* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 23, 2011

လင်္ကာဒီပသို့တစ်ခေါက် အပိုင်း-၅

သမာဓိဗုဒ္ဓဆင်းတုတော်
အဲဒီကနေ ကားဖြင့်ထွက်လာခဲ့ရာ (Samadhi Buddha) သမာဓိဗုဒ္ဓ လို့ ခေါ်တဲ့ မြတ်စွာဘုရား တရားထိုင်နေတော်မူပုံ ကျောက်ဆစ် လက်ရာတစ်ခု ကို ဖူးမြင်ရပါတယ်။ ထိုသမာဓိဗုဒ္ဓဘုရားဟာ သီဟိုဠ်နိင်ငံရဲ့ အရှေးအကျဆုံး ဆင်းတုတော်ဖြစ်တယ်လို့ အတူပါလာသူ ဦးဥတ္တမက ရှင်းပြလို့ သိရပါတယ်။ ထိုဘုရားဆင်းတုတော်ကို ရောက်တဲ့အချိန်မှာ မှောင်နေပြီဖြစ်တဲ့အတွက် ကြိုးစားပြီး ဓါတ်ပုံဖြင့် မှတ်တမ်းတင်ခဲ့ ရပါတယ်။
မရီစ၀ဋ္ဋိစေတီ(ငရုပ်သီးတစ်တောင့်စေတီ)
ထိုနေရာကနေ မရိစိဝဋ္ဋိစေတီ လို့ခေါ်တဲ့ ငရုပ်သီးတစ်တောင့် စေတီကို သွားရောက်လေ့လာကြပါတယ်။ ငရုပ်သီးတစ်တောင့်စေတီ လို့ နာမည်တွင် ရတဲ့အကြောင်းလေးက စိတ်ဝင်စားစရာကောင်းလွန်းလို့ ပြောချင်ပါသေးတယ်။

ဒုဋ္ဌဂါမဏိမင်းကြီးဟာ ငယ်စဉ်ကလေးဘ၀ ထမင်းခွံ့မင်္ဂလာ ပြုလုပ်စဉ်က ထမင်းမစားမီ ရှေးဦးစွာ သံဃာများအား မလှူတန်းပဲမစားရန် ဖခမည်းတော်ကြီးရဲ့ သွန်သင်ဆုံးမမှုကို နာယူမှတ်သားလို့ ဘ၀တစ်လျှောက် လိုက်နာကျင့်သုံးခဲ့ပါတယ်။ အခုလဲ ဘယ်နေရာမှာ သံဃာတော်များ အား မလှူဘဲ စားခဲ့ဖူးတာရှိလား ဆိုတာကို စဉ်းစားတဲ့အခါ စစ်တိုက်ရစဉ်အခါက တစ်ခုနံနက်မှာ သံဃာအား မလှူဘဲ ငရုပ်သီးတစ်တောင့်ကို စားမိ ခဲ့တာကို သတိရပါတယ်။ မိမိကိုယ်ကို ဒါဏ်ခတ်တဲ့အနေနဲ့ လုံးပတ် -၅၆၀၊ အမြင့်-၆၀ပေရှိ စေတီတော်တစ်ဆူနှင့်အကျောင်းအရံကို ဦးဦးဖျားဖျား သာသနာတော်အတွက် အသပြာ ၁၉-ကုဋေ၊ စွန့်ကြဲလှူဒါန်းခဲ့ပါတယ်။(သုတ္တနိ-ဋ္ဌ-၁၊၆၃။ အပ-ဋ္ဌ-၁၊၁၇၄။ စူဠနိ-ဋ္ဌ၊ ၁၀၃။ မဟာဝံသ -၂၅အခန်း)
အမှတ်ရစေတဲ့ အကြင်နာမျက်ဝန်း
စာရေးသူတို့လဲ ငရုပ်သီးတစ်ထောင့်စေတီကို ဖူးမြင်ကြပါတယ်။ ထိုငရုပ်သီးတစ်တောင့်ဘုရားနှင့်ကျောင်း ဟာလဲ အံ့သြဖွယ်ကောင်းလှသလို ထိုကျောင်းရေစစ်ချပွဲရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်မှန် ဇာတ်လမ်း ကလေးကလဲ ထူးဆန်းလှပါတယ်။
ငရုပ်သီးတစ်တောင့် ကျောင်းရေစစ်ချပွဲပြုလုပ်တဲ့အခါ ကြီးကျယ်တဲ့ မဏ္ဍပ်ကြီးများ ထိုးထားပါတယ်။ ရေစစ်ချပွဲကို ကြွတော်မူလာကြတဲ့ရဟန်းသံဃာတော်များ သီတင်းသုံးနိုင်ဖို့အတွက် မဏ္ဍပ်ကြီးကို အဘယ၀ါပိ ရေကန်ကြီးအလယ်မှာ ဆောက်လုပ်ထားပါတယ်။ (၇)ရက်တိုင်တိုင် ကျောင်းလွတ်(ပူဇော်)ပွဲ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ထိုကျောင်းရေစစ်ချပွဲမှာ ရဟန်းတော်များတစ်သိန်း၊ ရဟန်းမိန်းမ ကိုးသောင်းကြွ ရောက်ကြပါတယ်။ မထေရ်ကြီးများအတွက် တစ်သိန်းတန်၊ မထေရ်ငယ်များအတွက် တစ်ထောင်တန် ပရိက္ခရာအပ်စပ်တဲ့ပစ္စည်းများကို လှူဒါန်းတယ်လို့ သိရပါတယ်။(မဟာဝံသ-၂၆-အခန်း)
ကျောင်းရေစစ်ချပွဲမှာ စားသောက်ဖွယ်ရာများအနေနဲ့ကလဲ ပြည့်ပြည့်စုံစုံကို လောင်းလှူကြပါတယ်။ ထိုသံဃာများစွာတို့အနက် (၇)နှစ် အရွယ် ကိုရင်လေးတစ်ပါးဟာ အများနည်းတူ ယာဂုပူပူလေးကို သပိတ်နဲ့အပြည့် အလှူခံပြီးလာရာ ပူလွန်းလို့မကိုင်နိုင်တဲ့အတွက် သင်္ကန်းထောင့် စွန်းနဲ့ ခုခံပြီးယူလာပါတယ်။ ကြာလာတဲ့အခါ သင်္ကန်းပါ ပူလာလို့ သပိတ်ကို မြေကြီးပေါ်ခဏချထားရတယ်၊ တစ်ဖန် သပိတ်ကိုပွေ့ပြီး ယူသွားပြန် ပူလာတဲ့အခါ မြေကြီးအောက်ကိုချလိုက်ပြန် ဖြစ်နေတဲ့ ကိုရင်လေးရဲ့ဖြစ်အင်ကို (၇)နှစ်အရွယ်သာမဏေရီ(အမျိုးသမီးသာမဏေ)ကလေးက မြင်လိုက်ပါတယ်။ ထိုအခါ သာမဏေရီ ကလေးက…
“ကိုရင်…ပူလို့ရှိရင် တပည့်တော်မဆီက အောက်ခံခွက်လေးကို ယူသွားပါ၊ တပည့်တော်မ ကိုရင့်ကို လှူလိုက်ပါ့မယ်” ဆိုပြီး အောက်ခံခွက်လေးကို ကိုရင်အားပေးလိုက်တော့ ကိုရင်လေးခမျာ အပူသက်သာသွားတဲ့အတွက် အလွန်ဝမ်းမြောက်သွားပါတယ်။ ကျေးဇူးတင်လှတဲ့အတွက် ရှေ့ဆက် မသွားသေးဘဲ သာမဏေရီမကလေးကို တွေတွေကလေး ကြည့်နေလိုက်ပါတယ်။ သာမဏေရီမကလေးကလဲ ကိုယ်ကူညီလိုက်ရတဲ့အတွက် အပူသက်သာလို့ ၀မ်းမြောက်နေရှာတဲ့ ကိုရင်လေးရဲ့ဖြစ်အင်ကို မုဒိတာပွားကာ လှမ်ကြည့်နေရှာပါတယ်။ ဒီလိုနဲ့တစ်ဦးကိုတစ်ဦး နှုတ်ဆက်ကြကာ သမင်လည်ပြန်ပြီး ကျောခိုင်းထွက်ခွာခဲ့ကြပါတယ်။ ကျောင်းအလှူပွဲကြီးက (၇)ရက်ကျင်းပလို့ နောက်ဆုံးရက်ဖြစ်တဲ့အတွက် နောက်တစ်ခါ ပြန်မဆုံကြတော့ပါ။
ဒီလိုနဲ့ နှစ်ပေါင်းငါးဆယ်လောက် ကြာလာတဲ့အခါ သီဟိုဠ်မှာ ၀ဋ္ဋဂါမဏိမင်းကြီးလက်ထက် ဗြဟ္မဏတိဿသူပုန်ဘေးကြီးကပ်ရောက်တဲ့ အတွက် မင်းကြီးလဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့အချိန် ဖြစ်တဲ့အတွက် တိုင်းပြည်ကြီး ငတ်မွတ်ခေါင်းပါးတဲ့ဘေးကြီးလဲ ဆိုက်ရောက်နေပါတယ်။ အဲဒီမှာတင် ရဟန်းမိန်းမ(ဘိက္ခုနီမ)များလဲ အိန္ဒယပြည် တောရွာတစ်ရွာကို စစ်ဘေးတိမ်းရှောင်လာခဲ့ကြပါတယ်။ ထို့အတူပဲ ရဟန်းတော်များလဲ စစ်ဘေးမှ တိမ်းရှောင်ဖို့အတွက် အိန္ဒိယပြည်ကို ကူးခဲ့ကြပါတယ်။ အဲဒီမှာ ရဟန်းတော်အချင်းအချင်း ယခင်ကအကြောင်း ရှေးဟောင်းနောင်းဖြစ် တွေကို ပြောဆိုနေကြနဲ့ပေါ့။ဒီအထဲမှာ ဆရာတော်ကြီးတစ်ပါးနဲ့ ဘိက္ခုနီမတစ်ဦးတို့ကလဲ ရှေးဟောင်းနောင်းဖြစ်တွေပြောရင်း စကားလက်ဆုံ ပြော ဖြစ်ကြပါတယ်။
ဘိက္ခုနီမကြီးက “ဆရာတော်ဘုရား ငရုပ်သီးတစ်တောင့်ကျောင်းရေစစ်ချပွဲသဘင်တုန်းက အလွန်စည်တာပဲဘုရား၊ ဒီတုန်းကဆို ဆရာတော်ကြီးရဲ့အသက်တော် ဘယ်လောက်ရှိမလဲဘုရား” ။
ဆရာတော် “ဒီတုန်းက ဘုန်းကြီးအသက်က အသက်(၇)နှစ်အရွယ် ငယ်ငယ်လေးပဲရှိပါသေးတယ်”။
ဘိက္ခုနီမ “ဒီတုန်းကလေဘုရား… ယာဂုပူလို့ သင်္ကန်းလေးနဲ့ ခုခံပြီးကိုင်လာတဲ့ကိုရင်လေးတစ်ပါးကိုတောင် အပူသက်သာအောင်လို့ဆိုပြီး အောက်ခံခွက်လေးလှူလိုက်ပါသေးတယ်ဘုရား၊ သူ့ခမျာ အလွန်ဝမ်းသာသွားတဲ့ပုံပါပဲ၊ ခုထိတပည့်တော်မ မျက်စိထဲက မထွက်သေး မြင်ယောင် နေပါသေးတယ်ဘုရား”။
ဆရာတော်မှာ ထိုစကားကြားရတော့ သက်ပြင်းချရှည်ကြီးချကာ “ အဲဒီတုန်းက ကိုရင်လေးဟာ တစ်ခြားသူမဟုတ်ဘူး၊ ဘုန်းကြီးပဲလေ” ဆိုပြီး ပြောပြောဆိုဆိုနဲ့ နှစ်ပေါင်းငါးဆယ်ကျော် သိမ်းဆည်းလာခဲ့ အုန်းမှုတ်ခွက်အဟောင်းလေးကို ထုတ်ပြပါတယ်။
ဘိက္ခုနိမကြီးဟာ ‘အော်’ လို့သာ ဆိုနိုင်ပြီး ကတုန်ကယင်ဖြစ်ကာ ဆရာတော်ကြီးရဲ့ မျက်နှာ်တော်ကိုသာ စူးစိုက်ကြည့်မိနေပါတော့တယ်။ ဆရာတော်ကြီးလဲ ဘာမှမပြောနိုင်ရှာတော့ဘဲ အုန်းမှုတ်ခွက်လေးကို ကိုင်ကာ သက်ပြင်းရှည်ကြီးဆွဲပြီး ဘိက္ခုနီမကြီးအား တွေတွေကြီး ကြည့်နေပါ တော့တယ်။ အော်… ငယ်ရွယ်စဉ်က အကြင်နာမျက်ဝန်းတစ်ချက် ငြိသွားခဲ့တဲ့အတွက် အသက်ရှစ်ဆယ်အရွယ်မှာ မမျှော်လင့်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ကြရာ တုန်လှုပ်အံ့သြ ၀မ်းမြောက်မှုတွေနဲ့ပေါ့။ ဒီလိုနဲ့ နောက်တစ်နေ့မှာတော့ ထို ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ဟာ ထူးထူးခြားခြား ရွာက ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုအဆုံးသတ်လိုက်တဲ့အတွက် စာဖတ်သူများလဲ သဘောပေါက်ကြမှာပါ။ ဒါကတော့ ငရုပ်သီးတစ်တောင့်ကျောင်းရေစစ်ချပွဲတုန်းက “အမှတ်ရစေတဲ့ အကြင်နာမျက်ဝန်းလေး” ဖြစ်မှာပါ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP