*တရားတော် အသစ်များ (dhammadownload.com Jan/Feb 2011)*
ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့….
ဗုဒ္ဓဘာသာဝင်တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်တော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန်အတွက် dhammadownload.com ကို 2002 ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ ဟောကြားခဲ့သော တရားတော်များကို OnLine Media Library အဖြစ် တင်ပြလာခဲ့သည်မှာ ယနေ့ဆိုလျှင် MP3 တရားတော် အပုဒ်ရေ ပေါင်း ၁၇ထောင်ကျော်၊ WMV ဗီဒီယို တရားတော်ပေါင်း ၄ထောင်ကျော်၊ eBooks စာအုပ်ပေါင်း တထောင်ကျော်တို့ကို စုစုပေါင်း ၆၄၀ ဂစ်ဂါဘိုက် ခန့်တင်ပြထားရာ ဗုဒ္ဓဘာသာဝင်တို့အတွက် ဒီဘဝနှင့်ပင် ခန္ဓာဥာဏ်ရောက် သစ္စာဆိုက်အောင် သူတော်ကောင်းတရားများ ကျင့်ကြံ အားထုတ်ဖို့ရန် အခွင့်ထူးကြီးပင်ဖြစ်ပါသည်။ ခေတ်နှင့် အညီ လိုက်၍ သူတော်စင်တို့၏ သွားရင်း လာရင်း ရရှိသည့် အားလပ်သည့် မိနစ်ပိုင်းလေးတွေမှာပင် တရားတော်များနှင့် ထိတွေ့နိုင်ရန် iPhone/iPAD နှင့် တချို့သော Mobile Device များပါ မကျန် dhammadownload.com ပေါ်ရှိ တရားများကို နာယူနိုင်ရန် စီစဉ်ထားရှိပါသည်။ သို့ပါ၍ ဤကဲ့သို့သော အခွင့်ထူးကြီးကို လက်လွတ်မခံကြပဲ မိမိတို့ အခါအခွင့်သင့်သလို တရားတော်များကို http://www.dhammadownload.com တွင် နာယူကြပါရန်နှင့် နီးစပ်ရာ ဓမ္မမိတ်ဆွေများကိုလည်း ဤ website အကြောင်း သတင်းကောင်း ပါး ပေးကြပါရန် လေးနက်စွာ တိုက်တွန်း အပ်ပါသည်…
ယ္ခု လက်ရှိ dhammadownload.com တွင် သူတော်စင် ဦးရေ (နေ့စဉ်) ၁၈၀၀-ခန့်၊ ဝင်ရောက် လည်ပါတ်သည့်အကြိမ်ပေါင်း (နေ့စဉ်) ၂၆၀၀-ခန့်၊ တရားတော် ဒေါင်းသည့်ပမာဏ (နေ့စဉ်) ၂၈၀-ဂစ်ဂါဘိုက် ခန့် ရှိကြောင်း အားရ ကျေနပ်ဖွယ် တွေ့ရှိရပါသည်။ သူတော်စင်များ ယခုလို အားသွန်ခွန်စိုက် တရားတော်များကို နာယူ မှတ်သား လေ့ကျင့် နေကြခြင်းကို ဓမ္မဒေါင်းလုပ် အဖွဲ့မှ အလွန်ပင် ဝမ်းမြောက် မိပြီး သူတော်စင်တို့၏ ဖြူစင် အေးချမ်းသော ကောင်းမှု ကုသိုလ်များအတွက် သာဓု ခေါ်ဆို မိပါသည်။
******************************************************
Jan/Feb 2011 တရားတော် အသစ်များ
ဓမ္မမိတ်ဆွေ သူတော်ကောင်းများအတွက် အောက်ပါ တရားတော် အသစ်များကို http://www.dhammadownlaod.com တွင် ထပ်မံ ဖြည့်စွက် တင်ပြထားပါသည်။ ဓမ္မမိတ်ဆွေအပေါင်းတို့ မြတ်ဗုဒ္ဓ၏ တရားတော်များနှင့် ငြိမ်းအေးကြပါစေ…
11 Jan 2011 တွင် ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဗီဒီယို တရာတော် အသစ် ၅၄-ပုဒ်ကို ထပ်မံ တင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် နာယူနိုင်ပါသည် http://www.dhammadownload.com/Dr-Nandamalabhivamsa-VideoInMyanmar.htm#NewRelease0
19 Jan 2011 တွင် မြကျောက်ဆရာတော်၏ ဗီဒီယို တရာတော် အသစ် ၂ပုဒ်ကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် နာယူနိုင်ပါသည် http://www.dhammadownload.com/MyaKyauk-SayaDaw-video.htm
29 Jan 2011 တွင် မိုးကုတ်မြို့ ဓမ္မရံသီဆရာတော် ဘဒ္ဒန္တ သုနန္ဒ္ဒ ၏ ဗီဒီယို တရားတော် ၁၅၄ပုဒ်ကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် နာယူနိုင်ပါသည် http://dhammadownload.com/Bhaddanta-Thunanda-Video.htm#New-released
2 Feb 2011 တွင် ဓမ္မဗျူဟာ ဒေါ်ခင်လှတင်၏ ၁၁-၅-၂၀၀၉ မှစ၍ ၄-၈-၂၀၁၀ ထိ တပါတ်လျှင် နှစ်ကြိမ် ညနေ ၄း၃၀ မှ ၆နညရီထိ ပို့ချသည့်အထူးအဘိဓမ္မာကျင့်စဉ်သင်တန်း ဗီဒီယို ရုပ်သံ တရားတော်ပေါင် ၁၁၃ ပုဒ်ကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည် http://www.dhammadownload.com/DhammaByuharDawKhinHlaTin-abhidhammaInMyanmar.htm http://www.dhammadownload.com/DhammaByuharDawKhinHlaTin-Video.htm
3 Feb 2011 တွင် ဓမ္မဗျူဟာ ဒေါ်ခင်လှတင်၏ အဘိဓမ္မာ အခြေခံ ပို့ချချက် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် သင်တန်း MP3 အသံ တရားတော်ပေါင်း ၇၁၅ ပုဒ်ကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည် http://www.dhammadownload.com/DhammaByuharDawKhinHlaTin-abhidhammaInMyanmar.htm http://www.dhammadownload.com/DhammaByuharDawKhinHlaTin-mp3.htm
4 Feb 2011 တွင် ဓမ္မဓရ အရှင် ကုမာရ ဟောကြားတော်မူသာ ဗီဒီယို ရုပ်သံ တရားတော် ၅၃ပုဒ်ကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် နာယူနိုင်ပါသည် http://www.dhammadownload.com/DhammaDara-Ashin-Kumara-Video.htm
4 Feb 2011 တွင် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသဟောကြားတော်မူသာ MP3 အသံ တရားတော် ၄၈၃ပုဒ်ကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် နာယူနိုင်ပါသည် http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm
5 Feb 2011 တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြားလွှာများ၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နိုင်ပါ သည် http://www.dhammadownload.com/The-Ministry-Of-Religious-Affairs-eBookInMyanmar.htm
5 Feb 2011 တွင် ဓမ္မဗျူဟာ အဘိဓမ္မာ သင်တန်း ပထမ၊ ဒုတိယ၊ တတိယ အဆင့် မှတ်စုစာအုပ်နှင့် သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ အဘိဓမ္မာစာမေးပွဲ ဝင်ရောက်ဖြဆိုလိုသူများနှင့် လေ့လာလိုသူများအတွက် ဓမ္မဗျူဟာ အဘိဓမ္မာ ပထမ ဒုတိယ၊ တတိယ အဆင့် ၁၉၇၆-ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ မေးခွန်းဟောင်းနှင့် စံပြ အဖြေများကို ထပ်မံတင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည် http://www.dhammadownload.com/DhammaByuharDawKhinHlaTin-abhidhammaInMyanmar.htm
6 Feb 2011 တွင် မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ဗီဒီယို ရုပ်သံတရားတော် ၂၄-ပုဒ်ကို ထပ်မံ တင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည် http://www.dhammadownload.com/MahabodhiMyaing-Sayadaw-Video.htm
6 Feb 2011 တွင် အရှင်ပုညာနန္န ၏ ဗီဒီယို ရုပ်သံတရားတော် ၁၁၂ပုဒ်ကို ထပ်မံ တင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည် .. http://www.dhammadownload.com/Ashin-PonnyarNanda-video.htm
6 Feb 2011 တွင် မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာ ကောဝိဒ ၏ ဗီဒီယို ရုပ်သံတရားတော် 41-ပုဒ်ကို ထပ်မံ တင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည် http://www.dhammadownload.com/Dr-Ashin-Kaw-Wi-Da-video.htm
8 Feb 2011 တွင် ဆရာတော် ဘဒ္ဒန္တဇနိတာ လင်္ကာရ၏ MP3 အသံတရားတော် ၄၀-ပုဒ်ကို ထပ်မံ တင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည် http://www.dhammadownload.com/SayaDaw-U-Zanita-mp3.htm
9 Feb 2011 တွင် ချမ်းမြေ့ရိပ်မြိုင်ဆရာတော် ဘဒ္ဒန္တတေဇောသာရ (ပဲခူး)၏ ဗီဒီယို ရုပ်သံတရားတော် ၅၂-ပုဒ်ကို ထပ်မံ တင်ပြထားပါသည်။ ဤဖေါ်ပြပါ Link တွင် လေ့လာ နာယူ နိုင်ပါ သည် http://www.dhammadownload.com/Bhaddanta-TaJoSara(Pegu)-video.htm
————————————————————————–
With deep respect,
Webmaster
(Please email to dhammadownload.admin@gmail.com to
- unsubscribe the email announcement
- to share the news for dhamma talk at your country, etc.)
*******************************************************
လေးစားစွာဖြင့်
ဖိုးသား
0 comments:
Post a Comment