* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, May 7, 2011

တောင်ကိုရီးယားနိုင်ငံမှ ဗုဒ္ဓဘာသာမေးခွန်း အမှတ်စဉ် (၄၆)

မေးခွန်း။ နိကာယ်၊ အဋ္ဌကထာ၊ သုတ္တန်၊ ၀ဂ်၊ တို့သည် မည်သို့ကွာခြားပါသလဲဘုရား၊ အဋ္ဌကထာ ဆရာက (ပြောတယ်) နဲ့ ယခုခေတ် ဘုန်းကြီးတွေက ပြော (ဆိုလေ့) ကြပါတယ်ဘုရား၊ ထွင်ထား တာလား (ဘုရား)၊ ဘုရားဟောကို ချဲ့ထားတာလား (ဘုရား)၊ ၀ိနည်း ပါတိမောက္ခကတော့ သိပါတယ် ဘုရား၊ သုတ္တန်ကလည်း သိသလိုလိုဘဲ လူပေါ်မူတည် အကြောင်းအရာ အဖြစ်အပျက်ပေါ်မူတည်ပြီး ဟောသွား တယ်လို့ အကြမ်းဖျင်း သိထားပါတယ်ဘုရား။

ဒေါ်ကြည်ကြည်သက် ၊ရေဆင်း၊ စိုက်ပျိုးရေးတက္ကသိုလ်

ဖြေ။ ဒီဃနိကာယ် မဇ္ဈိမနိကာယ် သံယုတ္တနိကာယ် အင်္ဂုတ္တရနိကာယ် ခုဒ္ဒကနိ ကာယ်ဟူ၍ နိကာယ်ငါးရပ်ရှိပါသည်။ ယနေ့ခေတ်ပြောနေကြသော သင်ရိုးပိဋကတ်သုံးပုံဆိုသည်မှာ နိကာယ်နှစ်ခု အတွင်းမှာသာ ရှိပါသည်။ ထိုနှစ်ခုမှာ ဒီဃနိကာယ် နှင့် ခုဒ္ဒကနိကာယ်တို့ ဖြစ်ပါသည်။ (ရှေးခေတ်ကမူ နိကာယ်ငါးခု အကုန်လုံးကို ပိဋကတ်သုံးပုံတွင်ထည့်ပါသည်။ ထည့်သည့်နည်းမှာ ၀ိနည်းကို ၀ိနယ၊ အဘိဓမ္မာကို အဘိဓမ္မာ၊ ကျန်အကုန်လုံးကို သုတ္တန်တွင်သွင်းယူသည်။) သမူဟတော နိဝါသော စ သမူဟ နိဝါသာ ဟိ နိကာယောတိ ၀ုစ္စ န္တိ (ပါရာဇိ ကကဏ္ဍအဋ္ဌကထာ ပ အုပ် နှာ ၂၀) နိကာယ်၏ အဓိပ္ပါယ်မှာ စုပေါင်းခြင်း (association) နှင့် နေရာပေးထားခြင်း (accommomdation) အနက် အဓိပ္ပါယ် ရှိပါသည်။ ဥပမာ ဒီဃနိကာယ်ဆိုပါစို့။ သုတ်အရှည်ကြီးများကို စာအုပ်တစ်အုပ်ထည်းတွင် စုပေါင်းထားပြီး ရှည်လျားသော သုတ်တ်ာကြီးများဟု နေရာနှင့် အဆင့်အတန်းကိုလည်း ပေးထားပါသည်။ မဇ္ဈိမနိကာယ်က မူ မရှည်၊ မတို သုတ်များစသဖြင့် နားလည်ကြရပါမည်။ နိကာယ်သည် အင်္ဂါကိုးပါးရှိပါသည်၊

၁။ ဝေယျာကရဏ ( သဂါထာဝဂ္ဂပါဠိ၊ အဘိဓမ္မပိဋကတ်၊ ဂါထာမပါသောသုတ်များ၊ အင်္ဂါရှစ်ပါးမှ (သုတ် ဂေယျ ဂါထာစသည်) လွတ်သော ပါဠိများသည် ဝေယျာကရဏ ဖြစ်ပါသည်။)

၂။ ဂေယျ (ပါဠိလင်္ကာ နှင့် စကားပြေ ရောနှောဖွဲ့ဆိုထားသည်ကို ဂေယျဟု ခေါ်ပါ သည်)၊

၃။ ဂါထာ (ဓမ္မပဒ၊ ထေရဂါထာ၊ ထေရီဂါထာ၊ သုတ္တနိပါတ် တို့တွင်ပါဝင်သော ပါဠိ လင်္ကာသန့်သန့်ကို ဂါထာဟု ခေါ်ပါသည်။)

၎။ ဥဒါန (၀မ်းသာသောစိတ်ဖြင့် ဥာဏ်ရှေ့သွားပြုပြီးသီဆိုသော ရှစ်ဆယ့် နှစ်သုတ်တွင် ပါဝင်သော စကားများကို ဥဒါန်းဟုခေါ်ပါသည်)

၅။ ဣတိဝုတ္တက (မြတ်စွာဘုရားရှင်က ဒီလိုဟောတော်မူခဲ့သည် စသဖြင့် ပြောဆိုသော သုတ်များ ကို ဣတိဝုတ္တက ဟုခေါ်သည်၊ (ဒီဟာကဖြင့် ဒီလိုတဲ့ဟု ဆိုလိုသည်။)

၆။ ဇာတက (အပဏ္ဏကဇာတ်စသော ငါးရာ့ငါးဆယ်ဇာတ်များကို ဇာတကဟုခေါ်ပါသည်။ အမှန်မှာ လေးရာကျော် သာ ရှိပါသည်။)

၇။ အဗ္ဘုတ ( အာနန္ဒာ ထူးထူးဆန်းဆန်း ဖြစ်သောတရားတော်တွေသည် ဤသည်တို့ တည်းစသဖြင့် ဟောကြား ထားသည်များကို အဗ္ဘုတဟုခေါ်ပါသည်။)

၈။ ဝေဒလ္လ (စူဠဝေဒလ္လ မဟာဝေဒလ္လစသော နှစ်သက်သဖြင့် ရအပ်သောမေးခွန်းများကို ဝေဒလ္လဟုခေါ်ပါသည်။ မေးခွန်းရှင်မေးထားသော သုတ်ဟူသည် အင်္ဂါကိုးတန်တွင် ပါဝင်ပါသည်။

၉။ သုတ်ဆိုသည်မှာ မင်္ဂလသုတ်၊ ရတနသုတ်၊ နာလကသုတ် ၊တုဝဋ္ဋကသုတ် စသဖြင့်များစွာသော သီကုံး ထားသည်များကို သုတ်ဟုခေါ်ပါသည်။ သုတ်ဟူသည် သီကုံးခြင်းဟု ဆိုလိုပါသည်။

အဋ္ဌကထာဆိုသည်မှာ ဆရာများ၏ ၀ါဒကို ဆိုပါသည်။ (မဟာဝဂ္ဂအဋ္ဌကထာ မဟာပဓာနသုတ် ဒုအုပ် နှာ ၁၅၇) ဆိုလိုချက်ကို ရှင်းလင်းပြသခြင်းသည် အဋ္ဌကထာ (သီလက္ခန်ဋီကာ ပ အုပ် နှာ ၁၄) တစ်နည်း နောက်ပိုင်း (နောင်ကာလ) တွင် ပါဠိတော်များကို ယုံမှားသံသယမဖြစ်စေရန် သီဟိုဠ်ဘာသာဖြင့် ရေးသားထားသည် ကို အဋ္ဌကထာ (သီလက္ခန်ဋီကာ ပအုပ် ၊နှာ ၁၆) ဟုခေါ်ပါသည်။ (မူလပဏ္ဏာသဋီကာ ၁ နှာ ၁၆) အကျယ်ကို ဖွင့်ပြသည်ကို အဋ္ဌကထာ ဟုခေါ်ပါသည် (အင်္ဂုတ္တရနိကာယ အဋ္ဌ က နိပါတ် ဋီကာ ၃၊ နှာ ၃၆၃)

ဝဂ်ဆိုသည်မှာ (group or party) တူရာများ စုထားခြင်းကို ဆိုလိုပါသည်။ ပါဠိလို ၀ဂ္ဂ ဟုခေါ်ပါသည်။ နိကာယ်၊ အဋ္ဌကထာ၊ သုတ္တန်၊ ၀ဂ်၊ တို့သည် မည်သို့ကွာခြားပါသလဲဘုရား ဟူသောအမေးကို ဖြေရပါလျင် အထက်ပါ အဓိပ္ပါယ်များကို ဖတ်မိပါလျင် နားလည်လောက်ပါပြီ။

အဋ္ဌကထာ ဆရာက (ပြောတယ်) နဲ့ ယခုခေတ် ဘုန်းကြီးတွေက ပြော (ဆိုလေ့) ကြပါတယ်ဘုရား၊ ထွင်ထားတာလား၊ ဘုရားဟောကို ချဲ့ထား တာလား (ဘုရား) ကိုဖြေပြရလျင် ထွင်ထားသည် မဟုတ်ပါ၊ ချဲ့ထားသည်ဟု ဆိုနိုင်ပါသည်။ အဋ္ဌကထာဆရာသည်ပင် ရှေးခေတ်က အဋ္ဌကထာ ဟောင်းကြီးများကို ဘာသာ ပြန်ထားပါသည်။ ရှေးခေတ်က အဋ္ဌကထာများမှာ မဟာ ကုရုန္ဒီ အဋ္ဌကထာ၊ မဟာပစ္စရိအဋ္ဌကထာ၊ မဟာ အဋ္ဌကထာဟု အမည်ရှိပြီး သီဟီုဠ်ဘာသာဖြင့် ရေးထားပါသည်။ အရှင်မဟာဗုဒ္ဓဃောသစသော အဋ္ဌကထာ ဆရာတို့က ပါဠိဘာသာသို့ ပြန်ပြောင်း ရေးခဲ့ကြပါသည်။ နှောင်းခေတ် ဘာသာပြန် ဆရာတို့သည်လည်း သူတို့၏ အာဘော်ကို အဋ္ဌကထာအသစ်များတွင် ထည့်သွင်းခဲ့ကြပါသည်။ အသစ်ဆိုပေသည့် နှစ်ပေါင်း နှစ်ထောင်နီးပါး ရှိပေပြီ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP