* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, April 25, 2011

*ရဟန်းတစ်ပါးရဲ့ ဖွင့်ဟ၀န်ခံချက်*

Ashin Dhammapala

April-1, Friday, 2011

ဒုက္ခပေါ် ဒုက္ခဆင့်၊
ဒုက္ခဖြင့် လျှံဝေ၊
ဒုက္ခဖြင့် အမှန်သေမည်၊
ကျန်အဆွေ သံဝေယူစေရော့..။

ကျွန်တော့်ရဲ့ ကက်စတမ် မက်ဆေ့ခ်ျမှာ ဒီလင်္ကာကဗျာလေး တင်မိရာကနေ စချက်လိုက်တာ…

8:23 AM dhammapala.pa: ကောင်းတယ် ဒကာလေးရေ..
သာဓုသာဓု
ဘာဘဲပြောပြော ဖတ်လို့ရင်ထဲအေးသွားဘို့ လိုရင်းပါ..

me: ခုန ဆိုက်တစ်ဆိုက်က ဒုက္ခသစ္စာအကြောင်း သွားဖတ်လိုက်တာ ဘုရား.. အဲဒါ စိတ်ထဲပေါ်ရာ ကောက်ရေးကြည့်တာ :)

8:24 AM dhammapala.pa: အေးပေါ့… အင်တာနက်ကလည်း ကိလေသာနည်းကြောင်း အကြောင်းအရာတွေကို စိတ်ဝင်စားတတ်တဲ့ သူမှလည်း သုံးရတာချမ်းသာတယ်..
________________________________________ 14 minutes
8:39 AM dhammapala.pa: ခုဘာတွေလုပ်နေသလဲ ဒကာလေး.
________________________________________ 7 minutes
8:46 AM me: အော် ဘုန်းဘုန်း.. ဟို နန္ဒကောဝါဒ သုတ် ဖတ်နေတာ ဘုရား.. ဘုန်းဘုန်း တစ်ပါးဆီက ရလို့..

8:47 AM dhammapala.pa: ကောင်းတယ်ကောင်းတယ်..
ဖတ်ပါ.
ဘုရားစာကရင်အေးတယ်..

me: မှန်ပါ့
________________________________________ 14 minutes
9:02 AM me: ဘုန်းဘုန်း.. ရဟန်းဝတ်ဖြစ်ခဲ့တဲ့ အကြောင်းလေး ပြောပြလို့ ရမလား ဘုရား

dhammapala.pa: အင်း…
9:04 AM ခုတစ်ကြိမ်က ..
9:05 AM ရဟန်းဝတ်တာပထမဆုံး အကြိမ်တော့မဟုတ်ပါဘူး..
ငယ်ငယ်က တစ်ခါ ကိုရင်ဘ၀နဲ့တောင်ပုလု ဆရာတော်ဘုရားကြီး ရန်ကုန်ကြွလာတုန်း ခဏ၀တ်ဘူးတယ်.
9:06 AM ၆ တန်းကျောင်းသားတုန်းက

me: မှန်ပါ့
dhammapala.pa: ဘာမှန်းတော့မသိဘူး.. သို့သော် တောထဲနေရတာ.. သစ်ပင်အောက် နေရတာတွေကိုသဘောကျလို့
ကျောင်းထွက်ပြီးကိုရင်ဘဲဝတ်တော့မယ်လို့
အိမ်ကိုပူဆာဘူးတယ်.

9:07 AM me: အော် မှန်ပါ့

dhammapala.pa: မိဘတွေက ဘာမှတော့မပြောဘူး…
ဒါနဲ့ဘဲ ၁၀ ရက်ကနေ
တစ်လခွဲကြာသွားတယ်..ဆိုပါတော့

9:08 AM တောင်ပုလုကို ဆရာတော်တွေနဲ့ လိုက်သွားမယ် လုပ်နေတယ်.
ဒါပေမယ့် ၁၀တန်းအောင်အောင် အရင်လုပ်ပါဦးလေဆိုပြီး အိမ်ကပြောတာနဲ့
ပြန်ပါသွားရောဆိုပါတော့
ဒါနဲ့ ၁၀ တန်းအောင်တယ်…

9:09 AM me: မှန်ပါ့

dhammapala.pa: ၁၉၈ရ မှာ…
အင်း… ခုတော့မပြောချင်လဲ ပြောရတော့မယ်…
၁၀တန်းအောင်တော့ english မေဂျာရတယ်..

9:10 AM rc ၂ မှာ ကျောင်းတက်နေတုန်း..
၇၅ ကျပ်တန်တွေ တရားမ၀င်ကြေငြာရာကစပြီး..
RIT ကဘုန်းမော်ကိစ္စပေါ်လာတယ်..

9:11 AM တံတားနီအရေးအခင်းဖြစ်တဲ့အချိန် ဦးဇင်းက ပထမနှစ်ကျောင်းသားပေါ့..
ဒါနဲ့ဘဲ..
တက္ကသိုလ်တွေအားလုံး အကန့်အသတ်မရှိ ကျောင်းတွေပိတ်တယ်..
ဖြစ်ချင်တော့ …

9:12 AM me: အော် မှန်ပါ့

dhammapala.pa: emajor ကိုလျှောက်ထားပြီး … တက္ကသိုလ်က မေဂျာမကျခင်မှာ
9:13 AM ဦးလေးတစ်ယောက်က တိုက်တွန်းတာနဲ့ လက်တည့်စမ်းပြီင်္း
dsa သွားဖြေဖြစ်လိုက်သေးတယ်..

me: အော်

9:14 AM dhammapala.pa: ဖြစ်ချင်တော့… အရေးအခင်းစဖြစ်ချိန် ကျောင်းတွေပိတ်ချိန်မှာ ဘာ လုပ်ရမှန်းလဲမသိ…
ဘုန်းကြီးဝတ်ချင်စိတ်က အဲဒီအချိန် နည်းနည်းတော့ နည်းနေတယ်..

me: မှန်ပါ့

9:15 AM dhammapala.pa: ဒါနဲ့ဘဲ… dsa က ၁၁၀ ယောက်ရွေးတဲ့ထဲ ပါသွားပါလေရော ဆိုပါတော့..
ကိုယ်လည်းဘာမှမသိဘဲနဲ့… မေမြို့ထိရောက်သွားတယ်..
ဟိုမှာဆေးစစ်လည်းပြီးရော…

9:16 AM ဆေးကလည်းအောင်သွားရော…
ဒါနဲ့ဘဲတိုတိုဆိုကြစို့…

me: မှန်ပါ့

dhammapala.pa: ၄ နှစ်ပြီင်္းသွားခဲ့တယ်..

9:17 AM me: အော်

dhammapala.pa: ကျောင်းဆင်းပြီး … လပခမှာ…
မန္တလေးလက်အောက်ခံပေါ့.
အဲဒီမှာ တာဝန်ကျတယ်.

9:18 AM me: မှန်ပါ့

dhammapala.pa: နောက်လေးနှစ်ကြာတော့ စကခ ၁၂ လက်အောက်ခံ တပ်ရင်းတစ်ခုပြောင်းတယ်..
ကရင်ပြည်နယ်မှာ.
အဲဒီမှာသံဝေဂစရတာဘဲ..

9:19 AM အားလုံးဟာ နေ့မြင်ညပျောက်ချည်းဘဲ..
ဘယ်ဘက်ကိုတက်ရသလဲဆိုတော့ ဖါပွန်ဘက်..

me: ဖာပွန် မှန်ပါ့

dhammapala.pa: ယွန်းစလင်းချောင်းရဲ့ ဟိုး ထိပ်ဖျား…
အင်း…

9:20 AM မိုင်း ၂ ခါနင်းခဲ့ဘူးတယ်.. ကိုယ့်နောက်ကလူကျမှကွဲတယ်..

me: အဲ

dhammapala.pa: အဲဒီမှာစပြီး အကြီးအကျယ်သံဝေဂရတယ်..

me: မှန်ပါ့ ဘုရား

9:21 AM dhammapala.pa: ကံတွေရဲ့ဆန်းကြယ်ပုံတွေအကြောင်း စဉ်းစားခွင့်ရတယ်..
အားကိုးရတဲ့တပည့်လေးတွေ..
ကိုယ့်မျက်စိရှေ့မှာ ကျသွားကြတယ်..
9:22 AM အားကိုးရတဲ့ ဆရာကြီးတွေ..

အင်း..
9:23 AM အဲဒီမှာ ဒီကိလေသာတွေရဲ့ပူပန်တတ်တာတွေကို နားလည်ခွင့်ရခဲ့တယ်..

me: မှန်ပါ့ ဘုန်းဘုန်း

dhammapala.pa: စိတ်ကို လမ်းလွဲလိုက်မိပြီး မိုက်ရူးရဲမဖြစ်အောင်
ယဉ်ကျေးအောင် မနည်း ထိန်းရတယ်.

9:24 AM တပည့်တွေကိုလည်း သင်ရတယ်.
သူတို့စိတ်ကလေးတွေ ခံ့ကျန်းလာအောင်.
တစ်ချို့တွေ stress ကိုမခံနိုင်ဘူး .. Suicide လုပ်ကြတယ်..
သူတို့လက်ထဲမှာ သေနတ်က ရှိနေတယ်မဟုတ်လား.

9:25 AM me: မှန်ပါ့ ဘုရား

dhammapala.pa: ညဘက် တောင်ကုန်းမှာ..
ပက်လက်လှန်ပြီး
ကြယ်တွေကိုကြည့်ရင်း..
ပြန်တွေးမိတယ်..

9:26 AM တောတွေတောင်တွေကို ငါဟာ စိတ်ဝင်စားတယ်. မြတ်နိုးတယ်.. သစ်ပင်အောက်ကိုချစ်တယ်..
ခုငါနေနေရပြီ.
ဒါပေမယ့် မချမ်းသာဘူး..
ဘာဖြစ်လို့လဲ…..
ဆိုပြီးတော့ပေါ့..

me: မှန်ပါ့

dhammapala.pa: ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးရတော့ ဘုန်းကြီးကျောင်းဆိုတာ
9:27 AM အရောက်အပေါက်နည်းပါတယ်..

ဆိုတော့ သဒ္ဓါအခြခံရှိပေမယ့်
9:28 AM ဘာသာရေးဟာ ဘာအတွက်လဲဆိုတာ ကို ထဲထဲဝင်ဝင်မသိခဲ့ဘူး..

me: မှန်ပါ့

dhammapala.pa: ဆိုတော့ … အင်း…..
အလုပ်ထဲမှာ အရမ်းငြီးငွေ့သွားခဲ့တယ်…
အေးအေးချမ်းသာဘဲ နေချင်တော့တယ်..

ဒါနဲ့ဘဲ..
9:29 AM တမခ ၁၀၁ ကို ထောက်လှမ်းရေး အရာရှိအဖြစ် ပြောင်းခွင့်အမိန့်ကျတယ်..
သို့သော် လုံးဝစိတ်မ၀င်စားတော့ဘူး..

me: မှန်ပါ့

9:30 AM dhammapala.pa: ဘယ်လိုထွက်ရမလဲ..
ဒါကိုစဉ်းစားတယ.်.
ဆေးအဆင့်နှိမ့်ဘို့ တိုက်တွန်းကြတယ်.
သို့သော် မညာချင်ဘူး..

me: မှန်ပါ့

dhammapala.pa: ညာရတာလိပ်ပြာမလုံလို့..
ဒါနဲ့…..
ဖြစ်ချင်ရာဖြစ် ဆိုပြီး..
9:31 AM ခွင့်မဲ့ပျက်ကွက် ၂၁ ရက်ကျော်လွန်အောင် လုပ်ပစ်လိုက်တယ်..
ပေးချင်တဲ့အပြစ်ပေးပေါ့

me: အဲ.. မှန်ပါ့ ဘုရား

dhammapala.pa: တပ်ရင်းမှူးကတော့တားရှာတယ်..
9:32 AM အရာရှိဖြစ်ဘို့ဆိုတာ မလွယ်ဘူးဆိုပြီးပေါ့.
သို့သော်.
စိတ်က မရတော့ဘူး.
လုံးဝဆက်လုပ်ချင်တဲ့စိတ် မရှိတော့ဘူး..
ဒါနဲ့သူ့စကားလည်း နားမထောင်ဖြစ်ဘူး..
ဒါနဲ့ဘဲ … အရေးယူခံရတယ်..
ဖြစ်ချင်တော့

9:33 AM ရတခ တိုင်းမှုးက
အဲဒီအချိန်မှာ
ဦးဇင်း ခမည်းတော် နဲ့ လုပ်ဖေါ်ကိုင်ဘက်ဖြစ်ခဲ့ဘူးတယ်.
သို့သော် ဦးဇင်းခမည်းတော်က တပ်မတော်အရာရှိတော့မဟုတ်ပါဘူး.
9:34 AM ၀န်ကြီးဌာနတစ်ခုက ညွှန်ချုပ်ဆိုပါတော့..

9:35 AM တပ်မမှူးဘ၀တုန်းက ခမည်းတော်နဲ့ သိခဲ့ဘူးတယ်.
နောက်ပြီးဖြစ်ချင်တော့
9:36 AM တိုင်းမှုး pso က ဦးဇင်းထက်တစ်ပတ်စဉ်ဘဲကြီးတယ်.

me: မှန်ပါ့

dhammapala.pa: ကောင်းကောင်း ရင်းနှီးကြတဲ့သူ ဖြစ်နေတယ်.
သူတို့ရဲ့ စောင့်ရှောက်မှုနဲ့..
လွတ်လပ်ရေးရသွားတယ်ဆိုပါတော့ ဒကာလေးရေ..
ကိစ္စအားလုံး အေးအေးဆေးဆေးဘဲ..
ဒါနဲ့..
9:37 AM အိမ်မှာအေးအေးဆေးဆေး စာတွေဖတ်တယ်.

me: မှန်ပါ့

dhammapala.pa: ဒါပေမယ့်  တောထဲသွားချင်တဲ့စိတ်က မပျောက်ဘူး..
ဒီလိုနဲ့ တစ်နှစ်လောက်နေတော့
ဂျပန်မှာ အလုပ်သွားလုပ်နေတဲ့ ၀မ်းကွဲညီပြန်လာတယ်.

9:38 AM ဟိုမှာ သူက ၁၅ နှစ်ကြာခဲ့တယ်.
ရဟန်းတစ်ခေါက်မှမ၀တ်ရသေးဘူး.
သူ့အမေ
ဦးဇင်းအဒေါ်က ကျန်းမာရေးသိပ်မကောင်းရှာတော့
9:39 AM သူမကွယ်လွန်မီသားကို ရှင်ပြုသွားပေးချင်တယ်ဆိုပါတော့
ပြန်လာလာချင်းရဟန်းခံဘို့ သူ့ကိုတိုက်တွန်းကြတယ်

ဒါနဲ့ဘဲ ညဘက်ရောက်တော့ ဟိုပြောဒီပြောပြောကြရင်းနဲ့
ဦးဇင်းကအကြံပေးတယ်.
မင်းကွာ..
9:40 AM ရဟန်းဝတ်မယ်ဆိုရင်တော့
တောထဲမှာ ဆွမ်းခံစားပြီးနေရတဲ့ နေရာမျိုးမှာ ရဟန်းဝတ်ပါလားလို့..

9:41 AM အဲဒီအချိန်
သူ့ယောက်ဖက
ဟာဒါဆိုကောင်းတယ်.
ဒီလိုကျောင်းမျိုးသူသိတယ်ပြောတယ်.
9:42 AM သူက မုဒုံသားလေ..
ဆိုတော့ ဖါးအောက်ကိုသူသိနေတယ်.

me: မှန်ပါ့

dhammapala.pa: ဒါနဲ့ဘဲ မော်လမြိုင်သွားကြမယ်ပေါ့.
ဒါပေမယ့်
ဦးဇင်းအဒေါ်ကမသွားနိုင်ဘူး
9:43 AM ဒါနဲ့ဘဲရန်ကုန်ရိပ်သာခွဲမှာ
၁၀ ရက်ဝတ်ဖြစ်ကြတယ်..

me: မှန်ပါ့

dhammapala.pa: ၁၀ ရက်အတွင်းမှာ ဦးဇင်း စိတ်တွေပြောင်းတယ်.
အဓိက ဘ၀မှာ စဉ်းစားမိနေတာတစ်ခု ရှိခဲ့တယ်.
ဘာလဲဆိုတော့..
9:44 AM လောကကြီးမှာ ပိုက်ဆံနဲ့မပါတ်သက်ဘဲ နေရတဲ့ ဘ၀မျိုးများမရှိဘူးလားလို့…
အဲဒီလိုဘ၀မျိုးများရှိရင်နေချင်တယ်..

9:45 AM ငွေဟာ တကယ့်လူ့တန်ဘိုးဟုတ်ရဲ့လားလို့ အရင်ကတည်းက စဉ်းစားနေမိခဲ့တယ်..

me: မှန်ပါ့

dhammapala.pa: ချမ်းသာသူတွေကို မနာလိုတာတော့မဟုတ်ပါဘူး.
သို့သော်…

me: နားလည်ပါတယ် ဘုရား

9:46 AM dhammapala.pa: လွတ်မြောက်မှုနဲ့ရင့်ကျက်တဲ့ သဘာဝတစ်ခုရဲ့ အတားအဆီးတစ်ခုလို့ ရင်ထဲခံစားရလို့ပါ..

ဒီလိုနဲ့ ၁၀ ရက်အတွင်းမှာ
ဝိနည်းကြောင်းလေးတွေ စကားစပ်ပြီး
9:47 AM အဲဒီကျောင်းက ဦးဇင်းတစ်ချို့ကပြောပြတော့
ရဟန်းဆိုတာ ရွှေငွေ ကို ကိုယ်တိုင်လည်း အလှူမခံကောင်းဘူး…
ကိုင်တွယ်သုံးစွဲလို့လည်း မရဘူး လို့ပြောပြတာသိလိုက်တော့…

9:48 AM တစ်သက်လုံး မျှော်လင့်ခဲ့ရတဲ့ အိမ်မက်တစ်ခုတော့
ခုတော့ တကယ်တွေ့ပြီဆိုပြီး
ဝမ်းသာလိုက်တာလေ…

9:49 AM ဒါနဲ့ဘဲ နောက်ထပ် ၁၀ ရက်ထပ်နေဦးမယ်ဆိုပြီး စိတ်ဆုံးဖြတ်လိုက်တယ်.
ဦးဇင်းညီကတော့..

me: မှန်ပါ့

dhammapala.pa: လူထွက်သွားတယ်.
တစ်ပါးထည်းနေရတော့မှ တောထဲသွားချင်စိတ်က ပေါ်ပြန်တယ်.
ဒါနဲ့ဘဲ…
မော်လမြိုင်ထိသွားဖြစ်ခဲ့တယ်..
ခုထိဘဲဆိုပါတော့…

9:50 AM မယ်တော်ကတော့ ခဏခဏ လူရှေ့မှာ ဦးဇင်းအကြောင်းပြောရင်
ကျွန်မသား ၁၀ ရက်ဘုန်းကြီးဝတ်တာ
သူ့ ၁၀ ရက်က ခုထိမပြည့်နိုင်သေးဘူးတဲ့..
ဟားဟား..

9:51 AM me: :)

dhammapala.pa: တကယ်တော့ မယ်တော်ပျော်တာပါ….
သူတို့ကိုလည်း ဒီပီတိနဲ့ ဦးဇင်းကျေးဇူးဆပ်ခွင့် ရတာပေါ့လေ..
ငွေထက်စာရင်တော့
9:52 AM ပိုပြီးတန်ဘိုးရှိပါတယ်..
ဒီပီတိမျိုးက ငွေနဲ့ဝယ်လို့မရနိုင်ဘူးမဟုတ်လား..

9:53 AM အင်း… ခုလဲ တတ်နိုင်သလောက်ကြိုးစားပြီး သာသနာအတွက် မသေခင် လုပ်သွားချင်တယ်..
ဒီပီတိလေးနဲ့ဘဲ သေမင်းကိုရင်ဆိုင်သွားမယ်….

9:54 AM ကိုယ့်ရှေ့မှာ ဘ၀တစ်ခုကို အဆုံးသတ်သွားကြသူတွေ တော်တော်များများ တွေ့ခွင့်ရအောင်
ကျေးဇူးပြုပေးကြတဲ့ အခြေအနေအရပ်ရပ်ကို ခုချိန်မှာ သိပ်ကျေးဇူး တင်မိပါတယ်..
9:55 AM ဒါဟာရင့်ကျက်ကြောင်းတစ်ခုဘဲ..

me: မှန်ပါ့

dhammapala.pa: အင်း.. ဇာတ်လမ်းကတော့ ဒီလောက်ပါ..
ဘာမှသိပ်မထူးခြားပါဘူးနော်..
ရဟန်းပြုချိန် အသက် ၃၀ ပါ..

9:56 AM me: အော်

dhammapala.pa: ခု ၄၂ နှစ်ထဲရောက်ပြီ…

အရာရှိဘ၀နဲ့ အိမ်ထောင်ကျခဲ့ပါတယ်.
သမီးလေးနှစ်ယောက်ရှိပါတယ်..

me: အော်
မှန်ပါ့

9:57 AM dhammapala.pa: ရဟန်းဝါ ၅ ၀ါအရမှာ သမီးလေးတွေ
သီလရှင် လိုက်ဝတ်ကြတယ်.
ခုတော့ သမီးကြီးက
၁၆နှစ်ထဲ
၆ ၀ါလောက်ရသွားပြီ..
အငယ်လေးရောဘဲ.
တူတူဝတ်ကြတယ်..

9:58 AM ခုစာမေးပွဲဖြေကြတယ်..
အငယ်လေးက မနှစ်က အငယ်တန်းအောင်သွားပြီ..
အကြီးလေးက ဒီနှစ်ဖြေမယ်..
အငယ်လေးက သူ့အစ်မကိုစောင့်မယ်တဲ့..
သူမဖြေဘူး..

9:59 AM သူတို့နှစ်ယောက်ကို ဘုရားတရားတော်တွေနဲ့ဘဲ ပျော်စေချင်တယ်.
ဒါဟာစစ်မှန်တဲ့ အမွေလို့ ဦးဇင်းယုံကြည်ပါတယ်.

ဒီပညာဟာ.
ဒီတစ်ဘ၀အတွက်သာ အသုံးကျသည်မဟုတ်
10:00 AM သံသရာ အဆက်ဆက်ရော..
သံသရာဆုံးသည်ထိရော.. အသုံးကျမယ့် တကယ့် လက်တွေ့ ဘ၀ဖြတ်သန်းနည်း
ဘ၀လွတ်မြောက်နည်း ပညာရပ်လို့
10:01 AM ခံယူလို့ပါ..

me: မှန်ပါ့..

dhammapala.pa: အင်း.. ဒီလောက်ပါဘဲ. ခုတော့ ဗီယက်နမ်မှာ ဒကာတစ်ချို့ရဲ့ ပင့်ဖိတ်ချက်အရ သာသနာ့အလုပ်တွေ တစ်နိုင်တစ်ပိုး ထမ်းရင်းပေါ့…
10:02 AM ၃ နှစ်နီးပါးရှိသွားပြီဆိုပါတော့

အများကြီးတော့မသိပါဘူ့း.. သိသလောက်လေးကိုဘဲ မျှဝေပေးရင်း ဓမ္မဒါနအလှူလုပ်ဖြစ်နေပါတယ်..
ဒီလောက်ပါ..

10:03 AM သေခြင်းတရားကို နီးနီးကပ်ကပ်ကြုံတွေ့ခဲ့ရဘူးတာရယ်… ဘ၀တန်ဘိုးကို နားလည်ချင်တာရယ်ကြောင့်
ရဟန်းပြုဖြစ်တယ်ဆိုလည်း ဟုတ်ပါတယ်.

10:04 AM ဖါးအောက်တောရက ဦးရေ၀တဆိုတာ ဦးဇင်းနဲ့ အလွန်ရင်းနှီးတဲ့
သီတင်းသုံးဖေါ်ဦးဇင်းပါ..
သူ့ကို စာတွေရေးဖြစ်အောင်…
10:05 AM တရားတွေဟောဖြစ်အောင် ဦးဇင်း တိုက်တွန်းခဲ့ပါတယ်..

me: မှန်ပါ့

dhammapala.pa: သူ့ရဲ့တန်ဘိုးရှိရှိနေမယ် ဆိုတဲ့စာအုပ်နဲ့ တရားခွေဟာ.
10:06 AM ဦးဇင်းနဲ့သူနဲ့ တရားဆွေးနွေးမှုပေါ်
အကြောင်းပြုပြီး ရေးဖြစ်ဟောဖြစ်ကြတယ် ဆိုပါတော့

10:07 AM သူ့ရဲ့ အဆက်အသွယ်နဲ့ ဦးဇင်း ဗီယက်နမ်ကိုရောက်လာတာပါ..
ဦးဇင်းထက်ငယ်ပေမယ့်  ၀ါလပိုင်းလောက်ကြီးတယ်.
သို့သော် သူက တကယ့်ပါရမီရှင်ပါ…

အလွန်တော်တဲ့
10:08 AM သာသနာအတွက် အလွန်အကျိုးများမယ့် ရဟန်းတော်ပါ..
အလွန်လေးစားဘို့ကောင်းပါတယ်..
ဦးဇင်းရဲ့ဆရာဆိုလည်းဟုတ်ပါတယ်.

me: မှန်ပါ့.. တန်ဖိုးရှိရှိနေမယ်ကို တပည့်တော် ရှာကြည့်ဦးမယ် ဘုရား.. မတွေ့ရင်တော့ ဘုန်းဘုန်းဆီပဲ အကူအညီ လှမ်းတောင်းရမယ်..

10:09 AM dhammapala.pa: အင်း… Dhammadownload ဆိုက်မှာရှာကြည့်ပါလေ…
ရှိမယ်ထင်တယ်..

me: မှန်ပါ့..

dhammapala.pa: အင်း… ဒီလောက်ဆိုရပြီနဲ့တူတယ်..
10:10 AM ဖတ်ကောင်းအောင်ရေးပေါ့လေ…

dhammapala.pa: ဒကာလေးက ဦးဇင်းရင်ထဲရောက်အောင် ၀င်ပြီးရေးနိုင်မယ်ထင်လို့ ဦးဇင်းအကြောင်းကို မချန်ဘဲ ပြောပြတာပါ. တော်တော်များများ ဦးဇင်းအကြောင်း သိပ်မသိကြပါဘူး.. နောက်တစ်ခုက ကိုယ့်ညီငယ်များကိုလည်း သိစေချင် လက်ဆင့်ကမ်းချင်တာလည်း ပါပါတယ်… ဘ၀ကိုတန်ဘိုးရှိရှိ နေစေချင်လို့ပါ…

ဘုရားဟောများတယ်မှန်တာဘဲ…
ဓါတ်တူရာစုလို့ဟောထားတယ်လေ..
10:13 AM အင်း.ဒါကြောင့် ဒီမှာ လာတွေ့ကြတယ် ထင်တယ်.

me: မှန်ပါ့.. ဆုံးမစကားလေး ပြောပေးပါဦး ဘုရား..

10:14 AM dhammapala.pa: မြတ်စွာဘုရားရဲ့ ရုပ်နာမ်ဓမ္မသင်္ခါရ သဘာဝအရ…
တစ်ခုချုပ်ပြီးမှ တစ်ခုပေါ်ရတာဘဲ..
ရုပ်တရားတွေလဲ တစ်ခုချုပ်ပျက် တစ်ခုပေါ်

10:15 AM အကြောင်းတရားမကုန်လို့သာ ထပ်ထပ်ပြီး ဖြစ်ခွင့်ရတာမဟုတ်လား..
ဒါကိုဘဲ… အကြောင်းဒုက္ခသစ္စာလို့ဟောတော်မူတာ..
ဆိုလိုတာက

10:16 AM ဒုက္ခဖြစ်စေတတ်တဲ့ အကြောင်းအရာတွေကို ဒုက္ခဘဲလို့သိမြင်တာက သမ္မာဒိဋ္ဌိပဲ..
ဒုက္ခမှန်းသိလို့
ဒုက္ခမှလွတ်မြောက်ချင်တယ်ဆိုရင်တော့
10:17 AM ဒုက္ခဖြစ်ကြောင်းတရားတွေကို အကျိုးပေးခွင့် မရအောင်ပြုပြင်ဘို့က မိမိရဲ့တာဝန်ပါဘဲ..

10:18 AM me: မှန်ပါ့

dhammapala.pa: ရွေးချယ်ခွင့်ရှိပါတယ်…

10:19 AM me: မှန်ပါ့.. ကျေးဇူး ဘုန်းဘုန်း..

10:20 AM dhammapala.pa: အင်း..
သိသိကြီးနဲ့ ရံခါ မဟုတ်တာ လုပ်ရတာလောက် ကိုယ့်ကိုကိုယ် သိမ်ငယ်စေတတ်တာ လောကမှာမရှိဘူး.
10:21 AM ခံရအခက်ဆုံးဘဲ..

တစ်ခုတော့ရှိတယ်.
သည်းခံခြင်းဟာ. ပညာရှိသူတော်ကောင်းတို့ရဲ့အားဆိုတာတော့ မမေ့ပါနဲ့..

10:22 AM me: မှန်ပါ့ ဘုရား..
ကျေးဇူးတင်ပါတယ် ဘုရား..

dhammapala.pa: ဒကာလေးအတွက် စာအုပ်ရှာပေးနေတယ်.

10:23 AM me: အော်

10:26 AM နှစ်အုပ်ပဲ တွေ့တယ်ဘုရား.. သာသနာ့အမွေကို ခံယူခြင်းနှင့် ငါလုပ်ချင်တာ ရယ်၊ နားလည်နိုင်ခြင်း၏ စွမ်းအား ရယ်။
dhammapala.pa: ဟုတ်တယ်.
ဖတ်ကြည့်ပါလေ.
10:27 AM ဦးဇင်းလည်း အဲဒါဘဲတွေ့တယ်.

သာသနာ့အမွေကိုခံယူခြင်းနှင့်
ငါလုပ်ချင်တာ ..
ဆိုတာကို အရင်ဖတ်ကြည့်ပါ..
10:28 AM သိပ်ကောင်းတဲ့ စာနှစ်ပုဒ်ပါ.
ဦးဇင်းကိုယ်တိုင် စာစီစာရိုက် edit ပိုင်းကူလုပ်ပေးထားတဲ့စာအုပ်ပါ.

10:29 AM သာသနာ့အမွေကို ခံယူခြင်းဆိုတဲ့ ဆရာတော်ဘုရား ဆောင်းပါးက ဆရာတော်ရဲ့ အားဆေး သုတ္တန်ပဲ.

ဆရာတော်ဘုရား မိန့်တယ် အဲဒီတုန်းက..
တပည့်တော် ဒီသုတ္တန်ကို ဖတ်ပြီး သဒ္ဓါတရားတွေဖြစ်လိုက်တာဘုရားတဲ့.

10:30 AM ငယ်ငယ်တောထဲနေတုန်းက ခဏခဏပြန်ဖတ်ဖြစ်တယ်တဲ့.
ဦးဇင်းကို ဆရာတော်ဘုရားမိန့်ခဲ့ဘူးတယ်.
သိပ်ကောင်းတယ်.
အေးအေးဆေးဆေးဖတ်ကြည့်ပါ..

me: မှန်ပါ့ ဘုန်းဘုန်း

10:31 AM dhammapala.pa: အလွန်မှ နက်နဲပြီး သဘာဝကျတဲ့ ဘ၀တန်ဘိုး သာသနာ့တန်ဘိုး.. ရှင်ရဟန်းပြုရခြင်းရဲ့ တန်ဘိုးတွေ သဘောပေါက်ပါလိမ့်မယ်…

me: မှန်ပါ့ ဘုရား..

10:32 AM dhammapala.pa: ဦးရေ၀တကလည်း စာရေးကောင်းတယ်..

me: ဘုန်းဘုန်း အချိန်တော်တော် ပေးလိုက်ရပြီ တပည့်တော်အတွက်.. ကျေးဇူးပါဘုရား..

dhammapala.pa: အင်း… အချိန်တော့ပေးလိုက်ရတာ မှန်တယ်. ပြန်ရလိုက်တာတွေ မနည်းဘူးပဲ..
ဟုတ်တယ်ဟုတ်..

10:33 AM me: မှန်ပါ့

10:34 AM dhammapala.pa: ငါလုပ်ချင်တာ.. ဆိုတာလေးက ဒကာလေးအတွက် ဆေးဖြစ်မယ်ထင်တယ်.
10:35 AM အရင်ဖတ်ကြည့်လိုက်နော်.
တန်ဘိုးရှိရှိနေမယ်ကတော့ ရှာကြည့်ပေးမယ်.
အကျိုးများတဲ့ စာအုပ်ပါ.
မေးနဲ့ပို့ပေးလိုက်ပါမယ်.
ခုတော့ နားလိုက်တော့မယ်နော်.
10:36 AM ကျန်းမာပါစေ…

me: မှန်ပါ့ ဘုရား..
ဘုန်းဘုန်းလည်း ကျန်းမာပါစေ။ ဦးတင်လိုက်ပါတယ် ဘုရား

dhammapala.pa: ကိလေသာတို့မှ လွတ်အောင်ရုန်းထွက်နိုင်သော အမျိုးကောင်းသားတစ်ဦး ဖြစ်နိုင်ပါစေ…

~~~~~~~*****~~~~~~~

ဒေါင်းလုပ် ရယူလိုပါက…

သာသနာ့အမွေကို ခံယူခြင်းနှင့် ငါလုပ်ချင်တာ (E-book)
- Book – Main Body
- Preface and Contents

တန်ဖိုးရှိရှိ နေမယ် (E-book)
- Cover
- Book – Main Body
- Preface and Contents

တန်ဖိုးရှိရှိနေမယ် (22-7-2007) (MP 3)

———————————————————-

ဓမ္မမောင်နှမတို့ အားလုံး မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်င ပြည့်စုံနိုင်ကြပါစေ။

လေးစားရိုသေစွာဖြင့်
ဖိုးသား

4/24/2011, SUN:, 3:24:43 AM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP