ချမ်းသာလေးမျိုး
တစ်ခါတုန်းက ရဟန်းတော်များဟာ အတူတူဝိုင်းဖွဲ့ပြီးတော့ “ချမ်းသာခြင်း” ဆိုတာ ဘာလဲဆိုတာကို သူအမြင် ကိုယ့်အမြင်နဲ့ ဆွေးနွေးပြောဆိုနေကြပါတယ်။ "တစ်ချို့က ဥစ္စာဓန ကြွယ်ဝချမ်းခြင်း၊ ဂုဏ်သတင်းကျော်ကြားခြင်းစတာတွေဟာ ချမ်းသာခြင်းဖြစ်တယ်။ တစ်ချို့က ကာမဂုဏ်ချမ်းသာကို အပြည့်အ၀ခံစားရခြင်းဟာ ချမ်းသာခြင်းဖြစ်တယ်။ တစ်ချို့က အစားကောင်း အသောက်ကောင်း စားသောက်ရခြင်းဟာ ချမ်းသာခြင်းဖြစ်တယ်…..စသည်ဖြင့် မိမိဉာဏ်ရှိသလောက် တွေးထင်မိသလောက် “ချမ်းသာခြင်း”ဆိုတာကို အဓိပ္ပါယ် ဖွင့်ချပြောဆို ဆွေးနွေးနေခိုက်မှာ ဗုဒ္ဓမြတ်စွာ ကြွရောက်လာပါတယ်။ ရဟန်းတို့ ဘာကိုဆွေးနွေးပြောဆိုနေကြတာလဲ…လို့ ဗုဒ္ဓမြတ်စွာက မေးတော့ ချမ်းသာခြင်း ဆိုတာကို ဆွေးနွေးပြောဆိုနေကြတာပါဘုရား…..ဆိုပြီးအထက်ပါ ဖွင့်ဆိုချက်တွေကို ပြန်လည်လျောက်ထားကြပါတယ်။ ဒီတော့ ဗုဒ္ဓမြတ်စွာက….ချစ်သားတို့…..သင်တိုပြောဆိုတဲ့ ကာမဂုဏ်ချမ်းသာခြင်းဆိုတာတွေက ဆင်းရဲဒုက္ခမှ လွတ်မြောက်တဲ့ ချမ်းသာခြင်းမဟုတ်တာကြောင့် ချမ်းသာခြင်း အစစ်မှန်မဟုတ်ဘူး။ တကယ် ဆင်းရဲခြင်းဒုက္ခတရားတွေမှ လွတ်မြောက်တဲ့ ချမ်းသာခြင်း အစစ်ဆိုတာ လေးမျိုးရှိတယ်…….ချစ်သားတို့ ဆိုပြီး ဟောကြားခဲ့ပါတယ်။
0 comments:
Post a Comment