* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, April 14, 2011

သဒ္ဓါနဲ့ ပညာ

ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်းပို့စ်လေးကိုဖတ်ပြီး နားမလည်နိုင်မှုတွေ မယုံကြည်မှု တွေနဲ့တစ်ချို့ယုံမှားသံသယတွေ ဖြစ်ကောင်းဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့်လည်း မိမိသိနားလည်သလောက်လေးနဲ့ အားလုံး အမြင်ရှင်းသွားအောင် ကွန်မန့်လေး ရေးလိုက် ခြင်းဖြစ်ပါသည်။

တကယ်မသိ အစိတ်အပိုင်း (၁)ခုသာသိတဲ့ ယုံကြည်မှု ကို“သဒ္ဓါ”လို့ ခေါ်ပါတယ်။ ဥပမာ - မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ ရုရှားနိုင်ငံတည်ရှိတယ်ဆိုရင် ယုံကြည်ကြမလား? ယုံကြည်ကြမှာပါ ဘာလို့လဲဆိုတော့ ကမ္ဘာမြေပုံ ထဲမှာလေ၊ Google Earth ထဲကြည့်လဲဒီတိုင်းပဲလေ ဆိုတာတွေနဲ့ဖြေကြားမှာပါ။ ဒါဆိုကိုယ်တိုင် စင်္ကြဝဋ္ဌာအပေါ် စီးကနေ မြင်ဖူးပါသလား လို့မေးစရာရှိပါတယ်။ မမြင်ဖူးပါ။ သိပ္ပံပညာရှင်တွေက သာလျင် မှတ်တမ်း မှတ်ရာတွေနဲ့ ရိုက်ကူးထားခြင်းပါ။ တစ်ချို့နေရာလေးတွေမှာ ကိုယ်တိုင်မမြင်ဖူး မသိဖူးတာလေးတွေကို သဒ္ဓါတရားနဲ့ ယုံကြည်ရပါတယ်။ အဲ့လိုယုံကြည်တဲ့ နေရာမှာလဲ မိမိအသိပညာဉာဏ်နဲ့လဲ စဉ်းစားချင့်ချိန်ဖို့လို ပါတယ်။ သဒ္ဓါနဲ့ပဲ သူများပြောသမျှ ယုံကြည်အားများ နေရင်လဲ ဒုက္ခရောက်တတ်သလို ပညာ နဲ့ပဲ မိမိထင်မြင်သလို သုံးသပ် ပြုလုပ်ပြန်ရင်လဲ ကောက်ကျစ် တဲ့ဘက်ကို ရောက်လွယ်ပါတယ်။ မိစ္ဆာဒိဋ္ဌိ အယူတွေဝင်တတ်ပါတယ်။ ဒါကြောင့် သဒ္ဓါနဲ့ ပညာကို မျှတအောင် ဆောင်ရွက် နားလည်သွားရမှာဖြစ်ပါတယ်။ လူသတ္တဝါတွေ ဘယ်က စတင်ဖြစ်ခဲ့တယ်။ စင်္ကြာဝဋ္ဌာဆိုတာ အဆုံးအစရှိသလား? စသည့် မေးခွန်းတွေ နဲ့လူတွေ အတွေးပေါင်းများစွာ ဖြစ်နေကြမှာပါ။ သိပ္ပံပညာရှင်တွေ အမျိုးမျိုး ထင်မြင်ယူဆကြမှာပါ။ မန်ကျဉ်းပင်က ပဋိသန္ဓေတည်တယ် ဆိုတာရော တစ်ခြားဘာသာဝင်တွေ မဆိုထားနှင့် မိမိတို့ဗုဒ္ဓဘာသာ ဝင်တွေပင်လျင် သံသယဝင်ကြမှာပါ။ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ပေမဲ့. ကနဦးမှာ ပြောခဲ့သလို သဒ္ဓါတရားလေးနဲ့ ပညာနဲ့ချင့်ချိန်ကြည့် စေချင်ပါတယ်။ ဗုဒ္ဓဟောကြား တရားဒေသနာတွေကို ဘုရားရဲ့သားတော်များဖြစ်တဲ့ ရဟန်းသံဃာ တွေကဆောင်ယူပြီး ပြန်လည်ချပြခြင်း ဖြစ်တဲ့အတွက်။ ဗုဒ္ဓရဲ့ ဟောကြားချက် မှန်သမျှဆိုရင် ဗုဒ္ဓဘာသာဝင် ခံယူထားတဲ့ သူများအနေနဲ့ သံသယတော့ ကင်းစေချင်ပါသည်။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးလို့ သံသယတွေ မောဟတွေဖုံးလွှမ်းနေမဲ့အစား လောကကြီးမှာ မိမိတို့မသိသေးတဲ့ ထူးခြားဆန်းကြယ်တဲ့ အရာတွေ အများအပြား ရှိတယ်ဆိုပါလားဆိုတဲ့ အတွေးလေး အရင်ဝင်စေ ချင်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ကြည်ညိုစိတ်လေးဖြစ်သင့်ပါတယ်။ လောကဝိဒူ ဆိုတဲ့အတိုင်း သတ္တာလောက၊ သင်္ခါရလောက၊ သြကာသလောက ဆိုပြီး လောကသုံးပါးလုံးကို ကောင်းစွာသိမြင်တော်မူသော မြတ်စွာဘုရားပါ။ သြကာသလောကဆိုတာကတော့ နေလကမ္ဘာ အနန္တစကြာဝဠာ ဘုံတို့အကြောင်းကို ပြိုင်ဖက်မရှိ အကြွင်းမဲ့ သိမြင်တော်မူသော ဂုဏ်တော် တွေကို ထောက်ခြင်းအားဖြင့် အလုံးစုံသိပါတယ်။ မြတ်စွာဘုရားရှင်ဟာ မေးခွန်းကို တိုက်ရိုက်ဖြေ ကြားတာရှိတယ်၊ ပြန်မေးပြီးဖြေတာရှိတယ်၊ လုံးဝနှုတ်ဆိတ်နေတာ ရှိပါတယ်။ နှုတ်ဆိတ်ပြီး ပြန်မဖြေကြားတာ မသိလို့မဟုတ်ပါဘူး။ ဘုရားရှင်လက်ထက် ထဲက ရဟန်းတစ်ပါး မေးခဲ့တဲ့မေးခွန်း(၁၀) မျိုးထဲက တစ်မျိုးကိုပြောရမယ်ဆိုရင် စင်္ကြာဝဋ္ဌာဆိုတာ အဆုံးအစရှိ ပါသလားလို့ မေးတဲ့အခါ မြတ်စွာဘုရားရှင် နှုတ်ဆိတ်နေပါတယ်။ မသိ၍မဟုတ်ပါ။ မြတ်စွာဘုရား ရှင်ဟာ ထိုမေးခွန်းကိုသာ ဖြေကြားခဲ့လျင် လူသားတွေ နောင်အခါမှာ ဗုဒ္ဓဟောကြားချက်နဲ့ ကိုက်ညီမညီ ရှာဖွေကြမှာပါ လိုက်ပါလေ့လာလုပ်ဆောင်ရင်းနဲ့ လူ့သက်တမ်းတိုတိုလေးကို ကုန်ဆုံးစေမှာကို သိမြင်တော်မူ ပါတယ်။ မြတ်စွာဘုရားရှင် သိတော်မူတဲ့တရားဒေသနာတော် တွေဆိုတာ သစ်တောအုပ်ကြီး တစ်အုပ်စာလောက် ရှိမယ်ဆိုရင်တောင် ကျွန်တော်တို့တွေကို ဟောကြားထားခဲ့တဲ့ တရားတော်မှာ သစ်ရွက်လေးတစ်ရွက်စာလောက် သာလျင်ရှိပါသေးတယ်။ အဲ့သစ်ရွက်လေးတစ်ရွက်စာ လောက်ပင်သော်လည်း တကယ့် နိဗ္ဗာန်ရောက်ကြောင်း သစ္စာလေးပါးတရားတော်တွေ သာလျင် ချန်ထားခဲ့ခြင်းဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေ အမျှော်အမြင်တွေကို ကြည်ညို တဲ့ စိတ်လေးက မိမိတို့သံသယထင်မှားတွေကို ပပျောက်စေမှာပါ။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာလေးကတော့ မိမိတို့ဗုဒ္ဓဘာသာဝင်တွေ ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မဂ်ဉာဏ် ဖိုဂ်ဉာဏ်ရရှိဖို့ အကျင့်တွေ လုပ်ဖို့လိုပါတယ် တရားကတရား အလုပ် လုပ်သွားပါလိမ့်မယ်။ မြတ်စွာဘုရား ဘယ်မှာပွင့်တော်မူတယ်၊ ဘုရားရဲ့ သမိုင်းကြောင်းတွေက ဘာတွေလဲ မျိုးရိုးတွေကဘယ်သူတွေလဲ စင်္ကြဝဋ္ဌာဆိုတာ အဆုံး အစ ရှိလား သိအောင်စုံစမ်းမယ် စသည်ဖြင့် သစ္စာလေးပါး နှင့် မသတ်ဆိုင်သော အလုပ်တွေကို လုပ်ရင်းနဲ့ မိမိတို့တွေ ဆီကို မရဏ ရေကြီးက နီးကပ်လာပြီဆိုတာကိုလဲ သတိပြုသင့်ပါတယ်။ ဗုဒ္ဓနဲ့ပတ်သတ်တဲ့ကိစ္စတွေနဲ့ ကုန်ဆုံးရင်က ကောင်းမြတ်သေးသည်။ အဲ့ဒါတွေကို လုပ်ဆောင်ကုန်ဆုံး စေမဲ့အစား မြတ်စွာဘုရားရှင် ဘုရားဖြစ်အောင် ဘယ်လို တရားတော်တွေကို ကျင့်ကြံခဲ့သလဲ သစ္စာလေးပါး တရားမြတ်တွေက ဘာတွေလဲ ဘယ်လိုအကျင့်တွေနဲ့ နိဗ္ဗာန်ရနိုင်သလဲ ဆိုတာကိုသာ ကျင့်ကြံလုပ်ဆောင် သွားဖို့ လိုအပ်နေပါပြီ။ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူ ဗုဒ္ဓဘာသာဝင်များအတွက် သစ္စာလေးပါးနဲ့ မသတ်ဆိုင်သော အရာများနှင့် လူ့သတ်တမ်း မကုန်ဆုံးစေဘဲ ဗဟုသုတအနေနဲ့တော့ သိသင့်သိအပ် သလောက်အရာများကို သိထားသင့်ပြီး အဓိကနဲ့သာမည ခွဲခြားတတ်သူတွေဖြစ်ကြပါစေ။

သူတော်ကောင်း တရားများ နာကြားခွင့်ရကြပြီး သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ မဂ်ဉာဏ် ဖိုဂ်ဉာဏ်ရအောင် ကျင့်ကြံဆောင်ရွက် နိုင်သူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုလျက်...

သံသရာဘယ်ကစ - မသိတာကစ (မောဟကိုမသိခြင်း)

သံသရာဘယ်မှာဆုံး - သိ(၁)လုံးမှာဆုံး (မောဟကိုသိခြင်း)

မိမိ၏ ရေးသားမျှဝေ ဆွေးနွေးမှုသည် ဘုရား၊ တရား၊ သံဃာတော် အရှင်သူမြတ်တို့နှင့် ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး တို့၏ ကျေးဇူးကြောင့်သာလျင် ရေးသားမျှဝေနိုင်ခြင်းဖြစ်ပါသည်။ အရှင်သူမြတ်တို့အား အစဉ်ဦးထိပ်ထားလျက်…

မေတ္တာဖြင့်..

သန့်ဇင်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP