* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, March 13, 2011

ယနေ့ မိဘအများ ရင်ဆိုင်နေရတဲ့အရာ

တစ်ခါတုန်းက အကျွန်ုပ်ဟာ အမေရိကန်မှာနေထိုင်သူ အိန္ဒိယသားတစ်ယောက်နှင့် ကာလီဖိုးနီးယားမှာ တွေ့ဆုံခဲ့ပါတယ်။ အကျွန်ုပ်တို့ဟာ ပညာရေးနှင့်ပတ်သက်လို့ ပြောဆိုခဲ့ကြတယ်။ ဒီခေတ်ဟာ ပညာရေးခေတ် ဖြစ်တယ်ဆိုတာ - အကျွန်ုပ်တို့ မျိုးဆက်များရဲ့အကြီးမားဆုံးလိုအပ်ချက်ဟာ အဆင့်အတန်းမြင့်မြင့် ပညာတတ်များဖြစ်ဖို့ ဖြစ်တယ်ဆိုတာကို အကျွန်ုပ်က မှတ်ချက်ပြုပါတယ်။

ဒါပေမယ့် ကျွန်တော်အပေါင်းအဖော်က ဤကဲ့သို့သောပညာရေးမျိုး ကလေးသူငယ်များအပေါ် ရှိနေခြင်းအတွက် စိတ်ပျက်နေပုံကို ဖော်ပြပါတယ်။ သူကတော့ အကျွန်ုပ်တို့လိုအပ်ချက်ဟာ de-learning ဖြစ်တယ်ဆိုတဲ့ ကောက်ချက်ကို လားရောက်ပါတယ်။

မိဘများဟာ ပြေးလမ်းမှ ခွါပြဲပြတ်တောက်နေတဲ့ပညာရေးဖြင့် တစ်စုံတစ်ခုကို ပြုလုပ်နိုင်မှာလား? သူတို့ကလေးရဲ့ ဖြစ်လာတော့မယ့် ဘယ်အရာဖြစ်ဖြစ် အသိအမှတ်ပြုကြည်ဖြူစွာ လက်သင့်ခံ၍ဖြစ်စေ ….. ဒါမှမဟုတ် သူတို့ကို နားလည်သဘောပေါက်ဖို့ - မိဘများအနေဖြင့် သူတို့ဟာ ကလေးများရဲ့လိုအပ်ချက်များကို သူတို့အတွက် ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြုလုပ်ပေးတဲ့နည်းလမ်းဖြင့် သူတို့စိတ်များကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ ချဉ်းကပ်ကြိုးစား၍ ဖြစ်စေ …… မိဘများအတွက် ရွေးစရာ နှစ်ခုသာလျင် ရှိပါတယ်။

အကျွန်ုပ်တို့ရဲ့မျက်မှောက်လူ့အဖွဲ့အစည်းရှိ မိဘအများစုဟာ သူတို့ရဲ့သဘောထားအမြင်မှာ ရိုးရာအစဉ်အလာ ဖြစ်ပါတယ်။ ဒါပေမယ့် ခေတ်သစ်ပညာရေးဆိုင်ရာ အဖွဲ့အစည်းများမှာတော့ သူတို့ရဲ့သားသမီးများကို ပညာတတ် ဖြစ်စေချင်တယ်- ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒီအရာက အသစ်အဟောင်း အသင့်ဆုံးဖြစ်တဲ့ ရောစပ်ထားခြင်း တစ်ခုကို လိုအပ်ပါတယ်။ ဒါပေမယ့် ဒီသတ်မှတ်ချက်မှာတော့ ရှုပ်ထွေးမှု ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ ကလေးများဟာ ပညာရေးကို ဆန့်ကျင်အတိုက်အခံပြုလုပ်ဖို့ စတင်တယ်ဆိုတဲ့ ရလဒ်ဖြင့် မိဘများဟာ မကြာခဏ ကလေးများနှင့်ငြင်းခုံခြင်းကို အဆုံးသတ်လေ့ ရှိပါတယ်။

ဒါက de-learning- ဆိုင်ရာ မေးခွန်တစ်ခုထက် self-training- ဆိုင်ရာ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ မိဘများဟာ သူတို့ရဲ့ကလေးများမှာ လေ့လာသင်ကြားခြင်းဆီသို့ အခြေအနေတစ်ခုရဲ့ အပြောင်းအလဲနဲ့ ပတ်သက်လို့ လားရောက်စေချင်လျင် သူတို့ဟာ အကောင်းဆုံးအကြံပေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ဖို့ သူတို့ကိုယ်တိုင် ပြုပြင်ရပါ့မယ်။ မိဘရဲ့ အကြံပေးတိုင်ပင်ခြင်းနဲ့ပတ်သက်လို့ ချို့တဲ့ကင်းမဲ့မှု အများကြီး ရှိပါတယ်။

အခြားပြဿနာတစ်ခုကတော့ အလိုလိုက်ဖူးဖူးမှုတ်ထားပြီး ပိုးမွေးသလိုမွေးထားခြင်း ဖြစ်ပါတယ်။ မိဘများဟာ သူတို့ရဲ့ကလေးများအတွက် ကြီးမားတဲ့ခင်တွယ်မှုမေတ္တာရှိပြီး ဒီအရာများက မကြာခဏ သူတို့ကို သူတို့ရဲ့ အလို လိုက်ဖူးဖူးမှုတ်ထားခြင်းဆီသို့ ဦးတည်စေပါတယ်။ ချစ်ခင်တွယ်တာမှုဟာ ကောင်းသော်လည်း အလိုလိုက်ဖူးဖူး မှုတ်ထားခြင်းက ကောင်းတယ်ဟု မဆိုနိုင်ပါ။ ကလေးများဟာ အပူအပင်မထား ခပ်ပေါ့ပေါ့သဘောထားလာပြီး အဲဒါက ဖြစ်ပျက်နိုင်တဲ့ ဆိုးဝါးတဲ့အရာတစ်ခု ဖြစ်ပါတယ်။

သူတို့ဟာ ဇီဇာကြောင်-ကြေးများလာပြီး အကြံညဏ်များကို အရေးစိုက်ဖို့ ငြင်းပယ်လာပါတယ်။ သူတို့ဟာ သူတို့ရဲ့အလိုဆန္ဒမျှသာ သိပါတယ်။ ပြင်းထန်ကြမ်းတမ်းတဲ့လက်တွေ့ဘ၀ဟာ သူတို့ရဲ့ အဘိဓာန်မှာ နေရာမရှိပါ။ ဒါက ကလေးသူငယ်များကို အလိုလိုက်ဖူးဖူးမှုတ်ထားခဲ့တဲ့အတွက်ကြောင့် ပြင်ပကမ္ဘာမှာ သူတို့ ရင်ဆိုင်တွေ့ကြုံရမဲ့ စိန်ခေါ်မှုများကို ချိတ်ဆက်ရင်ဆိုင်နိုင်စွမ်း မရှိတော့တာ ဖြစ်ပါတယ်။

တစ်ခါတုန်းက သူတို့ဟာ သူတို့ကိုယ်သူတို့ ခက်ခဲတဲ့အခြေအနေမှာ တွေ့ကြုံရတယ်ဆိုတာ ပြောဆိုတဲ့ ဘွဲ့ရ ပညာတတ် အိန္ဒိယ နှစ်ယောက်ကို တွေ့ဆုံခဲ့ရပါတယ်။ သူတို့ဟာ အိမ်မှာဖြစ်တဲ့အခါ သူတို့က သူတို့လိုချင်တဲ့ ဘယ်အရာဖြစ်ဖြစ် အဆင့်သင့်အမြဲတမ်းစီစဉ်ပေးတဲ့ သူတို့ရဲ့မိဘများရဲ့ကာကွယ်မှုအောက်မှာ နေထိုင်နေပါတယ်။ ဒါပေမယ့် ခုတော့ သူတို့ဟာ သူတို့ရဲ့အိမ်မှထွက်ခွါခဲ့ပြီး ပြင်ပကမ္ဘာမှာ နေရာတစ်ခုကို ရှာဖွေချင်ခဲ့ပါတယ်။ သူတို့ဟာ အဲဒီမှာ ခုံမင်နှစ်သက်မှုမရှိ - လိုလားမှုမရှိဆိုတာ ခံစားရပါတယ်။

သူတို့ရဲ့အိမ်မှာ ကုန်ကျစရိတ်မရှိတဲ့အရာရာတိုင်းကို သူတို့ကို ပေးဖို့ အဆင်သင့်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယခု ပြင်ပကမ္ဘာကြီးဟာ အလွန်ခြားနားတယ်ဆိုတာ သူတို့ တွေ့ခဲ့ရတယ်။ ဒီနေရာမှာတော့ အရာရာတိုင်းဟာ ကြိုးပမ်းလုပ်ဆောင်ရခြင်း - အလိုက်သင့်နေထိုင်ပြုမှုရခြင်း - လက်တွေ့ ဘ၀ ဒိဋ္ဌဖြစ်ရပ်ကို အသိအမှတ်ပြု လက်ခံရခြင်း - သူတို့ရဲ့အရည်အချင်းကို သက်သေပြုရခြင်း - အပေးအယူသဘောဖြင့် ညှိနှိုင်းဆောင်ရွက် ပြုမူရခြင်း - ဤသို့ ပေးဆပ်ရခြင်း စွန့်လွှတ်ရခြင်းဆိုတဲ့ ဈေးနှုန်းအဖိုးအခတစ်ခု ရှိပါတယ်။ အိမ်မှာ ဤသို့သော စိန်ခေါ်မှုများကို တုံ့ပြန်ရင်ဆိုင်ဖြည့်ဆည်းပေးဖို့ သူတို့ကို လေ့ကျင့်စေခဲ့ပြီး မဟုတ်ဆိုတာ သူတို့ဟာ တွေ့ရှိခဲ့ရပါတယ်။

အလိုလိုက်တဲ့မိဘများဟာ သူတို့ရဲ့ကလေးများအတွက် စိုးရိမ်ဖွယ်အလားအလာရှိတဲ့ ထိခိုက်နစ်နာမှုကို ပြုလုပ်နိုင်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ကလေးများကို ဈေးကွက်မှာ မလိုချင်တဲ့ ထုတ်ကုန်လို ဆီလျော်လိုက်ဖက်အောင် ပြုလုပ်ခြင်းမရှိဘဲ အဆုံးသတ်ထားပါတယ်။

မိဘများက သူတို့ရဲ့ကလေးများဟာ နှစ်ခုတွဲအစုံလိုက်ဖြစ်တဲ့ ပညာရေး- “professional education” လိုအပ်သလို “spiritual training” လိုအပ်တယ်ဆိုတာ နားလည်သဘောပေါက်ရပါ့မယ်။ ရှေးဦးအလျင်ဟာက ပညာရေးအဖွဲ့အစည်းများမှာ ရှိပြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နောက်တစ်ခုအတွက် ဗဟိုချက်မဟာ အိမ်မှာပဲ ဖြစ်ပါတယ်။ ပြီးတော့ မိဘများဟာ အိမ်မှာ ဆရာများ ဖြစ်ပါတယ်။

သို့ဖြစ်စေကာမူ ဆောင်ရန်ရှောင်ရန် စကားအသုံးအနှုန်းဟာ ရည်ရွယ်ချက်ကို တာဝန်ထမ်းဆောင်လိမ့်မယ် မဟုတ်ပါ။ မိဘများဟာ အလွန်ဆက်ဆက်ထိမခံတဲ့ အလွန်ရှုပ်ထွေးတဲ့ ချဉ်းကပ်မှုအတွက် ကိုယ်ကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားရပါလိမ့်မယ်။ အမှန်စင်စစ် သူတို့ဟာ rational spirituality ခေါ်တဲ့အရာမှာ သူတို့ကိုယ်ကိုသူတို့ အောက်သက်ကျေအောင် သင်ကြား လေ့ကျင့်ပေးရပါ့မယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP