* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, March 15, 2011

မျက်တောင်တစ်ဆုံးသာမကြည့်ရာ

မျက်မှန်ဆိုင်တွေမှာ ကြားရတတ်တဲ့စကားတစ်ခုက အဝေးမှုန်လား? အနီးမှုန်လား?တဲ့။ တစ်ချို့က အနီးမှုန်ဖြစ်ပြီး၊ တစ်ချို့ကတော့ အဝေးမှုန်ဖြစ်နေတတ်ပါတယ်။ လောကမှာလည်း အတူတူပါပဲ။ တကယ် တမ်းကျတော့ အနီးမှုန်လည်းမကောင်း၊ အဝေးမှုန်လည်း မကောင်းတာချည်းပါပဲ။ အနီးရော အဝေးပါ အမြင်ရှင်းရင် ပိုကောင်းပါတယ်။

တို့လူမျိုးကလွဲရင် ကျန်တဲ့နိုင်ငံသားအများစု အနီးမှုန်ဖြစ်ချင် ဖြစ်ပေလိမ့်မည်။သို့သော် အဝေးကြတော့ မမှုန်ကြပါဘူး။။ ဒါကြောင့်လည်းသူတို့တွေဟာ target တွေအမျိုးမျိုးနဲ့ပန်းတိုင်တွေကို ချီတက်ဆဲ၊ ချီတက်ပြီးဖြစ်နေကြပါတယ်၊ မဖြစ်သာအဆုံး အနီးမှုန်ချင်မှုန်ပါစေ။ အဝေးကတော့မမှုန်ကြဖို့ အထူးအ ရေးကြီးပါတယ်၊

စက်ဘီးစီး ၊ဆိုင်ကယ်စီး သင်ခါစက သူငယ်ချင်းတွေက သင်ပေးခဲ့တယ်၊အဝေးကြည့်၊ အဝေးကြည့်၊ အနီးကို သိပ်မကြည့်နဲ့၊ လဲသွားလိမ့်မယ်တဲ့။ ဟုတ်လည်း ဟုတ်တာကိုး။ အဝေးကိုလှမ်းကြည့်ပြီး ဖြည်းဖြည်းနင်း သွားရုံဖြင့် စက်ဘီးစီ တတ်ခဲ့ရပါတယ်၊ ပစ္စပ္ပုန်ဆိုတာ မကြာခင်ကုန်းဆုံးမှာဖြစ်ပြီး အနာဂတ်နဲ့ပဲ တွေ့ထိ ဆက်ဆံရတော့မှာဖြစ်ပါတယ်။

တစ်ခါက မြန်မာတစ်ယောက်နဲ့ ကုလားတစ်ယေက် ဧရာဝတီတိုင်းရှိ ရခိုင်ရိုးမတောင်စွယ် ၊တောင်တန်းများမှာ လွှဆွဲလုပ်ငန်းလုပ်ကိုင်ခဲ့ဘူးကြတယ်။ တစ်နှစ်တာ ကာလပတ်လုံး ပင်ပန်းကြီးစွာ မိုးထဲ လေထဲမှာ မမောနှိုင် ၊မပန်းနှိုင် ၊ဝမ်းစာရေးအတွက် လုပ်ကိုင်ဘူးသတဲ့။၊ contract သတ်မှတ်ချက်များ ပြီးမြောက်အောင်မြင်ပြီးနောက် တစ်ဦးနှင့်တစ်ဦး ကွဲကွာသွားခဲ့ကြတယ်။

မြန်မာကတော့ နောက်တစ်ဆိုက်မှာ ဆက်လက်ပြီးလွှဆွဲလုပ်ငန်းကိုဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်။ နှစ်အတန် ကြာပြီးနောက် စုဆောင်းရရှိထားသော ခရီးစရိတ်လေးနဲ့ ပုသိမ်ဘက်ဆင်းပြီး လွှတစ်စင်းဝယ်ရင်း ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ အမှတ်မထင်လူတစ်ဦးက မိမိနာမည်ကိုခေါ်ပြီး နှုတ်ဆက်လာပါတယ် ၊လူမှားနေပြီထင်တယ်လို့ပြောပေမဲ့ သူကအခိုင်အမာပြောတော့ အတော်စဉ်းစားနေရတယ်၊ ကိုယ့်လူရယ်စဉ်းစားမနေပါနဲ့ ကျနော်က လွှသမားဦးကုလားပါ၊ ယခုပုသိမ်မှာ ကြီ့းပွါး နေပါပြီ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ဖလှယ်ကာပြီးနောက် ဦးကုလား သူဌေးဖြစ်လာပုံ အဆင့်ဆင့်ကို သိခွင့်ရခဲ့ပါတယ်။ ဦးကုလားက အနီးမှုန်ဖြစ်ခဲ့ရပေမဲ့ အဝေးမှုန်မဟုတ်ပါ။ သူဟာအမြော်အမြင်ကြီးစွာနဲ့ ဘဝတိုးတက်ရေးကို အကွက်ချပြီးစီစဉ်ခဲ့ရပါတယ်။

ယနေ့တို့မြန်မာများဟာ ရောက်နေတဲ့နေရာမှာ အဝေးလည်းမမှုန်ကြစေနဲ့ ၊အနီးလည်း မမှုန်ကြစေနဲ့လို့ သတိပေးပါရစေ။ သူသူငါငါ နိဗ္ဗာန်ရောက်ကြောင်းကို တစ်သက်လုံးကြိုးစား ဆောင်ရွက်နေရုံနဲ့ မလုံလောက် တော့ပါ။အခြေခံ foundation လေးတွေ တောင့်တင်းအောင်လုပ်သင့်က လုပ်ရပါလိမ့်မည်။

တို့ဗုဒ္ဓဘာသာဝင် တို့မြန်မာများဟာ united , well organized ဖြစ်အောင်လုပ်ပြီး ဘ၀နဲ့ ပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့ ၊လက်တွဲကူညီကြဖို့ ပတ်ဝန်းကျင်က တောင်းဆိုနေကြပါပြီ။ စီးပွါးရေးကို ဦးစားပေး စုဆောင်းကြဖို့လည်း အချိန်ကျရောက်နေပါပြီ၊ အရင်းအနှီးနဲ့ နည်းပညာရှိမှ နောင်ရေးအေးကြရပေမည်။ ကိုမြန်မာအချင်းချင်း အချိန်မီ မကူညီကြရင် ကိုယ့်ညီမလေးတွေ တူမလေးတွေ ၊ဆွေတော်မျိုးတော်တွေ မကောင်းတဲ့လိုင်း ၊မကောင်းတဲ့ နေရာတွေ ရောက်သွားတဲ့အခါကျမှ သနားသလို၊ မခံမရပ်နှိုင် သလိုဖြစ်ကြရမှာမို့ ယနေ့ကပင်စတင် အကောင်အထည်ဖော်သင့်ပါတယ်။



အရာရာမှာ ကိုယ်ချင်းစာ ဘယ်ခါမှမရိုင်း ဆိုတဲ့ ဒို့မိခင်ရဲ့ အဆုံးအမကို မျှဝေလိုပါတယ်။ ကိုယ်ဟာ သူ့နေရာမှာနေကြည့်ပြီး ခံစားကြည့်စေချင်ပါတယ်။ ဥပမာ စင်္ကာပူ မလေးရှားရောက်တဲ့ မြန်မာတစ်ဦး အလုပ်စကိုင်လည်းမရနှိုင်သေး။ အဲဒီကိုထွက်လာဖို့အတွက် ရင်းနှီးခဲ့ရတာက အရင်းအနှီးကမသေးပါ ။ အဝင်ဗီဇာ တစ်လအတွင်း အလုပ်မရနှိုင်သေး online visa သက်တမ်းတိုးတဲ့အခါ Reject ထိတယ်ဆိုပါတော့။ သူဟာဘာဆက်လုပ်ရမလဲ ။

တစ်ချို့တစ်လေကျတော့ ဝင်တစ်လ၊ တိုးတစ်လ အတွင်းမှာ အလုပ်တော့ချိတ်မိပါရဲ့။ Spass-EP approve မဖြစ်နှိုင်သေး၊ ရက်အနည်းငယ်လိုနေတယ်။မိမိနိုင်ငံ ပြန်သွားရရင် နောက်ထက် အကုန်အကျဘယ် လောက် များသွားမလဲ။ စဉ်းစားကြည့်ရင် သိနှိုင်ပါတယ်။ အဲဒီလို လိုအပ်တဲ့ assistant လေးတွေ လုပ်ပေးနှိုင်တဲ့ အဖွဲ့အစည်း အသိုင်းအဝိုင်းကို လေးစားသင့်ပါတယ်။ ယခုအခါ မြန်မာတို့ community တွေလည်းကြီးထွားလာတာနဲ့အမျှ အကူအညီပေးနှိုင်တဲ့ အထောက်အကူပြု အဖွဲ့အစည်းတွေလည်း လိုအပ်လာပါတယ်။

မြန်မာတွေ လုပ်လေ့လုပ်ထရှိတာက အလုပ်သမားတွေဆီက အလှူငွေများကောက်ခံတာတွေ ကောက်ခံတဲ့အခါ လွယ်ကူအောင် နည်းမျိုးစုံနဲ့ နားချခိုင်းပြီး ရသမျှလည်းစု ဆောင်းပြီး ကိုယ့်နဲ့ သဟဇာတကျတဲ့ နေရာတွေ ထောက်ပံ့တာတွေ လုပ်လေ့ရှိတယ်လို့ပြောပါတယ်။ ဒီမှာ အလုပ်အကိုင်အဆင်မပြေတဲ့ သားပျို သမီးပျိုများကို ဘဝအခြေကျဖို့ Assistant တွေလုပ်ပေးကြဖို့လည်း အထူးသတိပြုကြရပါလိမ့်မယ်။
စာပေဆိုတာ အရကောက်တတ်ဖို့လိုပါတယ်။ ဘဝဆိုတာလည်း နေတတ်ဖို့လိုပါလိမ့်မယ်။ တိပိဋက ဆရာတော်တစ်ပါး မိန့်တော်မူဘူးတယ်။ ပိဋကတ်ဆိုတာ အထူးကျယ်ပြန့်လွန်းတော့ အများစုဟာ မနှံ့စပ်နှိင်ပါ။ ဒါနအကြောင်းလေး ဖတ်မိပြီး မြတ်စွာဘုရားဟာကိုယ်တိုင်ဒါနပြုခဲ့ပြီး ။သူများကိုလည်း ဒါနပြုဖို့ တိုက်တွန်းသွားခဲ့တယ။် ဒါကြောင့် ဒို့လည်းဒါနပြုမှဖြစ်တော့မယ်လို့ မှတ်ယူကြပါတယ်။

တစ်ချို့က သီလအကြောင်း ဖတ်ပြီးတော့ သီလဟာ အဓိကပါပဲ။ သီလဆောက်တည်ရင် အကုန်ပြီး တာပါပဲလို့မှတ်ထင်ကာ သီလအကြောင်း ဟောပြောကျင့်ကြံနေတော့တယ်။ တစ်ချို့တစ်လေ ကျပြန်တော့ ဝိပဿနာမလုပ်ရင် ဘဝမှာအလကားပါလား။ ဒါကြောင့် ဝိပဿနာပဲလုပ်တော့မယ။် သူများကို လည်း ဝိပဿနာဟောမှဖြစ်တော့မယ်လို့ မှတ်ယူကြပြန်တယ်။ဘုရားလက်ထက်တော်ကလည်း လူတိုင်း ၀ိပဿနာ
လုပ်ဖြစ်ကြလိမ့်မယ်မထင်ပါဘူး။ အသင့်တော်ဆုံးနဲ့ လောကမှာရော ဓမ္မဘက်မှာပါ အောက်ကျ နောက်ကျ
မဖြစ်လောက်တဲ့ သီအိုရီကတော့ ပထမအရွယ်မှာပညာကောင်းရအောင်သင်ယူပါ။။ဒုတိယအရွယ်မှာ ပစ္စည်းဥစ္စာစုဆောင်းပါ။တတိယ အရွယ်မှာ ကောင်းမှု နဲ့ ၀ိပဿနာအကြိတ်အနယ် အားထုတ်ပါ။ (ခြွင်းချက်။ငါနဲ့ရွယ်တူ ၊ ငါ့အောက်လူ ၊ ကြီးသူသေကြများလှပြီ လို့တွေးနေရင်တော့ ကောင်းပါတယ်။)


မြတ်စွာဘုရားရှင်၏တရားတော်များသည် ဧရာမဆေးဆိုင်ကြီးတစ်ဆိုင်နဲ့ တင်စားလိုက်လျှင် မမှားနှိုင်ပါ မှာလျှင်တောင်း ပန်ပါတယ်။ ဆေးဆိုင်ဆိုတော့ ဆေးမျိုးစုံရှိပါတယ်၊ အနာနဲ့ရောဂါ ကိုက်အောင် ချင့်ချိန်ရွေပြီးရင် ဝယ်ရပါတယ်၊ ရောဂါတိုင်းကို မျက်စဉ်းဆေးနဲ့မကုသနှိုင်ပါ ။

တစ်ခါက ကပွဲတစ်ခုမှာ လူရွှတော်တစ်ဦးက ဆရာဝန်အဖြစ်နဲ့ဆေးခန်းဖွင့်ပြီး ဆေးမျိုးစုံတော့ တင်မထားပါ ။ သူ့မှာဆေးတစ်မျိုးပဲရှိပါတယ်။ အဲဒါကဘာဆေးလည်းဆိုတော့ မျက်စဉ်းဆေးပုလင်းပါ ၊မကြာခင်လူနာ တစ်ဦးရောက်လာပါတော့တယ်။ ဆရာဝန်ကမေးတယ်၊ ဘာရောဂါဖြစ်တာလဲဆိုတော့ ခလုပ်တိုက်လို့ ခြေသည်းကွာသွားတယ။် အနာကိုဆေးရည်လိမ်းပြီး ပတ်တီးစည်းချင်တယ်ပြောပေမဲ့ ဒေါက်တာက အိပ်ရာမှာလဲခိုင်းပြီး မျက်စိကို မျက်စဉ်းခပ်ပေးတယ်။လူနာကပြောပေမဲ့ဆရာဝန်က ဘာမှလုပ်မ ပေးတော့ပဲ ပြန်ခိုင်းတယ်။ ဆရာဝန်ပြောတာကြည့်တာက လူနာဟာ မျက်စိမကောင်းလို့ဖြစ်ရတာတဲ့။ ခေါင်းကိုက်သူ လူနာလာတော့လဲ မျက်စဉ်းဆေးခပ်ပေးတယ်။ ဗိုက်နာသူလာရင်လည်း မျက်စဉ်းဆေး ခပ်ပေးတယ်။ နောက်ဆုံး မိခင်လောင်းတစ်ဦးရောက်ပြီး အကျိုးအကြောင်း ပြောပြပေမယ့် သူ့ကိုလည်း မျက်စဉ်းဆေး ခပ်ပေးလိုက်တယ်။ ဒါလည်း မျက်စိမကေင်းလို့ဖြစ်တာပါပဲတဲ့။

မြတ်စွာဘုရားက တစ်ချို့နေရာမှာ တစ်ချို့ပုဂ္ဂိုလ်တွေကို ဘဝသံသရာမှာ ချမ်းချမ်းသာသာ ကျင်လည်တတ် အောင်လည်း ဟောထားတာတွေ တွေ့ရတတ်ပါတယ်။ မဟာကရုဏာရှင် ဖြစ်သည့်အား လျှော်စွာ သတ္တဝါတွေကိုချမ်းသာစေချင်တာ အမှန်ပါ။

ဒါကြောင့် မြတ်စွာဘုရားက .. ချစ်သား ချစ်သမီးတို့ ဘဝမှာအောင်မြင်ဘို့အတွက်….

(၁) အတ္ထိသုခ- ပိုင်ဆိုင်မူတွေ ရှိသင့်တာတွေရှိအောင်ကြိုးစားရမယ်။
(၂) ဘောဂသုခ- သုံးဆောင်ခံစားပျော်မွေ့တတ်ရမယ်။
(၃) အနန သုခ- အကြွေးအမြီတွေ မြန်မြန်ဆပ်ပြီး စိတ်အေး လက်အေး နေနှိုင်အောင်လုပ်ရမယ်။
(၄) အနဝဇသုခ - ဘယ်နေရာမှာမဆို ဘယ်သူနဲ့ပဲဖြစ်ဖြစ်၊ ချစ်ချစ် ခင်ခင် သဟဇာတကျအောင် နေတတ်ရမယ်တဲ့။

( မှတ်ချက် ။ မတည့်သူနဲ့ကင်းအောင်နေ၊ မကင်းသူနဲ့တည့်အောင်နေ၊ ဆိုတာလည်း နှလုံးသွင်းနိင်ပါတယ်)

(၀တီနွယ်တင်ပြပါသည်)
--------------------------------------------------------------------------------------------------

အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ
သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်
တောင်တွင်လျှင် မြင့်မိုရ်၊ မြင်းတွင်လျှင် သတိုးဂုဏ်..ရှိရာဆိုခဲ့မည်
မြင့်မိုရ်ကို ပုံပြုလို့ ကုသိုလ်ကို များအောင်စု, ကောင်းမှုကို များအောင်ကြံ
သတ္တ၀ါ ကောင်းမကောင်း ..အကြောင်းကံ.. ကသာ စီမံတော့သည်
ကံသာလျှင် အမိ, ကံသာလျှင် အဖဆိုတာကတော့ လောကစကား
ဥာဏ်သာလျှင်.. အမိ ဥာဏ်သာလျှင် အဖဆိုတာ ကတော့..ဂေါတမ ဘုရားရှင်ရဲ့ တရား
ဟောပြလို့ ထားခဲ့တာက--
*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*။
ဘိက္ခဝေ.. စစ်ပါးနပ်တဲ့ ချစ်သားမြတ်တို့
ဟန္ဒ.. သက်တော်ရှစ်ဆယ် ၀ါလေးဆယ့်ငါး မရပ်မနားဘဲ
တရာရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့ရသဖြင့်
ခန္ဓာတော် ရိနွမ်း၍, ငါကိုယ်တော် အရှင်မြတ်, တကယ်ပင် ပင်ပန်းခဲ့ရ လေပြီ
ဒါနိ.. ဣဒါနိ- ယခုအခါ ကာလ၌(၀ါ)ကုသိနာရုံ ပင်မျိုးစုံသည့်
ရဂုံသာမော အင်ကြင်းတောဝယ် မြောက်သို့ ဦးခေါင်းပြုကာ
ထေရ်ပေါင်းခြံရံ.. နန်းနိဗ္ဗာန်သို့.. ၀င်စံ မည့်ဆဲဆဲ ချိန်ခါထဲ၌
သြော်… ရင်သွေးရတနာ သားသက်လျာဟု, ကရုဏာသက်ထား သင်ချစ်သားတို့အား..
အာမန္တယာမိ ..သတိတရား၊ အသိ မမှားရအောင်လို့, ထင်ထင် ရှားရှားကြီး မိန့်ကြားတော် မူခဲ့ပါအံ့
သင်္ခါရာ.. အစဉ်ထာဝရ ဘင်မှာကျပြန်တော့.ခင်မင်စရာ တစ်စက်ကယ်မျှ မရှိပါတဲ့.ဒီဓမ္မာရုံ အဘိသင်္ခါရ တရားတို့သည်
ဝယဓမ္မာ… ပျက်စီးခြင်းသဘော ရှိကြပါပေကုန်၏
ဝယဓမ္မာ… လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲနဲ့ အဖြစ်ကလည်း မစဲ.. အပျက်ကလည်း မစဲနိုင်တာမို့
ထိတ်စရာတမျှ အ၀ိဇ္ဇာက စတာကြောင့်..
ဟေ.. ယောဂီတို့ရေ.. စိတ်သာ ချကြပေတော့
အနိစ္စ ၀တတို့ပါတကား၊ ဒုက္ခ၀တ တို့ပါတကား… အနတ္တ.. ၀တတို့ပါတကား
အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့်..
သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့
သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါနဲ့, မေ့တတ်တဲ့ ၀ါသနာတွေကို.. မေ့တတ်တဲ့ ၀ါသနာတွေကို…
တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့
သြော်.. ဒီကနေ့ တရားတော်နာ ကြွရောက် လာကြကုန်သော.. တရားနာပရိသတ်အပေါင်း သင် သူတော်ကောင်းတို့သည်
အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။





----------------------------------------

မေတ္တာနိသာကရော လောကေသမ္မာ ဘာတု သုခံကရော
မေတ္တာသီ တလရံသီဟိ သုခန္တု ဖုသိတာပဇာ.

လောကေ– သတ္တ၀ါအလီလီ ခိုမှီပေါလတ် လောကဓါတ် ကမ္ဘာအတွင်း၌
မေတ္တာနိသာကရော – မေတ္တာအေးလူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်
သမ္မာ – သတ္တ၀ါတတွေ အေးမြစေဖို့ အသရေ ရွှန်းကာ ကောင်းမွန်စွာဖြင့်
သုခံကရော - သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခုချမ်းသာကိုပြုလျှက်
ဘာတု – ရန်လည်းကင်းဝေး ဘေးလည်းမခ အအေးရဖို့ ရွှန်းမြအသရေ ထွန်းပပါစေသတည်း
(မေတ္တာသီတလရံသီဟိ – မေတ္တာဖွေးလျှ အအေးဓါတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့် / သည်)၂ ၄င်း
ဖုသိတာ – ဖုံဖုံလွှမ်းထုံ မွှမ်းမလပ် တွေ့ထိအပ်ကုန်သော
ပဇာ – ကမ္ဘာခေတ်ဘွေ အထွေတွေ၌ တည်နေများစွာသတ္တ၀ါတို့သည်
သုခန္တု - ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါ စေကုန်တော့သတည်း။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
တရားချစ်ခင်သူတော်စင်အပေါင်းကျန်းမာချမ်းသာကြပါစေ…

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP