* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, April 20, 2011

သေမင်းကို ရက်ချိန်းတောင်းခြင်း

တစ်နေ့ ရက်လည်ဆွမ်းကျွေးအတွက် ရေစက်ချအပြီး ကာယကံရှင်ဒကာမက “အရှင်ဘုရား….အခု ကွယ်လွန်သွားတဲ့သူက တပည့်တော်ရဲ့ အဖွားပါဘုရား၊ တကယ်လို့ သင်္ကြန်တွင်း သေဆုံးတယ်ဆိုရင်တော့ သင်္ကြန်အတက်နေ့နောက်ဆုံးထားပြီး သဂြိင်္ုလ်ရမယ်။ ဒီဘက်နှစ်မှကွယ်လွန်တဲ့အသုဘ နှစ်ဆန်းတစ်ရက် ဘက် အကူးခံလို့မရဘူးဘုရား၊ ချက်ခြင်းအသုဘချရပါတယ်၊ နှစ်ကူးသွားမယ်ဆိုရင်တော့ ဒီပတ်ဝန်းကျင် မှာရှိတဲ့ လူအများ ခိုက်တတ်တယ် (အသေအပျောက်များတတ်တယ်) တဲ့ဘုရား၊ တကယ်လို့ နှစ်ဆန်းတစ်ရက်ကစလို့ နောက်ပိုင်းမှ ကွယ်လွန်တဲ့သူဆိုရင် ဘယ်လောက်ပဲထားထား ရတယ်လို့ပြောပါ တယ်ဘုရား၊
ဘယ်သူကပြောလိုက်တာလဲ လို့စာရေးသူက မေးရာ ဒကာမက “အရပ်ထဲမှာ အသုဘကိစ္စ အ၀၀ကို စေတနာနဲ့ကူညီဆောင်ရွက်ပေး နေတဲ့သူ……ပါဘုရား” လို့ ပြောပြပါတယ်။
အော်………ယနေ့တိုင်အောင်ပဲ ဒီလိုအယူအစွဲတွေ ရှိနေသေးပါကလား လို့ အတွေးနယ်ချဲ့မိပြန်ပါတော့တယ်။မှန်တယ်ထင်လို့ အများက လက်ခံကျင့်သုံးနေရုံနဲ့ အမှန်ဖြစ်လာနိုင်ပါ့မလား၊ ဘုရားဟောကျမ်းဂမ်လာအရ လက်မခံသင့်တဲ့အရာဆိုရင် လက်ခံဖို့မလိုသလို လက်ခံသင့်တဲ့အရာ ဆိုရင်တော့ လက်ခံရမှာပါ။

အသုဘဆိုတာ ဘယ်အချိန်ပဲဖြစ်ဖြစ် သုဿာန်ကို ပို့လို့ရပါတယ်။ ဒါနဲ့စပ်လို့ စာရေးသူတို့ဒေသတစ်ဝိုက်မှာ ထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါးရှိပါ တယ်။ တစ်နေ့ တပည့်ဒကာ-ဒကာမတွေက အသုဘကို အိမ်မှာထားတာနဲ့စပ်လို့ မေးလျှောက်တဲ့အခါမှာ အသုဘကို ဘယ်အချိန်ပဲပို့ပို့ (၃)ရက်ပဲထားထား၊ (၇)ရက်ပဲထာထား ပြဿနာမရှိပါဘူး။ အဆင်ပြေတဲ့ရက်ကို သုဿာန်ပို့လို့ရတယ် လို့ ဆရာတော်ကြီးက အမိန့်ရှိခဲ့တယ်လို့ ဆိုပါ တယ်။
နှစ်ဟောင်းကုန်ခါနီးမှ သေတဲ့အသုဘကို နှစ်ကူးမှသုဿာန်ပို့ရင် မိမိနဲ့အတူ ပတ်ဝန်းကျင်ပါထိခိုက်တတ်တယ်လို့ဆိုပါတယ်။ ဒါကလဲ သဘာဝကျတဲ့ အယူတစ်ခု မဟုတ်တဲ့အတွက် လက်ခံနိုင်စရာမရှိပါ။ ဘာကြောင့်ဆိုရင် လူတိုင်းမှာ သူတို့ပြုလုပ်တဲ့ကံတရားဆိုတာရှိတယ်လေ။ ဒါနဲ့စပ်လို့ ဘုရားရှင်က သတ္တ၀ါတွေဟာ ကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိတယ်၊ ကံကပေးအပ်တဲ့အမွေကို ခံယူရတယ်။ ကံသာလျှင် ဆွေမျိုးရှိတယ် စသဖြင့် ဟောတော်မူထားပါတယ်။
သတ္တ၀ါတွေဟာ ကိုယ်ပြုတဲ့ကုသိုလ်ကံနဲ့ အကုသိုလ်ကံတရားများရဲ့အစီအမံတိုင်း ဘ၀တွေမှာ ကျင်လည်နေကြရတာပါ။ အကြောင်း အကြောင်းကြောင့် အသုဘကိုနှစ်ကူးအောင်ထားမိရုံနဲ့ ခိုက်စရာအကြောင်းမရှိပါဘူး။ အမှန်က ထိုအသုဘအိမ်မှာ ကိုယ်ပြုလုပ်လိုက်တဲ့ ကောင်းတဲ့အလုပ် မကောင်းတဲ့အလုပ်ကသာ မိမိကို စီမံသွားမှာပါ။ဆိုပါစို့ အသုဘနဲ့စပ်လို့ သံဃာတော်များကိုပင့်ပြီး တရားနာကြမယ်ဆိုရင် ကောင်းတဲ့ကံတရားတွေသာဖြစ်လာမှာပါ။ အရက်သောက်၊ ဖဲရိုက်စတဲ့မကောင်းတာတွေလုပ်နေမယ်ဆိုရင်တော့ မလိုလားအပ်တဲ့မကောင်းကျိုးတွေ ရလာမှာဖြစ်တယ်။ အဲဒါမှ မိမိအတွက် ထိခိုက်စရာတွေ ဖြစ်ကုန်တော့တာပါ။
အသုဘနဲ့စပ်လို့ သဘာဝမကျတဲ့အယူအစွဲတွေကို သတိရတုန်းပြောရအုံးမယ်။ အသုဘအလောင်းကို အိမ်မှာ ထားတဲ့အခါ ခေါင်းရင်းဖက်မှာ မီးညှိထွန်းရတယ်၊ ဒါကလဲ ဘယ်တုန်းကစတင်ခဲ့တဲ့အယူအစွဲလဲမသိပါ၊ စာရေးသူတို့ ငယ်ငယ်ကလေးထဲက မြင်ခဲ့ရတဲ့မြင်ကွင်းတွေပါ။ ဒါကို အသုဘဦးခေါင်းရင်းဖက်မှာ ဘာကြောင့် မီးထွန်းကြရတာလဲ လို့ မေးကြည့်တော့လဲ အရပ်ထုံးစံအတိုင်း လုပ်ကြရတာပါ သူတို့လဲ ဘာမှမသိဘူး ဆိုတဲ့ အဖြေပဲ ထွက်လာပါတယ်။
ပြီးတော့ရှိသေးတယ်၊ အသုဘခေါင်းရင်းမှာ ညှိထွန်းထားတဲ့မီးကို လုံးဝ မီးငြိမ်းသွားလို့မရဘူး၊ မီးမငြိမ်းအောင် သတိထားပြီး ကြည့်နေရပါ တယ်…တဲ့ ၊ ဒါဆိုရင် အိမ်မှာသေတဲ့ အသုဘကိုတော့ မီးထွန်းရတယ်ထာလိုက်ပါတော့၊ မြို့ကြီးတွေမှာ သေတဲ့အသုဘဆိုရင် သေပြီးတာနဲ့ မကြာဘူး ရေခဲတိုက်ပို့ဆောင်ရပါတယ်။ အဲဒီရေခဲတိုက်ထဲရောက်ကြရတဲ့ အသုဘတွေကျတော့ မီးမထွန်းလို့ ဘယ်လိုပြောကြမလဲ………..။
အမှန်တော့ မီးညှိထွန်းရုံနဲ့ ဘာမှအကျိုးသက်ရောက်မှုမရှိပါ။ အခန့်မသင့်ရင် ထိုမီးကြောင့် အိမ်မီးလောင်နိုင်ပါသေးတယ်။
အသုဘမီးထွန်းထားရင် မီးငြိမ်းစေလို့မရဘူးဆိုတာဟာ ရှေးခေတ်အယူဝါဒတစ်ခုမှ ဖြစ်လာဟန်တူပါတယ်။ ရှေးခေတ်က အိန္ဒိယမှာ ဒီလိုမီးကိုလုပ်ကျွေးကြတဲ့ အယူဝါဒတစ်ခုရှိပါတယ်။
ဒီနေရာမှာဗဟုသုတဖြစ်ဖွယ် မီးနဲ့စပ်လို့ ပြောပါဦးမယ်။ ရှေးခေတ်အိန္ဒိယနိုင်ငံ၊မိသားစုတစ်စုမှာ ကလေးမွေးလာတယ်ဆိုပါစို့ ကလေးမွေးလာကတည်းက မီးတောက်တစ်ခုပြုလုပ်ပြီး မီးမငြိမ်းအောင် မီးကိုအမြဲတမ်းပူဇော်ရတယ်။ ကလေးက အသက် ၁၆-နှစ်အရွယ်ရောက်ပြီဆိုရင် မိဘများက ကလေးကို “ငါ့သားလဲ အရွယ်ရောက်ပီ၊ အိမ်ရာတည်ထောင် လူတို့ဘောင်မှာနေမယ်ဆိုရင် ညှိထွန်းခဲ့မီးကို ငြိမ်းသတ်ရမယ်။ တကယ်လို့ တောထဲသွားပြီး ဗြဟ္မာ့ပြည်ရောက်ကြောင်းအကျင့်ကို ကျင့်မယ်ဆိုရင်တော့ ညှိထွန်းထားတဲ့မီးကို မငြိမ်းသတ်ဘဲ တောထဲသို့ မိမိနဲ့တပါတည်း ဆောင်ယူပြီး မီးကို ဆက်လက်ပူဇော်လုပ်ကျွေးပါ” လို့ ပြောကြတာရှိပါတယ်။ ဒါကစကားစပ်လို့ပြောလိုက်ခြင်းပါ။
ငယ်စဉ်က မြင်ကွင်းတစ်ခု ယနေ့တိုင်အောင် မှတ်မိနေဆဲပါ။ အသုဘအိမ်တစ်ခုမှာ အသုဘကို ခေါင်းထဲထည့်တဲ့အခါ ဒီအတိုင်းထည့်လို့မရ၊ ခေါင်းရဲ့ပတ်ပတ်လည်မှာ လူတွေ ရပ်နေရပါတယ်၊လက်ထဲမှာ ခွက်တစ်လုံးကိုကိုင်ထားကာ တုတ်လေးတစ်ချောင်းနဲ့ တစ်ချက်ရိုက်လိုက်ပြီး ထိုအသုဘရဲ့အသက်ရှင်စဉ်ကနာမည်ကိုခေါ်ကာ “ဦး……………ဘယ်ကိုသွားမယ်” လို့ မေးရပါတယ်။ ကျန်တဲ့သူတွေက “ဘုရားရှိရာ၊ ကျောင်းရှိရာကို သွားမယ်” ဆိုပြီး ပြန်ဖြေကြရပါတယ်။ ဒီလိုမျိုး ဘယ်နှစ်ကြိမ်ပြောရသလဲဆိုတာတော့ မမှတ်မိတော့ပါ။ ပြီးတဲ့အခါ အသုဘကို ခေါင်းထဲသို့ ထည့်ရပါတယ်။
ဒီလိုဘာ့ကြောင့်လုပ်ရတာလဲလို့ မေးကြည့်တော့ ဘုရားရှိရာကျောင်းရှိရာဆိုတာက ကျေးရွာတွေမှာ ရွာဦးဘုန်းတော်ကြီးကျောင်းနဲ့ ဘုရားစေတီရှိရာကို သွားမယ်၊ ဆိုလိုတာက ကောင်းရာမွန်ရာကိုသွားမယ်ဆိုတဲ့သဘောနဲ့ အသုဘကို လမ်းညွန်လိုက်တဲ့သဘောပါပဲ။ သေသွားတဲ့သူများဟာ နောက်ဘ၀ ဘယ်ကိုရောက်နေတယ်ဆိုတာ ဘယ်သူမှ သေချာမသိနိုင်ပါ။ သူတို့အထင်က သေသွားသူဟာ အလောင်းကောင်အနီး ရှိဦးမယ်လို့ မှတ်ထင်နေဟန်တူပါတယ်။ အသက်မရှိတော့တဲ့အလောင်းကောင်ကို ဘယ်လိုပဲ လမ်းညွန်မှုပြုပြု လုံးဝမသိနိုင် တော့ပါ။
တစ်ဖန်အသုဘနဲ့စပ်လို့ ရှေးလူကြီးများပြောတဲ့အတိုင်း အခုအချိန်အထိ ပြုလုပ်နေကြတာတွေလဲ ရှိပါသေးတယ်။
(၁) မကြာသေးမီက ကွယ်လွန်ခဲ့တဲ့ရုပ်အလောင်းကို ရေချိုးပေးခြင်း။
(၂) သေသူရဲ့ရုပ်အလောင်းနားမှာ ထမင်းနဲ့ရေ စားနိုင်ရန် ချထားပေးခြင်း။
(၃) ရပ်ကွက်တစ်ခုမှာ လူနှစ်ဦးဟာ အရှေ့ဆက်နောက်ဆက် သေဆုံးသွားကြမယ်ဆိုရင် နောက်မှသေတဲ့အသုဘကို အရင်မီးသဂြိုလ်ရပြီး၊ ပထမသေတဲ့အသုဘက နောက်မှ မီးသဂြိုလ်ရခြင်း။
(၄) အသုဘအား သုဿာန်ကို ပို့ဆောင်တဲ့နေရာမှာ ခြေရင်းဘက်ကို အရှေ့ကထားပို့ဆောင်ရခြင်း။
(၅) မြို့မှာဆိုရင်တော့ မီးသဂြိုလ်ခါနီး၊ ရွာမှာဆိုရင်တော့ မြေထဲချခါနီးမှာ အုန်းသီးကို ခွဲပြီး အုန်းရေဖြင့် အသုဘကို မျက်နှာသစ်ပေးခြင်း။
(၆) အသက်ရှိစဉ်က ၀တ်ခဲ့တဲ့ အင်္ကျီအချို့နဲ့ ကူးတို့ခဆိုပြီး အကြွေစေ့လေးတွေ ခေါင်းထဲ ထည့်ပေးလိုက်ရခြင်း။
(၇) အလောင်းကောင်ရဲ့ ခြေမလက်မများမှာ အပ်ချည်ကြိုးဖြင့် ချည်ထားရခြင်း။
(၈) ဆွေမျိုးတွေရဲ့အရပ်ကိုတိုင်းထားတဲ့ အပ်ချည်များကို သေသူရဲ့ခေါင်းထဲသို့ ထည့်ပေးလိုက်ရခြင်း။
(၉) အသုဘအိမ်တွင် ချိတ်ဆွဲထားတဲ့ ဓါတ်ပုံ၊မှန်စသည်တို့ကို နောက်ခိုင်းထားရခြင်း။
(၁၀) အသုဘကို သချုင်္ီင်းသို့ ပို့ဆောင်ရန် အိမ်မှထွက်တာနဲ့ ရေထည့်ထားတဲ့ သောက်ရေအိုးကို ရိုက်ခွဲလိုက်ရခြင်း တို့ဖြစ်ပါတယ်။
ထိုအကြောင်းအရာတွေကို စာရေးသူသိရှိသမျှ တင်ပြရခြင်းပါ။ အသုဘနဲ့ပတ်သက်ပြီး ရှေးနည်းထုံးအတိုင်းပြုလုပ်ကြရတဲ့ အရာတွေ များစွာရှိဦးမှာပါ။ ဒါတွေအားလုံးကို မလုပ်ရင်ကော မဖြစ်ဘူးလားလို့ဆိုတော့ မလိုက်နာရင်တော့ မိသားစုနဲ့ ရပ်ကွက်မှာပါ ထိခိုက်ကြလိမ့်မယ် လို့ပြောပါတယ်။ ယနေ့ခေတ် သဘာဝဘေးအန္တရာယ်ကြောင့် သောင်းချီပြီးသေဆုံးကြရတဲ့ အလောင်းကောင်တွေကိုကျတော့ ဘယ်လိုလုပ်ကြမလဲ။ စာရေးသူတွေးသလို စာဖတ်သူများလဲ လွတ်လပ်စွာ တွေးနိုင်ယူဆနိုင်ပါတယ်။
လူတွေမှာ ခိုက်တတ်တယ်ဆိုတဲ့ ဒီရှေးရိုးစွဲတွေကြောင့် ပြုလုပ်နေကြဟန်တူပါတယ်။ အမှန်တကယ်ထိခိုက်စေတာက မိမိပြုတဲ့ မကောင်းမှုကံကသာ မိမိကိုယ်ကို ထိခိုက်စေနိုင်တယ်ဆိုတာ အမြင်ရှင်းဖို့ပါ။
“ရှေးထုံးကိုလဲ မပယ်နဲ့ ဈေးသုံးကိုလဲ မလွယ်နဲ့” ဆိုတဲ့ဆိုရိုးစကားရှိတယ်ဆိုပေမဲ့ အတုယူလိုက်နာသင့်တဲ့ ရှေးထုံးဆိုရင်တော့ လက်ခံကျင့်သုံးပေးရမှာဖြစ်ပြီး အဓိပ္ပါယ်မရှိ၊ အကျိုးသက်ရောက်မှုမရှိတဲ့ ရှေးထုံးများကိုတော့ ပယ်သင့်ရင်ပယ်ရမှာပါ။
ဆိုရေးရှိက ဆိုအပ်စွ ဆိုတာလို ကြုံတုန်းပြောရဦးမယ်၊ လူတစ်ယောက် အသုဘအိမ်သွားဖို့ လမ်းမသိဖြစ်နေတဲ့အခါ အဲဒီလူက အနီးရှိအိမ် တစ်အိမ်က လူအား “အသုဘအိမ် ဘယ်နားမှာလဲ” လို့မေးလိုက်တဲ့အခါ အိမ်ထဲရှိလူက “ဦး……….အသုဘအိမ် ဟော ဟိုနားမှာ” စသဖြင့် အသုဘအိမ်ကို လမ်းညွန်ပေးလိုက်မယ်ဆိုရင် ထိုလမ်းညွန်တဲ့သူဟာ မကြာခင် သေရတော့တာပဲ လို့ ပြောကြတယ်။ဒါဟာ ဗုဒ္ဓ၀ါဒရှုထောင့်ကနေ တွေးကြည့်ရင် ဆန့်ကျင်နေပါတယ်။ အမှန်က လမ်းမသိတဲ့လူတစ်ယောက် လမ်းညွန်လိုက်တယ်ဆိုဟာ ကောင်းတဲ့ကုသိုလ်လုပ်ငန်းတစ်ခုဖြစ်လို့ ကုသိုလ်တောင် ရပါသေးတယ်။ သေသွားတယ်ဆိုတာက အကြောင်းတိုက်ဆိုင်လို့သာ သေသွားရခြင်းဖြစ်ပါလိမ့်မယ်။ လမ်းညွန်လိုက်တဲ့အတွက် သေ တယ်ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး ဆိုတာ လဲ ပြောလိုက်ပါရစေ။
ဒါကြောင့်လဲ ကံနဲ့ကံရဲ့အကျိုး ကုသိုလ်၊အကုသိုလ်ခွဲခြားတတ်ဖို့ (ကမ္မဿကတာ သမ္မာဒိဋ္ဌိအမြင်ရှိဖို့)ဆိုတာတွေကို ဘုရားရှင် ဟောကြားခဲ့ တာပါ။ တစ်ဖန် ရက်လည်ဆွမ်းလာကပ်တဲ့ဒကာမက ဆက်လက်လျှောက်ထားလာပြန်ပါတယ်။
ဒကာမက “အရှင်ဘုရား….တပည့်တော် တစ်ခုလျှောက်ချင်ပါသေးတယ်ဘုရား၊ အဖွားဖြစ်သူ အသက်ထွက်ခါနီးတုန်းက သင်္ကြန်အတက်နေ့ရဲ့ညဖက်မှာပါဘုရား၊ တကယ်လို့နှစ်ဆန်းတစ်ရက် နေ့ မရောက်ခင် သေဆုံးမယ်ဆိုရင်တော့ တပည့်တော်တို့ အသုဘကို ညကြီး ချရမယ့် အနေအထားမှာရှိပါတယ်။ဒါကြောင့် အဖွားဖြစ်သူ ည(၁၂)နာရီ လွန်ပြီး နှစ်ဆန်းတစ်ရက်နေ့ထဲ ရောက်မှ အသက်ထွက်နိုင်အောင် ဆေးတွေနဲ့ ထိန်းထားလို့ရရင် ထိန်းပေးပါလို့ တပည့်တော်က ဆရာဝန်များကို ပြောလိုက်ပါတယ်ဘုရား၊ ကံအားလျော်စွာပဲ တပည့်တော်ရဲ့အဖွား နှစ်ဆန်းတစ်ရက်ဘက်ရောက်မှပဲ ကွယ်လွန်သွားလို့ စိတ်အေးရတော့တယ်ဘုရား” လို့ လျှောက်ထားပြန်ပါတယ်။
သင်္ကြန်အတက်နေ့ညမှာ သေမှာစိုးလို့ ဆေးနဲ့ထိန်းထားပြီး ညသန်းခေါင် ၁၂-နာရီလွန်မှ အသက်ထွက်အောင်လုပ်တာတို့ဟာ မဖြစ်သင့်တဲ့ကိစ္စတွေပါ။ ဒီလိုအကြောင်းအရာများ ဖြစ်လာတာဟာ အမှန်တော့ အထက်ကပြောခဲ့သလို “ခိုက်တတ်တယ်၊ခိုက်မယ်”ဆိုတဲ့ သွေးလန့်စရာစကား တွေကြောင့် ဒီလိုမလုပ်သင့်တာတွေကို လုပ်မိကြတာပါ။ အခုဆိုရင် အဖွားဖြစ်သူကို သေစေချင်တဲ့အချိန်မှာ သေဖို့အတွက် သူ့ခမျာ စိတ်အလွန်ပင် ပမ်းခဲ့ရတယ်ဆိုတဲ့အကြောင်းပြောပါတယ်။
ပြောရရင်တော့ လူနာကို အသက်မထွက်အောင် ပဋိဇီဝဆေးတို့ဖြင့် ထိန်းထားပြီး ကိုယ်သေစေချင်တဲ့အချိန်ရောက်မှ သေစေဖို့ ဆိုတဲ့ အပြုအမူဟာ သေမင်းဆီမှာ ရက်ချိန်းယူလိုက်တာနဲ့အတူတူပါပဲ။ ဒီလိုမျိုး တကယ်ရနိုင်ပါသလားလို့မေးရင် အရင်ကလဲမရနိုင်သလို အခုလဲမရနိုင်၊ နောင်လဲ ဘယ်တော့မှ ရနိုင်လိမ့်မှာမဟုတ်ပါ။ သေချင်းတရားဆိုတာ မသေအောင် ဆွဲထားလို့လဲ မရသလို သေအောင်လဲ လုပ်ပေးလို့မရပါ။
အော်… ဘယ်အချိန်မှာသေပါ ဘယ်အချိန်မသေနဲ့ဦးလို့ သေမင်းကို အမိန့်ပေးလို့မရနိုင်သလို တံစိုးလက်ဆောင်ပေးပြီး အချိန်းအချက်ပြုလို့လဲမရနိုင်ပါဘူး။
အဇ္ဇေ၀ ကိစ္စမာတပ္ပံ ကော ဇညာ မရဏံသုဝေ။
နဟိ နော သင်္ဂရံတေန မဟာသေနေန မစ္စုနာ။ (ဥပရိပဏ္ဏာသပါဠိတော်၊နှာ၊၃၊ဘဒ္ဒေကရတ္တသုတ္တံ)
အဓိပ္ပါယ်က ယနေ့ပြုလုပ်သင့်ပြုလုပ်ထိုက်တဲ့ ကုသိုလ်ကိစ္စမှန်သမျှကို ယနေ့ပဲပြုလုပ်ကြပါတော့၊ မနက်ဖန်မှာသေမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါ။ဘာ့ကြောင့်ဆိုရင် သေမင်းကို တံစိုးလက်ဆောင်ပေးပြီး အချိန်းအချက်ပြုလုပ်လို့ မရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ် လို့ဘုရားရှင်ဟော တော်မူခဲ့တာကို မှတ်သားကြပြီး အမြင်မှန်ရကြပါစေလို့ ပြောရင်း……နားပါဦးမည်။

အပြည့်အစုံသို့ »

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP