* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, February 15, 2011

အမှတ်တရ ပင်လုံ (၁)

မဟာရဋ္ဌာဘိသာမဂ္ဂီ စေတီတော်နှင့် ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်
မနှစ်က (၂၀၁၀) က ပင်လုံကို အလည်ရောက်ခဲ့တယ်။ ထီတမောင်းရွာကအပြန်မှာ နောင်တရားဆိုတဲ့ မြို့ငယ်လေးကနေ တောင်ကြီး၊ အဲဒီကမှ ပင်လုံကို သွားခဲ့တာပါ။ မေလ (၂၉) ရက်နေ့မှာ ပင်လုံကို ရောက်ပြီး၊ ဂျွန်လ (၂) ရက်နေ့မှာ ပြန်လာခဲ့ပါတယ်။ ဒေသခံ ဦးဇင်းတစ်ပါးနှင့် လိုက်သွားဖြစ်ခဲ့တာပါ။ တစ်ခါမှ သေချာမမြင်ဖူးသေးတဲ့ ပြည်မ တောင်တန်း ပူးပေါင်းရေး ကျောက်တိုင်ကို မြင်ချင်တာကလဲ သွားလည်ချင်တာရဲ့ အကြောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီခရီးက မှတ်မိတာလေးတွေကို ဓာတ်ပုံလေးတွေနှင့် တွဲ၊ ပင်လုံ စာချုပ်အကြောင်း နဲနဲဖြည့်ပြီး မှတ်တမ်းတင်ထား လိုက်ပါတယ်။

ပင်လုံမြို့ (31st May 2010)
ပင်လုံက လွိုင်လင်မြို့နယ်ထဲက မြို့တစ်မြို့ပါ။ တောင်ကြီးမြို့မှ (၆၄) မိုင် ကွာဝေးပြီး လွိုင်လင်မြို့နှင့်တော့ (၆) မိုင်သာ ဝေးပါတယ်။ တောင်ပတ်လည် ကာရံဝိုင်းထားတဲ့ ဒီမြို့လေးက နေချင်စဖွယ်ပါ။ ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ ဓနု၊ ပလောင်၊ တရုပ်၊ တောင်ရိုး၊ ရှမ်းတရုပ်၊ ယင်း (ယန်)၊ ယင်းနက်စတဲ့ လူမျိုးပေါင်းစုံနေထိုင်ကြတယ်လို့ ဆိုပါတယ်။ ဒီထဲက ယင်းနက်လူမျိုး ဆိုတာကိုတော့ ကြားဖူးကြသူ နည်းမယ်ထင်ပါတယ်။

တောင်ပေါ်ဒေသမှာပဲ နေနေကြတဲ့ ယင်းနက်တွေက သူတို့ဘာသာ စကားပဲ ပြောဆိုကြပြီး သူတို့အဝတ် သူတို့ ယက်လုပ် ဝတ်ဆင်ကြဆဲ ဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ရှင်းပြပါတယ်။ ပင်လုံနှင့် နီးတဲ့ အချို့ယင်းနက်လူမျိုး (ဥပမာ ကျူယုံရွာသူ ရွာသား) တွေက ရှမ်းစကားကို သင်လာကြ ပြောလာကြပြီး အဝတ်အစားလည်း ရှမ်းလိုပဲ ဝတ်ဆင်လာကြတယ်လို့ သူက ဆက်ရှင်းပြတယ်။

မဟာရဋ္ဌာဘိ သာမဂ္ဂီစေတီတော်ကြီးရဲ့ အနောက်ဘက်ခြမ်းက မြင်ရတဲ့ ပင်လုံမြို့
ပင်လုံက အချို့လမ်းနာမည်တွေက စိတ်ဝင်စားဖွယ်ရာပါ။ မြို့ဂိတ်ကနေ ဝင်သွားလို့ရှိရင် စစ်စံထွန်းလမ်း၊ သခင်မြလမ်း၊ ဦးဘချိုလမ်း၊ မန်း ဘခိုင်လမ်း၊ ဦးဘဝင်းလမ်းတို့ကို အစဉ်အတိုင်းတွေ့ရမှာပါ။ ကျဆုံးသွားတဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီး အချို့ရဲ့ နာမည်တွေကို ဂုဏ်ပြုပြီး မည့်ထားတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် အာဏာရှိစဉ်က လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ လမ်းနာမည်တွေကို မြင်ရတာ ကြည်နူးမိပါတယ်။

ပင်လုံဟာ ခုထိလဲ မြို့ငယ်လေးပါပဲ။ ဒါပေမဲ့ သမိုင်းအတွက်တော့ သူက အရေးပါပါတယ်။ ပြည်မ တောင်တန်း ပူးပေါင်းရေး အတွက် အစည်းအဝေးကို ပင်လုံမှာ ၁၉၄၆ ခု မတ်လ (၁) ရက်နေ့မှ (၁၂)ရက်နေ့ အထိ ကျင်းပခဲ့ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ လွတ်လပ်ရေးအတွက် ဗြိတျသျှ အစိုးရနှင့် ‘အောင်ဆန်း - အက်တလီ’ စာချုပ်ကို ၁၉၄၇ ခု၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွမှာ ချုပ်ဆိုနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီစာချုပ်ရဲ့ အပိုဒ် (၃)၊ (ဂ) မှာ “တောင်တန်းဒေသ ပြည်နယ်များ အတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များ ကိုယ်တိုင်က ဗမာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ‘ယူနီယံ’ခေါ် ပြည်ထောင်စု ပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုး ချုပ်ဆိုပေးကြရမည်” လို့ ဗြိတိသျှ အစိုးရက ထည့်သွင်းခဲ့တယ်။ ဒီအတွက် အစည်းအဝေး ကျင်းပဖို့ လိုလာပါတယ်။

အဲဒီ လိုအပ်လာတဲ့ အစည်း အဝေးကို ခေါင်းဆောင်တွေ ပင်လုံမှာ ကျင်းပခဲ့ကြတာပါ။ ၁၉၄၇ ခု ဖေဖော်ဝါရီလ (၃)ရက် နေ့မှာ စပြီး ကျင်းပခဲ့ကြပါတယ်တဲ့။ ဖော်ဖော်ဝါရီလ (၁၁) ရက်နေ့တွမှာ ကျင်းပတဲ့ အစည်းအဝေးကို ဗိုလ်ချုပ်အောင်ဆန်းတက်ရောက်ကာ “ပြည်နယ်များနှင့် ပြည်မ ပူးပေါင်းကာ ပြည်ထောင်စု အသွင်ဖြင့် လွတ်လပ်ရေး ရယူခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း” ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ပြည်မ တောင်တန်း ပူးပေါင်းရေး စာချုပ်ကျောက်တိုင်
ရှင်းလင်းချက်ကို အားလုံး သဘောပေါက် နားလည်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းကိုလဲ ယုံကြည် ကြတာကြောင့် ပြည်ထောင်စုမူကို လက်ခံကြတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ နံနက် (၁၀) နာရီမှာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ကိုယ်စားလှယ် (၂၃) ဦးဟာ ပြည်ထောင်စုပုံစံ လွတ်လပ်ရေး အတွက် ပင်လုံ ညီညွတ်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်တဲ့။ အဲဒီအတွက် “ပြည်မ တောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်”ကို စိုက်ထူခဲ့ကြတာပါ။ ဒီစာချုပ်ကိုပဲ အကြောင်းပြုပြီး ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာတာလဲ ဖြစ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP