သီတဂူသာသနာပြု အဖွဲ့ဝင်များနှင့် အလှု့ရှင်များက မြတ်စွာဘုရား အားရေသပ္ပါယ်ခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြပါတယ်ဘုရား။
ထိုနောက် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှုဒါန်းကြပြီး ဧည့်ပရိသတ်များကို မြန်မာဘူဖေးစံနစ်ဖြင့် တည်ခင်း ကျွေးမွေးကြပါတယ်ဘုရား။
ဘုန်းဘုန်းဘုရား တပည့်တော် မှတ်မိထားသလောက်လေးကို လျှောက်ထားတင်ပြပေးတာပါဘုရား၊ အမှားတွေပါရင်လဲ သီးခံပေးပြီး ပြင်ဆင်ပေးပါလို့ ရိုသေစွာလျှောက်ထားပါသည်ဘုရား။
ဘုန်းဘုနုးလဲ ကျန်းမာ ချမ်းသာစွာနဲ့ သာသနာ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ပါစေလို့ တပည့်တော် ဆုတောင်း မေတ္တာပို့လိုက်ပါတယ်ဘုရား၊
သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ၊
ပန်းစပယ်(လှဆန်းယဉ်)


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၅-၂၀၁၁

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP