*အမှောင်တိုက်ကို ကျောခိုင်းခြင်း*
ပိတောက်ကိုခူး…
လွတ်မြောက်ရာ ရည်စူးလို့
ဘုရားမှာ မကပ်လှူဘူးပါ။ငုဝါကိုခြွေ…
ဝဋ်သုံးထွေက ရုန်းထွက်ဖို့လည်း
ဆုံးဖြတ်ချက်ချ ဆက်ကပ်ရကောင်းမှန်း မသိခဲ့ပါ။အင်ကြင်းကိုလှမ်း…
နိဗ္ဗာန်နန်း ရောက်စေဖို့လည်း
ဘုရားရှေ့ ဒူးမထောက်ခဲ့ဘူးပါ။ဟိုတုန်းကပေါ့…။
အခုအခါမှာလေ…
သံဝေဂတရားက
ဟန်ရေးတွေပြလို့
မာန်အတွေးတွေကကျ။ခန္ဓာကိုယ်ကို အပ်နှင်း
သေရွာကလွတ်ကင်းဖို့
စိတ်ဆန္ဒပြင်းပြ။လုပ်သင့်တာလေးတွေ လုပ်ရင်း
ဖြုတ်သင့်တာလေးတွေ ဖြုတ်ရင်း…
ရပ်သင့်တာလေးတွေ ရပ်ရင်း
ဖြတ်သင့်တာလေးတွေ ဖြတ်ရင်း…။ ။
~~~~~***~~~~~
လေးစားစွာဖြင့်
ဖိုးသား
0 comments:
Post a Comment