* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, March 6, 2011

အလျင်စလို မနိုင်ပါနဲ့


သစ်ပင်များကို နှစ်သက်မြတ်နိုးတဲ့ လူတစ်ယောက်ဟာ သူ့အိမ်ဝိုင်းထဲမှာ အစိမ်းရောင်သစ်ပင်တစ်ပင်ကို တွေ့မြင်ချင်ပါတယ်။ သူက သူဟာ ပင်ပျိုတစ်ပင်ကို စိုက်ပျိုးလျင် သစ်ပင်တစ်ပင်အဖြစ်ကြီးထွားဖို့ အချိန်များစွာ ယူလိမ့်မယ်-လို့ ယူဆထားပါတယ်။ ဒါ့ကြောင့် သူဟာ ဥယျာဉ်တစ်ခုသွားပြီး ပြည့်စုံကြီးထွားနေတဲ့ သစ်တစ်ပင်ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ အဲဒီသစ်ပင်ကို တူးယူဖို့ ကာယလုပ်သားများအသုံးပြုပြီး သူ စီစဉ်ထားတဲ့နေရာ သူ့ရဲ့အိမ်ဝန်းထဲသို့ အဲဒီသစ်ပင်ကို ယူဆောင်လာခဲ့ပါတယ်။ ဒီအတွက် သူဟာ အလွန်ပျော်ရွှင်ခဲ့ပါတယ်။

သူ့ကိုယ်သူ တွေးထင်တာက “ တိုတောင်းတဲ့အချိန်အတွင်းမှာပဲ ငါဟာ ရှည်လျားတဲ့ခရီးတစ်ခုကို သွားပြီးခဲ့တယ်။ ပျိုးပင်တစ်ခု အဲသလိုမဟုတ် မျိုးစေ့တစ်စေ့ကို စိုက်ပျိုးခြင်းက ရှည်ကြာတဲ့လုပ်ငန်ဆောင်တာကို ယူတယ်။ ဒါ့ကြောင့် အခု ငါဟာ စိမ်းလန်းစိုပြေတဲ့ သစ်ပင်စိမ်း စိုက်ပျိုးခြင်းရဲ့ လျင်မြန်တဲ့ နည်းလမ်းကို တွေ့ပြီ” လို့ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်တစ်နေ့မနက် သူဟာ သစ်ပင်ကို ကြည့်ရှု့တဲ့အခါ သစ်ရွက်များက ညှိုးနွမ်းဖို့ စတင်နေပြီဆိုတာ တွေ့ပါတယ်။ နေ့များစွာကြာလာတဲ့အခါမှာ သစ်တစ်ပင်လုံးဟာ ခန်းခြောက် သွားပါတော့တယ်။ သူဟာ စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။ သူ့ရဲ့သူငယ်ချင်းတစ်ယောက် သူ့ထံ ခရီးလှည့်လည်လာတဲ့အခါ အလွန် ၀မ်းနည်းနေတဲ့သဘောရှိတဲ့ သူ့ကို တွေ့ရပါတယ်။ သူငယ်ချင်းဖြစ်သူက အကြောင်းရင်းကို မေးမြန်းတဲ့အခါ သူက “ငါက အလျင်စလိုဖြစ်ပေမယ့် ဘုရားသခင်က လက်မခံဘူး” လို့ ပြန်ပြောပါတယ်။

