မူလပျက် သုညတ တရား(၆) မျိုး
ဦးဝိဇယ—- အရှင်ဘုရား ဉာဏ်ထက်လို့သာ အလွယ်တကူ သဘောပေါက်တာပါဘုရား။ ဒီလို သဘောပေါက်ဘို့ မလွယ်ပါဘူး။ ကိုယ့်ကိုကို သိရတာဟာ သတိပဋ္ဌာန် (၄)ပါးစလုံး ပါဝင်ပါတယ်ဘုရား။ ကာယ၊ဝေဒနာ၊စိတ္တ၊ဓမ္မ ၊ဟူသော သတိပဋ္ဌာန် (၄)ပါး။သိတာ နှင့် သိစရာဟူသော ရုပ်၊ နာမ် (၂)ပါး၊ ခန္ဓာ (၅)ပါး၊ အာယတန (၁၂)ပါး ၊ဓာတ် (၁၈)ပါး ဟူသော အားလုံးကို ပရမတ် အစစ် တွေ့မြင်ရတာပါဘုရား။ ဒီလောက်နားလည် သဘောပေါက်သွားလျှင်၊ အရှိတရား သတိထားတတ်ခြင်း ၊သတိပဋ္ဌာန် အကြောင်းကို နားလည် ပါပြီဘုရား။
ဓမ္မပီယ—- နံပါတ် (၄) ဖြစ်တဲ့ (မူလ ဓမ္မ ) ခေါ် မူလပျက် သုညတ တရား ၊ အကြောင်းကိုလည်း ဆက်ပြီးရှင်းပြတော်မူပါဘုရား။
ဦးဝိဇယ—- (မူလဓမ္မ) ခေါ် မူလပျက် သုညတ တရားဟာ (၆)မျိုး ရှိပါတယ် ဘုရား။
(၁) အ ဝိဇ္ဇာ မာန ပညတ်တရား ၏ မူလပျက် သုညတ တရား။
(၂) ဝိဇ္ဇာ မာန ပညတ် တရား ၏ မူလပျက် သုညတ တရား။
(၃) ဖြစ်ပျက် သဘောတရား ၏ မူလပျက် သုညတ တရား။
(၄) သဘော၏ အကြောင်း တရား၏ မူလပျက် သုညတ တရား။
(၅) ရှုဉာဏ်တရား၏ မူလပျက် သုညတ တရား။
(၆) ရှု ဉာဏ်အကြောင်းတရား၏ မူလပျက် သုညတ တရား။
လူ နတ်ဗြဟ္မာ၊ သတ္တဝါ၊ ခေါင်း၊ ကိုယ် ခြေ လက်၊ ရေမြေ တောတောင် ၊ လယ်ယာ ကိုင်းကျွန်းစသော (၃၁ ) ဘုံမှာရှိနေတဲ့၊ နာမည် ပညတ် စကားအားလုံးကို ( အဝိဇ္ဇမာန ပညတ်တရား) ဟုခေါ်ပါတယ်။ ထို အဝိဇ္ဇမာန ပညတ် စကားလုံးတွေဟာ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်လို့ ရအောင် ပြောထားတဲ့ စကားလုံး သက်သက် မျှသာ ဖြစ်ပါတယ်။
အတိတ် တုံးကလည်း တကယ် ကိုင်စမ်းလို့ ရအောင် မရှိခဲ့ ပါဘူး။ ပစ္စုပ္ပန်မှာလည်း ကိုင်စမ်းပြစရာတကယ် မရှိပါဘူး။ အနာဂတ်မျာလည်း ကိုင်စမ်း ပြစရာ တကယ် ရှိမလာ နိုင်ပါဘူး။ကိုင်စမ်းပြစရာမရှိ၊ ပကတိအားဖြင့် ပျက်နေပါတယ်..ဘုရား။
ဥပမာ—-လက်ကို ကိုင်ကြည့်လျှင် လက်ဆိုတာကိုမတွေ့ နိုင်ပါဘူး။ ပူတာ၊အေးတာ ၊ပျော့တာ ၊မာတာကိုပဲ တွေ့ လိုက် ရပါတယ်။ (လက်) ဆိုတာ ဟာ…..
- အတိတ်တုံးကလည်းတကယ် မရှိခဲ့ဘူး။
- ပစ္စုပ္ပန်မှာလည်း တကယ် မရှိခဲ့ ဘူး။
- အနာဂတ်မှာလည်း တကယ် ရှိမလာ နိုင်ပါဘူး။
အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဟူသော ကာ လ(၃)ပါး မှာ တကယ် မရှိနိုင်တာ ကိုသိရင် ၊ (မင့် လက်က လှတယ်၊ မလှဘူး) ပြောရင်လည်း လောဘ၊ ဒေါသ မဖြစ်ပဲ၊ အေး ဆေး တည်ငြိမ်စွာ နေနိုင်ခြင်းသည် အဝိဇ္ဇာမာန ပညတ်ကို (မူလပျက်) သုည သိသောကြောင့် ဖြစ်ပါတယ် ဘုရား။
Tags: သုညတ (၆)မျိုး
0 comments:
Post a Comment