* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, April 4, 2011

လူကြီးသင်ပုန်းကြီး

ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမလေးအဖြစ်ကိုတော့ ရင်ထဲ စလုံးစခုဖြစ်ပြီး ကျန်ရစ်ပါတယ်။ သူ့မိဘ သူ့အဘိုးအဘွားတို့ဟာ ဗုဒ္ဓဘာသာတွေပါ။ ဘုရားနဲ့၊ တရားနဲ့၊သံဃာကိုလည်း ကိုးကွယ် နေကြသူတွေပါ။

နို့ပေမယ့် အသက် ၂ဝ လောက်ရှိနေပြီဖြစ်တဲ့ ဒီကလေးမလေးနဲ့ သူ့အစ်ကိုများခေတ် မှာ ဘုန်းကြီးနဲ့ စကား မပြောတတ်ဘူးလို့ ပြောရအောင် ရဟန်းသံဃာနဲ့ သူတို့တတွေမှာ အတော်ကြီး အလှမ်းကွာဝေးနေကြပြီလားလို့ အမေက စိတ်မကောင်း ဖြစ်မိပါတယ်။ (လူထုဒေါ်အမာ)

မိတ်ဆွေတစ်ပါးရဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ ဆရာမကြီး လူထုဒေါ်အမာရဲ့ စကား။ အမျိုးဘာသာကို ချစ်ခင်တဲ့ စိတ်ထားနဲ့ ပူပန်မှု ကြီးစွာ ပြောကြားခဲ့တဲ့ မေတ္တာစကားပါ။ မျိုးဆက်သစ်လူငယ်တွေ အမျိုးဘာသာ ချစ်တတ်ဖို့ အရေး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘိုးဘွား အမွေ အနှစ်တွေကို ထိန်းသိမ်းတတ်စေဖို့၊ မြတ်နိုးတန်ဖိုးထားတတ်စေဖို့ အရေး၊ အသက်ဆုံးသည်အထိ မနေမနား ရေးသားသွားခဲ့တဲ့ စာပေမိခင်၊ နိုင်ငံရဲ့ မိခင်ကြီးတစ်ဦးရဲ့ မေတ္တာစကားပါ။


ဆရာမကြီး လူထုဒေါ်အမာစကားကို ဖတ်ရတော့ သူ့နည်းတူပဲ စိတ်မကောင်းဖြစ်ရပါတယ်။ မပြောတတ်လို့ မပြောကြရုံတင်မက ဘုန်းတော်ကြီးတွေဆို အဝေးကနေ ရှောင်ကြမှာမျိုး၊ ဘုန်းကြီးစကားဆိုရင် နားမထောင်ရ မယ့် အရာမျိုးရယ်လို့ ထင်မှတ်သွားမှာ အထိ တွေးပြီး စိုးရိမ်မိ တာကြောင့်လည်း ကိုယ့်စိတ်မကောင်းမှုက အမေ လူထု ဒေါ်အမာထက်ပင် သာကောင်း သာလေမလားရယ်လို့ပင် ပိုပိုသာသာ တွေးမိပါတယ်။

ရုပ်ဝတ္ထု အခြေခံ ထင်လွယ်မြင်လွယ်တဲ့ အကျိုးရလဒ်မှသာလျင် တကယ့်အကျိုးရလဒ်လို့ ယူဆတဲ့ခေတ်မှာ သူတို့ လိုအပ်ချက်ပြည့်ဝစေဖို့ ထင်သာမြင်သာ တိုက်ရိုက် အကူအညီ မပေးသလိုဖြစ်နေတဲ့ ဘာသာရေးအဆုံးအမက လူငယ်များအကြား ရေပန်းမစားနိုင် ဖြစ်နေတတ်တာ အဆန်းတော့လည်း မဟုတ်ပါဘူး။ အသိဉာဏ်ရင့်ကျက် ရွယ်ရယ်လို့ ယူဆနိုင်တဲ့ အသက်အတန် ရလာသူအချို့ကြားမှာပင်လျင် ဘာသာရေး ဆိုတာကို ယောင်ဝါးဝါးသာ နားလည်နေတတ် ကြတာမို့လည်း လူငယ်တွေကြားမှာ ဘာသာရေးကပေးတဲ့ အသိဉာဏ်တွေ ရေပန်းမစားဖြစ် နေတာ အဆန်းဆိုနိုင်မယ် မဟုတ်ပါဘူး။


ဘုန်းကြီးနဲ့ စကားမပြောတတ်ဘူး-ဆိုတဲ့စကားက အရှင်ဘုရား။ တပည့်တော်။ တပည့်တော်မ-စတဲ့ သာသနာ တော်နဲ့စပ်တဲ့ အသုံးအနှုန်း များသုံးပြီး မပြောတတ်ဘူးလို့ ဆိုချင်တာဖြစ်မှာပါ။ မိဘဆရာသမားများကလည်း ဘုန်းတော်ကြီးများနဲ့ စကားပြောရင် တပည့်တော်၊ အရှင်ဘုရား စသဖြင့် . .ပြောရမယ်။ အဲဒီလိုမှ မပြောရင် ငရဲ ကြီးတတ်တယ်။ အပြစ်ဖြစ်တတ်တယ်ရယ်လို့ သင်ကြားထားလေတော့ အပြစ်ဖြစ်မှာ ကြောက်ရွံ့ တာလည်း ပါမယ် ထင်ပါတယ်။ နောက်ပြီး အဲဒီလို သာသနာ့အသုံးအနှုန်းများကို ဆီလျော်အောင် မသုံးတတ်သူတွေကိုလည်း မယဉ်ကျေးသူလေးတွေ။ ရိုင်းစိုင်းသူလေးလေးတွေရယ်လို့ အထင်အမြင်သေးတတ်၊ ကဲ့ရဲ့တတ်တာကြောင့်လည်း ပြောဖို့ဝန်လေးသွားတတ်ကြတာလည်း ပါမယ်ထင်ပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အကြောက်တရားနဲ့ ခြောက် လှန့်စည်းရုံးတတ်တာတွေကို ကြားသိရတဲ့အခါတိုင်း ဒေါသော အတ္ထံ နဇာနာတိ-အကြောက်တရားအခြေခံမှုက နေ အမှန်တရား ရလဒ်ကောင်း ထွက်မလာနိုင်ဘူး-ဆိုတဲ့စကားကို သတိရမိတတ်တယ်။


တကယ်တော့ တစ်နှစ်တခါ၊ ၂ နှစ် ၃ နှစ်နေလို့မှ တစ်ခါမှ ရဟန်းသံဃာတော်များနဲ့ ဆုံဖို့ကြုံဖို့ မလွယ်ကူတဲ့ လူ ငယ်တွေအနေနဲ့ သာသနာနဲ့ စပ်ဆိုင်တဲ့ အသုံးအနှုန်းများကို မှန်မှန်ကန်ကန် သုံးတတ်ဖို့ဆိုတာက လွယ်မယ် တော့ မထင်ပါဘူး။ အတွေ့အကြုံအရတော့ သံဃာတော်များနဲ့ တဖြေးဖြေး ရင်းနှီးလာတဲ့အခါမှာ အလေ့အကျင့် ရလာပြီး မှန်မှန်ကန်ကန် သုံးစွဲလာတတ်တာကို တွေ့ရပါတယ်။ ဒါကြောင့် တွေ့တွေ့ခြင်းအချိန်များမှာ ကျနော်ပဲ သုံးသုံး၊ ကျမပဲပြောပြော နားလည်ခွင့်လွှတ်ပေးပြီး တဖြေးဖြေးနဲ့ သင်ပြသွားဖို့လိုမယ်လို့ ယူဆပါတယ်။ ဒါကြောင့် အသုံးအနှုန်းမှားတဲ့ လူငယ်များကို ဆရာမိဘများက ငရဲကြီးမယ်၊ ရိုင်းစိုင်းတယ်လို့ ခြောက်လှန့်မှု၊ ပြစ်တင်ရှုတ်ချ မှု မပြုပဲ စာနာနားလည်စွာနဲ့ တဖြေးဖြေး ရင်းနှီးအောင် ဖန်တီးပေးပြီး သင်ပြသွားဖို့လိုပါလိမ့်မယ်။


ကိုယ်တွေ့ဖြစ်ရပ်ပါ။ တခါက ပေါက်ဖော်ဒကာမကြီးက တယ်လီဖုန်းနဲ့ ဆွမ်းစားလှန်းပင့်ပါတယ်။ ဖုန်းကိုင်ကိုင်ခြင်း သူက မေးပါတယ်။ နင်က ဘုန်းကြီးလားတဲ့။ ဟုတ်ပါတယ်ဆိုတော့ ဝက ...မြို့ကပါ။ နင်တို့ကို ထမင်းစားဖိတ်ချင် လို့။ အဲဒါ အိမ်က ကောင်မတွေက ဘုန်းကြီးနဲ့ စကားမပြော တတ်ကြလို့ ဝကပြောပေးတာ။ အိမ်ကို လာနိုင်မလား လို့ ပြောပါတယ်။


အိမ်ကကောင်မတွေက ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ ဝကပြောပေးတာဆိုတော့ စိတ်ထဲက အနည်းငယ်တော့ ပြုံးမိပါတယ်။ ဒါပေမယ့် အလားတူ အတွေ့အကြုံမျိုးက ကိုယ့်အတွက် အဆန်းမဟုတ်လို့ ဒါဟာ ကဲ့ရဲ့စရာတစ်ခုလို့ တော့ မမြင်ပါဘူး။ နောက်ပြီး ရိုင်းစိုင်းတဲ့ အသုံးအနှုန်းလို့လည်း မထင်ခဲ့ပါဘူး။ ဒူးနေရာဒူး၊ တော်နေရာတော်၊ လျှော်စွာသုံးစွဲတတ်ခြင်းဆိုတာ လိုအပ်တဲ့အရာလို့ လက်ခံပေမယ့် မလျှော်စွာ မသုံး တတ်တာကြောင့်လည်း အပြစ်တစ်ခုဖြစ်လေတယ်လို့ မထင်မိပါဘူး။


(မအပ်စပ်တဲ့ ဝေါဟာရစကားနဲ့ ပင့်ဖိတ်တဲ့ဆွမ်းကို ရဟန်းတော်များ မဘုန်းပေး မသုံးဆောင်ကောင်းဘူးဆိုတဲ့ ဝိနည်းပညတ်တော်ကို မသိနားမလည်လို့ ဖြစ်မှာပေါ့လို့ စွပ်စွဲမယ် မထင်ပါဘူး၊ အဏုမတ္တဝဇေသု ဘယဒဿာဝီ-အဏုမြူပမာဏမျှ သေးသေးငယ်ငယ် အပြစ်ကလေး ကိုပင် ဘေးအန္တရာယ် တစ်ခုလို့ ရှုမြင်ရမယ်လို့ ဟောထား တယ် မဟုတ်လားလို့လည်း မေးခွန်းထုတ်ချင်မယ် မထင်ပါဘူး)။


တကယ်တော့ ကိုယ့်ကိုယ် ဆွမ်းစားပင့်တဲ့ ပေါက်ဖော်မကြီးဆိုရင် မြန်မာပြည်မှာနေစဉ်က ဘုန်းတော်ကြီး ကျောင်းတွေကို တစ်ခေါက်မှ မရောက်ဖူး ခဲ့သူပါ။ ပြည်ပရောက်ခါမှသာ ဘုန်းတော်ကြီးများနဲ့ ရင်းနှီးပြီး ခုလို နင် တစ်ခွန်း၊ ငါတစ်လှည့် ဆက်ဆံရင်း ဘုန်းတော်ကြီးကျောင်းများကို ဝင်ထွက် သွားလာကျင့် ရလာတာပါ။ ခုဆို သူ့မြေးတွေတောင် ကျောင်းတွေကို သွားလာဝင်ထွက်နေလို့ ဘုန်းတော်ကြီးများနဲ့ ရင်းနှီးကျွမ်းဝင်နေပါပြီ။ အဖွား တိုက်တွန်းမှုနဲ့ ယဉ်ကျေးမှုသင်တန်းတွေလည်း တက်ရောက်ကြလို့ ခုဆို သူတို့အဖွားကိုပင်လျင် အဖွား ဘုန်း ဘုန်းနဲ့ဆို ဒီလိုပြောရတယ်လို့ သူတို့ကပင် အဖွားကို ပြန်လည်သင်ကြားပေးနေတတ်ကြပြီ။


ကိုယ်ကတော့ မြန်မာစကားကို ဘူးလုံးကွဲအောင် မပြောတတ်တဲ့သူတွေနဲ့ တွေ့တိုင်း ပြောတတ်သလိုပြောပါ၊ ကိုယ့်နားမှာ စကားပြန်စက် တပ်ထား တယ်။ နင်ပဲပြောပြော၊ ငါပဲဆိုဆို၊ အရှင်ဘုရား၊ တပည့်တော်လို့ပဲ ပြန်ပြီး ကြားပေးတယ်လို့ ပြောထားလိုက်တယ်။ ဒီလိုမှ မပြောရင် သူတို့အနေနဲ့ ဘာမှ မပြောဖို့ပဲရှိတော့တယ်လေ။ တစ်လုံးစ နှစ်လုံးစ မြန်မာစကားလေးကို ကြိုးစားပြီး ပြောနေရတဲ့သူတွေကို ဟိုလိုပြောရမယ်၊ ဒီလိုပြောရမယ်လို့ ညွှန်ကြားနေရင် ဘယ်မှာ ခရီးက ရောက်နိုင်ပါတော့မလဲ။


ဒီလိုပြောတာ ပြည်ပနိုင်ငံများမှာတော့ ဟုတ်တာပေါ့။ ပြည်တွင်းမှာတော့ မှန်မှန်ကန်ကန် ပြောရမှာပေါ့လို့ ဆို ကောင်းဆိုနိုင်စရာ ရှိပါတယ်။ သို့ပေမယ့် ပြည်တွင်းမှာရော လူငယ်တွေကို သံဃာတော်များနဲ့ အကြိမ်ဘယ် လောက်များများ တွေ့ခွင့်ရအောင် ဆုံနိုင်တဲ့အခွင့်အရေး ဖန်တီးပေးထား သလဲဆိုတာ ပြန်မေးကြည့်ဖို့ လိုပါလိမ့် မယ်။


နောက်ပြီး ဘာသာရေးနဲ့လူငယ်တွေ ဝေးစေတဲ့အကြောင်းထဲမှာ အခြားအကြောင်းများလည်း ပါလေမလားလို့ စဉ်းစား မိပါတယ်။ ဒေါသမထားဖို့ ပြောနေကြသူတွေကြားမှာ ဒေါသတွေ ပွားနေတတ်တာ၊ လောဘပါးဖို့ ပြောနေ တတ်သူတွေကြားမှာ လောဘတွေ များနေ တတ်တာကလည်း လွဲမှားမှုတစ်ခုပါပဲ။ ဒီလိုလွဲမားနေမှုတွေကို တွေ့ မြင်နေရတတ်တဲ့ အခြေအနေမျိုးမှာ ဘာသာရေးဆိုတာ မေတ္တာတရားတွေ တိုးပွားအောင် သင်ကြားပေးတတ်တာ။ မျှဝေတတ်အောင် လမ်းညွှန်ပေးတတ်တာရယ်လို့ ပြောရင် နားဝင်စရာ ဖြစ်ပါ့မလား။ ဘဝနေထိုင်မှုအတွက် အထောက်အပံ့ကောင်းတစ်ခုရယ်လို့ လက်ခံဖို့ရော လွယ်ကူပါ့မလား။ ကြားသိရမှုနဲ့ လက်တွေ့က ခြားနားကောင်း ခြားနားနေပေမပေါ့။


ဘုန်းကြီးဖြစ်နေပြီးကွာ။ အမေကလည်း တရားတွေ ဒီလောက်နာပြီး၊ အဖေကလည်း တရားတွေ ဒီလောက်ထိုင် ပြီး-စသဖြင့် လူငယ်တွေရဲ့ အလိုမကျဟန် စကားတွေဟာ လူငယ်တွေကြားမှာ ဘာသာရေးနဲ့စပ်ပြီး ဘဝင်မကျ နိုင်မှုကနေ ထွက်အံလာတဲ့ တုန့်ပြန်စကားမျိုးပါ။ ဒီစကားမျိုး ကြားရပြီဆိုရင်တော့ ဒါဟာကိုယ့်ဆီမှာ တစ်ခုခုမှား နေပြီဆိုတာ သူရောကိုယ်ပါ နားလည်ကြဖို့နဲ့ ပြုပြင်ကြဖို့ လိုနေပြီရယ်လို့ သိဖို့လိုပါလိမ့်မယ်။

ဒီလိုအပြောခံရဖွယ် အနေအထားမျိုးတွေ ကိုယ့်ဖက်က မပြုပြင်ပဲနဲ့တော့ ဘာသာရေး အဆုံးအမများဟာ ဘယ်လိုကောင်းတယ်၊ ဘယ်လောက်တောင် တန်ဖိုးရှိတယ်ရယ်လို့ ဘယ်လိုပင် စည်းရုံးလမ်း ပြလုပ်လုပ်၊ လူငယ်တွေအနေနဲ့ လက်သင့် ခံနားထောင်ပေးဖို့နဲ့ ယုံကြည်စွာ လိုက်နာဖို့ အဆင်သင့်ဖြစ်နိုင်မယ် မဟုတ်ပေဘူး။


အနှစ်နှစ်ဆယ်လောက် အသက်ကွာခြားသူတွေကြားမှာ (Generation Gap) မျိုးဆက်ကွာခြားမှုကြောင့် တွေး ခေါ်ယူဆပုံ၊ လက်ခံယုံကြည်ပုံလည်း ကွဲပြားတတ်တယ်လို့ ပညာရှင်အများက ယူဆခဲ့ကြပါတယ်။ နည်းပညာ တွေတိုးတက်လာမှုကြောင့် ခုနောက်ပိုင်းမှာဆိုလျင် မျိုးဆက်ကွားခြားမှုက ဒီထက်ပင်လျင် ပိုမိုမြန်ဆန်၊ ကွဲပြားမှု တွေကလည်း ပိုမိုများလာတယ်လို့လည်း ပြောကြပါတယ်။


ဘာသာရေးအပေါ်၊ ဘာသာရေးကို ဦးဆောင်ဦးရွက်ပြုနေသူတွေအပေါ် အသက်အရွယ်ကြီးရင့်သူတွေနဲ့ ငယ် ရွယ်သူတွေ မြင်တဲ့အမြင်ခြင်း ကွာခြားတတ်တာကို သတိထားမိပါတယ်။ အစဉ်အလာတွေကို စွဲစွဲမြဲမြဲ တန်ဖိုး ထားတတ်သူတွေရဲ့ အချို့အမြင်ဟာ ခေတ်သစ်လူငယ်တွေအမြင်မှာ အသုံးမဝင်တဲ့ အရာတွေသာရယ်လို့ မြင်တာ မျိုးလည်း ရှိတတ်ပါတယ်။ အပြန်အားဖြင့် ဘာသာရေးနဲ့ပတ်သက်ပြီး လူငယ်တွေရဲ့ အချို့မျှော်လင့် ချက်တွေဟာ အစဉ်အလာကို လွန်စွာတန်ဖိုးထားလွန်းသူတွေအတွက် လက်သင့်ခံဖို့ ခက်တာမျိုးလည်း ရှိတတ်ပါတယ်။


ဒီတော့ အကောင်းဆိုပြီး ပေးတိုင်း အကောင်းချည်း မဖြစ်နိုင်တာကို သတိပြုမိစေဖို့ လိုအပ်သလို ကိုယ့်ရဲ့ရှေးရိုး အစွဲ အမြင်အရ မသင့်လျော်ဘူး ထင်တဲ့အရာကပေမယ့် ခေတ်သစ်လူသားတွေအတွက် အသုံးကျတတ်တာမျိုး ရှိနိုင် ကြောင်းကိုလည်း လက်ခံနားလည်ပေးဖို့ လိုပေလိမ့်မယ်။ ။

အရှင်ဉာဏိက

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP