* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, March 26, 2011

ဓုတင်ဆရာတော် - လွန်စွာမှတ်သားဖွယ်ကောင်း၍ လေးနက်လှသော သြ၀ါဒတော်

ဓမ္မစာပေများ
တစ်နေ့သ၌ စာရေးသူသည် နောင်တော်ကြီး ဓုတင်ဆရာတော်ထံ သွားရောက်ဖူးမြင်ခဲ့ရာ မေတ္တာဂရုဏာတရား ကြီးမားလှသော နောင်တော်မထေရ်မြတ်မှ လွန်စွာမှတ်သားဖွယ်ကောင်း၍ လေးနက်လှသော သြ၀ါဒတော်ကို ဤသို့ မိန့်ကြားတော်မူခဲ့ပါသည် ။
"အလိမ္မာကြီး -သန္တကာယော , သန္တ၀ါစော , သန္တမနော - တဲ့ " ကိုယ်ကိုအေးအောင်ထား ၊ နှုတ်ကိုအေးအောင်ထား ၊ စိတ်ကိုအေးအောင်ထား ။ အလုပ်မလောနဲ့ ၊ အပြောမလောနဲ့ ၊ စိတ်မမြန်နဲ့ ၊ကိုယ်နှုတ်စိတ် သိမ်မွေ့ပါစေ ။ မျက်စိနဲ့စူးစမ်း ၊ နားနဲ့စနည်းနာ ၊ စိတ်နဲ့ဆင်ခြင်ပြီး အရာရာကို သတိရှိပါ ။ ဘာလုပ်လုပ် သုံးသပ်ချက်မှန်မှ ဆုံးဖြတ်ချက်မှန်မယ် ။ ဒါကြောင့် ဆင်ခြင်တုံတရား ရှိပါ ။ စကားပြောလောမကြီးနဲ့ ၊ ငါ့စကားနွားရမလုပ်လေနဲ့ ၊ ဒဏ်သင့်တတ်တယ် ။ စကားပြောမယ်ဆိုရင် ပြောထုံး ၊ လုပ်ထုံး ဆယ်လုံးနှစ်လုံးစီသုံးပါ ။ မြဲမြဲမှတ်သားထား ။ ဖန် ၊ မြေ ၊ ကြွေ ၊ ကော် ၊ ကျောက် ၊ ဘုန်းမတောက် ၊ သံ ၊ သွပ် ၊ ဒါန် ၊ ခဲ ၊ ကြီး ၊ ဘုန်းမကြီးတဲ့
ဖန် - ဆိုတာက ဖန်တီးလုပ်ကြံပြီး ပြောတဲ့စကားမျိုး ၊
မြေ - ဆိုတာက မြေခံရလောက်အောင် ကျိန်တွယ်ပြောတဲ့ စကားမျိုး ၊
ကြွေ - ဆိုတာက အထိမခံ ကြွေပန်းကန်ဆိုသလို ဆက်ဆက်ထိမခံ နှုတ်ခမ်းတလန် ပန်းတလန်စကားမျိုး ၊
ကော် - ဆိုတာက ကော်ကပ်ပြီး ငါ့စကားနွားရပြောတဲ့စကားမျိုး ၊
ကျောက် - ဆိုတာက ကြောက်ကန်ကန်ပြီး နှုတ်လှန်ထိုးပြောစကားမျိုးတွေကို မပြောမိစေနဲ့ ။ ဘယ်တော့မှ ဘုန်းမကြီး ကံမကောင်းဘူး ။
နောက် သံ ၊ သွပ် ၊ ဒါန် ၊ ခဲ ၊ ကြီး ဆိုတာက -
သံ - ဆိုတာ တစ်ယူသန် ၊ တဇောက်ကန်း ၊ ကပ်တီးကပ်ဖဲ့ပြောတာမျိုး ၊
သွပ် - ဆိုတာက ပေါ့သွပ်သွပ် ရူးနှမ်းနှမ်း ပေါက်ပန်းလေးဆယ်ပြောတဲ့စကားမျိုး ၊
ဒါန် - ဆိုတာက မောက်မောက်မာမာ ခက်ခက်ထန်ထန် ရိုင်းရိုင်းပျပျနဲ့ ဒဏ်သင့်လောက်တဲ့စကားမျိုး ၊
ခဲ - ဆိုတာက စောင်မဲနရွဲ အံခဲပြီး မထီမဲ့မြင်ပြောတဲ့စကားမျိုး ၊
ကြီး - ဆိုတာက ဘ၀င်မြင့် မာန်မာနထောင်လွှားပြီး လေကြီးမိုးကြီးပြောတဲ့စကားမျိုးတွေကို ရှောင်ကြရမယ် ။
မှတ်သား လိုက်နာ ဆောင်ထားရမှာက ဘော်သာခွာ ငွေဆင်ဖြူစင် အဖိုးမှန် သိင်္ဂီနိက်ရွှေစင်သန့်စင် အဖိုးတန်သတဲ့ ။ အပြစ်အနာအဆာ အညစ်အကြေးကင်းတဲ့ ဘော်သာခွာ ငွေစင်ဟာ အဖိုးမှန် တန်ဖိုးရှိသလို သန့်စင်တဲ့ သိင်္ဂီနိက်ရွှေစင်ဟာလည်း အဖိုးထိုက်တန်တယ် ။ ဒါကြောင့် ကောင်းမြတ်မှန်ကန်တဲ့စကားမျိုး ၊ သန့်စင် ဟုတ်မှန် အကျိုးဖြစ်စေတဲ့စကားမျိုးပြော ။ စကားပြောတဲ့အခါ ချိုချိုသာသာပြော ၊ လေးလေးနက်နက်ပြော ၊ မှန်မှန်ကန်ကန်ပြော ။ ဒါမှ အဖိုးတန်မယ် အလိမ္မာကြီးရေ ။
ပြီးတော့ စကားကြောမရှည်နဲ့ ၊ စကားနိုင်မလုနဲ့ ၊ အငြင်းမသန်နဲ့ ။ အငြင်းပွားလွန်းရင် အမှန်တရားကွယ်တတ်တယ် ။ လူချင်းအလဲမခံရစေနဲ့ ၊ ဘ၀ချင်းအလဲမခံရစေနဲ့ ၊ ဒုက္ခချင်းအလဲမခံရစေနဲ့ ။ မာနက လူချင်းလဲတယ် ၊ တဏှာက ဘ၀ချင်းလဲတယ် ၊ ဒိဋ္ဌိက ဒုက္ခချင်းလဲတယ် ၊ ကြပ်ကြပ်သတိထား ။ ဒီတော့ သိ , ရဲ , ပြေ တည်ထောင်ကြရမယ် ။
သိ - ဆိုတာ အကြောင်းအကျိုး ၊ အကောင်း အဆိုးကို နှိုင်းချိန်သိရှိရမယ် ။
ရဲ - ဆိုတာက မှန်ကန်အကျိုးရှိတဲ့စကားမျိုးကို ရဲရဲဝံ့ဝံ့ ပြောဆိုရမယ် ။
ပြေ - ဆိုတာက ပြေပြေပြစ်ပြစ် ချိုချိုသာသာ သူတစ်ပါး နားဝင်အောင် ပြောဆိုရမယ် ။
ပြီးတော့ ဘုရားရှင်အလိုတော်ကျ ယထ၀ါဒီတထကာရီ ပြောတဲ့အတိုင်းလုပ် ၊ လုပ်တဲ့အတိုင်းပြော ၊ မကြွားနဲ့ ။ ဌာနာဌာနကောသလ္လ္ကဉာဏ်ရှိရမယ် ။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျပြောတတ်နေတတ်ရမယ် ။ ထေ့ , ငေါက် , ထောက် , ကပ် ပြီးမပြောရဘူး ။ အငြင်းအခုန်များရင် အမှန်တရားနဲ့ကွာပြီး ချော်သွားတက်တယ် ။ အမှားကြာရင်လည်း အမှန်ထင်သွားတတ်တယ် ။- လောက၀စနံ သစ္စံ နသစ္စံ -တဲ့ ။ လောကစကားဟာ မှန်တာလည်းရှိတယ် ၊ မှားတာလည်းရှိတယ် ။ ဆင်ခြင်သုံးသပ်ပြီးမှပြော ။ အကျိုးမရှိတဲ့ စကားကို ပြောတာထက် ဆိတ်ဆိတ်နေတာကောင်းတယ် ။ လုပြောတာ ၊ လောကြီးပြောတာ ၊အစွန်းမလွတ်မျိုး မပြောရဘူး ။ ဒိပြင် -
လောကညူ - လောကအကြောင်းသိရမယ် ။
ခေတ္တညူ - ခေတ်ကာလအကြောင်းသိရမယ် ။
ဒေသညူ - နေရာဒေသအကြောင်းသိရမယ် ။
ကာလညူ - အချိန်အခါကိုသိရမယ် ။
ဌာနညူ - နေရာဌာနအကြောင်းသိရမယ် ။
ဓမ္မညူ - တရားနည်းလမ်းကျသိရမယ် ။
ပုဂ္ဂလညူ - ပုဂ္ဂိုလ်အကြောင်းသိရမယ် ။
ဒါကို ထပ်မှတ်လိုက်ဦး ။ ဇမ္ဗူဒိပ်ကျွန်းမှာ ပြောဆိုကြတဲ့စကား ( ၆ ) ခွန်းမှာ အမာဝသိ လကွယ်သလို အမှောင်ဖုံးတဲ့ စကားမျိုးကို မပြောမိစေဘဲ ပုဏ္ဏမစန္ဒရ လပြည့်သဖွယ် ပြည့်ဖြိုးတင့်တယ်တဲ့ စကားမျိုး ပြောဆိုရမယ် ။ မဟုတ်မမှန် အကျိုးမရှိ ၊ သူမနှစ်သက်တဲ့ စကားမျိုး ။ ဟုတ်မှန် အကျိုးမရှိ ၊ သူမနှစ်သက်တဲ့ စကားမျိုး ။ မဟုတ် မမှန် အကျိုးမရှိ ၊ သူနှစ်သက်တဲ့ စကားမျိုး ။ ဟုတ်မှန် အကျိုးမရှိ ၊ သူနှစ်သက်တဲ့ စကားမျိုး အဲဒီလေးမျိုးကို ရှောင်ကြဉ်ပြီး - ဟုတ်မှန်အကျိုးရှိ ၊ သူမနှစ်သက်တဲ့ စကားမျိုး ။ ဟုတ်မှန်အကျိုးရှိ ၊ သူနှစ်သက်တဲ့ စကားမျိုး ။ ဒီ ( ၂ ) မျိုးကိုပြောရမယ် ။
ပြီးတော့ တစ်ဦးနဲ့တစ်ဦး မသင့်မြတ်တဲ့အကြောင်းကို မပြောနဲ့ ။ ကိုယ်ပါအကုသိုလ် ကူးစက်တတ်တယ် ။ သူတစ်ပါး ဒုက္ခရောက်နေတာကို ကိုယ်နဲ့မသင့်တင့်သူလို့ ၀မ်းမသာနဲ့ ။ မကြာမှီ မိမိကိုယ်တိုင် ဒုက္ခတွေ့ရတတ်တယ် ။ သီလ , သမာဓိ , ပညာ ရှိသူတို့ရဲ့ ဂုဏ်ကျေးဇူးကို ဟုတ်မှန်အတိုင်း ပြောဆိုပါက မိမိဂုဏ်အလိုလိုပြည့်လာတတ်တယ် ။ ကတိတည်ပါ ၊ ပြတ်သားပါ ၊ မူမှန်ပါ ။ မူပျက်လျှင် လူပျက်တတ်တယ် ။ မူကောင်းလျှင် လူကောင်းတယ် ။ ဒေါသဟာ ဂုဏ်ပျက်တယ် ၊ ခန္တီဟာ ဂုဏ်တက်တယ် ။ သည်းခံခြင်းတရားနဲ့ ကိုယ်ချင်းစာစိတ်ထား ။
ပြီးတော့ ဒေါသ , မာန်မာန ထောင်လွှားပြီး လှူခြင်း ၊ ဂုဏ်တုဂုဏ်ပြိုင် မလုပ်လေနဲ့ ။ မပြိုင်ထိုက်တဲ့ ကိုယ့်ထက်သာတဲ့ပုဂ္ဂိုလ်နဲ့ ပြိုင်မိရင် ဘ၀နေ၀င်တတ်တယ် ။ ကိုယ်နဲ့ တန်းတူချင်း ပြိုင်မိရင်လည်း ဥသျှစ်သီးနှစ်လုံးဆိုင်ထုသလို ကြေမွသွားတတ်တယ် ။ ကိုယ့်ထက်နိမ့်တဲ့ ပုဂ္ဂိုလ်နဲ့ပြိုင်မိရင်လည်း လူကို ခွေးသတ်သလို ခံစားရတတ်တယ် ။ သူများအပြစ်ကိုမရှုနဲ့ ။ ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်လုပ် ။ သူ့အပြစ်ကိုရှုခြင်းမှာ မျက်စိမရှိသလို ကျင့်ရမယ် ။ သူ့အပြစ်ကိုဆိုခြင်းမှာ လျှာမရှိသလို ကျင့်ရမယ် ။ သူ့ကိုပြစ်မှားခြင်းမှာ စိတ်မရှိသလို ကျင့်ရမယ် ။ အလိမ္မာကြီးရေ ကိုယ် , နှုတ် , စိတ် ကိုသတိအမြဲထားပါ ။ ကြမ်းတမ်းတဲ့ကိုယ်အမူအရာဟာ ကြမ်းတမ်းတဲ့နေရာကို ရမယ် ။ ကြမ်းတမ်းတဲ့နှုတ်အမူအရာဟာ ကြမ်းတမ်းတဲ့ အသံကို ကြားရမယ် ။ ကြမ်းတမ်းတဲ့စိတ်မိုက်ဟာ ကြမ်းတမ်းတဲ့တရားကို တွေ့ရမယ် ။ ကြမ်းတမ်းတဲ့တရားဆိုတာက ဘ၀ပျက်မယ် ၊ မီးလောင်ပြာကျသလို လောင်ကျွမ်းခံရမယ် ။ အစိတ်စိတ်အမြွာမြွာဆုံးရှုံးမယ် ။ ကံဆိုးမိုးမှောင်ကျမယ် ။ ဒါကြောင့် ကိုယ် , နှုတ်မကြမ်းနဲ့ ။ သိမ်မွေ့တဲ့ ကိုယ်အမူအရာဟာ သိမ်မွေ့တဲ့နေရာကိုရမယ် ။ သိမ်မွေ့တဲ့နှုတ်အမူအရာဟာ သိမ်မွေ့တဲ့အသံကို ကြားရမယ် ။ သိမ်မွေ့တဲ့ စိတ်ကောင်းစိတ်မြတ်က သိမ်မွေ့တဲ့တရားကို တွေ့ရတယ် ။ ဒါကြောင့် သိမ်မွေ့ပါစေ ။
ဒါကြောင့် အချုပ်သြ၀ါဒဆိုရရင် အချောင်လိုက်တာ ၊ အခွင့်အရေးယူတာ ၊ မသင့်မတင့်နှလုံးသွင်းတာတွေဟာ အကုသိုလ်ဖြစ်ဖို့နီးလို့ သတိထား ရှောင်ကြဉ်ရမယ် ။ အလိမ္မာကြီးရေ - ဒီသြ၀ါဒတွေကို ရိုရိုသေသေ လေးလေးနက်နက် လိုက်နာမှတ်သား ကျင့်ကြံနေထိုင်ပေတော့ ။
ဤကား စာရေသူ၏နောင်တော်ကြီးဖြစ်သော ဓုတင်ဆရာတော်မှ စာရေးသူအား ဆုံးမ သွန်သင်တော်မူခဲ့သော သြ၀ါဒများဖြစ်ပါသည် ။
ထိုသြ၀ါဒတို့ကို စာရေးသူ အလုံးစုံပြည့်စုံအောင် မလိုက်နာနိုင်ငြားသော်လည်းတတ်နိုင်သမျှ သတိထားလိုက်နာမိခြင်းဖြင့်ပင် ကြီးကြီးမားမား ပြဿနာကင်း အမှားရှင်း၍ လူချင်းတူတူ သူချင်းမျှမျှ ဘ၀အခြေလှ၍ လူမူဆက်ဆံရေးနယ်ပယ်၌ ခွသမားဘ၀မှလွတ်မြောက်ကာ ပြေပြစ်သူအဖြစ် ပြောင်းလဲခဲရပါကြောင်း မေတ္တာ ဂရုဏာ ကြီးမားစွာ ဆုံးမသွန်သင် သြ၀ါဒပေးတော်မူခဲ့သော ကျေးဇူးတော်ရှင်နောင်တော်ကြီး ဓုတင်ဆရာတော်၏ သြ၀ါဒတော်တို့ကို ဦးထိပ်ပန်ဆင် ပူဇော် တင်ပြအပ်ပါသည် ။
( သစ္စာဝါဒီ - ဦးမြင့်အောင် )
- မျှဝေပါတယ် ခင်ဗျာ .. ငြိမ်းချမ်းပါစေ ၊

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP