သင်္ခါရတရား အနိစ္စမြင်အောင်ကြည့်နည်း
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။
ပြုပြင်မှု့ကြောင့်ဖြစ်လာသော သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။
မမေ့ မလျော့ မပေါ့ မဆ ခြင်းဖြင့် ကိစ္စပြီးစေကြ။
(ဗုဒ္ဓ)
ဆောင်ပုဒ်တိုလေးဖြင့် စပ်ဆိုပူဇော်ပါ၏။
“ပြုပြင်မှု့ကြောင့် ဖြစ်လာရ မှတ်စွ သင်္ခါရ
သင်္ခါရ၏ အဆုံးဟာ အနိစ္စသဘောပါ
လေးပါးသစ္စာမြင်လိုက နိစ္စမထင်ရ
အနိစ္စကိုမြင်မှသာ သစ္စာဆိုက်မည်သာ
သစ္စာမဆိုက် မဂ်မရ ဝေးစွနိဗ္ဗာန..”
အနက်အဓိပ္ပါယ်-
သူများပြုပြင်မှု့ကြောင့် ဖြစ်လာတာမှန်သမျှသည် သင်္ခါရတရားမည်၏။ သင်္ခါရတရားတို့သည် အနိစ္စဖြင့်သာ အဆုံးသတ်ရသည် ဖြစ်၏။ သင်္ခါရတရားကို အနိစ္စမမြင်သမျှ သစ္စာလေးပါးကို သိမြင်မည်မဟုတ်။ သစ္စာလေးပါး မမြင်သမျှ မဂ်ဉာဏ်ကို ရရှိမည်မဟုတ်။ သင်္ခါရတရားကို အနိစ္စမြင်အောင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ သင်္ခါရတရားကို အနိစ္စ မြင်အောင်ကြည့်နည်း တရားတော်ကို နာယူနှလုံးသွင်း ပွားများနိုင်အောင် မျှဝေဒါနပြု လိုက်ပါတယ်ခင်ဗျာ။ အားလုံးပဲ ရခဲလှသော ဤဗုဒ္ဓသာသနာနှင့် ကြုံကြိုက်သော ကာလအတွင်း သူတော်ကောင်းတရားကို နာကြားခွင့် ရကြ၍ သစ္စာလေးပါးကို ကောင်းစွာသိမြင်၍ မဂ်ဉာဏ် ဖိုဂ်ဉာဏ် ရရှိအောင် ကျင့်ကြံပွားများ အားထုတ်နိုင်ပြီး မိမိတို့ ကိုယ်စီ ပိုင်ဆိုင်ထားကြသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို အဆုံးသတ်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်...
တရားတော်နာယူရန်
|
|
|
မေတ္တာဖြင့်...
သန့်ဇင်
0 comments:
Post a Comment