ဒီဇာတ်လမ်းက တဖြည်းဖြည်းတိုးတက်မှုကို အခြေခံတဲ့ ပြီးတော့ ရုတ်တရတ် ကျော်လွှားခုန်တက်လို့မရတဲ့ သဘာဝဥပဒေနဲ့ပတ်သက်ပြီး အကျွန်ုပ်တို့ကို ညွှန်ပြပါတယ်။ သဘာဝရဲ့ဒီဥပဒေကို လိုက်နာတဲ့သူဟာ အောင်မြင်မှုကို ရရှိပါလိမ့်မယ်။ အဲဒါကို လိုက်ပါဖို့ ပျက်ကွက်ခြင်းက ကျဆုံးမှုအဖြစ် ပျက်စီးကိန်းကြုံပါလိမ့်မယ်။ သဘာဝရဲ့ဒီဥပဒေကို သစ်ပင်များသာလျင် သက်ဆိုင်တာမဟုတ်ပါ။ ဒါဟာ စကြ၀ဠာဆိုင်ရာဥပဒေ ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးမှာ တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ဒီသဘာဝရဲ့လမ်းကြောင်းကို လိုက်ပါသင့်ပါတယ်။ သို့မဟုတ်လျင် တစ်ဦးတစ်ယောက်ဟာ ရောက်သင့်ရောက်ထိုက်တဲ့ ဘယ်လိုပန်းတိုင်ခရီးပဲဖြစ်ပါစေ မရရှိနိုင်ပါ။

သစ်ပင်ဟာ ဥယျာဉ်ထဲမှာဖြစ်တဲ့အခါ အဲဒါက အစိမ်းရောင်ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါမျိုးပဲဖြစ်တဲ့သစ်ပင်ကို အခြားနေရာ အ၀န်းအ၀ိုင်းသို့ ပြောင်းရွှေ့တဲ့အခါ အဲဒါက ခြောက်သွေ့သွားတယ်- ဆိုတာ ဘာ့ကြောင့် အဲဒီလို ဖြစ်တာပါလဲ? သစ်ပင်ဟာ ပန်းခြံထဲမှာ ဖြစ်တဲ့အခါ သူ့ရဲ့အမြစ်က ခြေရာလက်ရာမပျက် ပကတိအတိုင်း တည်ရှိပါတယ်။ ဒါပေမယ့် အဲဒါကို အိမ်ဝိုင်းသို့ ပြောင်းရွှေ့တဲ့အခါ ကျန်ရစ်တဲ့ သူ့ရဲ့အမြစ်တွေက အနည်းငယ်ပဲ ရှိတော့တယ်- ဆိုတာက အကြောင်း ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ သစ်ပင်နှင့်တွဲဖက်ပြီး ဘ၀ကို ပညာပေးတဲ့ ရင်းမြစ် ဖြစ်ပါတယ်။

ဒါဟာ သဘာဝဥပဒေဖြစ်ပြီး သဘာဝဥပဒေဟာ လူသားရဲ့ရှင်သန်မှုကို အကျိုးသက်ရောက်စေပါတယ်။ ဒါက သင့်တော်တဲ့ ရင်းမြစ်ကို ရရှိဖို့ လုပ်ငန်းကိစ္စတိုင်းအတွက်, သက်မွေးမှုတိုင်းအတွက်, အဖွဲ့အစည်းတိုင်းအတွက် လိုအပ်ချက် ဖြစ်ပါတယ်။ ဒါဟာ ကြောင်းကျိုးခိုင်လုံတဲ့ အခြေခံ ဖြစ်ပါတယ်။ သဘာဝရဲ့ ဒီဥပဒေကို ခြွင်းချန်၍ အခြားမရှိပါ။

ဥပမာအားဖြင့် ပညာရေးဟာ job-တစ်ခုအတွက် အခြေခံဖြစ်ပါတယ်။ နာမည်ဂုဏ်သတင်းဟာ business-ရဲ့ အခြေခံ ဖြစ်ပါတယ်။ ပြီးတော့ အခြေခံအဆောက်အဦးဟာ အမျိုးသားရေးဆိုင်ရာ တိုးတက်မှုအတွက် အခြေခံ ဖြစ်ပါတယ်။ စိတ်ချအားထားရတဲ့ အခြေခံအုတ်မြစ်ကို ဖန်တီးတည်ဆောက်ခြင်းဟာ အချိန်များစွာ လိုအပ်ပါတယ်။ အထိန်းအကွပ်မဲ့ ပရမ်းပတာ ဖြစ်ကတတ်ဆန်း ကျော်လွှားခုန်တက် ရယူခြင်းမျှဖြင့် ဤကဲ့သို့သော အခြေခံအုတ်မြစ်တစ်ခုကို သင်ဟာ ရရှိနိုင်မည်မဟုတ်ပါ။

သင်ဟာ တစ်စုံတစ်ခုကိုအောင်မြင်ဖို့ အလောတကြီး ကတိုက်ကရိုက်ပြုလုပ်လျင် ဒါဟာ သဘာဝရဲ့ဥပဒေကို သင်က ငြင်းပယ်နေတယ်လို့ ဆိုလိုပါတယ်။ သင်ဟာ သင့်ရဲ့ကိုယ်ပိုင်အရည်အသွေးအပေါ်မှာ ကမ္ဘာတစ်ခုကို တည်ဆောက်ချင်တာ မဟုတ်ပါ။ ပြီးတော့ ဒီလိုဖြစ်စဉ်အမျိုးအစားက ဒီကမ္ဘာမှာ မဖြစ်နိုင်ပါ။ တဖြည်းဖြည်း ဖြစ်စဉ်တစ်ခုမှာ ပါဝင်တဲ့သူများဟာ သဘာဝရဲ့ အားပေးထောက်ခံမှုများကို တွေ့ရှိရပါလိမ့်မယ်။ ပြီးတော့ ဒီလို ထောက်ခံအာပေးခံရခြင်းမရှိဘဲ ဒီကမ္ဘာမှာ အောင်မြင်မှုဟာ ဖြစ်နိုင်ချေမရှိပါ။

သဘာဝရဲ့လမ်းကြောင်းအဖြစ် ဒီတဖြည်းဖြည်းဖြစ်စဉ်ကို ဘာ့ကြောင့် ဘုရားသခင်က ထုတ်ပြန်ကြေငြာသလဲ? သူဟာ ခိုင်မာကျစ်လစ် တစ်စုတစ်စည်းတည်းဖြစ်ခြင်းရဲ့ ရည်ရွယ်ချက်အတွက် အဲဒီလို ပြုလုပ်ခဲ့ပါတယ်။ သင်ဟာ အခြေအနေအကြောင်းအရာတွေနဲ့ပတ်သက်လို့ ကျော်လွှားခုန်တက်ခြင်းဖြင့် တစ်စုံတစ်ခုကို ရရှိအောင်မြင်ဖို့ ကြိုးစားလျင် နောက်ဆုံရလဒ်က အမြစ်ပြုတ်တွယ်ရာမဲ့ဖြစ်တဲ့သစ်ပင်ကဲ့သို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တဖြည်းဖြည်းဖြစ်စဉ်ကို အပိုင်ယူရပ်တည်ထားတဲ့အခါ သင်ဟာ သင့်ရဲ့အောင်မြင်မှုကို ခိုင်မာကျစ်လစ် တစ်စုတစ်စည်းတည်းဖြစ်စေပါတယ်။

kakdi အပင်တစ်ပင် ကြီးထွားဖို့ ၆-လသာ လိုအပ်ပါတယ်။ ဒါပေမယ့် သင်ဟာ ၀က်သစ်ချပင်လို သစ်တစ်ပင်ကို ကြီးထွားစေချင်တယ်ဆိုလျင်တော့ ဖားဖားလျားလျားထွားကြိုင်တဲ့ အပင်တစ်ပင် ထွက်ရှိဖို့ နှစ် ၅၀-ကြာ အချိန်ယူရပါလိမ့်မယ်- ဆိုတာ စိုက်ပျိုးရေးသမားတစ်ယောက်က မဆိုင်းမတွ မှန်ကန်စွာ ထောက်ညွန်ပြမှာပါ။ ဒီဥပမာမှ သဘာဝရဲ့ဥပဒေဟာ ဘယ်လို ကောင်းကောင်းလည်ပတ်အလုပ်လုပ်တယ်- ဆိုတာ တစ်ဦးချင်းအနေဖြင့် နားလည်နိုင်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP