တပေါင်းလပြည့်နေ့ ပိုစ့် ဖိတ်ခေါ်
တပေါင်းလပြည့်နေ့ ပိုစ့် ဖိတ်ခေါ်
၁၃၇၂ခုနှစ် တပေါင်းလပြည့်နေ့ ( ၁၉-၃-၂၀၁၁) သီတဂူဆရာတော်ကြီး၏ သက်တော် (၇၄) နှစ်ပြည့်မွေးနေ့ပွဲကို စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး အတွင်းမှာပဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
မွေးနေ့---- တပေါင်းလပြည့်နေ့ ( ၁၉-၃-၂၀၁၁)
အစီအစဉ်
မွေးနေ့ပွဲက ရိုးရိုးရှင်းရှင်းလေးနဲ့ အလွန်ခန်းနားထယ်ဝါစွာ ကျင်းပမည်ဖြစ်သည်။ နှစ်စဉ်ကျင်းပမြဲအတိုင်းပဲ သံဃာ ၁၀၀၀ သီလရှင်ဆရာလေး အပါး ၁၀၀၀ တို့အား သင်္ကန်း စသည့်လှူပွဲများနှင့် ဆွမ်းဟင်းများ လောင်းလှူကြခြင်းဖြစ်သည်။
၁။ တပေါင်းလဆန်ုး (၁၂) (၁၆-၃-၂၀၁၁) ရက်နေ့
သီလရှင်ဆရာလေး (၁၀၀၀) တစ်ထောင်တို့အား သီလရှင် အ၀တ်အစုံ၊ အခြားလှူဖွယ်များလှူဒါန်းပြီး မုန့်ဟင်းခါးဆွမ်းဖြင့် ဆက်ကပ်ပါမည်။
၂။ တပေါင်းလဆန်း (၁၃) (၁၇-၃-၂၀၁၁) ရက်နေ့
သံဃာတော် အပါး (၁၀၀၀) တစ်ထောင် တို့အား သပိတ် သင်္ကန်း၊ ဆွမ်းခဲဖွယ်များနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို လောင်းလှူပါမည်။
တပေါင်းလဆန်း (၁၄) (၁၈-၃-၂၀၁၀) ရက်နေ့
ဆရာတော်ကြီးသည် စစ်ကိုင်းတိုင်းမှူး၏ အကူအညီဖြင့် ပျက်စီးယိုယွင်းပြီး ချုံတွေဖြင့် ပိတ်ဖုံးနေသော မဟာစည်းခုံစေတီတော်ကြီးကို ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိရာ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပွဲကြီး ကျင်းပပါမည်။
တပေါင်းလဆန်း (၁၅) ၁၉-၃-၂၀၁၁) ရက်နေ့
မဟာစည်ခုံစေတီတော်ကြီး အောင်မြင်ခြင်းအထိမ်းအမှတ် ရေစက်ချ အခမ်းအနား ကျင်းပပါမည်။
နှိုးဆော်
ဆရာတော်ကြီး၏ လူမျိုး ဘာသာ သာသနာပြုစိတ်ဓာတ်တို့ကို အာရုံပြု၍ ဂါထာ၊ ဆောင်ပုဒ်၊ ကဗျာ၊ ဆောင်းပါးနှင့် ပို့စ်များကို ရေးသား ပူဇော်နိုင်ပါသည်။ ကိုယ်ပိုင် ၀က်ဘဆိုက်၊ ဘလော့ဂ်ရှိလျှင် ကိုယ့်ဆိုက်မှာပဲ တင်နိုင်ပါသည်၊ အကယ်၍ ကိုယ်ပိုင် ဘလော့ဂ်၊ ၀က်ဘဆိုက် မရှိပါက သီတဂူစတားဆိုက်တွင် တင်ပြီး ပူဇော်ပေးပါမည်။
Sitagustar.0073@gmail.com
Sitagustar2010@gmail.com
မေးလ်များသို့ ပေးပို့နိုင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၂၀၁၀
0 comments:
Post a Comment