လင်္ကာမြေမှာတစ်နှစ်တာ အပိုင်း(၁၇)၊ သဗ္ဗာသဝနိဂုံး နှင့် နှုတ်ဆက်ခြင်း
ဘုရားသခင်သည် အချို့သောအာသဝတရားတို့ကို ပွါးခြင်းဖြင့် ပယ်ရမည်ကို နည်းပေးဟောကြားတော်မူ၏။ ဤ၌ ပွါးခြင်းဟူသည် ဗောဇ္ဈင်ခုနစ်ပါးကို ပွါးများရမည်ဟု ညွှန်ပြတော်မူ၏။ (ဗောဇ္ဈင်တရားများကို ပွါးများခြင်းဟူသည် တစ်ကြိမ်က နှစ်ကြိမ်၊ နှစ်ကြိမ်က လေးကြိမ်၊ လေးကြိမ်က ရှစ်ကြိမ် စသည်ဖြင့် မိမိ၏သဏ္ဍာန်၌ ဗောဇ္ဈင်တရားများတိုးပွါးလာအောင် အားထုတ်ရယူခြင်းကို ဆိုလို၏။) ဗောဇ္ဈင်ခုနစ်ပါးကား အောက်ပါအတိုင်းဖြစ်၏။
၁။ သတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှု (သတိ)
၂။ ဓမ္မ၀ိစယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သော ဆိုင်ရာတရားများကို စိစစ်တတ်တဲ့ (ပညာ)
၃။ ၀ီရိယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သော အားထုတ်မှု (၀ီရိယ)
၎။ ပီတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သောနှစ်သက်ရွှင်လန်းမှု (ပီတိ)
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သောငြိမ်းအေးမှု (ပဿဒ္ဓိ)
၆။ သမာဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သောတည်ကြည်မှု (သမာဓိ)
၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်သောလျစ်လျူရှုမှု (တတြမဇ္ဈတ္တတာ)
ဤဗောဇ္ဈင်တရားတို့ကို မည်သို့မည်ပုံ ပွါးများအားထုတ်ရမည်ကို စာရှုသူမိတ်ဆွေများအားနည်းပေးလို ၁) သတိသမ္ဗောဇ္ဈင်၊ ၃) ဝီရိယသမ္ဗောဇ္ဈင် နှင့် ၆) သမာဓိသမ္ဗောဇ္ဈင် တို့သည် သမာဓိနှင့်ပတ်သက်သော ဗောဇ္ဈင်တရား (၃) ပါးဖြစ်ကြ၏။ (ယှဉ်ထိုးလေ့လာကြည့်လျှင် မဂ္ဂင် (၈)ပါး၌ သမာဓိမဂ္ဂင်(၃) ပါးဟူသည် ဖော်ပြပါ ၁) ၃) ၆) အမှတ်ပြ ဗောဇ္ဈင်တရားတို့၏ အမည်ကွဲများသာ ဖြစ်ကြောင်း တွေ့ကြရမည်ဖြစ်ပါသည်)။ ၁) သတိသမ္ဗောဇ္ဈင် နှင့် ၃) ဝီရိယသမ္ဗောဇ္ဈင် တို့သည် အကြောင်းဖြစ်သော ဗောဇ္ဈင်တို့ ဖြစ်ကြောင်းနှင့် ၆) သမာဓိသမ္ဗောဇ္ဈင် သည် အကျိုးဗောဇ္ဈင်ဖြစ်ကြောင်း ကောင်းစွာသိမြင်နားလည်ကြရပါမည်။ မည်သည့်အရာ၌မဆို အကြောင်းလုံလောက်လျှင် အကျိုးဖြစ်မြဲဓမ္မတာ ဖြစ်ရကား အကြောင်းဗောဇ္ဈင်နှစ်ပါးကိုသာ ထိထိရောက်ရောက်အားထုတ်ပွါးများကြရမည်ဖြစ်ပေ၏။ (ဆိုလိုသည်မှာ သတိနှင့်ဝီရိယ အားကောင်းလျှင် သမာဓိဟူသည် ဖြစ်ပေါ်လာမြဲဖြစ်သည်။ ငါ သမာဓိမကောင်းဘူး၊ စိတ်မတည်ငြိမ်ဘူးဆိုလျှင် သတိ နှင့် ဝိရိယ တစ်ခုခု အပိုအလွန် အယုတ်အလျော့ ရှိနေပြီဖြစ်ကြောင်း သတိပြုမိကြရန်ဖြစ်ပါ၏။ လိုသည်ကိုတိုး၊ ပိုသည်ကိုလျှော့ကြကုန်ရာပါ၏။ ထိုတွင် သတိကား ပိုလွန်သည်မရှိဟူပါ၏။) ဤတရားသုံးပါးစုံညီလာလျှင် အားထုတ်သူ၏သဏ္ဍာန်၌ ၁)သတိသမ္ဗောဇ္ဈင်၊ ၃)ဝီရိယသမ္ဗောဇ္ဈင် နှင့် ၆)သမာဓိသမ္ဗောဇ္ဈင် ဟူသော သမာဓိနှင့်ပတ်သက်သော ဗောဇ္ဈင်တရား (၃)တို့ကို ထိုက်သင့်သလောက် ပွါးများရရှိပြီဟုဆိုနိုင်လေသည်။ ထိုတွင်လည်း.... ထိုအခါ အကျိုးတရားတိုင်းတွင် အကျိုးဆက်ဟူသည်ရှိမြဲဖြစ်ပေရကား သမာဓိနှင့်ပတ်သက်သော ထိုဗောဇ္ဈင်တရား (၃)ပါး၏ အကျိုးဆက် (consequences) အဖြစ် ၄)ပီတိသမ္ဗောဇ္ဈင် နှင့် ၅)ပဿဒ္ဓိသမ္ဗောဇ္ဈင် နှစ်ပါးတို့သည် ဖြစ်မြဲဓမ္မတာအတိုင်း ဖြစ်ပေါ်၍လာရလေသည်။ ဤဗောဇ္ဈင်နှစ်ပါး ဖြစ်ပွါးလာသောအခါ နှစ်သက်ရွှင်လန်းမှု(ပီတိ)၊ အပူအအေးစသည်မျှတ၍ ဝေဒနာစသောနာမ်တရား(၃)ပါး၏ငြိမ်း ထို့နောက် ဝိပဿနာပိုင်းသို့ကူးပြောင်းသော ထိုသို့ အရှုခံတရားတို့အပေါ်၌ နှစ်သက်,စိတ်ပျက် အစွန်းနှစ်ဖက်မှ လွတ်လွတ်ရှောင်ထွက်ကာ ဥပေက္ခာသဘောကိုဆောင်၍ ထိုအရှုခံတရားတို့၏ အမြဲအရှိမှု (အနိစ္စအချက်)၊ ဆင်းရဲမှု (ဒုက္ခအချက်)၊ အစိုးမပိုင်မှု (အနတ္တအချက်)တို့ကို ကွက်ကွက်ကွင်းကွင်း ရှုနိုင်လာလျှင် ထိုသဘောကိုပင် ဓမ္မဝိစယသမ္ဗောဇ္ဈင်ဟု ခေါ်ဆိုရလေသည်။ (ဤဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ဖို့ရန် အနိစ္စစသော သဘောလက္ခဏာသုံးရပ်တွင် တစ်ရပ်ရပ်ဖြင့် တိတိပပရှုမှတ်နိုင်ရမည်ဖြစ်ကြောင်း ကောင်းစွာ သတိပြုတော်မူကြရာပါ၏။) (အထူးမှတ်ချက်။ ။ ထို့ကြောင့်ပင် အချို့သောဆရာမြတ်တို့က ဗောဇ္ဈင်တရားတို့မည်သည် ဥဒယဗ္ဗယဉာဏ်နောက်ပိုင်းတွင်မှ စတင်ဖြစ်ပေါ်သည်ဟု မိန့်ဆိုတော်မူခဲ့ကြခြင်းဖြစ်လိ မည်သို့ဆိုစေ... တရားရှုမှတ်ကြသူများအနေဖြင့် အာသဝတရားများကို ပယ်ရှင်းရန်အတွက် သဗ္ဗာသဝသုတ္တန်လာ ပွါးများခြင်းနည်းလမ်းကို အသုံးပြုမည်ဆိုပါက ဤ၌ ပွါးများခြင်းဟူသည် ဗောဇ္ဈင်တရားတို့ကို ပွါးများခြင်းကို ဆိုလိုကြောင်း သိမှတ်ကြရန်ပင်ဖြစ်ပါသည်။ ထို၌လည်း သမာဓိနယ်ပယ်တွင် အကြောင်းဖြစ်သော သတိသမ္ဗောဇ္ဈင်နှင့် ဝီရိယသမ္ဗောဇ္ဈင် တို့ကိုထိထိမိမိပွါးများအားထုတ် ထို့ကြောင့် ဘုရားရှင်က... "ရဟန်းတို့ ယင်းဗောဇ္ဈင် (ခုနစ်ပါး)ကို မပွါးသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) ပွားသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ဤအာသဝတရားတို့ကို ပွါးခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။"ဟု မိန့်တော်မူလေသည်။ ထို့နောက် နိဂုံးချုပ်အားဖြင့် "ရဟန်းတို့ အကြင်ရဟန်းသည် မြင်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကို မြင်ခြင်းဖြင့်ပယ်ပြီးကုန်ပြီ။ ပိတ်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကို ပိတ်ခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ မှီဝဲခြင်းဖြင့်ပယ်အပ်ကုန်သော အာသဝတို့ကို မှီဝဲခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ သည်းခံခြင်းဖြင့် ပယ်အပ်ကုန်သောအာသဝတို့ကို သည်းခံခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကိုရှောင်ကြဉ်ခြင်းဖြင့ ဖျောက်ဖျက်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကိုဖျောက်ဖျက်ခြင်းဖြင့ ပွါးခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကို ပွါးခြင်းဖြင့်ပယ်ပြီးကုန်ပြီ။ ရဟန်းတို့ ဤရဟန်းကို အာသဝအားလုံးကို ပိတ်ခြင်းဖြင့် ပိတ်လျက်နေ၏၊ (တပ်မက်မှု) တဏှာကို ဖြတ်ပြီးပြီ၊ သံယောဇဉ်ကို ဖြေပြီးပြီ၊ ကောင်းစွာ မာနကိုမချွတ်မယွင်းသိသောကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးပြီဟု ဆိုအပ်၏။" ဟု မိန့်တော်မူလေသည်။ ဆောင်းပါးအဆက်ဝေးသောကြောင့် စာသင်ခန်းမှထွက်၍ တောရကျောင်းသို့ရောက်နေကြသယောင် ထင်မှတ်ကောင်း ထင်မှတ်နိုင်ကြပါသည်။ တကယ်စင်စစ်တွင် စာရေးသူတို့ လေ့လာသင်ကြားကြရသော M.A Course ဟူသည် အားလုံးသိကြသည့်အတိုင်း ဆရာလုပ်သူက လက်ညှိုးမျှသာ ထိုးပြ၍ စာသင်သားများကိုယ်တိုင် သက်ဆိုင်ရာ စာကြည့်တိုက်စသည်၌လိုအပ်သည့် အချက်အလက်စသည်တို့ကို ရှာဖွေစုဆောင်းယူငင်ကာ မိမိဘာသာလေ့လာယူကြရသော အတန်းမျိုးဖြစ်ပါသည်။ လက်ရှိစာရေးသူ မိတ်ဆက်တင်ပြနေသော Buddhist Doctrine of the Pali Nikayas: Analysis and Interpretation ဘာသာရပ်သည်လည်း အပိုင်း(၁၃)၌ဖော်ပြခဲ့သည့်အတိုင်း ခေါင်းစီး (Topic)တစ်ခုကို ဆိုင်ရာသုတ္တန်များဖြင့် စိစစ်၍ ဘယ်သို့ဘယ်ပုံဖြစ်သင့်ကြောင်း သုံးသပ်ကြရသည့်ဘာသာရပ်တစ်ခုဖြစ်ပေရာ မိတ်ဆက်ဖော်ပြရင်းက ထင်မှတ်ခဲ့သည်ထက် ရှည်လျားသွားခဲ့ရပါသည်။ မည်သို့ဆိုစေ စာဖတ်သူမိတ်ဆွေများအနေဖြင့် အကြောင်းအရာတစ်ခုခုကို သုံးသပ်ကြရာ၌ သုတ္တန်တစ်ခုတည်း၏ အဆိုအမိန့်တစ်ခုကိုသာ တရားသေကိုင်စွဲယူထားကြခြင်းထက် သုတ္တန်အများစုမှထုတ်နှုတ်၍ သိုင်းသိုင်းဝိုင်းဝိုင်း သုံးသပ်ယူငင်တတ်အောင် ကြိုးစားအားထုတ်ကြခြင်းက ပို၍သင့်မြတ်ကြောင်း သတိပြုမိကြလိမ့်မည်ဟု ယုံကြည်ပါသည်။ နဂိုကပင် ထိုသို့ယုံကြည်ရင်းစွဲရှိပြီးသူများအဖို့ရာလည်း ခိုင်မာသော သက်သေကောင်း တစ်ခုအဖြစ် သိမှတ်နိုင်ကြလိမ့်မည်ဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ နှစ်သိမ့်မှုတစ်စုံတစ်ရာ ရရှိခဲ့ကြလိမ့်မည်ဟု မျှော်လင့်ရပါသည်။ စာရေးသူအနေဖြင့်မူ သီရိလင်္ကာရောက် မြန်မာစာသင်သားရဟန်းတော်များ လေ့လာဆည်းပူးနေကြရသည့် ဘာသာရပ်များထဲမှ တစ်ချို့တစ်ဝက်ကို မိတ်ဆက်ဖော်ပြပေးနိုင်ခဲ့ခြင်းအတွက် အတိုင်းအတာတစ်ခုအထိ ဝမ်းမြောက်ကြည်နူးခဲ့ရသည်ကိုကား ဖော်ပြရပါလိမ့်ဦးမည်။ နှုတ်ဆက်ခြင်းနှင့် အသိပေးခြင်း ---------------------------------------- ဤဆောင်းပါးများသည် သီရိလင်္ကာရောက်စာသင်သားရဟန်းတော်များ ဘာတွေလုပ်နေကြသနည်း၊ ဘာတွေကို လေ့လာနေကြသနည်း စသည့်မေးခွန်းများအတွက် တစ်စုံတစ်ခုသောအဖြေကို ပေးနိုင်ရန်မျှော်လင့်ပါသည်။ အထူးသဖြင့် (အသစ်ရောက်လာလတ္တံ့သော ရဟန်းတော်များ အပါအဝင်) သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ နှင့် ထောက်ပံ့နေကြသူ ဒကာဒကာမများအကြား ပိုမိုနားလည်မှုရရှိနိုင်ကြရန် မတ်လ (၃)ရက်နေ့တွင် မြန်မာပြည်ကို ပြန်ရတော့မည်ဖြစ်သောကြောင့် တစ်နှစ်တာကာလအတွင်း ရေးခဲ့သမျှတို့ကို အားပေးဖတ်ရှုလာခဲ့ကြသူ မိတ်ဆွေများအားလုံးကို နှုတ်ဆက်စကားဆိုရပါသည်။ သို့ရာတွင် "လင်္ကာမြေမှာတစ်နှစ်တာ အခန်းဆက်ဆောင်းပါးများ" အတွက် တင်ဆက်ရန်ကျန်ရှိနေသေးသော သီရိလင်္ကာအနှံ့ဘုရားဖူးထွက်ခြင်း အတွေ့အကြုံများ၊ စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းများ၊ သီရိလင်္ကာနှင့် မြန်မာ အပြန်အလှန် သာသနာရေး ဆက်သွယ်ဆောင်ရွက်ခဲ့မှုများ၊ Sunday School ကျောင်းများ အကြောင်းတို့ကို စာအုပ်မထွက်ရှိခင် ဖတ်ရှုနိုင်ကြစေရန် ကြိုးစား၍ တင်ပေးသွားရန် စီမံထားပြီးဖြစ်ပါကြောင်းနှင့် ရေးသားခဲ့သမျှများထဲတွင် မနှစ်မြို့စရာ အမှားအယွင်းများပါရှိခဲ့ပါက အနူးအညွတ် တောင်းပန်ရပါကြောင်း နှုတ်ဆက်စကားဆိုရပါသည်။ ရွာတိုင်းအတွက်ကဗျာလက်ဆောင် ဝက်ဆိုဒ်အတွက် အစစအရာရာ ကူညီဆောင်ရွက်ပံ့ပိုးပေးကြပါသော ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းနှင့် စေတနာရှင်မလေးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးစကား ဆိုရပါသည်...။ အပိုင်း (၁၈) တွင် မိတ်ဆွေများနှင့်အတူ သီရိလင်္ကာရှေးဟောင်းဗိသုကာပညာရပ် ( Buddhist Art and Architecture)ကိုလေ့လာရင်း သီရိလင်္ကာအနှံ့ ဘုရားဖူးထွက်နိုင်ရန် ပြင်ဆင်နေပါသည်။
Last Updated on Tuesday, 01 March 2011 13:51
0 comments:
Post a Comment