* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, March 24, 2011

*အရေးကြီးသော အခြေခံအုတ်မြစ်*

3/22/2011 တောသားလေး , Posted in , 2 Comments


ကျွန်တော့် အိမ်နီးချင်း ဦးလေးဝမ်းကွဲ တစ်ယောက်က လက်သမား ပန်းရံ အလုပ်လုပ်ပါတယ်။ တစ်နေ့တော့ အဲဒီ ဦးလေးက အိမ်မှာ အဆောက်အဦး တစ်ခုဆောက်တော့ မြေကြီးထဲမှာ အုတ်တွေကို စီနေတာကို တွေ့ပါတယ်။ ဦးလေး အဲဒါ ဘာလုပ်တာလဲလို့ ကျွန်တော်က မေးလိုက်တော့ ဦးလေးက ဒီလို ရှင်းပြပါတယ်။ အဆောက်အဦး တစ်ခုကို တည်ဆောက်ဖို့အတွက် အခြေခံ အုတ်မြစ် လိုတယ်ကွဲ့။ ဒီလို အခြေခံအုတ်မြစ်ကို အသေအချာ လုပ်ထားမှ အဆောက်အဦးက ရည်ရှည်တည့်တံ့ပြီး လေဒဏ်၊ မိုးဒဏ် ရာသီဥတုဒဏ်တွေကို ခံနိုင်ရည်ရှိမှာလို့ ရှင်းပြတယ်။ ဒါလေးက ငယ်ငယ်တုန်းက အိမ်မှာ အဆောက်အဦး ဆောက်တာကို တွေ့မြင်ပြီး သိခဲ့ရတဲ့ အခြေခံ အုတ်မြစ်လေးပါ။
ကျွန်တော်က တောရွာမှာ မွေး၊ တောရွာမှာ ကြီးပြင်းခဲ့တဲ့ တောသားလေး တစ်ယောက်ဖြစ်ပေမယ့် ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ဆန်ရရှိအောင် ပြုလုပ်တဲ့ လယ်ယာလုပ်ငန်းခွင်ကို တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အထိ ကျွန်တော် ခြေမချမိလို့ ကောင်းကောင်း နားမလည်ခဲ့ပါဘူး။ တစ်ခါတစ်ရံ ကျောင်းပိတ်လို့ လယ်ထဲမှာ မြတ်ကောက်ရရင် လယ်ထဲက ရေပြင်ဖွေးဖွေး လှိုင်းရိုက်တာကိုတောင် မူးတတ်ပါတယ်။ :P
ဒီလိုနဲ့ ကျွန်တော် ဆယ်တန်းအောင်ပြီး တက္ကသိုလ်ပညာ ဆက်လက်မသင်ခင်မှာ အိမ်က လယ်ယာလုပ်ငန်းခွင်ကို အဖေနှင့်အတူ အိမ်မှ ခေါ်ယူထားသော ဦးလေး၊ အကိုတွေနဲ့ လက်တွဲလုပ်ခဲ့ရပါတယ်။ ကျွန်တော် အိမ်မှ ခေါ်ယူထားသော သူများကို ညီအကိုတွေလိုဘဲ ဆက်ဆံပါတယ်။ အလုပ်သမားရယ်လို့ သဘောမထားပါဘူး။ အလုပ်သမားလို့ ရေးလို့ ရိုင်းသွားရင် နားလည်ပေးပါရန်။ အဲဒီလိုနဲ့ လယ်ယာလုပ်ငန်းခွင်ကို အခြေခံကစ လေ့လာသင်ယူခဲ့ပါတယ်။ ကျွန်တော်တို့က စပါးကနေ ဆန်ဖြစ် ဆန်ကို ထမင်းအဖြစ် ချက်ပြုတ်စား လွယ်တယ်လို့ ထင်နေခဲ့မိပါတယ်။ တကယ်လက်တွေ့ လေ့လာကြည့်မိတော့ စပါးစိုက်ဖို့အတွက် ထယ်ထိုး၊ ထွန် ထွန်၊ ပျိုးကြဲ၊ ပျိုးနုတ်၊ နှီးထိုး( ပျိုးပင်တွေစည်းဖို့ရန်)၊ ကောက်စိုက်၊ ရိတ်သိမ်းချိန်မှာ ကောက်ရိတ်၊ ကောက်လှိုင်းစီး၊ လှည်းပေါ်တင်၊ တလင်းနယ်၊ စပါးလှေ့ အဆင့်ဆင့် လုပ်ရတာတွေ ခက်ခဲမှုတွေကို တွေ့ရပါတယ်။ ကျွန်တော်က အကုန်အကြမ်းဖျမ်း ပြောသွားတာ ထယ်မထိုးမီ လယ်ထဲကို မြေသြဇာထည့်တာ၊ စပါးပင်တွေ စိုက်ပြီး မြေသြဇာတို့၊ ဆေးဖျန်းတာတို့ အများကြီး လုပ်ရပါသေးတယ်။ မိုးစပါးပြီးလို့ နွေရာသီ ပဲမျိုးစုံ စိုက်ပျိုးရေးအတွက်လည်း အဲဒီလိုဘဲ ပင်ပန်းစွာနဲ့ အဆင့်ဆင့်လုပ်ရပါတယ်။ ဥပမာ- မြို့တွေမှာ ရောင်းတဲ့ နှီးပင်တွေ မြင်ဖူးကြမှာပါ။ ကျေးလက်ဒေသတွင် သွပ်မိုး မဟုတ်တဲ့ တချို့ အိမ်တွေမှာ သက်ကယ်၊ ဓနိ၊ အင်ရွက်၊ ထန်းရွက် တို့ကို အိမ်အမိုးအဖြစ် မိုးတဲ့အခါ၊ ခြံစည်းရိုးကာတဲ့အခါ၊ လယ်ယာစိုက်ပျိုးရေးအတွက် ပျိုးပင်တွေစည်းဖို့ ၀ါးကနေလုပ်ရတဲ့ အဲဒီလို နှီးပင်ဟာ ဓါးသွားပြတ်ပြတ်နဲ့ မတတ်ခင် သင်ခါစတော့ လက်ထိပ်တွေမှာ ဓါးရှရာတွေကြီး ဖြစ်တတ်တယ်။ ကောက်စိုက်ရာမှာလည်း ပုံစံမကျလို့ ခေါက်ကျိုးထိုးမိရင်တော့ စပါးပင်က မစိမ်းဘဲနဲ့ တဖြည်းဖြည်း ၀ါပြီး သေသွားတတ်ပါတယ်။
အဲဒီလို ကျွန်တော် ပြောပြနေရတာကတော့ ဘယ်အလုပ်မဆို အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံအဆင့်ကို ကောင်းကောင်း နားလည်ထားဖို့အတွက်ဘဲ ဖြစ်ပါတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့အတိုင်း သမ္မာအာဇီဝါကျစွာဖြင့် ရိုးသားစွာ လုပ်ကိုင်ရသော ဘယ်အလုပ်မဆို တန်ဖိုးထားပြီး ဂုဏ်ငယ်စရာ မလိုပါဘူး။ ကျွန်တော် အဲဒီလို ပင်ပန်းတဲ့ လယ်ယာအလုပ်ကို အဖေနှင့်အမေက ငါ့သားက တက္ကသိုလ်ကျောင်းသားကြီး ဆိုပြီး မလုပ်ရဘူးသာဆိုရင် ကျွန်တော်လည်း ဘာမှ သိမှာမဟုတ်ပါဘူး။ အဲဒါကတော့ လက်ဦးဆရာ ဖြစ်သော အဖေနှင့်အမေ တို့ရဲ့ သားကို ချစ်တဲ့ စိတ်ဖြစ်ပါတယ်။ တချို့တွေကျတော့ သားသမီးကို ဘာမှ မခိုင်းဘဲနဲ့ ချစ်တာ တကယ်တော့ အဲဒါ သားသမီးကို ချစ်ရာမရောက်ဘဲ နှစ်ရာ ရောက်သွားတတ်ပါတယ်။ အခြေခံအုတ်မြစ် အချက်အလက်ကိုမှ မသိ ဘာမှမလုပ်တတ်ရင် ကုဋ္ဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးသားလိုဘဲ နောက်ဆုံးတော့ ခွက်လက်တောင်းစား ရတဲ့ အခြေအနေကို ရောက်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်က တောသားလေး ဖြစ်တဲ့အတွက် လယ်ယာလုပ်ငန်းနဲ့ နီးစပ်ပတ်သက်တာကို ပြောတာပါ။ တခြားသော စီးပွားရေး လုပ်ငန်းများတွင်လည်း ထိုနည်း၎င်းဘဲ ဖြစ်ပါတယ်။ ပညာသင်ရမှာလည်း ဥပမာ- သူငယ်တန်း မှာ “က”၊ “ခ”၊ “၀” လုံးကို ကောင်းကောင်း မတတ်မသိဘဲ ပထမတန်း၊ ဒုတိယတန်း ဖတ်စာတွေကို ဘယ်လိုဖတ်၊ ဘယ်လိုနားလည်မှာလဲ။ အခြေခံဖြစ်တဲ့ သူငယ်တန်းစာကို ကြေညက်တဲ့ ကျောင်းသားအတွက် ပထမတန်း ဖတ်စာကို ကောင်းစွာလိုက်နိုင်မှာ ဖြစ်ပါတယ်။ ထို့နည်းတူ ကိုးတန်း အခြေခံကို ကောင်းစွာ နားလည်မှ ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) စာကို ကောင်းစွာ နားလည်ပြီး အောင်မြင်စွာ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ဘာသာရပ်တွေ အများကြီး ရှိတဲ့အထဲက သင်္ချာနဲ့ ပက်သက်တာကို ကျွန်တော်ပြောမယ်ဗျာ။ တက္ကသိုလ်ဝင်တန်းကို ခန့်မှန်းပြီး စာကိုကျက် အောင်ထားတဲ့ ကျောင်းသားတစ်ယောက်ဟာ ဆယ်တန်းတုန်းက သင်္ချာဘာသာရပ်မှာ “Differentiation” နှင့် “Integration” အခန်းတွေကို လွှတ်ထားရင် တက္ကသိုလ် ပထမနှစ်မှာ သင်္ချာဘာသာရပ်နဲ့ တွေ့ခဲ့ပါက ဆရာသင်နေပေမယ့် ယောင်ချာချာနဲ့ ဘာသင်နေမှန်းမသိဘဲ စာမေးပွဲတွေကို ကျဆုံးခြင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သင်္ချာဘာသာရပ်ကိုဘဲ ကျွန်တော်က ပြောတာပါ။ တခြားနည်းပညာ ဘာသာရပ်တွေလည်း အဲဒီလိုပါဘဲ။ အခြေခံကို ကောင်းစွာ ကြေညက်စွာ တတ်သိထားမှသာ ကိုယ်ကနေ အခါအခွင့်သင့်လို့ ပြန်လည်ပြီး သူငယ်ချင်းတွေ ကိုယ်ဆွေမျိုးတွေထဲက တူ၊ တူမတွေ မေးတဲ့အခါ ကိုယ်က ကောင်းစွာ ပြန်လည်ရှင်းပြနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကမှ အခြေခံ မသိ၊ မတတ်ဘဲနဲ့ အိုးတိုး အတ ဖြစ်နေရင်တော့ ဘယ်လိုလုပ်မလဲ။ တွေးသာကြည့်ပါတော့။
ဘာသာရေးမှာလည်း ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေဟာ အခြေခံ အုတ်မြစ် ခိုင်ထားဖို့ လိုပါတယ်။ သာသနာတော်ကြီး အဓွန့်ရှည် တည်တံခိုင်မြဲရေးအတွက် ပရိယတ္တိ၊ ပဋ္ဋိပတ္တိ၊ ပဋ္ဋိဝေဓ ဆိုတဲ့ အခြေခံ အုတ်မြစ် သုံးရပ်ရှိပါတယ်။ တရားဘာဝနာ အားထုတ်ရာတွင်လည်း သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အခြေခံ အုတ်မြစ် သုံးရပ်ရှိပါတယ်။ ရှေးဦးစွာ သီလ ဆိုတဲ့ အခြေခံအုတ်မြစ်ကို ခိုင်မြဲခိုင်မာအောင် စောင့်ထိန်းနိုင်မှာ ၀ိပဿနာ၊ ဘာဝနာ၊ ပညာပိုင်းကို ဆက်တက်နိုင်မှာ ဖြစ်ပါတယ်။ ကိုးကွယ်မှုအပိုင်းတွင်လည်း ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒံ္ဓ၊ ဓမံ္မ၊ သံဃံ ဆိုတဲ့ သရဏဂုံ သုံးပါးကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ဆည်းကပ်ရခြင်းမျိုး ဖြစ်ရပါမယ်။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို တစ်စုံတစ်ယောက်ကို ကြောက်လို့၊ ခိုင်းစေလို့၊ ပစ္စည်းလာဘ်လာဘ၊ ရာထူး ရယူလိုသောကြောင့် ကိုးကွယ်ဆည်းကပ်ရခြင်းမျိုး မဖြစ်သင့်ပါဘူး။
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ) အမေရိကမှာနေစဉ်တုန်းက Dr. Ronald Browing က ဆရာတော်ကို မေးလျောက်ခဲ့ခြင်းဖြစ်ပါတယ်။ Dr. Ronald Browing က ဆရာတော်အား-
What is the frame work of Buddhism?
လို့မေးသောအခါ ဆရာတော်က
cause and effect.
“ဗုဒ္ဓဘာသာရဲ့အခြေခံ (frame work) က အကြောင်းနဲ့အကျိုး ဖြစ်ပါတယ်။ အကြောင်းတရားတွေကလည်း သဘာဝ အကျိုးတရားတွေကလည်း သဘာဝဆိုတော့ ဗုဒ္ဓဘာသာရဲ့ အခြေခံဟာ သဘာဝ အကြောင်း အကျိုးတွေပါပဲ။” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
လယ်တီဆရာတော်၊ ဒီပဲရင်းဆရာတော်၊ ဝေဘူဆရာတော်၊ ညောင်လွန့်ဆရာတော်၊ စွန်းလွန်းဆရာတော်၊ မိုးညှင်းဆရာတော်၊ မိုးကုတ်ဆရာတော်၊ မင်းကွန်းဆရာတော်၊ မြေဇင်းဆရာတော်၊ မဟာစည်ဆရာတော်၊ ရွှေဟင်္သာဆရာတော်၊ ရွှေဥမင်ဆရာတော်၊ မုံလယ်ဆရာတော်၊ စတဲ့ အဖိုးတန် ဆရာတော်ဘုရားကြီး များစွာကလည်း အကြောင်း အကျိုး ဖြစ်ပျက် သဘောတရားများကို ဟောကြားပြီး လက်တွေ့ ပြသခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို ဆရာအဆူဆူက ဟောကြားဆုံးမ ထားပါသော်လည်း အကြောင်းနဲ့ အကျိုးကို နားမလည်ဘဲ နတ်တွေကို ကိုးကွယ်ပသပြီး ကိုကြီးကျော်က ဘာပြောလို့၊ အမေဂျမ်းက ဘာပြောလို့၊ ဗေဒင်က ဘာဟောထားလို့ ဆိုပြီး သူတို့ပြောတဲ့အတိုင်းလုပ်နေရင် ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် သရဏဂုံ ညှိုးနွမ်း သွားမှာ ဖြစ်ပါတယ်။ သရဏဂုံ ညှိုးပြီးရင် တဖြည်းဖြည်းနဲ့ သေသွားမှာ ဖြစ်ပါတယ်။ အဲဒါဆိုရင်တော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ် မဟုတ်တော့ပါဘူး။
မြတ်စွာဘုရားရှင်ကလည်း ကိုးကွယ်မှားအပြစ် နှင့်
နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။
နေတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။ (ဓမ္မပဒ)
“ဤတော တောင် အာရာမ် အဓိကရ သစ်ပင် စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်”-
ကိုးကွယ်မှန်အကျိုးကို-
ဧတံ ခေါသရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။
ဧတံ သရဏ၊ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။ (ဓမ္မပဒ)
“ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်း မည်၏။ မြတ်သော ကိုးကွယ်ဆည်းကပ်ခြင်း မည်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏-
ဟု ကိုးကွယ်မှုနဲ့ ပတ်သက်ပြီး အထက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်။
ထို့ကြောင့် ကျွန်တော်တို့တွေဟာ ဘယ်နေရာ၊ ဘယ်အလုပ်မှာ ဖြစ်ဖြစ် နေရာဒေသမရွေး အခြေခံ အုတ်မြစ်ဟာ အရေးကြီးကြောင်း သိရပါတယ်။ အခြေခံ အုတ်မြစ်ကို ခိုင်မြဲစွာ ချထားမှသာ လောကီနယ်ပယ်မှာဆိုရင် လေဒဏ်၊ မိုးဒဏ်၊ သဘာဝဒဏ်၊ လောကဓံတွေကို ကြံကြံခိုင် ရုန်းကန်နိုင်မှာ ဖြစ်သလို လောကုတ္တရာဘက်တွင်လည်း အခြေခံ အုတ်မြစ်ကို ခိုင်မြဲစွာ ချထားမှသာ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အဖြစ်နဲ့ ရခဲလှတဲ့ လူ့ဘ၀မှာ တရားဘာဝနာများပွားများ အားထုတ်ပြီး မဂ်၊ ဖိုလ် နိဗ္ဗာန်လမ်းကို တက်လှမ်းနိုင်မှာ ဖြစ်ကြောင်း ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
ကျွန်တော် ဒီပိုစ်လေးကို တတ်သိ ကျွမ်းကျင်၊ အလုံးစုံ ပြည့်စုံနေပါသဖြင့် ရေးသားထားခြင်းမျိုး မဟုတ်ဘဲ ကျွန်တော် ဖြတ်သန်း ကြုံတွေ့ခဲ့ရတာလေးတွေကို စာဖတ်သူများကို ပြန်လည်ပြီး မျှဝေရင်းနဲ့ အခြေခံ အုတ်မြစ် အရေးကြီးတာလေးကို ရေသားလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် စာရေးသားရာတွင် အမှားအယွင်းများ ရှိခဲ့ပါက နားလည်ခွင့်လွှတ် ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP