* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, May 10, 2011

သားသား မီးမီးတို့ အတွက် လက်ဆောင် (၂)

၀၉၊ ၀၃၊ ၂၀၁၁ နေ့က Tabata Prince က Bone Nyan ဖေ့စ်ဘွတ်ခ် အကောင့်မှာ တက်ဂ် လုပ်လာတာလေးကို ဘာသာပြန်ပေးလိုက် ပါတယ်။ သူက Jim Rogers ရဲ့ A Gift To My Children (A Father's Lessons for Life and Investing) မှ အခန်း (၂) ကို ဆက်ပြီး တက်ဂ်လုပ်လာပါတယ်။ (အခန်း ၁ ကို မတ်လ ၂၆ ရက်နေ့က ဘာသာပြန် ဖော်ပြပြီးခဲ့ပါပြီ)။

စာလာဖတ်သူတွေ စာ အပြောင်းအလဲ ဖတ်စေချင်တာရယ်၊ အလုပ် နည်းနည်း ရှုပ်နေလို့ အသစ် မရေးအားတာရယ်ကြောင့် ဒီမှာ ဆက်တင်လိုက်ပါတယ်။ ဓမ္မစာစု အတွက်သာ လာဖတ်တာ ဆိုလျှင်တော့ ဒီပို့စ်အတွက် ဒီမှာတင် ရပ်လို့ ရပါပြီလို့ အားနားစွာ ပြောပါရစေ။ နောက်ပို့စ်တွေ ရောက်မှပဲ ဓမ္မစာတွေ ဆက်ဖတ်ကြတာပေါ့။

ကျေးဇူးတင်ပါတယ်။

သမီးရဲ့ အယူအဆတွေကို တစ်စုံတစ်ယောက်က ရယ်သွမ်းသွေးတယ် ဆိုရင် အဲဒါကို အောင်မြင်နိုင်ခြေရှိတဲ့ သင်္ကေတအဖြစ် မှတ်ယူလိုက်ပါ။
သမီးရဲ့ အနီးအနားက လူတွေက အရေးယူ ဆောင်ရွက်မှု နည်းလမ်းတစ်ခုကို အားမပေးဘူး ဆိုရင် ဒါမှမဟုတ် သမီး လုပ်ကိုင်မဲ့ဟာကို ရယ်သွမ်းသွေးကြတယ်ဆိုရင် အဲဒါကို အောင်မြင်နိုင်ခြေရှိတဲ့ သင်္ကေတအဖြစ် မှတ်ယူလိုက်ပါ။ ဒါကို သမီးနားလည်ဖို့ အရေးကြီးတယ်။ အမှန်ကတော့ အများလုပ်တာကို လိုက်လုပ်ရုံလေးနှင့် ကိုယ်ပိုင် အောင်မြင်မှုရခဲ့တဲ့လူဆိုတာ တစ်ယောက်မှ မရှိသေးဘူးကွဲ့။ ဥပမာအဖြစ် တရုပ်ပြည်ကိုပဲ ကြည့်ကြပါစို့ကွယ်။ တရုပ်ပြည်ဟာ ရင်းနှီးမြှုပ်နှံသင့်တဲ့ တိုင်းပြည်မဟုတ်ဘူးလို့ လူတွေက ပြောလေ့ရှိပြီး တကယ်လည်း ဘယ်သူကမှ အဲဒီမှာ ရင်းနှီးမြှုပ်နှံဖို့ အားမထုတ်ကြဘူး။ ဒါပေမယ်လို့ အဲဒီတုန်းကသာ တစ်ယောက်ယောက်က ငွေ စိုက်ထည့်ခဲ့မယ်ဆိုရင် ခုလောက်ဆို သူတို့တွေဟာ ငွေတွေ အများကြီး ရပြီးကြရောပေါ့။

၁၉၈၀ ပြည့်နှစ်တွေမှာ တရုတ်ပြည်ဟာ တကယ် အလားအလာ ရှိတယ်လို့ ဖေဖေ သဘောပေါက် နားလည်ခဲ့ပြီး ပါဝင်ခဲ့တယ်။ အဒီတုန်းက ဖေဖေ့နားက လူတွေက “ဟေး ဂျင်၊ တရုပ်ပြည်က ပြဿနာ များလွန်းပါတယ်။ ဘာလို့ ပါရတာလဲ” လို့ ပြောကြတယ်။ ဖေဖေ လုပ်နေခဲ့တာတွေက စိတ်မမှန်လို့ လုပ်တာလို့ လူအများစုက ပြောကြတယ်။ ဒါပေမဲ့ သူတို့ပြောတာကို ဖေဖေ နားမထောင်ခဲ့ပါဘူး။ အဲဒီအစား ဖေဖေ့ ဘဝပေးအသိနောက်ကိုပဲ လိုက်လုပ်ခဲ့တယ်။ ကုမ္မဏီအမျိုးမျိုးနှင့် ပတ်သက်တဲ့ ရနိုင်သမျှသော အထောက်အထားတွေကို လေ့လာခဲ့တယ်။ တကယ်တော့ ကိုယ်တိုင် သုတေသနလုပ်ဖို့ နေရာမျိုးစုံကို သွားကြည့်ခဲ့တယ်။ ဖြစ်ချင်တော့ တရုပ်ပြည်တွင်းမှာ လူပေါင်း ၁. ၃ သန်း အလုပ်လုပ်နေကြပြီး သူတို့ ရင်းနှီးမြှုပ်နှံလေ့ ရှိတဲ့ စုဆောင်းနှုန်းက သူတို့ ဝင်ငွေရဲ့ ၃၅ % လောက် ရှိတယ်လေ။ ဒီလို နိုင်ငံမျိုးက ဘာလို့ မတိုးတက်ရမှာလဲ။ အထင်ကြီးလောက်တဲ့ ဂျပန်က ၂၀% ဆိုတဲ့ စုဆောင်းငွေနှုန်းထက်တောင် ပိုများလိုက်သေး။

မတူတာကတာ့ အမေရိကန်ပြည်ထောင်စုကို ကြည့်ပါ။ ဒီတိုင်းပြည်မှာ ငွေစုဆောင်းနှုန်းက ဖေဖေ ပထမဆုံး ကမ္ဘာလှည့်ခရီး သွားခဲ့စဉ် ၁၉၉၀ ခုနှစ် တစ်ဝိုက်က ၄% လေးပဲ ရှိခဲ့တာ။ ပြီးတော့ ၂% အထိကို ကျဆင်းသွားခဲ့တယ်။ ပြီးတော့ အမေရိကန် ပြည်ထောင်စုဟာ အကြီးအကျယ် ဘဏ္ဍာရေး လိုငွေပြမှု ရှိပါတယ်။ လူတွေက တရုတ်ပြည်က စွန့်စားလွန်းရာ ကျပါတယ်လို့ တစ်လွဲ စိတ်ကူးပေါက်တဲ့ သာမန်အသိနောက် လိုက်နေကြစဉ် ဖေဖေကတော့ ကိုယ်ပိုင် ဘဝပေးအသိနောက် လိုက်ပြီး တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တယ်။ တရုတ်ရဲ့ တိုးတက်ကြီးထွားမှုက အမေရိကထက် အများကြီး သာလွန်သွားပါပြီ။

သမီးဟာ သမီးပဲဖြစ်ပါစေ။
နယ်ပယ်စုံမှာ အောင်မြင်ပြီး ဖြစ်တဲ့ လူတိုင်းကို ကြည့်ကြည့်လိုက်စမ်းပါ။ သူတို့တွေဟာ အနုပညာရှင်တွေပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂီတသမားတွေပဲဖြစ်ဖြစ် ဒါမှမဟုတ်လဲ သူတို့ အသက်မွေး ဝမ်းကျောင်း အလုပ်က ဘာပဲ ဖြစ်ပါစေ၊ သူများတွေကို ပုံတူကူးချပြီး အောင်မြင်မှု ရတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူများ လုပ်တာကို ပုံတူကူးချလို့ အောင်မြင်တဲ့သူ တစ်ယောက်တစ်လေများ ရှိလို့လား။

ဆိုနီကိုပဲ စဉ်းစားကြည့်လိုက်စမ်း။ သူတို့ဟာ မတူတာကို အမြဲလုပ်ပြီးတော့ တစ်ခြား ကုမ္ပဏီတွေထက် ထူးခြားပေါ်လွင်နေတယ်။ သမီး သိပါတယ်ကွာ၊ သူများတွေ လက်ရှောင်တဲ့ ဆုံးဖြတ်ချက်ကို ချဖို့ ဒါမှမဟုတ် တာဝန်ယူဖို့ဆိုတာ သတ္တိရော စိတ်အားထက်သန်မှုပါ လိုတယ်ဆိုတာကိုလေ။ ရဲရင့်ပြီး အခြား ဘယ်သူမှ လိုက်မလာမည့် လမ်းကို လျှောက်ရဲသူများဆီကိုသာ အောင်မြင်မှုက လာတတ်တယ်ဆိုတာကို သတိယနော်။ ဒါကြောင့် ဆိုနီဟာ အဓိက စီးပွားရေး လုပ်ငန်းကြီး ဖြစ်နေတာပေါ့။

ဖေဖေကတော့လေ သမီးကို အဲဒီလိုမျိုး သတ္တိနှင့် ကိုယ့် ဆန္ဒတွေ၊ ရည်မှန်းချက်တွေကို အောင်မြင်အောင် ကြိုးစားစေချင်တာပဲ။ သမီးရဲ့ ဖေဖေဟာ ရင်းနှီးမြှုပ်နှံသူ တစ်ဦးအဖြစ် အောင်မြင်တာ သက်သက်ကြောင့် သမီးဟာလဲ ရင်းနှီးမြှုပ်နှံသူ တစ်ဦးပဲ ဖြစ်ရမယ်လို့ မဆိုလိုဘူးကွဲ့။ သမီးဟာ ဖေဖေ မဟုတ်လို့ ဖေဖေ့ ပုံတူကိုယ်ပွား ဖြစ်ဖို့ မလိုပါဘူးကွာ။ ဒါပေမဲ့ သမီးကို ဖေဖေ လုပ်စေချင်တာက စစ်မှန်တဲ့ ကိုယ်ပိုင်ဖြစ်ပြီး တစ်မူထူးခြားတဲ့ သမီးကိုယ်တိုင်ပဲ ဖြစ်ဖို့ပဲကွဲ့။

ချစ်သမီးလေးရေ … သမီး တစ်နေ့ထက် တစ်နေ့ အရွယ်ရောက်ရောက်လာလို့ အကြံပေးစကားကတော့ ဖေဖေ ဆက်ဆိုနေဦးမယ်။ သမီးရဲ့ ထင်မြင်ယူဆချက်ကို ဆန့်ကျင်ဟန်တူမယ့် အချိန်တွေ ဆိုတာလဲ ရှိနိုင်တာပဲ။ ဒါပေမယ့် ဖေဖေဟာ သမီးရဲ့ ဖေဖေ ဖြစ်တာကြောင့်နှင့်တော့ ဖေဖေ ပြောတာ အားလုံးကို လက်ခံဖို့ မလိုဘူး။ ဖေဖေက သမီးကို အများနှင့်မတူ တစ်မူထူးခြားပြီး အမှီအခိုကင်းတဲ့ သမီးအဖြစ် ရှုမြင်ထားတာလေ။ အခြားလူတွေက သမီးဟာ ဆုံးဖြတ်လုပ်ကိုင်ဖို့ ငယ်လွန်းတယ်လို့ ထင်လျှင်တောင်မှ မှန်တာကို ဆုံးဖြတ်ဖို့ သမီးရဲ့ ကိုယ်ပိုင် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အသုံးပြုသမျှ ကာလပတ်လုံး သမီးလုပ်ချင်တာကို လုပ်ပါ။

ဒါပေမဲ့ သမီး မှန်တယ် ထင်တာကို လိုက်မလုပ်ခင် အရင်ဆုံး သမီးရဲ့ အိမ်စာ လုပ်ဖို့ ဝီရိယ စိုက်စေချင် တယ်။ ရနိုင်သမျှသော ရင်းမြစ်တွေ အားလုံးကို လေ့လာပြီး သမီးကိုယ် သမီး ပညာတတ်အောင် လုပ်ပါ။ ရလာတဲ့ အရင်းအမြစ်တွေကို သတိကြီးကြီး ထားပြီး ခွဲခြမ်း စိတ်ဖြာပါ။ ပြီးတော့ သမီးမှန်တယ် ထင်တာဟာ အမှန်တကယ်လည်း မှန်တာပဲဆိုတာ သေချာအောင် ကျကျနန လုပ်ဆောင်ပါ။ ဒါကို အရင်ဆုံး မလုပ်ပဲ အရေးယူ လုပ်ဆောင်တာမျိုး မလုပ်ပါနဲ့။ မအောင်မြင်တဲ့ လူတွေဟာ သူတို့ နားတောင် မလည်တဲ့အရာ၊ သူတို့ လေ့လာမှု မပြုမည့် အရာတွေကို ဝင်လုပ်နေကြတယ်လေ။ ဒါဟာ တန်ဖိုးရှိလှတဲ့ အချိန်နှင့် ငွေတွေကို သူတို့တွေ ဆုံးရှုံးနေပုံပဲကွဲ့။

နောက်ဆုံးအနေနှင့် သမီးလိုက်လုပ်ဖို့ မျှော်လင့်တာ တစ်ခုတော့ ရှိပါတယ်။ သမားရိုးကျ အသိမျိုး၊ အစဉ်အလာ ဉာဏ်ပညာမျိုးနှင့် အခြေခိုင်နေတယ်ဆိုတဲ့ အယူအဆမျိုးတွေကို သမီးလေး စိတ်မဝင်စားနှင့် နော်။ ဒါပေမဲ့ မရှိလျှင် လူ့ အဖွဲ့အစည်း ရပ်တည်လို့ မရနိုင်တဲ့ စည်းကမ်းတွေ၊ ကျင့်ဝတ်တွေကိုတော့ မျှော်လင့်လည်း မျှော်လင့်ပါ။ လိုက်လည်း လိုက်နာပါ။ ဒါက လေးစားထိုက်သူတိုင်းကို ယုံကြည်မျှော်လင့်ထားတဲ့ အရာကွဲ့။ ဒါက နေနည်း ထိုင်နည်း အမှန်ဖြစ်ရုံမျှ မက။ ဂုဏ်သရေရှိ လူတွေဟာ ဥပဒေဆိုင်ရာ ပြဿနာတွေကို ဘယ်သောအခါမှ ပူပန်စရာ မလိုတော့တဲ့ အပြင် အမြဲပဲ ရေရှည်မှာ သူတို့တွေက ထိပ်တန်းကို ရောက်လာတော့တာပဲကွဲ့။

ပုံကို http://en.wikipedia.org/wiki/Gift မှ ယူပါတယ်။
ဘုန်းဉာဏ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP