ပန်းစံပယ်လေး တစ်ပွင့် အကြောင်း
နာမည်အရင်းက ပန်စံပယ်ပါ။ ကျွန်မကို မွေးဖွားပြီးနောက် အဖေနဲ့ အမေ က ဒီနာမည်လေးကို ပေးခဲ့တာပါ။ အမေကလေ စံပယ်ကို အမြဲတန်း ဆုံးမတယ် ငယ်ငယ်လေးကတည်းက
"ပန်းစပယ် သမီးလေး।
.ရှင်.. မေမေ ..သမီးကို ဘာပြောမလိုလဲ "
ပြီးတော့ မေမေတို့က ဗုဒ္ဓ ဘာသာလူမျိုးတွေ ဖြစ်တယ်။ ဒီတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးကနေ ဆင်းသတ်လာတဲ့ သမီးလေးကလည်း မြန်မာဆန်ဆန် ယဉ်ယဉ် ကျေးကျေးနဲ့ ဘာသာရေးတရားကို ကိုင်းရှိုင်းရမယ်နော် သမီး။
ဒါက စံပယ်ကို ငယ်ငယ်လေးကတည်းက အမေ ဆုံးမခဲ့တဲ့ စကားလေတွေပါ။ ပြီးတော့ မနက်ဆို အိပ်ယာက စောစောထ တစ်ကိုယ်ရေ သန့ှ်ရှင်းရေးလုပ်ပြီး မြတ်စွာဘုရားကို ပန်း၊ ဆီမီး၊ ရေချမ်း ဆွမ်း အစရှိတာတွေကို ရိုရိုသေသေနဲ့ ကပ်လှူ ပူဇော် အမျှအတန်း ပေးဝေ ပြီး အိမ်မှု့ကိစ္စတွေ ကို မေမေနဲ့ အတူတူ နေ့တိုင်း လုပ်ရတယ်။
ဒီလိုနဲ့ မေမေရဲ့ သင်ကြားမူအောက်မှာပဲ စံပယ် လူလားမြောက်လာပြီး ခုဆို အသက်က ၁၅ နှစ် ၁၀ တန်းကျောင်းသူလေး တစ်ဦးဖြစ်နေပြီးလေ။ လူတိုင်းက စံပယ်ကို ပြောကြတယ်။ စံပယ်က ယဉ်ယဉ် ကျေးကျေးနဲ့ အရမ်းချစ်ဖို့ ကောင်းတာပဲတဲ့။
ကျောင်းမှာ ဆိုရင်လည်း စံပယ်က ကျောင်းသူတွေ ကြားထဲမှာလည်း သိပ်လှပြီး ယဉ်ကျေး လိမ္မာ တဲ့ မိန်းကလေး တစ်ယောက်အဖြစ် လူသိများပါတယ်။ ကျောင်းသူလေးတွေက ဆို စံပယ်ကို ပြောကြတယ်။
"စံပယ်က ကျက်သရေရှိပြီး အရမ်းလှတာ ပဲနော်
အို.. မမနွယ်ကလဲ .ဘာတွေ လာပြောနေတာလဲ
ဒို့က တကယ်ပြောတာ စံပယ်ရဲ့ မယုံရင် မိညို ကိုမေးကြည့် ဟုတ်တယ် မဟုတ်လား မိညို
ဟုတ်တယ် စံပယ်ရဲ့ မမနွယ်ပြောတယ် မှန်တယ်
ရှက်လိုက်တာ တကယ်ပဲ သိလား.."
ခြေချောင်းလက်ချောင်းတွေကလည်း ဖော့ဖရောင်းလေးတွေလို့ သွယ်လို့။ တန်းလို့။ သွားလေးတွေကလည်း ရယ်လိုက်ရင် သွယ်တန်းပြီး ဖြူဖွေးနေတာပဲ။
မျက်လုံးကလေးတွေလည်း ကြည့်ဦးမလား တောက်ပ ရွှမ်းလဲ့ နေလိုက်တာ သမင်မျက်လုံးလေးအတိုင်းပဲ ၊ မျက်ခုံးကျတော့လည်း ဇင်ယော်ငှက်ကလေး ပျံနေတဲ့ ပုံစံ။
မျက်တောင်ဆိုလည်း ကြည့်လေ မမနွယ်တို့လို ဆိုင်သွားပြီး ပြင်နေစရာမလိုအောင် ကော့ပြန်တက်နေတာ။ နှာတံလေးကလည်း စင်းနေတာပဲ။ နုတ်ခမ်းလေး ကျပြန်တော့လည်း လေးကိုင်းလေးသဖွယ် ကွေးညွတ်ပြီး နှင်းဆီးရောင်လေး သမ်းနေတာ။
ကိုယ်လုံးကိုယ်ပေါက်ကလည်း ကြည့်လေ သူများတွေလို မရှည်လွန်း မပုလွန်းနဲ့ ပြောစရာကို မလိုအောင် လှနေလိုက်တာ မိန်းမှချင်းတောင် မနာလိုဘူး သိလား စပယ်။
"ဟုတ်တယ် မမနွယ် မိညိုတောင် စံပယ်ကို ကြည့်ရင်း မနာလို ဖြစ်ဖြစ်လာတယ်
အို တော်ပါတော့ မမနွယ် နဲ့ မမ ညိုရယ် စံပယ် တကယ် ရှက်လာပြီး သွားတော့မယ် နော် "
ဟုတ်တော့လည်း ဟုတ်ပါတယ် စံပယ်ကလည်း ကိုယ်တိုင် သိတာပေါ့။ ဒါမေမေ့ ကျေးဇူးတွေပေါ့။ မေမေက ငယ်ငယ်လေးကတည်းက စံပယ်ကို ဒီလို ပုံစံဖြစ်အောင်ဆိုပြီး ပုံသွင်းထားတာလေ။
ဒီလိုနဲ့ စံပယ် မိဘရင်ခွင် ကြားထဲမှာ မိဘရဲ့ ဆိုဆုံးမမူတွေ အောက်မှာပဲ ယဉ်ကျေးသိမ်မွေ့စွာ နေပြီး ၁၀ တန်းကို ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။ မိဘတွေ က အစ တစ်နယ်လုံး စံပယ်လေးကို ချီးကျူးလိုက်ကြတာ။ စပယ်လည်း တအားပျော်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုရင် နောက်နှစ်ဆို စံပယ်အလွန်တက်ချင်လှတဲ့ တက္ကသိုလ် ကြီးကို တက်ရတော့မယ်လေ။
ခုဆို စံပယ် ရန်ကုန်မြို့ကြီးကို ရောက်လာပြီး ရန်ကုန်တက္ကသိုလ်ကြီးမှာ တက္ကသိုလ် ကျောင်းသူလေး တစ်ဦး ဖြစ်နေပြီးလေ။ ဒါစံပယ် ဖြစ်ချင်တဲ့ ဆန္ဒလေ။ စံပယ်က တက္ကသိုလ်ရှေ့က အမျိုးသမီး အဆောင်မှာနေပါတယ်။ အခန်းက နှစ်ယောက်နေ အခန်းဆိုပေမယ့် ကျယ်ကျယ်ပြန့်ပြန့်နဲ့ သန့်သန့် ရှင်းရှင်းရှိပါတယ်။
ကျောင်းက စဖွင့်ကာစ ဆိုတော့ စံပယ် အခန်းမှာ ဘယ်သူမှ မရှိဘူး။ စံပယ် တစ်ယောက်ထဲ နေရတာလေ။ မေမေ ဆုံးမခဲ့တဲ့ အတိုင်း မနက်ဆို စောစောထ ဘုရားဝတ်တက် မေတ္တာပို့ မိဘတွေကို ကန်တော့ အကုန်ပြီးမှ လုပ်စရာရှိတာ ဆက်လုပ် အလုပ်မရှိရင် စာဖတ်။ ဒီလိုနဲ့ နေလာရင်း စံပယ်အခန်းကို သူငယ်ချင်း အသစ် တစ်ယောက် ရောက်လာခဲ့တယ်။
အဲဒီနေ့က စံပယ် အခန်းထဲမှာ ပျင်းပျင်းရှိတာနဲ့ စာဖတ်နေပါတယ်။ တံခါးဖွင့်သံ ကြားလိုက်လို့ ကြည့်လိုက်တော့ ခပ်ငယ်ငယ် အမျိုးသမီးတစ်ယောက် ဝတ်စားထားတာက ခေတ်ဆန်ဆန်နဲ့
" အခန်းထဲ ရဲရဲ တင်းတင်းပဲ ဝင်လာပြီး ဟေ့ ယူ့ မင်္ဂလာပါ အိုင့် နာမည်က ရိုစီ တဲ့
ဒီအခန်းမှာ နေမှာလေ မှတ်ထားနော် ဒါနဲ့ ယူ့နာမည်ကရော ဘယ်သူလည်း
ပန်းစံပယ်ပါ မရိုစီ စံပယ်လည်း မင်္ဂလာပါ "
တွေ့ရတာ ဝမ်းသာပါတယ် ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် လက်ဆွဲနုတ်ဆက်လိုက်ကြတယ်။ ရိုစီ ဆိုတဲ့ ကောင်းမလေး ကို သေချာ ကြည့်လိုက်တော့ အသက်က စံပယ်လောက်ပဲ ရှိလိမ့်မယ်။
နာမည်က လူနဲ့လိုက်တယ်။ လူကလည်း တအားခေတ်ဆန် လှပနေပြီး ဆိုရှယ် ကျလွန်းတဲ့ မိန်းခလေး တစ်ယောက်ပဲ။ ဆံပင်ကလည်း ခေတ်ပေါ် စတိုင်နဲ့ စံပယ်လည်း မခေါ်တက်ပါဘူး။
ကြည့်ပါဦး မျက်နှာမှာလည်း စံပယ်လို သနပ်ခါး လိမ်းထားတာ မဟုတ်ပဲ ခေတ်ပေါ် အသုံးအဆောင်တွေ ကို အသုံးပြုပြီး သူ့နေရာနှင့်သူ ချယ်သထားတော့ လှပလွန်းတဲ့ ဆေးရောင်စုံ အရုပ်ကလေး တစ်ရုပ်လိုပါပဲ။ မြင်မြင်ရင် စံပယ် သူ့ကို အားကျစိတ်တွေ ဖြစ်သွားခဲ့တယ်။
"ရိုစီက အရမ်းလှတာပဲနော်
အို ယူလည်း လှပါတယ်
ယူ့ ဆံပင်ကြီးက အရှည်ကြီးပဲနော်
မျက်နှာလေးကလည်း အေးအေးချမ်းချမ်းနဲ့ ချစ်စရာလေးပါ"
ဆိုပြီး သူကပြန်ပြောပါတယ်။ ဒီင်္လိုနဲ့ သူနဲ့ စံပယ် သူငယ်ချင်းတွေ ဖြစ်ပြီး အတူသွား အတူလာ နေခဲ့ကြပါတယ်။ တက္ကသိုလ်တွေလည်း ဖွင့်နေပြီး ရိုစီနဲ့က အတန်းလည်းတူ ၊စာသင်ခန်းကလည်းတူ ၊နေတဲ့ အခန်းကလည်း တူဆိုတော့ ဘယ်သွားသွားမခွဲ ဖြစ်ကြဘူး။
ကျောင်းမှာလည်း တစ်ယောက်က ခေတ်ဆန်ပြီး ချောလိုက်တာ၊ တစ်ယောက်က အေးချမ်းပြီး ချောလိုက်တာ ဆိုပြီး သူငယ်ချင်းနှစ်ယောက် ခေတ်စားခဲ့ပါတယ်။
ဒီလိုနဲ့ ကျောင်းမှာ သူက စံပယ်ထက် သာတယ် ဆိုပြီး ကျောင်းသားတွေက ရိုစီကို ကျောင်းမှာ "ကွင်း" ပေးလိုက်ပါတယ်။ စံပယ်လည်း ဝမ်းသာခဲ့ပါတယ်။
ဒီလိုနဲ့နေလာခဲ့တာ ကြာတော့ ရိုစီအကြောင်းကို ပိုပို သိလာခဲ့တယ်။ ညည ဆို အပြင်ကို ယောက်ျားလေး တစ်စုနဲ့ ညကလပ်တွေ ဘားဆိုင်တွေ သွား ပြန်လာရင် ခေါင်းတောင်မထူးနိုင်တော့ဘူး။
မနက်ရောက်လို့ မေးကြည့်တော့ ညကလပ်မှာ သွားပြီးက ခဲ့တဲ့ အကြောင်းတွေ တအားပျော်ဖို့ကောင်းတာတွေ ကို အစုံပြောပြီး စံပယ်ကို နောက်နေ့ အဲဒီကို လိုက်ခဲ့ဖို့ ခေါ်တယ်။
စံပယ်လည်း ပထမတော့ ငြင်းပေမယ့် နောက်ပိုင်း သူခေါ်တာ များတော့ အားလည်းနာတာနဲ့ သူနဲ့ အတူသွားဖို့ သဘောတူခဲ့တယ်။
"စံပယ်ရေ ဘာလည်း ရိုစီ ဒို့ အိပ်ခန်းထဲမှာရှိတယ် လာလေ ဘာပြောမလို့လဲ
ပြောစရာ ရှိလို့ပေါ့ စံပယ်ရဲ့
ဘာများလည်း ထူးထူး ဆန်းဆန်း
အေးပြောမယ် စံပယ် ကပွဲကို လိုက်မယ်ဆိုရင် ဆံပင်ကို ဖြတ်မှ ဖြစ်မယ်နော် ဆံပင်ရှည်နဲ့ ဆို မကောင်းဘူး သွားလို့
စံပယ် ဒီအတိုင်း သွားလို့ မရဘူးလား ရိုစီ
စံပယ်ကလည်း ကောင်းမလား လို့ ကလပ်ကို သွားတာ ဘုရားကျောင်း သွားတာမဟုတ်ဘူးလေ
လာပါ ဆံပင်ဆိုတာ ညပ်ပစ်လည်း ခဏပဲ ပြန်ရှည်လာမှာပါ ဆိုင်သွားပြီး
စံပယ်ကို ဒို့ အကုန်ပြင်ပေမယ် " လာ
ဆိုပြီး ဈေးထဲမှာရှိတဲ့ နာမည်ကြီး ဆံပင်ညှပ်ဆိုင်မှာလေ စံပယ် ဆံပင်တွေ အကုန်ဖြတ် ခေတ်ပေါ် စတိုင် ဆံပင်တိုတိုလေးနဲ့ ဖြစ်သွားတယ်။ စံပယ် ဆံပင်တွေ ကိုကြည့်ပြီး နှမြောလိုက်တာ။ မတက်နိုင်ဘူးလေ စံပယ်က ကလပ်ကို သွားပြီး ရိုစီလို နေချင်တာကို။
ရိုစီက ဆံပင်ညှပ်ဆိုင် ပြီးတော့ အလှပြင်ဆိုင်ကို ခေါ်သွားပါတယ်။ စံပယ်တစ်ကိုယ်လုံး ကို ရိုစီက သူမ စိတ်ကြိုက်ပြင်ပါတော့တယ်။ စံပယ်ကလည်း သဘောကြတယ်လေ အဲဒီလိုမျိုးနေရတာကို။ အားလုံးပြီးလို့ စံပယ် မှန်လည်း ကြည့်လိုက်ရော
မှန်ထဲက ပုံကို တစ်ခါမှ မမြင်ဘူးတဲ့ သူတစ်ယောက်ကို ကြည့်နေတဲ့ ပုံစံနဲ့ မှန်ထဲကို စိုက်ကြည့်နေမိခဲ့တယ်
"ရိုစီ ဒါ စံပယ်ပါနော် ကြည့်ပါဦး ဆံပင်က တိုတို
မျက်နှာပေါ်မှာလည်း ဆေးရောင်စုံလေးတွေနဲ့ ဝတ်စားထားတာတွေကလည်း
ခေတ်မှီ အဝတ်အစားတွေ လှလိုက်တာ ရက်ရက်စက်စက် တအားကို ပေါ့ပါးသွားတာပဲ ရိုစီ ကျေးဇူးနာ် ဆိုပြီး "
နှစ်ယောက်သား အဆောင်ကို ပြန်လာပါတယ်။ ဒီလိုနဲ့ စံပယ်က ညဘက် ညဘက် ရိုစီနဲ့ အတူ ကလပ်တွေ သွား ယောကျားလေးတွေနဲ့ အတူတူက အတူတူ သွားလာနေထိုင် တဲ့ အဆင့်ထိ ရောက်လာခဲ့ပါတယ်။
ခုဆို ကျောင်းမှာ စံပယ်ကို ကျောင်းသားတွေက ရိုစီထက် လှတယ်ဆိုပြီး "ကွင်း" ပေးလိုက်ကြတယ်လေ။ ပျော်လိုက်တာ တအားပဲ။
မနက်စောစောထတဲ အကျင့်တွေ ၊ ဘုရား ဝတ်တက် ဆွမ်းကပ် စတာတွေ အားလုံး မလုပ်ဖြစ်တော့ပဲ အရာအားလုံးဟာ ရိုစီနဲ အတူ ပြောင်းလဲသွားပါတယ်။ ဒီဘဝလေးမှာ ပျော်ရွှင်နေလို့ အတိတ်က စံပယ် ကိုတောင် မမှတ်တော့ပါဘူး။
ဒီလိုနဲ့ ကျောင်းတွေ တက်လိုက် ညကလပ်တွေကို သွားလိုက်နဲ့ စာသင်နှစ်တစ်ဝက်ကျော်ကျော်မှာ စံပယ် ရည်စားတစ်ယောက် ရခဲ့ပါတယ်။ ချစ်သူနဲ့ နေ့ဆိုရင် နေရာအစုံလိုက်သွား။
ည ဆိုရင် ကလပ်သွားပြီး ကလိုက်နဲ့ နေထိုင်လာတာ ကြာတော့ ချစ်သူသက်တန်း ၁ လလောက်အရမှာ ချစ်သူ အဆင့်ကနေ ကျော်လွန် သွားခဲ့ကြပါတယ်။
ဒီလိုနဲ့ တက္ကသိုလ် စာသင်နှစ် သုံးပုံ နှစ်ပုံလောက်မှာ ရိုစီကို နိုင်ငံခြားမှာ ရှိတဲ့ သူမ မိဘတွေက လာခေါ်သွားပါတယ်။ ခုဆို အဆောင်က အခန်းမှာ စံပယ် တစ်ယောက်တည်းပေါ့။
ရိုစီမရှိတော့ ပိုပြီးလွတ်လပ်သွားတယ်။ အမြဲတန်း ချစ်သူက အဆောင်ကို လာတွေ့ပါတယ်။ သိပ်မကြာတဲ့ ရက်တစ်ရက်မှာ မထင်မှတ်ပဲ စံပယ်ချစ်သူကို ဆေးရုံတင်လိုက်ရတယ် ဆိုတာ သိလိုက်ရတယ်။
ဆေးရုံကို သွားတွေ့တော့လည်း သူ့မိဘတွေက ဘယ်သူ့ကိုမှ အတွေ့မခံပါဘူး။ သူ့မိဘတွေကို စံပယ်က သူရည်းစားပါ သူနဲ့ တွေ့ခွင့်ပေးပါဆိုတော့ စံပယ်ကို သနာစရာလေးလို့ ကြည့်ပြီး တွေ့ခွင့်လုံးဝ မပေးပါဘူး။ ဒီလိုနဲ့ ချစ်သူနဲ့ မတွေ့ရတာ ၄ လနီး ပါးလောက် ဖြစ်သွားခဲ့တယ်။
ညကလပ် လည်း ရည်းစားမရှိတော့ မသွားဖြစ်တော့ပါဘူး။ ဆေးရုံးကို သွားမေးပြန်တော့ ဆေးရုံကနေ ဆင်းပြီး နိုင်ငံခြားကို ဆေးသွားကုတယ်ပဲ နောက်ဆုံးသိလိုက်ရပါတယ်။ မကြာခင် စာမေးပွဲလည်း ရှိတယ်ဆိုတော့ စာကို ပြန်ပြီး အာရုံစိုက်ခဲ့ပါတယ်။
ဒီလိုနဲ့ စာမေးပွဲ ဖြေမယ့် ရက်မှာ စံပယ် အကြီးအကျယ် ဖျား ပြီး သတိပါလစ်သွားခဲ့ပါတယ်။ အဆောင်က သူငယ်ချင်းတွေက စံပယ်ကို ဆေးရုံတင်လိုက်ခဲ့ကြတယ်။
"အားမငယ်ပါနဲ့ စံပယ်ရယ် စာမေးပွဲ ဒီနှစ်မဖြေရလည်း နောက်နှစ် ညည်းဖြေလို့ရပါတယ်။
စိတ်မညစ်နဲ့နော် ကျန်းမာရေးကို ပဲ ဂရုစိုက်ကြားလား စံပယ်အိမ်ကို မှာပေးရမလား ပြောလေ ဒို့မှာပေးမယ်
သူငယ်ချင်းက ဒီလိုပြောလိုက်တော့ စံပယ် လန့်သွားတယ် စံပယ်ကို ဒီလိုပုံသာ အမေမြင်သွားရင်
အမေရင်စို့ပြီး သေလိမ့်မယ် မခေါ်ပါနဲ့ ရပါတယ် စံပယ်လည်း ကောင်းနေပြီးပဲ ကျေးဇူးပါပဲ
အေးလေ ဒါဆိုလည်း ပြီးရော ဒီမှာ ဒို့ ချက်လာတဲ့ ကြက်စွတ်ပြုတ်ကလေး
ပူတုန်းသောက်လိုက်နော် စံပယ် အစားကို များများစားနော်
ဒါမှ အားရှိပြီး နင်မြန်မြန် ကျမ်းမာလာမှာပေါ့
နင့်ကြည့်ရတာ ဟိုတနုးကလိုမဟုတ်ဘူး တအားပိန်သွားတယ်။
ကျန်းမာရေး သေချာ ဂရုစိုက်နော် မနက်စာမေးပွဲက ရှိသေးတယ် ပြန်လိုက်ဦးမယ်နော်"
ခုတစ်လော စံပယ် တအားပိန်သွားတယ်။ အစာလည်း စားနိုင်ပါတယ်။ ဆရာ ဝန်လာမှ သေချာ မေးကြည့်မယ်ဆိုပြီး အိပ်ယာပေါ် ပြန်လဲနေလိုက်တယ်။ စံပယ် ကျန်းမာရေးက တစ်ဖြေးဖြေးနဲ့ ဆိုးလာပါတယ်။ ရွာက အမေလိုက်လာတော့ စံပယ်ကိုကြည့်ပြီး ငိုလိုက်တာ
"သမီး စံပယ် ဘယ်လို ဖြစ်သွားရတာလည်း ကွယ်
မေမေ မကြည့်ရက် မမြင်ရက်နိုင်အောင်ပါလား
မေမေကိုယ်တိုင် ပြုပြင်ပေးထားတဲ့ ဆံပင် အရှည်နေရာမှာ တိုတိုလေးဖြစ်နေပါရောလား
မျက်နှာမှာ လည်း မြန်မာ့သေနပ်ခါးအစား ခေတ်ပေါ် ပစ္စည်းတွေ နဲ့ လိမ်းခြံထားတာတွေဟာ ခုထိရှိပါသေးလား
အမလေး အမေ မဖြေ နိုင်အောင်ပါပဲလား သမီးရယ် စံပယ်လည်း အမေနဲ့ အတူ ငိုနေရုံကလွဲလို့ မတက်နိုင်တော့ပါ"
တစ်နေ့ညနေပိုင်းမှာ စံပယ် မျက်လုံးလေး စင်းပြီး မှေးနေတုန်း ဆရာဝန် အခန်းထဲကို ဝင်လာပါတယ်။ ပြီးတော့ အမေ့ကို ပြောသွားတယ်. စံပယ် ဖြစ်နေတဲ့ ယခု ရောဂါကလေ
"AIDS.. AIDS " တဲ့
ဘုရားရေ ..ဒါဖြစ်နိုင်ပါမလား ဆိုပြီး မျက်လုံးဖွင့်အကြည့် စံပယ်ကိုကြည့် ပြီး ငိုနေတဲ့ အမေကို မျက်ရည်တွေ ကြားထဲမှာ စံပယ် မြင်လိုက်ရပါတယ်။
အမေဆို စံပယ်ကို ဖတ်ဖတ်ပြီး ငိုနေလိုက်တာ သေမတက်ပါပဲ။ အမေ စံပယ်ကို ခွင့်လွတ်ပါတော့ အမေရယ်လို့ စိတ်ထဲကနေ တွေးပြီး မေ့မြော်သွားခဲ့ပါတယ်။
သတိပြန်ရလာတော့ စံပယ် တအားမောနေပါတယ်။ အမေကို ကြည့်လိုက်တော့လည်း မျက်ရည်နဲ့ မျက်ခွက်
"အမေ
သမီးပြောလေ အမေ ဘာလုပ်ပေးရမလဲ သမီး ဘာစားချင်လည်း ပြော.. အမေကို
အမေ သမီးမိုက်ကို ခွင့်လွတ်ပါ။ ခွင့်လွတ်ပါနော် အမေ॥
သမီး အမေ့ စကားကို နားမထောင်မိလို့ ခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာပါ။
အမေ့ စကားကို သမီးနားထောင်ရင် ခုလိုဖြစ်မှာ မဟုတ်ဘူးအမေ။
မောနေမယ် သမီးရယ် စကားတွေ သိပ်မပြောပါနဲ့လား
သမီးပြောပါရစေ အမေ သမီးပြောပါရစေ အမေရယ်
ငယ်ငယ် က အမေ သမီးကို လပြည့်ဝန်းကြီးအောက်မှာ ပြောခဲ့တယ်လေ
ဆံပင်ဆိုတာ မြန်မာမိန်းခလေးတွေ ရဲ့ ကျက်သရေ တဲ့ မြန်မာမိန်းခလေးဆိုတာ ယဉ်ယဉ် ကျေးကျေးနဲ့ သွားရမယ်
ထိုင်ရမယ် ပြောရမယ်တဲ့ ဘာသာရေး တရားကိုလည်း ကိုင်းရှိုင်းရမယ်
အကျင့်သီလနဲ့လည်း ပြည့်စုံရမယ် ဆိုတာလေ အဲဒါတွေကို သမီးမလိုက်နာ နိုင်ခဲ့မိဘူးအမေ။
သမီးကို ခွင့်လွတ်ပါ နောက်ဘဝများ ရှိခဲ့ရင် ဒီလို ဘဝမျိုးမဖြေစ်ပါရစေနဲ့
ဘဝတိုင်းမှာ မြန်မာပီပီ ယဉ်ယဉ် ကျေးကျေး သိမ်မွေ့လိမ္မာတဲ့ အမျိုးကောင်းသမီးလေ ဖြစ်ပါစေသား"
အမေ သမီးကို ခွင့်လွတ်ပါနော်။ သမီးလေ အပေါင်းအသင်း မှားခဲ့ပါတယ် အမေ။ ခု တော့ သမီးဘဝက ငယ်ငယ်ရွယ်ရွယ် ပညာရေးတပိုင်းတစနဲ့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရပြီးအမေ။
"သမီးရယ် တော်ပါတော့ မပြောပါနဲ့တော့ အမေမခံစားနိုင်တော့ဘူး သမီးရယ် အမေ သေသာ သေလိုက်ချင်တယ်"
အမလေး အဖြစ် ဆိုးလိုက်တာ သမီးရယ် ဟင့် .........ဟင့် ..........ဟင့်
သမီး အသက်ရှင် လည်း ငယ်ငယ်က ချီးကြူးမှုတွေ လုပ်ခဲ့ကြတဲ့ လူတွေ။ သမီးကို ကြည့်ပြီး ဂုဏ်ယူနေခဲ့ကြတဲ့ ဆွေးမျိုးအသိုင်းအဝန်းတွေ ကြားထဲမှာ သမီးဘယ်လို နေရမှာလည်း အမေရယ်။ နောင်တတွေ ရပါပြီး။ နောင်တရပေမယ့်လည်း သမီးနောက်ကျခဲ့ပြီးအမေ။
သမီးတအားမောနေပြီး အမေ သမီးလေ အမေတို့ အပေါ်မှာ ကံသုံးပါးနဲ့ ပစ်မှားမိခဲ့တာ ရှိရင် ခွင့်လွတ်ပါအမေ။ သမီး လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးပါတယ် အမေရယ်။ နော် .. အမေ.. နော်။
အမေ သမီင်္းမနေရတော့ဘူးဆိုတာ သိပါတယ်။ ငယ်ငယ်က ညတိုင်း မေမေ သင်ပေးခဲ့တဲ့ သီးချင်း မေမေ ဆိုခိုင်းလို့ သမီး ညတိုင်း ဆိုပြရတယ်လေ။ ခု သမီး မဆိုနိုင်တော့ဘူး အမေ။
"သမီးကို ဆိုပြပေးပါလား ဟင်
ကောင်းပြီး သမီး အမေ ဆိုပြမယ် နော် သမီး နားထောင်ပါ
ဟုတ်ကဲ့ အမေ "
ဆိုပြီး အမေ သီချင်းဆိုသံကို မျက်လုံးလေး မှိတ်ပြီး နားထောင်နေမိတယ်။ အမေက ငိုသံနှင့် ကလေးဘဝကလို စံပယ် နဖူးပေါ်က ဆံပင်လေးတွေကို လက်ကလေးနဲ့ သပ်သပ်ပြီး စတင်ဆို ပါတော့တယ်။
မြန်မာဆန်အောင် တမင်ရွှေးလို့ ၊ စံပယ်လေးလို့ နာမည်တွင်
မြန်မာ့အမြင် ရှုမငြီးအောင်၊ ကြက်တောင်စီးနဲ့ အလှပြင်
မြန်မာ့ ရိုးရာ သနပ်ခါးနဲ့ ၊ ပါးကွက်ကြားလေ ပါးမှာတင်
ရင်ဖုံးအင်္ကျီ ချိတ်ထမီအလှနဲ့ ၊ မြန်မာပီသ ဝတ်စားဆင်
သူများဟန်ပန် ဘယ်မတုနဲ့ ၊ ကိုယ့်ယဉ်းကျေးမှု ကိုယ်ချစ်ခင်
ရှုတိုင်းယဉ်॥ ရှုတိုင်းယဉ်"
သမီးလေ နောက်ဘဝ ဆက်တိုင်း ဆက်တိုင်း မြန်မာနိုင်ငံမှာ မွေးဖွားလို့ မြန်မာ အမျိုးသမီးလေး တစ်ယောက် ဖြစ်ခဲ့ရင်လေ ဘယ်နိုင်ငံတွေ ဘယ်ဒေသတွေရောက်ရောက် မြန်မာ မလေးလို့ နေပါမယ် အမေရယ်။
ခု အမေ ကို သမီးနုတ်ဆက်ခဲ့ပါတယ် ...သွားတော့မယ် အမေရယ်॥ သမီး မိုက်သွားပါပြီး အမေ...
...........................................................................................................................
ဒီ ပိုစ်လေးကို စာရေးသူ ပြည်တွင်း ပြည်ပ မှာ ရှိကြတဲ့ မြန်မာ အမျိုးသမီးငယ်လေးများ အတွက် ပညာပေး ဗဟုတ အဖြစ် ရေးလိုက်ပါတယ်။ ကိုယ်ပိုင် ဆောင်းပါးလေး ဖြစ်ပါတယ်။ တစ်ဦး တစ်ယောက်ထံကမှ ကူးယူ ဖေါ်ပြထားခြင်းမရှိပါဘူး။
ပြည်တွင်း ပြည်ပမှာ အလုပ်လုပ် ကျောင်းတက်နေကြကုန်သော ညီမငယ်များ ဒီပိုစ်လေးကို ဖတ်ပြီး သင်္ခန်းစာ ယူနိုင်ကြပါစေ။ အပေါင်းအသင်း ဆိုတာ လည်း ကြည့်ပြီး ပေါင်းကြပါလို့ တိုက်တွန်းရင်း
အားလုံးကျမ်းမာချမ်းသာကြပါစေ။
မောင်ငြိမ်းချမ်းလေး
0 comments:
Post a Comment